Monday, November 26, 2012
တစ်ခါတုန်းက ညများ
ရိုးရိုးသားသား
သတိရခြင်းတစ်စုံကလွဲရင်
ကိုယ့်မှာ ဘာမှ..လက်ဆုပ်လက်ကိုင် ပြစရာ ရှိမနေဘူး…
မေ့စေလိုကြောင်း ရည်ရွယ်သူကိုမှ
သတိပေးသလိုမျိုး ရာသီခွင်တွေက
နာကျင်မှုတွေပဲ စေတယ်…
နွေလည်း..နွေ
မိုးလည်း…မိုး
ဆောင်းကြတော့လည်း မပြောင်း..
ကိုယ်လေ..
ဖြစ်နိုင်မယ်ဆိုရင် ဒီရင်ဘတ်ကို
အလွတ်တိုင်းပဲ ထားလိုက်ချင်တာပါ…..
သမရိုးကျပါပဲ ..ကိုယ် ..အသဲကွဲခဲ့ရုံပါ
အနာဂတ် မရှိတော့တာက လွဲရင်
ကိုယ့်ဘဝ ပြည့်စုံနေသားပဲ…
ထုံပေနေတဲ့ ခံစားမှုတွေကသာ
ထိလွယ်၊ ရှလွယ် ပွန်းပဲ့လွယ်လွန်းနေတာ..
နေ့ရက်တစ်ချို့…
ဘာမှတော့ မထူးခဲ့ပါဘူး
ဒါပေမယ့် ..
မတည်မငြိမ် ဖြစ်သွားခဲ့တဲ့ ဘဝလမ်းတစ်ခု
ယိုင်နဲ့သွားတာကနေ ခုချိန်ထိ မတည့်မတ်နိုင်သေးတာ တစ်ခုပါပဲ..
မိုးလင်းမိုးချုပ် ဆန္ဒတွေနဲ့ အလုပ်ရှုပ်နေတဲ့ထဲမှာ
အနာဂတ် ဆိုတာ မပါတော့ဘူး…
ပစ္စုပ္ပန်နဲ့ အတိတ်မှာ ခဏခဏ
ကိုယ်… ချော်လဲတယ်
အနားစတွေ ဖွာထွက်သွားတဲ့…ခံစားမှု
အခုထိ အစသိမ်းလို့ မရနိုင်သေးဘူး..
ထူးထူးခြားခြား ထူးမလာတဲ့ မျှော်လင့်ချက်တွေသာ
အကြိမ်ကြိမ်..သေဆုံးသွားတယ်
တစ်ခါတုန်းကပါ…
စာလုံးပေါင်းတွေမှားခဲ့တဲ့ ရင်ခုန်သံတစ်ချို့နဲ့
အသက်မဲ့သွားတဲ့ အပြုံးတစ်ချို့..
သီးသန့်ဆန်တဲ့ စိမ်းကားမှုတွေနဲ့
ညတွေကို အနက်ရောင်ချယ်….
မှောင်သထက်မှောင်လာတဲ့ အလွမ်းတွေ…
အငွေ့ပျံသွားတဲ့ သစ္စာတရားတွေ…
စာဖွဲ့စရာ မကျန်ခဲ့တဲ့ နေ့စွဲတစ်ချို့…
............
………….
………….
ပျက်သုန်း.... ပြိုကျ...
တစ်ခါတုန်းက ....... ညတွေပါ။
********
အိန်ဂျယ်လှိုင်
Monday, November 26, 2012.
7;57 (pm) Austria
22 comments:
အာ့ပါးပါး..လက်ဖျားခါတယ်ကွာ.ခိုက်တယ်.မောင်သစ္စာ
နေ့ရက်တစ်ချို့…
ဘာမှတော့ မထူးခဲ့ပါဘူး ဒါပေမယ့် ..
မတည်မငြိမ် ဖြစ်သွားခဲ့တဲ့ ဘဝလမ်းတစ်ခု
ယိုင်နဲ့သွားတာကနေ ခုချိန်ထိ မတည့်မတ်နိုင်သေးတာ တစ်ခုပါပဲ..
အရမ်းကောင်းတယ်ညီမ များများရေးပါ အားပေးနေမယ်
ကောင်းလိုက်တဲ့စာသားလေးတွေ
အားပေးသွားတယ် ညလေးရေ
ပျက်သုဉ်းပြိုကျသွားတဲ့ ညအကြောင်း လာဖတ်သွားတယ် အိန်ဂျယ်ရေ
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
ကဗျာလေးက ဖတ်လို့ကောင်းသဗျာ....ရှယ်ပဲ.....
ဘာတဲ့...... " မိုးလင်းမိုးချုပ် ဆန္ဒတွေနဲ့အလုပ်ရှုပ်နေတဲ့
ထဲမှာအနာဂတ် ဆိုတာ မပါတော့ဘူး…ပစ္စုပ္ပန်နဲ့
အတိတ်မှာ ခဏခဏကိုယ်… ချော်လဲတယ်....." တဲ့လား...
