http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, May 25, 2013

" သောက "




" သောက "


စကားလုံးက နှစ်လုံးတည်း


ဒါပေမယ့် ..

ဘဝပေါင်းများစွာရဲ့....မျက်ရည်ကိုခြွေ

သူဟာ..လောက 

" တစ္ဆေ " 



Angelhlaing

Friday, May 24, 2013

Wednesday, May 8, 2013

အနုပညာစစ်ဖို့ လမ်းသစ်ထွင်ပါ



ပုခုံးချင်းယှဉ်..
မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….

လက်တွေနဲ့ စိတ်ကူးဆိုတာ…
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး

Saturday, March 16, 2013

မှောင်နေတဲ့ အလင်း




တကယ်ဆို
ပျောက်ဆုံးသွားခဲ့တာ..
ပြက္ခဒိန် တခု မဟုတ်ပါဘူး  သက္ကရာဇ် တခုပါ

နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...

ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တယ်

Monday, February 18, 2013

အရိုင်းတစ်ကောင်၏ အဖေသို့ တမ်းတခြင်း




တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…

သိမ်မွေ့တဲ့ အဖေအပြုံးကို
အဓိပ္ပါယ်တွေ ဖွင့်ဆိုရင်း ညတွေက ပိုနက်လာသလို
အဖေ ရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ် ..
အဲ့လိုသာဆို အဖေ့ရဲ့ ဆုံးမသံတွေ အခုထက် ပိုရခဲ့မှာ အမှန်ပဲ….

ဖြစ်နိုင်မယ် ဆိုရင်လေ
အဖေမသိနိုင်တော့တဲ့.. ပြောင်းလဲလာတဲ့ ဝေါဟာရတွေ
အဖေနဲ့ ဆွေးနွေးချင်သေးတယ် …

Monday, December 17, 2012

ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင် ပြုံးပါ





တစ်ကယ်ချစ်တော့လည်း
 “နားလည်မှု” ဆိုတာ
သင်ယူစရာမလိုပဲ တက်မြောက်တဲ့ ….. “အနုပညာ” ပေါ့..

ရွေးချယ်စရာ မလိုတဲ့
အလွမ်းစကားလုံးတွေ…
အသွေးအသားကို သီကုံး..
ပန်းတစ်ကုံးဖြစ်စေဦးတော့…
မနက်ဖြန်တွေဟာ အသက်ရှင်ရခက်တယ်…မောင်

Monday, November 26, 2012

တစ်ခါတုန်းက ညများ




ရိုးရိုးသားသား
သတိရခြင်းတစ်စုံကလွဲရင်
ကိုယ့်မှာ ဘာမှ..လက်ဆုပ်လက်ကိုင် ပြစရာ ရှိမနေဘူး…

မေ့စေလိုကြောင်း ရည်ရွယ်သူကိုမှ
သတိပေးသလိုမျိုး ရာသီခွင်တွေက
နာကျင်မှုတွေပဲ စေတယ်…

နွေလည်း..နွေ
မိုးလည်း…မိုး
ဆောင်းကြတော့လည်း မပြောင်း..
ကိုယ်လေ..
ဖြစ်နိုင်မယ်ဆိုရင် ဒီရင်ဘတ်ကို
အလွတ်တိုင်းပဲ ထားလိုက်ချင်တာပါ…..

Monday, October 22, 2012

ဥပေက္ခာဝတ်ရုံ














ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ
လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်…

Thursday, October 4, 2012

အလွမ်းတစ်ချက်... ပန်းတစ်ခက်


မနက်ခင်း တစ်ခုလုံး
မြူတွေဆိုင်း… ဝေ့ဝိုင်းနေတဲ့ မျက်ရည်တွေနဲ့
ကာလတွေရွေ့ပြောင်း…  တစ်ခါတစ်ခါတော့လည်း
အဟောင်းတွေပဲ ရွေ့ရွေ့လာတယ်..

ရောက်တက်ရာရာ
မြင်မြင်သမျှ အလှတွေ ဆိုပေမယ့်
အကြွေရွက်လေးကလည်း အရောင်ပြောင်းတယ် မေပယ်လ်...

Monday, July 30, 2012

ကျပျောက်သွားသော ရက်စွဲများ




ဖြတ်ထိုးဥာဏ်ဆိုတာ ကျင်းထဲကြပ်ထဲ
ရောက်နေချိန်မှာမှ ပိုအသုံးဝင်တယ်ဆိုတာတော့
ကျွန်မနဲ့..သူ  ခံယူချက်တူခဲ့ကြတယ်..

နွေဆိုတာ အပူကိုရည်ညွန်းသလို
သောကဆိုတာလည်း လားရာတူတဲ့
ဂီတတစ်ခုလိုပဲ သူ့ဟာနဲ့သူ ခိုလုံရာတူနေတက်တယ်..

ဒီလိုနဲ့.....သူနဲ့ ကျွန်မ
အယူအဆ မတူလဲ ရင်ဘတ် အခွံချင်းတော့
ထပ်တူကျခဲ့ကြတယ်...

