http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

Monday, February 21, 2011

ကျွန်မဘဝ ထဲသို့ တိုးဝင်လာမယ့် သူ....

အဆင်မပြေ တာတွေနဲ့ပဲ ကြုံဆုံရ တက်တဲ့ ကျွန်မအဖို့ ကံကောင်းခြင်း ဆိုတာ အရမ်းဝေးလှတဲ့ အရပ်ဒေသ တစ်ခုက မျက်နှာစိမ်း တစ်ဦးလို့ ပြောရမှာပါပဲ။ ကြုံဆုံရတဲ့ ဘဝ ခရီးလမ်းက လည်းမချောမွေ့ လို့အဝေးသင်ဆိုတဲ့ ပညာရေးလေး တောင်မနည်း အားယူ ကြိုးစားခဲ့ ရတဲ့သူလေ။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက် ရသူမို့ အပြေးအလွှား ရုန်းကန်ရင်း အခက်ခဲတွေကြောင့် စိတ်ညစ်ခဲ့ရတဲ့ နေ့ရက်တွေ၊ ရှေ့ရေးအတွက် စဉ်းစားရင်း အိပ်မပျော် တဲ့ညတွေ ဆိုတာလဲ မနေတွက်နိုင် အောင်ပါပဲ။ ဒီကြားထဲ အရွယ်တွေ ကြီးလာသလို စားအိုးကလည်း ကြီးလာပေမယ့် အလုပ် လက်မဲ့ ကြောင့် မိသားစု စားဝတ်နေရေးက မချောင်လည်လှ ဘူးလေ။
"သက်ထား သူများတွေ နိုင်ငံခြားထွက်ပြိး အလုပ်တွေ လုပ်နေကြတာ ညည်းလည်း သွားလုပ်ပါလားအေ့"
အလုပ် ပိတ်ရက်လေးမို့ အဝတ်လျှော်ပြိး သားထွက် လှမ်းနေတဲ့ သီတာကို အိမ်နားက ဒေါ်မြမြ ကလှမ်းပြိး ပြောခြင်းပါ။
"အဒေါ်ကလည်း နိုင်ငံခြား သွားတယ်ဆိုတာ လက်ထဲ ပိုက်ဆံရှိမှ ဖြစ်မှာ သွားချင်တိုင်း ထသွားလို့ ရတာမှတ်လို့"
"ဟဲ့ သူများတွေလဲ ဒီလိုပဲ သွားလာနေကျ တာပဲအေ ညည်းကျမှအေ စကားကြိး စကားကျယ် ပြောလို့"
"ဟော်တော့ အဒေါ်ကလည်း ကျွန်မက မဟုတ်တာ ပြောပါ့မလား အဒေါ်ရဲ့ ကျွန်မလည်း သိနေ၊မြင်နေ ကြားနေ ရတာပဲ။ မဟုတ်တာ အဒေါ်ကို ပြောပါ့မလား အဒေါ်ရဲ့။ ပွဲစားဆိုတိုင်းလဲ လူတိုင်းယုံရတာ မဟုတ်သလို ကျွန်မတို့ မိသားစု အနေနဲ့ မမြင်ရတဲ့ ကံကြမ္မာကို လောင်းကြေး ထပ်ပြီး စွန့်စားရ လောက်အောင် မပြည့်စုံဘူး ဆိုတာ အဒေါ်လဲ သိတာပဲ။ မရှိမဲ့ရှိမဲ့ လေးတွေ ထုခွဲပြိး သွားကြတဲ့ သူတွေ၊ ဟိုရောက်မှ အလိမ်အညာနဲ့ တွေ့သူတွေ တွေ့၊အဆင် မပြေတဲ့ သူတွေ ဒုနဲ့ဒေး အဒေါ်။ ကျွန်မတို့ မှာရှိတာမှ ဒီအိမ်လေးပဲ ရှိတာ။ မတိုးပွား တဲ့အပြင် ရှိတာလေး ပြောင်သွားမှ အိုးမဲ့အိမ်မဲ့ နဲ့ပို ဒုက္ခ ရောက်နေမယ်အဒေါ်။"
"အဲဒါဆို ညည်းက အခုလို ဘွဲ့ရအောင် ယူထားပြိး ကုန်စိမ်း ရောင်းစားမယ်ပဲ စိတ်ကူးတယ် ဆိုပါတော့"
ကျွန်မ ဒေါ်မြရဲ့ စကားကြောင့် အဝတ်တွေ ပြည့်နေတဲ့ ဇလုံကို စိတ်ပျက်ပျက်နဲ့ စောင့်ချ လိုက်မိတယ်။