အဲ့အပုဒ်လေးကို သဘောအကျဆုံးပဲ....၊
ရင်နဲ့ရင်းပြီး မွေးဖွား ထုဆစ်လိုက်တဲ့
ကဗျာလေးကို မျှဝေခံစားခဲ့ပါတယ် ညီမလေး ။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
Angelhlaing လေးကိုရိုးရိုးသားသားခင်မင်မိတာကလွှဲရင်
ဘာမှ ..လက်ဆုပ်လက်ကိုင် ပြစရာ ရှိမနေဘူးကွယ်
ချစ်တဲ့ sis jasmine
တကယ်ကောင်းတဲ့ ကဗျာလေး မခံစားတတ်တဲ့ ကျွန်တော်တောင် ရင်ထဲမှာ ဝမ်းနည်းသွားတယ်
အနားစတွေ ဖွာထွက်သွားတဲ့…ခံစားမှု
အခုထိ အစသိမ်းလို့ မရနိုင်သေးဘူး..
ထူးထူးခြားခြား ထူးမလာတဲ့ မျှော်လင့်ချက်တွေသာ
အကြိမ်ကြိမ်..သေဆုံးသွားတယ်
မိုက်နေပါ့လားဟ
အနာဂတ် မရှိတော့တာက လွဲရင်
ကိုယ့်ဘဝ ပြည့်စုံနေသားပဲ…
အင်း....တော်တော်လေး ပြည့်စုံနေပြီဘဲ။း)))
"ဖြစ်နိုင်မယ်ဆိုရင် ဒီရင်ဘတ်ကို
အလွတ်တိုင်းပဲ ထားလိုက်ချင်တာပါ….."
စာသားလေး သဘောကျလိုက်တာ...၊ ခက်နေတာက လွတ်သွားတာနဲ့ နေရာဝင်ယူမယ့် ခံစားမှုတွေက အတုံးအခဲလိုက်ကို ကျနော်တို့ ဝန်းကျင်မှာ ချောင်းမြောင်းနေခဲ့ကြ ပုံပါပဲ၊
ဒီကဗျာလေးကို တော်တော်လေး နှစ်သက်မိတယ် ညီမရေ...။
ကဗျာလေးက ကောင်းလိုက်တာ..
တပုဒ်လုံးကို နှစ်သက်မိတာမို့...
ကျန်တာတွေတော့ ပြောပြဘူး...ဟီး.....
( စတာပါ ) အားကျစွာနဲ့ လာရောက်ခံစားသွားကြောင်းပါ အိန်ဂျယ်ရေ...
ခင်တဲ့.....မိုးနတ်
အဲ့ဒီလို ညမျိုးကို ကျွန်တော်လည်း ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ရောက်ခဲ့ဖူးတယ် မလှိုင်ရေ...။ အင်း.. . ခုတော့လည်း ..တစ်ခါတုန်းက ညတွေပေါ့ဗျာ။
ဘ၀တူတွေကတော့ နားလည်ပီးသားပါကွယ်
ဘယ်လိုဘယ်ပုံတွေစာဖွဲ့ ပါစေ နောက်ဆုံးကတော့ သူသိပါစေပဲ..ခွိ
အဲသည်လိုဘဲ ဆိုကြပါစို့ဗျာ။
ကဗျာအဆုံးသတ်က ရင်ကိုစူးစိုက်သွားတယ်။
နူးညံ့လှပစွာ ဖွဲ့ဆိုခဲ့တာကို ဖတ်ခဲ့ပါတယ် ...
တစ်ခါတုန်းက ညတွေကိုပဲ လိုလိုချင်ချင် ဖက်တွယ်မိ
နှစ်သက်မိတယ် မမ
~ Kk ~
သမားရိုးကျလို့ ရေးတာလားလို့ ညီမလေး
ကဗျာလေးကောင်းတယ်
တစ်ခါတုန်းက ညတွေဆီ အလည်လာရင်း ပင့်သက်လေးများ ချမိရဲ့ :)
ဖြစ်နိုင်မယ်ဆိုရင်တော့
တခါတုန်းကညတွေကို
တရံတခါစီမှာဘဲထားခဲ့လိုက်ပါညီမ..
ပြောတာလွယ်ပြီးလုပ်ရတာခက်မှန်းသိပေမဲ့
ထားခဲ့လိုက်ပါလို့ဘဲပြောခဲ့ပါရစေ ညီမ
နေ့ရက်တစ်ချို့…
ဘာမှတော့ မထူးခဲ့ပါဘူး ဒါပေမယ့် ..
မတည်မငြိမ် ဖြစ်သွားခဲ့တဲ့ ဘဝလမ်းတစ်ခု
ယိုင်နဲ့သွားတာကနေ ခုချိန်ထိ မတည့်မတ်နိုင်သေးတာ တစ်ခုပါပဲ..
I should have found this blog earlier
ကဗျာရေးတာတွေကြိုက်တယ်
Post a Comment