ကဗျာတစ်ပုဒ်ထက်
ခင်ဗျားနှစ်သက်တဲ့ တေးသွားတစ်ပုဒ်
တီးခတ်တတ်တဲ့ သူတစ်ယောက် ကျွန်တော် ဖြစ်ချင်ခဲ့တာ...
ဒါမှ ခင်ဗျားရဲ့ အာရုံတစ်ချို့ အပိုင်ရမှာ မို့လေ...
သွေးဆောင်
ဖျားယောင်းတတ်တဲ့
ပင်လယ်ပြင်ရဲ့ အငွေ့အသက်ဟာ
နှစ်သက်စွဲမက်စရာကောင်းတယ် ဆိုပေမယ့် သေချာတာက
ခင်ဗျားရဲ့ အပြုံးကို သူမမှီဘူး ဆိုတာ... ညနေခင်းတွေတော့ သိလောက်ပါတယ်လေ..
မှုန်ပြပြ အလင်းအောက်မှာ
လခြမ်းကွေးကွေးလေးက ဝတ္တရား အရ
လင်းပြနေရတယ် ဆိုရင်တောင် ..နှောင်းခဲ့တဲ့ ရက်စွဲတစ်ချို့အကြောင်း
စာလုံးပြန်ပေါင်းနေစရာ မလိုအောင် ခမ်းနားခြင်းတစ်ချို့ ခင်ဗျားရင်ခွင်မှာ သိုဝှက်ခဲ့ချင်ခဲ့တာလေ...
ပေါ့ပါးမြုးတူးနေတဲ့
ရွှေငါးလေးအလား ခင်ဗျားဆံနွယ်တွေ လွင့်ဝဲကျတိုင်း
အဲဒီခဏ ကျွန်တော် လေပြေဖြစ်ချင်ခဲ့တာ...ခရမ်းပြာေ
ရာသီစက်ဝန်းကို တစ်ပတ်လည်စေပြီး စိတ်ဆန္ဒတစ်ချို့ကို သိုဝှက် ငြိမ်သက်စေခဲ့တယ်လေ...
တောင်ပံဖြန့်ထားတဲ့
မျှော်လင့်ချက်တစ်ချို့ ကောင်ကင်ကို ဗဟိုပြုနေပေမယ့်
အလင်းအမှောင်မညီတဲ့ နေ့နဲ့ညက သဟဇာတမဖြစ်ပဲ ကျွန်တော့်ကောင်းကင်ကိုမှ
ပြိုစေခဲ့လေတော့...သက်တံလို တစ်ခြမ်းပဲ့ အလွမ်းနဲ့ ကမ္ဘာမြေကို နမ်းရှိုက်ရသလို ပြက္ခဒိန်တွေ..
ဟောင်းသွားပဲ အဖတ်တင်ခဲ့တယ်လေ...
ပဉ္စလက်ဆန်ဆန် အတ္ထုပ္ပတ္တိနဲ့
သဏ္ဍာန်တွေ ရေးဆွဲ ကောက်ကြောင်းမလှမှ ဘယ်သူကို အပြစ်ပုံချရမှန်းမသိတဲ့
အတ္တခါးတဲ့ ငှက်တစ်ကောင်လိုပဲ မုတ်သုန်လေကိုတောင် ကြောက်ရကောင်းမှန်း နားမလည်ခဲ့တဲ့ ကျွန်တော်...
ယိမ်းနွဲ့ပြတဲ့ ဝါးရုံတွေလို ယိမ်းတိုင်း မတိမ်းပါးတက်တဲ့ အသွင်နဲ့ တစ်ခါတစ်လေတော့လည်း အစွန်းထင်းမခံတဲ့
ပဝါစလေးလို လေလာတိုင်း လွင့်ပြနေမှတော့
ရင်ဘတ်မှာ ကန္တာရဆန်ရတာ အကြောင်းပြချက် မလိုတော့ဘူးလေ..။
Written By Angelhlaing















Vienna Time
Yangon (Rangoon) Time


21 comments:
ကဗျာဆိုတာ ဒီလိုမှပေါ့... ဖတ်ချင်သလိုဖတ်.. နားလည်ချင်သလို..နားလည်သွားပါတယ်ဝေ့..
သွေးဆောင်ဖြားယောင်းတတ်တဲ့ ပင်လယ်ပြင်ရဲ့ အငွေ့အသက်ကို ရမ်းရော်မှန်းဆ ကြည့်မိတယ်...၊ ကဗျာလေး ဖတ်သွားတယ် ညီမရေ..။
ကဗျာလေးကို ကြိုက်သလို ခံစားသွားတယ် အိန်ဂျယ်ရေ..ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ
ကဗျာဝေဝှစ်လေးပါလား။
ဖတ်သွားတယ် ညီမရေ။
ကဗျာလေး ကောင်းလိုက်တာ...အပုဒ်တိုင်းကို ကြိုက်တယ်...
သက်တံလို တစ်ခြမ်းပဲ့ အလွမ်းနဲ့ ကမ္ဘာမြေကို နမ်းရှိုက်ရသလို ပြက္ခဒိန်တွေ..
ဟောင်းသွားပဲ အဖတ်တင်ခဲ့တယ်လေ...
ဒီစာကြောင်းလေးကို ပိုသဘောကျမိတယ်...
