http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, February 15, 2012

ပဋိပက္ခ္ခဆောင်းရဲ့ အလွမ်း




 နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..

အေးမြတဲ့ဆောင်းလည်း
ပဋိပက္ခ ဆန်သလို
နွမ်းလျှစေတဲ့ အလွမ်းကလည်း
သမိုင်းမတွင်တဲ့ အက္ခရာလိုပဲ
တစ်ကယ်တော့....
ဝှက်ထားခြင်းခံရတဲ့ ဥပေက္ခာ တရားတစ်ခုပဲ..

ဓါးသွားလို ထက်မြ
ရှတတဲ့ အကြည့်ရိုင်းတွေအောက်မှာ
စကားမှိုင်းတွေလောက် ဘဝကို ပြာကျစေတာတောင်
ရင်ခုန်သံတွေက ကြီးကျယ်လို့ ကောင်းတုန်း...

နှလုံးသားရဲ့
လက်နက်
မျက်ရည်စက်မသုံးပဲ
အကြည့် တစ်ခုနဲ့တင်
ကာလတွေ ရော်ရင့်
ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..


စကားမကြွယ်တဲ့
နှုတ်ဖျားက ကြားချင်တဲ့
စကားတစ်ခွန်းက ..အတ္တဆိုရင်တောင်
အဲဒီအတ္တက ဘဝကို ခြစား စေလောက်တယ်..

တစ်ခါတစ်လေ
တွေးကြည့်မိတယ်....

မိုးခါးရေ မြိုင်မြိုင်သောက်
လောကဓံ လက်ချောင်းတွေနဲ့
နာကျင်ခြင်းကို မေးတင်ခဲ့တာတောင်
မလောက်ငတဲ့ ဝေးကွာမှုတွေကြောင့်
အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။

#############
#######
####

Written By Angelhlaing
Wednesday,February 15, 2012
8.50(PM) Austria
(www.angelhlaing.blogspot.com)

28 comments:

မိုက်တယ်အစ်မ.. အားပေးသွားပါတယ်.။

ကောင်းလှကြီးလားညီမရေ သြော်နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..

ကဗျာလေးက လှလိုက်တာ အိန်ဂျယ်ရေ..

အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း........
သုံးသွားတာလန်းတယ်.....အိန်ဂျယ်...

တိုက်ဆိုင်တယ် ဖတ်နေတုံး နှင်းမိုးတွေကျနေတာ.......နင့်ကဗျာဖတ်ပီး အလွမ်းတွေကိုမှုံသီသွားတာပဲ....း)

အိန်ဂျယ်ရေ.. ကဗျာလေးဖတ်သွားပါတယ်...

ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်၊
သူတစ်ယောက် ကြီးကျယ်လို့ ဥပက္ခာပြုလို့ကောင်းတုန်း၊
ကျစ်ရစ်ခဲ့သူမှာ ဘဝကို ခြစားစေခဲ့တာမို့
မသေမချင်း အလွမ်းတွေကို ထမ်းထားရတော့မယ်...။

အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။

မထမ်းပရစေနဲ့ဗျာ မောထာ

ချစ်တဲ့
အမရွှေစင်

နှလုံးသားရဲ့
လက်နက်
မျက်ရည်စက်မသုံးပဲ
အကြည့် တစ်ခုနဲ့တင်
ကာလတွေ ရော်ရင့်
ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..
ညီမရေ ကဗျာလေးက အရမ်းကောင်းတယ်
အားပေးလျက်ပါ

ကဗျာလေးကို ဖတ်ပြီး ဘာကို လွမ်းမှန်းမသိ လွမ်းမိသွားတယ်...

နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..
စစချင်းပဲ ကောင်းလွန်းခှတဲ့စကားလုံးလေးတွေနဲ့သုံးထားတာ
ဖတ်ရတာအရမ်းကောင်းပါတယ်ညလေးရေ
ချစ်တဲ့ မကြီးဂျက်

နောက်ဆုံးပိုဒ်လေးအရမ်းကြိုက်တယ်...။

အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။

အဆင်ပြေပါစေညီမ

“နှင်းစက်တွေ ကြွေ
အလွမ်းတွေ ဝေ..လို့
ဘယ်ရင်ခွင် ခိုရမှန်းမသိခင်
ဒီတစ်ဆောင်းလည်း နှောင်းပြန်တော့မယ်..”
ရင်ဘတ် နဲ့ ခံစားသွားတယ် နော်..

