
Saturday, March 16, 2013
မှောင်နေတဲ့ အလင်း
တကယ်ဆို
ပျောက်ဆုံးသွားခဲ့တာ..
ပြက္ခဒိန် တခု မဟုတ်ပါဘူး သက္ကရာဇ် တခုပါ
နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...
ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တယ်
တစ်ကယ်တမ်းကျတော့
သေသွားတာက ခံစားမူ ဖြစ်သွားတယ်
အမူကိုက တရားခံ မရှိခဲ့ဘူး
သူတလို ငါတမင်းနဲ့
အချင်းများမှုတွေပဲ ရှိခဲ့တာ
အနှစ်မရှိတဲ့
ဗေဒါဆို ... ချစ်ပါလို့ မတောင်းခံသင့်ခဲ့ဘူး
အသိတရားမဲ့နေတဲ့
အပြုံးနဲ့
နှလုံးသားတွေကိုမှ စတေးခံရမယ်တဲ့လား..
ခေတ်သစ် အစားကျူးတဲ့
အသဲစားဘီလူးရေ.... အချစ်ဆိုတာ
စက်ရုံထုတ် ပစ္စည်းတွေလိုတော့ လိုသလောက် မရဘူး...
ပုတ်သင်ညို အလိုကျ
ကိုယ်မှ ခေါင်းမညိမ့်တက်ခဲ့တာ..
လူကြိုက်များတဲ့ ဖော်မြူလာဆိုတာ ကလေးတောင် လုပ်တတ်တယ်
ကိုယ်က အရွယ်ရောက်ပြီးသားမို့
ထင်သလိုမဖြစ်တဲ့အခါ အန္တရယ်တွေ ထမ်းထားရတဲ့မင်း..
ကိုယ့်ကြိုးကွင်းနဲ့ ကိုယ် ဘယ်ပြန်အမိခံချင်ပါ့မလဲ
ရင်ဘတ်တစ်ခြမ်းကိုခေါက် ..
နောက်တော့ ပြန်မလျှောက်လေနဲ့
ရှိသမျှ လမ်းတွေဟာ မင်းအတွက်တော့ ပြန်လမ်းမဲ့ တွေကြီးပဲ…
အနှစ်မရှိပဲ အချစ်အချစ်လို့
ခဏခဏ မအော်နေနဲ့
ခေတ်သစ်ဓါးပြတွေက ဘဝကိုမှ လိုချင်ကြတာ ..
ဖန်တရာ ထေနေတဲ့ အတွေးနဲ့
လမ်းဟောင်းကိုပဲလိုက် ..
ကျေးဇူးပြုပြိးတော့ ဆက်မမိုက်ပါနဲ့တော့…
ဖွာခနဲ လွင့်ကျနေတဲ့ …ဂုဏ်သိက္ခာတွေ နှမြောဖို့ကောင်းပါတယ်
ငါးကြော် ..မကြိုက်တဲ့ကြောင်လို
သူတော်ယောင်ဆောင် ..
ဒါကြောင့် နင်….
မှောင်နေတာ။
အိန်ဂျယ်လှိုင်
7.23 pm (Austria)
Saturday, March 16, 2013
22 comments:
အမရေ... နောက်မှ Blogger ထဲကို လာလည်မယ်နော်.... အမြဲတမ်းအားပေးနေမယ့် အမရဲ့ စာဖတ်ပရိသတ် မောင်လေး... မင်းမင်း
အမရေ... နောက်မှ Blogger ထဲကို လာလည်မယ်နော်.... အမြဲတမ်းအားပေးနေမယ့် အမရဲ့ စာဖတ်ပရိသတ် မောင်လေး... မင်းမင်း
အနှစ်မရှိဘဲ အချစ်အချစ်လို့
ခဏခဏ မအော်နေနဲ့
ခေတ်သစ်ဓါးပြတွေက ဘဝကိုမှ လိုချင်ကြတာ ...
ခေတ်ကို ပုံဖော်သွားတဲ့ စာကြောင်းလေး
စကာလုံးသုံးစွဲမှုတွေ မိုက်တယ် အစ်မရေ
ကျွန်တော်ကတော့ ... ကဗျာထက်
အစ်မရဲ့ ဝတ္ထုတိုတွေကို ပိုပြီးနှစ်သက်တယ်ဗျာ
နွေလ
မမလက်ရာ ကဗျာကို ခုမှဖတ်ဖူးတာ ... အရမ်းကောင်းတာပဲ မမရေ ... ညီမလေးတော့ ကြိုက်မိ၏ ... စကားလုံးတိုင်းက ပြယုဂ်တွေကို လက်တွေ့ထင်ဟပ်စေတယ် ... :)
အေးဟ...ခေတ်သစ်ဓားပြတွေက အချစ်အချစ်နဲ့ ဘဝကို
ဓားပြတိုက်တိုက်သွားကြတယ်...၊ကဗျာလေးလှတယ်....