ကဗျာလေး လာေ၇ာက်ခံစားသွားတယ်
ညီမရေ
ကဗျာအရေးကောင်းတဲ့ ညီမလေးရဲ့ကဗျာလေးကို ခံစားသွားပါတယ်။ စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ ညီမလေး။
ခင်မင်လျက်
သဒ္ဓါ
အရမ်းကောင်းတဲ့ ကဗျာပဲ နားလည်တတ်သလိုနားလည်သွားပါတယ်
ရင်ဘတ်မှာ ကန္တာရဆန်ရတာ အကြောင်းပြချက် မလိုတော့ဘူးလေ..။
ကဲ အိုအေစစ်သို့အမြန်ဆုံးရောက်ရှိပါစေ ညီမလေးအိန်ဂျယ်ရေး)
ချစ်တဲ့
အမ
မဒိုးကန်
ဂွတ်.. နားတော့ မလည်ဘူး.. ဖတ်သွားဒယ်...
သွေးဆောင်
ဖျားယောင်းတတ်တဲ့
ပင်လယ်ပြင်ရဲ့ အငွေ့အသက်ဟာ
နှစ်သက်စွဲမက်စရာကောင်းတယ် ဆိုပေမယ့် သေချာတာက
ခင်ဗျားရဲ့ အပြုံးကို သူမမှီဘူး ဆိုတာ... ညနေခင်းတွေတော့ သိလောက်ပါတယ်လေ-----
စကားလုံးသုံးထားတာတွေအရမ်းကိုမိုက်တယ်
လွတ်လပ်တဲ့ ကာရံအရေးအဖွဲ့နဲ့ ကဗျာလေးကို နှစ်သက်စွာ ဖတ်သွားပါတယ် ညီမလေးရေ..။
တောင်ပံဖြန့်ထားတဲ့မျှော်လင့်ချက်အချို့ ကောင်းကင်ကို
ဗဟိုပြုနေတယ်လား...သိပ်လှတဲ့စကားလုံးတွေပဲဗျ...။
ဒီလိုကလေးဖတ်ရတဲ့ သူတိုင်း မကြိုက်ပဲ မနေလောက်ပါဘူး။ ဂွတ်တယ်...
ပဉ္စလက်ဆန်ဆန် အတ္ထုပ္ပတ္တိနဲ့
သဏ္ဍာန်တွေ ရေးဆွဲ ကောက်ကြောင်းမလှမှ ဘယ်သူကို အပြစ်ပုံချရမှန်းမသိတဲ့
အတ္တခါးတဲ့ ငှက်တစ်ကောင်လိုပဲ-----
ကြိုက်တယ်ဗျာ တစ်ကယ်ကိုခံစားချက်ထိတဲ့ကဗျာပဲ
စကားလုံးတွေလှလိုက်တာ ကဗျာလေးကလဲသိပ်လှတာပဲ...။ တော်လိုက်တဲ့ ညီမလေး...။ အဲလိုကဗျာလှလှလေးရေးးတတ်ဖို့ ပါရမီမပါခဲ့ဘူးထင်ရဲ့...။
ကဗျာကောင်းလေး... ဖတ်သွားတယ်..ခံစားသွားတယ် မမရေ..
ချစ်ခင်လျက်
Junemoe
မော်ဒန်ကဗျာကို ခံစားသွားပါတယ်။ စကားလုံးတွေက လတ်ဆတ်တယ်။ လှတယ်။ တချို့နေရာတွေကတော့ လှတယ်။ ဒါပေမဲ့ ဖတ်သူဘက်ကနားလည်ဖို့ခဲယဉ်းတယ်။ တချို့ကတော့ အဲဒါကိုက မော်ဒန်ကဗျာရဲ့ သဘာဝလို့ဆိုကြတယ်။ ဒါပေမဲ့ဖတ်သူနဲ့ဝေးသွားရင် ကိုယ့်ဆိုလိုရင်းကို ခံစားဖို့ခက်သွားပြန်ရောလို့ အစ်ကိုတော့ထင်တယ်။ ကိုယ်ရေးတဲ့စကားလုံးကို ကိုယ့်ဘာသာကွဲပြားဖို့တော့လိုလိမ့်မယ်။ အစ်ကိုလည်း နားလည်နိုင်သလောက်တွေးကြည့်နေပါတယ်။ နိမိတ်ပုံဆိုတာတွေကတော့ ညီမလေးကဗျာမှာလှနေတယ်။ ရေးလက်တော့တက်နေပြီ။ ယောကျာ်းလေးဘက်ကတွေးတာကိုက ခက်စေတာပါပဲ။ အဲဒါကိုက ပညာပါ။ အစ်ကိုတောင် ဒီနေ့အထိ မိန်းကလေးဘက်ကခံစားပြီးရေးတဲ့ကဗျာတော်တော်နည်းတယ်။ လက်ချိုးရေလို့ရတယ်။ ကောင်းပါတယ်ညီမလေး။ ဆက်လုပ်ပါ။
အရမ်းကောင်းတဲ့ကဗျာလေးပါပဲ....ဖတ်သွားပါတယ်မအိန်ဂျယ်....
ကဗျာလေးကလန်းတယ်ကွာ......
ကဗျာတစ်ပိုဒ်ချင်းစီနောက်က "လေ" ဆိုတာကို ဖြုတ်လိုက်ရင် ကဗျာ ပိုကြွလာမယ်ထင်တယ်..။
Post a Comment