အကြီးအကျယ်ကို ကြိုက်တယ်..ခံစားချက်ဖြစ်ရမယ်..ဟုတ်တယ်မလား..ဟုတ်တယ်လို့ လုပ်လိုက်..တိန်

အမတော်ရေကဗျာလေးဖတ်ပြီး
အလွမ်းကိုအစမ်းခံစားကြည့်သွားတယ်....:P

ညဥ့်နက်တွေ အဓိပ္ပါယ်ရှိခဲ့တာ
အိမ်မက် အဖြစ် ကျန်ရစ်ခဲ့ချင်လို့ မဟုတ်ဘူး..


မိုက်မိုက်မိုက်

ကဗျာဆိုတာ တစ်ခါတစ်လေကျရင် မင်္ဂလာတောင်ညGန့်မှာ ပေါက်ကွဲသွားတဲ့ ယမ်းစိမ်းတွေပဲ..သူတိုင်းသူ ပေါက်ကွဲရင် မသိသာပေမဲ့ တစ်ခုခုနဲ့ အရောခံလိုက်ရရင် ပေါက်ကွဲအား သိပ်ပြင်းတယ်.. အရောခံထား၇တယ် ထင်ပ :)

ဆောင်းဆိုတဲ့စကားလုံးလေးကိုကြားတိုင်း ကိုထူးအိမ်သင်ရဲ့တစ်ဆောင်းသစ်ပြန်ပြီကိုသတိရမိတယ်
အိန်ဂျယ်ရဲ့ကဗျာအရေးသားကတော့လက်ဖျားခါတယ်.
အရှိန်ပြင်းလို့

ချစ်တဲ့
အမဒိုးကန်

ကဗျာကောင်းလေးကို ခံစားသွားပါတယ်။ ခင်မင်စွာဖြင်.
မောင်မောင်

အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း........

(အဟုတ်ပဲနော် ..)

အလွမ်းကဗျာလေးကို ခံစားသွားပါတယ်..
WL

ကဗျာ အကြောင်းကို သိပ်နားမလည်ပေမဲ့ သုံးနှုံးထားတဲ့ စာသားတွေက အရမ်းလန်းတော့ ခံစားလို့ ရပါတယ်..နောက်ထပ်လည်း စာသားလှလှ လေးတွေဖတ်ချင်ပါသေးတယ်..

နှင်းတွေ ဝေနေတုန်းပဲလား အိန်ဂျယ်ရေ....
ဒီမှာတော့ နေတွေ ကျဲကျဲပူနေပြီ....

ကဗျာလေးကို နှစ်သက်လိုက်တာ လှိုင်ရယ် ..

ချစ်တဲ့
မြတ်

ညီမလေးရေ-ကဗျာဖတ်သွားတယ်။ ခံစားချက်ကို ဦးစားပေးရင် စကားလုံးက ရွေးရခက်နေတတ်တယ်။ အလွမ်းဆိုတာ မသေမချင်း ထမ်းထားရတဲ့လမ်း ဆိုတာကို အစ်ကိုတော့ သိပ်သဘောမပေါက်ဘူး။ ကာရန်လိုချင်လို့ လမ်းကို ချိန်လိုက်တာလားတော့ မသိဘူး။ သတိထားစေချင်ပါတယ်။ လမ်းဆိုတာ လျှောက်ရတာပဲ ရှိတာကိုး။ ၀န်ထုပ်ဝန်ပိုး ဆိုတာမျိုးကမှ ထမ်းထားရတာမို့ အစ်ကိုတွေးမိတာကို ပြောပြတာပါ။

တစ်ခါတစ်လေ
တွေးကြည့်မိတယ်....

မိုးခါးရေ မြိုင်မြိုင်သောက်
လောကဓံ လက်ချောင်းတွေနဲ့
နာကျင်ခြင်းကို မေးတင်ခဲ့တာတောင်
မလောက်ငတဲ့ ဝေးကွာမှုတွေကြောင့်
အလွမ်းဆိုတာ မသေမချင်း ထမ်းတားရတဲ့ လမ်း....။

အရမ်းကိုကောင်းတယ်...
လည်လည်လာရင်း ရင်ဘက်ထဲထည့်သွားပါတယ် ...

ပျော်ရွှင်ပါစေရှင်...

စကားမကြွယ်တဲ့
နှုတ်ဖျားက ကြားချင်တဲ့
စကားတစ်ခွန်းက ..အတ္တဆိုရင်တောင်
အဲဒီအတ္တက ဘဝကို ခြစား စေလောက်တယ်..
...................
စိတ်ကူးတွေကိုအများနားလည်အောင်ပြောပြတတ်တာကိုကာစာရေးဆရာရဲ့စေတနာပဲလေ
ကောင်းတယ်
ဗျဆက်သာရေးးးးးးးး

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More