Sunday, July 22, 2012

နှုတ်ဆက်ခြင်း



ဖုန်ထူထူ လမ်းတွေနဲ့ ကျွမ်းဝင်ခဲ့လို့များ
စိတ်ဓါတ်တွေ အညတရဆန် ရခဲ့ရသလားမောင်..

ဇရပ်အိုနဲ့ ရှိုက်သံ မအပ်စပ်ဘူးလို့
မငြင်းဆိုနိုင်သလို ခပ်တိုးတိုး ပင့်သက်တွေကိုလဲ
လျစ်လျူမရူ ရက်ခဲ့ပြန်ဘူး...

Monday, June 25, 2012

အဖေ (သို့) လွမ်းဆွတ်ခြင်း



ငယ်စဉ်တောင်ကျေး
ကလေးဘဝမှ နွေးထွေးချစ်ခင်
အပိုစကားမဆို အပြုံးချိုချိုဖြင့် နှုတ်နည်းလွန်းတဲ့ အဖေ..

အပြောဆို သိမ်မွေ့
မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ်
ရှောင်ခွင်းစေတဲ့ တရားသမား .အဖေ

ကြွေတစ်လှည့်
ဝေတစ်လှည့် လောကဓံကြားမှာ
မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ ... အဖေ

ဘယ်ဆီမှန်းလို့ တမ်းတရမလဲ
မသိသေးတဲ့ အမေက
အဖေ့ကို လွမ်းနေတဲ့အကြောင်း..
ခပ်ဖွဖွ ညည်းရင်း အမေ့ရင်ထဲက
ကြေကွဲမှုတစ်ချို့ဟာ
လစ်ဟာမှုတစ်ခုထဲကြောင့်တော့ မဟုတ်ဘူး အဖေ..

Thursday, June 14, 2012

အက်ကြောင်း


ဘယ်လိုပြုံးပြုံး
မဲ့ ပြုံးဆိုတာ သိနေမှတော့
စာမတတ်လည်း ခံစားတက်ပါတယ် မောင်...

နွေနဲ့ရေ သဟဇာတ မတည့်ကြတဲ့အခါ
ပထဝီမြေကြီးက အက်ကြောင်းပြသလိုပဲ
နင်နဲ့ ငါလည်း စကားဇောင်းထက်ခဲ့ကြတယ်...

ဘဝကို လက်စွဲတဲ့ငါက
သစ္စာနည်းတယ်လို့ နင်စွပ်စွဲခဲ့သလို
အတ္တဆိုတာလည်း ငါ့အတွက် ကာရံတစ်ခုတဲ့...

Wednesday, February 15, 2012

ပဋိပက္ခ္ခဆောင်းရဲ့ အလွမ်း




 နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..

အေးမြတဲ့ဆောင်းလည်း
ပဋိပက္ခ ဆန်သလို
နွမ်းလျှစေတဲ့ အလွမ်းကလည်း
သမိုင်းမတွင်တဲ့ အက္ခရာလိုပဲ
တစ်ကယ်တော့....
ဝှက်ထားခြင်းခံရတဲ့ ဥပေက္ခာ တရားတစ်ခုပဲ..

ဓါးသွားလို ထက်မြ
ရှတတဲ့ အကြည့်ရိုင်းတွေအောက်မှာ
စကားမှိုင်းတွေလောက် ဘဝကို ပြာကျစေတာတောင်
ရင်ခုန်သံတွေက ကြီးကျယ်လို့ ကောင်းတုန်း...

နှလုံးသားရဲ့
လက်နက်
မျက်ရည်စက်မသုံးပဲ
အကြည့် တစ်ခုနဲ့တင်
ကာလတွေ ရော်ရင့်
ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..

Thursday, January 19, 2012

ပြတ်စဲခြင်း သီအိုရီ


အမှောင်ချထားတဲ့အိမ်
အလင်းကင်းမဲ့သလိုမျိုး..
နင်မရှိတဲ့ အချိန်
ဟာတာတာ..အသိ ဘဝင်မညှိလိုက်တာ
ဒါပေမယ့် နင်မသိတာ ပိုကောင်းတယ်လေ...။

Sunday, January 15, 2012

တစ်ခြမ်းပဲ့ ....ညရဲ့ ကဗျာ





ချို့တဲ့ခြင်း ရသကို
ဘဝရဲ့ ကဗျာမှာ ညှပ်သုံး
ကာရံလုံးလုံးပျောက်မှ ပြတိုက်ထည့်..
ဘယ်သူမှ မသိခင် ရင်ခွင်ဗလာနဲ့...
အနုပညာကို ခံစားမယ်။

Thursday, January 5, 2012

အတ္တခါးတဲ့...ငှက်

နူးညံ့တဲ့
ကဗျာတစ်ပုဒ်ထက်
ခင်ဗျားနှစ်သက်တဲ့ တေးသွားတစ်ပုဒ်
တီးခတ်တတ်တဲ့ သူတစ်ယောက် ကျွန်တော် ဖြစ်ချင်ခဲ့တာ...
ဒါမှ ခင်ဗျားရဲ့ အာရုံတစ်ချို့ အပိုင်ရမှာ မို့လေ...