"သြော် ခက်ပြီ အဒေါ် ကျွန်မလည်း တခြားသူ တွေလို ထမင်းချိုင့်လေး ဆွဲပြိး ရုံးအလုပ်လေး ထည်ထည်ဝါဝါ လေးဝတ်ဆင်ပြိး အလုပ်လုပ်ချင် တာပေါ့ရှင် အခုခတ်ကြီးမှာ အဒေါ်လည်း သိတာပဲ ရတဲ့လခနဲ့ လမ်းစရိတ်နဲ့ မကိုက်တဲ့ အပြင် အိမ်ကတောင် စိုက်ရမဲ့ ဘဝမျိုးလေ။ သာမန်ဘွဲ့ရ လေးနဲ့လည်း စားလောက်အောင် အလုပ်ကောင်း တစ်ခု မရလောက်တာ အဒေါ် သိမှာပါ။ ဘွဲ့လက်မှတ် အပြင် နောက်မှာ တန်းစီနေရမဲ့ သင်တန်းဆင်း လက်မှတ် တွေအပြင် အဆက်သွယ် ကောင်းဆိုတာလဲ လိုသေးရဲ့ အဒေါ်ရဲ့။ ကျွန်မတို့ မိသားစုမှာက အဖေကလည်း ကျန်းမားရေး ကောင်းတာ မဟုတ်ဘူး၊ တစ်နေ့ရွှေ၊ တစ်နေ့ငွေနဲ့။ အိမ်ရဲ့ စားဝတ်နေရေး အဆင်ပြေဖို့ မရှက်မကြောက် အလုပ်လုပ်မှ ဖြစ်မှာလေ။ ပညာတက် ဖြစ်ချင်လို့ ဖြစ်အောင် လုပ်ထား ပေမယ့် အိမ်ရဲ့ စားဝတ်နေရေး အတွက်ကြတော့ ထမင်းချိုင့် ဆွဲပြိး သက်သက် သာသာ လေးလုပ်ရတဲ့ ဘဝက စားရေးသောက်ရေး အတွက် အဖေရဲ့ဆေးဖိုး တွေပုံမှန် ရလာဖို့ မလွယ်ဘူးလေ အဒေါ် အခု ဈေးရောင်းတယ် ဆိုပေမယ့် လမ်းဘေးဈေးသည် ဆိုတော့ အထင်သေးကြ တဲ့မျက်ဝန်းတွေ နဲ့ အကြည့်ခံ ရတယ်ဆိုပေမယ့် အပြောအဆို အဆင်ပြေရင် ပြေသလို မိသားစု ဝမ်းရေး အဆင်ပြေတယ်လေ အဒေါ် ကဲပါ အဲဒါတွေ အဒေါ် ကိုရှင်းပြ နေလဲ နားလည် ချင်မှနားလည် မှာပါ။ ကျွန်မ အလုပ်ပြိး အောင်လုပ်လိုက် အုံးမယ် အဒေါ်။ ညနေ ရထားဆိုဒ် ချိန်မှီအောင် ဈေးကြိုရ အုံးမယ် အဒေါ်။"
ပတ်ဝန်းကျင် ဆိုတာ တစ်ကယ်တမ်း အခက်ခဲ ကြုံလာရင် ကူညီတဲ့သူရှားတဲ့ ကျွန်မတို့ မိသားစုဘဝ။ ကိုယ့်မှာ မရှိရင် ဘယ်မှ ၅ကျပ်၊၁၀တောင် မချေးငှားချင် ကြဘူးလေ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် မရှက်မကြောက် လုပ်စားလို့ ကျွန်မ မိသားစုရဲ့ စားဝတ်နေရေး အဆင်ပြေမယ် ဆို သမာအာဇီဝ အလုပ်နဲ့ ဟောဒီ လက်နှစ်ဖက်၊ ခြေနှစ်ဖက် ကောင်းနေသ၍ ကျွန်မ ရုန်းကန် နိုင်ရမှာပေါ့။ ပညာတက်တယ် ဆိုတာ အသိပညာ တိုးပွားဖို့ပါ။ ရထားတဲ့ပညာပေါ် မှာ ဂုဏ်မောက်မာ ဖို့ မဖြစ်စေရဘူးလေ။ သာမန် မိန်းခလေး တစ်ယောက် လိုမျိုး ခံစားခွင့်တွေ၊ လုပ်ပိုင် ခွင့်တွေနဲ့ ရပ်တည် ချင်ပေမယ့် ကျွန်မမှာ အဲလို ကံတွေ မပါလာခဲ့ဘူး ထင်ပါတယ်။
..........................။.............