"အနှစ်မရှိဘဲ အချစ်အချစ်လို့
ခဏခဏ မအော်နဲ့
ခေတ်သစ်ဓါးပြတွေက ဘ၀ ကိုမှ လိုချင်ကြတာ"
အရမ်းမိုက်တယ် အစ်မရေ..
အားပေးခဲ့ပါတယ်ရှင်...
မျှဝေခံစားပေးတဲ့ မောင်နှမများအားလုံးကို ကျေးဇူးပါရှင်လို့... :) (မင်းမင်း၊ နွေလ၊ ညီမလေး မိုးည၊အကို ညိမ်းနိုင်၊ နွယ်လေး)
နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...
ငါးကြော် ..မကြိုက်တဲ့ကြောင်လို
သူတော်ယောင်ဆောင် ..
ဒါကြောင့် နင်…. မှောင်နေတာ။
အဲ့စာသားတွေ သဘောကျတယ်.. ။
ရင်ဘတ်ချင်းတူနေပြီ ထင်တယ်မမ ...:D (ရွှေအိမ်စည်)
ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တယ်
အဲဒီအပိုဒ်လေးကို ပို သဘောကျတယ်။ ကိုယ့်ခံစားမှုနဲ့ တိုက်ဆိုင်နေလို့ လားမသိ.
ကဗျာလာဖတ်တယ်ညီမရေး)
ကျစ်ကျစ်လစ်လစ် ရဲရဲတင်းတင်းရှိတဲ့ ကဗျာလေးပါး)
ဒီထက်ကောင်းနဲ့ နိမိတ်ပုံရိပ်တွေနဲ့ ကဗျာကောင်းလေးတွေကို ရေးစပ်နိုင်ပါစေဗျားး
မောင်ဘကြိုင်
ညီမ ကဗျာလေးမှာပါတဲ့ စကားလုံးဖွဲ့စပ်မှုကို သဘောကျနေမိပြီ..
ဟုတ်... ကျေးဇူးပါရှင်လို့... (မမမြသွေး ၊ အကိုဘကြိုင်၊ဆွေလေးမွန် )။
ညီမလေးရေ
ဖန်တရာ ထေနေတဲ့ အတွေးနဲ့
လမ်းဟောင်းကိုပဲလိုက် ..
ကျေးဇူးပြုပြိးတော့ ဆက်မမိုက်ပါနဲ့တော့…
ဖွာခနဲ လွင့်ကျနေတဲ့ …ဂုဏ်သိက္ခာတွေ နှမြောဖို့ကောင်းပါတယ်
မကြီးလွမ်း လာရောက် အားယူသွားတယ်။ အားပေး
တာဟုတ်ဖူး အားယူသွားတာ။ အဟဲ..
ပျော်ရွှင်ပါစေ
ချစ်တဲ့
မကြီးလွမ်း
မမရေ ... အကုန်မယူသွားနဲ့နော် ... :P တော်ကြာ ညီမလေး အားပြတ်နေမှာစိုးလို့ ...:D (မကြီးလွမ်း)
ကဗျာ စာသားတွေက တကယ်ထိတယ်.. လှတယ်..
မမရေ.. ကျေးဇူးပါရှင့်လို့ ...(မမသိင်္ဂါကျော်)
ကဗျာလေးက အရမ်းထိတာပဲနော်။ သူတော်ယောင်ဆောင် ဒါကြောင့် နင်မှောင်နေတာ ဆိုတာလေး အရမ်းထိသွားတယ်။
very nice idea
very nice idea
မျက်စိလည်လမ်းမှားလာတာမဟုတ်တာတော့သေချာပါ
တယ် ကျိုးစားဖွေရှာရင်းအမှားမှားအယွင်းယွင်းနဲ့မင်းနေရာ
လေးကိုအလည်အပတ်ရောက်ခဲ့မိပါတယ်။အဝေးမှာရောက်နေတဲ့အိမ်လွမ်းသူတယောက်ဖြစ်နေတာ
တော့ ကိုယ်ချင်းစာမိပါတယ်ကွာ ဒါပေမဲ့ စိတ်ဓါတ်မကျပါနဲ့
မီးအိမ်တခုရဲ့အလင်းလိုပေါ့သူ့ကိုဘယ်နားလေးမှာထွန်းထား
ထား သူဟာအမှောင်ကိုခွင်အလင်းကိုပေးနေမှာပါ
ကိုတို့ဘဝတွေဟာလည်း ဘယ်နေရာလေးပဲရောက်နေနေ
ကိုယ့်လူမျိုးကိုယ့်ဘာသာ လူသားအာလုံးအတွက်တစုံတခုသောအသိအလိမ္မာတခုခုကိုပေးနှိင်ခဲ့ရင်ကြည်နုးကျေနပ်ဖွယ်ဘဝဖြစ်ခဲပါပြီ
ညီမငယ်။
ပုတ်သင်ညို အလိုကျ
ကိုယ်မှ ခေါင်းမညိမ့်တက်ခဲ့တာ..
လူကြိုက်များတဲ့ ဖော်မြူလာဆိုတာ ကလေးတောင် လုပ်တတ်တယ်...like
Post a Comment