သွေးဆောင်
ဖျားယောင်းတတ်တဲ့
ပင်လယ်ပြင်ရဲ့ အငွေ့အသက်ဟာ
နှစ်သက်စွဲမက်စရာကောင်းတယ် ဆိုပေမယ့် သေချာတာက
ခင်ဗျားရဲ့ အပြုံးကို သူမမှီဘူး ဆိုတာ... ညနေခင်းတွေတော့ သိလောက်ပါတယ်လေ..

Monday, December 12, 2011

ရှုံးပွဲ






















အာမခံချက်မရှိတဲ့ ရက်စွဲတစ်ချို့ရဲ့ အပြုံးတုတွေဟာ
ခံစားချက်တွေကို လောင်တိုက်သွင်း
အမုန်းတွေကို မွေးဖွားရင်းနဲ့
ကဗျာမဆန်လိုက်ပုံများ....
ရာသီခွင်တွေ သက်ပြင်း ချလောက်ပါရဲ့လေ...။

မချိတင်ကဲ အပြစ်တင်ရေရွတ်သံထဲမှာ
လက်ပစ်ကူး ကြည်နူးလို့ ရစ်မူးချင်ရုံလေးမျှသာပါပဲ..
နှစ်နှစ်ခြိုက်ခြိုက် သူရှိုက်ခဲ့တဲ့
" MARLBORO " စီးကရက်လောက်တောင် အသုံးမဝင်ခဲ့တဲ့
ခြစားခံခဲ့ရတဲ့ ရင်ခုန်သံတွေကိုတောင်
နေ့ဖို့ညစာ ချန်ထားချင်မိခဲ့သူလေ...။

Sunday, November 6, 2011

မညီတဲ့ ကာရံ






















အချစ်ဆုံးလို့
နင်ပြောခဲ့လို့များ
အချစ်တွေ ဆုံးသွားတာလား...........ချစ်သူ

မနက်ခင်းမှာ ပွင့်လန်းနေတဲ့
စပါယ်ခင်းတွေလည်း
ခုတော့...အလွမ်းငွေ့ရည်တွေဖွဲ့လို့...
ပြောခဲ့ဖူးတဲ့ "ပန်းစကား"တွေက
ခုတော့ ဘာမှမဟုတ်တော့သလိုပါပဲလား...

Tuesday, October 4, 2011

မှာတမ်း မဟုတ်တဲ့ လွမ်းချင်း
















ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေ
အေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား
ဟိုအရင်လိုပဲ သူထက်ငါအပြိုင်
စကားနိုင်လုရင်း ရယ်မောခဲ့ရတဲ့ အချိန်တွေကို
အတိုင်းအဆ မရှိ လွမ်းမိတယ်မောင်...

ဘာကာရံမှမခြံ အရံရံ ငြိစွန်း
စကားခွန်း အထေ့ငေါ့တွေကြားမှာ
အပြုံးမပျက်ခဲ့တဲ့ နေ့ရက်တွေကို လွမ်းတယ်မောင်....

ဟော..ရှေ့က ရော်ရွက်ဝါလေးတွေ
လေတိုက်တိုင်း တလွင့်လွင့်နဲ့ လူးလွင့်နေကြတာလဲ
ပန်းချီတမျှ အသက်ဝင်လှပပေမယ့်
ပွင့်လင်းတဲ့ မောင့်အပြုံးတွေကိုတော့ မမှီနိုင်ဘူး ထင်ပါရဲ့...မောင်

Wednesday, August 31, 2011

ရင်ခတ်သံ





















မာနတွေ စီချင်းထိုးတဲ့ပွဲမှာ
နှလုံးသား တစ်စစီကြေသွားလည်း
အားမငယ်ပါနဲ့ ချစ်သူ
နင့်အတွက် ငါ့မှာ
ခံနိုင်ရည်ဆိုတာ ရှိနေသေးတယ်..


နင့်က ယုံကြည်ချက်ကို ကိုးကွယ်
ခံစားချက်တွေ လစ်လျူရှု
ငါထင်တာထက်တောင် ဥပေက္ခာတရား
ထားနိုင်နေမှတော့ စိတ်ချ ချစ်သူ
ငါ့မာနတွေ လောင်တိုက်သွင်းဖို့ ငါနောက်မဆုတ် တော့ပါဘူး....


တူညီလွန်းတဲ့ ခံယူချက်တွေအောက်မှာ
သွေးခဲသွားမယ့် ရင်ခုန်သံတွေကို
သောကမျက်ရည်နဲ့ နွေးစေပြီး
နင့်ဆီမှာ ဆန္ဒ တစ်စုံရှိနေသေးမယ်ဆိုရင်ပဲ
မြေပေါ် ချပေးလိုက်ရတဲ့ ငါ့သိက္ခာအတွက် နောင်တဆိုတာလဲ မရှိစေရဘူး...ချစ်သူ

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More