"မမ မောင်လေးကို မုန့်ဖိုးပေးခဲ့ အုံးနော် မေ့လည်းမသွားနဲ့"
နေ့လည် ထမင်းစား ချိန်မှာ မနက်ပိုင်းကျောင်း တက်ရတဲ့ မောင်လေး က(၁၀)တန်း ဒီနှစ် ဖြေရမှာမို့ အပြင်ကျုရှင် သွားခါနီး မုန့်ဖိုး ချန်ခဲ့ဖို့ ပြောခြင်းပါ။ သတိပေး တုန်းထုတ်ပေးမှ မဟုတ်လို့များ မေ့သွားရင် ကျောင်းမတက် ချင်တော့ဘူး လို့ အိမ်မှာရှိတဲ့ အဖေနဲ့အမေကို ရန်ရှာမယ့် ကောင်းလေးမို့ ကဗျာကယာပဲ အိတ်ထဲက (၂၀၀)တန်တစ်ရွက် နွမ်းနွမ်းကို သူ့ရှေ့ချ ပေးလိုက် ရင်း
"စာလဲ ကြိုးစားနော် မောင်လေး အမေနဲ့ အဖေကို ကျီတိုက်မနေနဲ့ မမကြိးတို့ ဘဝမှာ ပညာပဲ အားကိုးစရာ ရှိတာနော် ကြားလား မောင်လေး"
"အင်းပါ ဟုတ် သားနားလည်ပါတယ် မမကြိးရဲ့"
အမေနဲ့ အဖေဆို ဂျီကျဖို့ နဲ့ အမြဲ ဂလန်ကဆန် လုပ်တက်ပေမယ့် ကျွန်မကိုတော့ ပြန်မပြောသလို ကြောက်လဲကြောက် တာမို့ တစ်ခုခုဆို ဟုတ်ကဲ့ နဲ့ပဲပြိးနေတက်တဲ့ မောင်လေး။ အငယ်ဆုံးလေး ဖြစ်သလို တစ်ခါတစ်လေ မပြည့်စုံတဲ့ မိသားစု မို့ သူများတွေကို အားကျငေးမော မိတဲ့ အချိန်ဆို အိမ်ကအမေနဲ့ အဖေကို အပြစ်တင် ရန်လိုတက်တဲ့ ကောင်လေးပါ။ ငယ်သေးတာက လည်းတစ်ကြောင်း၊ တစ်ခုခုဆို ပညာရေး လမ်းကြောင်း လွဲသွားမှာ ဆိုးလို့ အရမ်းလဲ မဆူရဲ၊ မပြောရဲနဲ့ သင့်တင့် သလိုလေး ဆုံးမရတဲ့ အရွယ်မလား။ တစ်ခုခုဆို အရွဲ့တိုက် လုပ်ဖို့ ဝံမလေးတဲ့ အရွယ်မို့ အမြဲချော့ တန်ချော့ ခြောက်တန် ခြောက်ရတာမို့ သူက ကျွန်မကိုတော့ ချစ်ပုံပဲ။
"ပညာတက် ဖြစ်ရမယ်နော် အဲဒီစိတ် အသေမှတ်ထား ပညာတက် တစ်ယောက်ရဲ့ အဓိပ္ပါယ် ဘယ်လိုဖွင့်လဲ မမေးနဲ့ ကိုယ်ပညာတက် ဖြစ်တဲ့တစ်နေ့ နားလည်လာမယ် အဲဒါလေး စွဲစွဲမြဲမြဲ မှတ်ထား"
"အဲဒါဆို မမကြိးက ဘွဲ့ရထားရဲ့ သားနဲ့ ဘာလို့ အခုလို ဈေးသည် ဖြစ်နေရတာလဲ"
"ဒီအလုပ်လုပ်မှ မိသားစု စားဝတ်နေရေး အဆင်ပြေမှာ အလုပ်ကအလုပ်၊ ပညာကပညာ သက်သက်ပဲ ရောမထားနဲ့ ဘဝမှာ လူတိုင်း အလုပ်နဲ့ ပညာနဲ့ တစ်ထပ်ထည်း မကျတဲ့ သူတွေ အများကြိးပဲ မောင်လေး အရွယ်ရောက်လာရင် သိလာမယ် နားလည်လာမယ် ဟုတ်ပြိလား (၁၀) နှစ်ခြင်းပေါက် အောင်မှဖြစ်မယ် နော် နောက်နှစ်ဆိုတာ စိတ်ထဲမထားနဲ့ ဒူးလောက်တင်မှ ရင်လောက်ကျ တယ်ဆိုတာ သိတယ်မလား "
"ဟုတ် မမကြိး "
"အင်းအင်း"
ကျွန်မရဲ့ ဆုံးမစကား ကို ဘယ်လောက် နားလည်တယ် ဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။ ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ဖြစ်အောင်လုပ်ဖို့ တိုက်တွန်း ပြောခြင်းလောက်ပဲ ကျွန်မတက် နိုင်တယ်လေ။ ဖြစ်အောင်လုပ် ဖို့ကတော့ သူကိုယ်တိုင်ရဲ့ ကြိုးစားမှု အပေါ်မှာပဲ မူတည်တယ်လေ။ ကျွန်မလက် လှမ်းမှီ သလောက် လေးပြောပြနိုင် တာမို့ နားလည်မယ်လို့ ပဲမျှော်လင့် မိတယ်။ ဘဝဆိုတာ လက်တွေ့ ရင်ဆိုင်နေ တဲ့သူတွေရဲ့ အပြောထပ် လက်တွေ့ကြ တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ မရှိလောက်ဘူး ထင်တယ်လေ။ အပြောရော အတွေးပါ ရပ်ပြိး နာရီကြည့် မိတော့ အလိုလေး နောက်ကျတော့ မှာပါလား။ မဖြစ်သေးပါဘူး အမြန်သွားမှလို့ စိတ်ထဲတွေးပြိး တစ်လက်စထည်း အမေကို နှုတ်ဆက် လိုက်သည်။
"အမေ သမီးသွားတော့မယ် ရထားဆိုက် ချိန်လွဲရင် အားလုံး လွဲကုန်တော့မယ် အဖေနိုးလာရင် သမီးဝယ် လာတဲ့ ဆေးတိုက်ဖို့ မေ့နေအုံးမယ် နော်အမေ"
"အေးပါ သမီးရယ် ဂရုလည်း စိုက်အုံး"
"ဟုတ်ကဲ့ အမေ သမီးသွားပြီနော်"
"အေးအေး သမီး"
ကဗျာကယာ အမေကို နှုတ်ဆက်ပြီး မောင်လေးကို ဝေ့ဝဲ ကြည့်တော့ ကျူရှင် သွားဖို့ စာအုပ်တွေ စစ်နေတယ် ထင်ပါ့။ များစွာသော စာအုပ်တွေက သူ့နားဘေးမှာ အစီလိုက် မဟုတ်ပဲ ပြန့်ကျဲလို့ နေလေရဲ့။ အင်း ကျွန်မတို့ မောင်နှမ နှစ်ယောက်အတွက် စာကြည့်စားပွဲ ဆိုတာ ရှိမှမရှိတာပဲ။ ဖြစ်သလို ကြမ်းပြင်မှာ အားလျားမှောက် အော်ချင်ရာ အော်၊ ရေးချင်းရာရေး နဲ့ တစ်အိမ်လုံး နေရာအနှံ စားကြည့်ခဲ့ရတာလေ။ တစ်ယောက်က အိမ်ရှေ့ ဘုရားခန်းမှာ ကျက်ရင် နောက်တစ်ယောက်က အိမ်နောက်ဖွေး ရောက်တာပေါ့။ အဆင်ပြေ သလို ပဲကျက်ကြ ရတာ။ အခု ကျွန်မက ကျောင်းပြိးပြီ ဆိုတော့ မောင်လေးက တစ်အိမ်လုံး သူ့အတွက် နေရာ အကျယ်ကြိး ပေါ့လေ။ အတွေးတွေနဲ့ စိတ်ကူး တွေကို ရပ်ပြိး မှီရာကား ပေါ် အပြေးတက်ရင်း ဒီနေ့ရထား နောက်ကျပါစေ လို့ စိတ်ထဲက ဆုတောင်းနေမိတယ်။ အိမ်က အထွက်ထဲက နောက်ကျတာမို့ ရထားက ကိုယ့်အရင် ဆိုဒ်ခဲ့မယ် ဆိုရင် ယူနေပေးနေကြ ဖောက်သည်က ကိုယ်မလာဘူး ထင်ပြိး တစ်ခြားလက်ထဲ ထည့်ခဲ့ရင် ဒီနေ့အဖို့ တော့ မောရမယ်လေ။ ကုန်ရောင်းကုန်ဝယ် သမားတွေမို့ အချိန် နဲ့အမျှ တန်ဖိုးရှိနေ တယ်လေ။ နည်းနည်းလေး နောက်ကျ တာနဲ့ အများကြိး ဆုံးရှူံးရ မှာမို့ပါ။ ယုံကြည်မှု နဲ့လုပ်နေ ကြတာမို့ ကိုယ်ဘက်က ပျက်ကွက်ရင် အပြောခံရ ရုံတင်လား နာမည်ပျက်ပြိး အလုပ်လုပ်စားလို့ မရပဲနေမယ်လေ။ ဒီမိသားစု လေးမှာ ဒီကရတဲ့ဝင်ငွေ လေးနဲ့ အသက်ဆက် နေကြရတာလေ။
..................။..........

နောက်ကြနေတာ မို့ကျွန်မ လည်းခပ်သွက်သွက် လေးဈေးကြိုဖို့ ဘူတာထဲ သို့လှမ်းကြည့်ရင်း အကဲခတ်တော့ ရထားမဆိုက် သေးပုံပဲ။ ရန်ကုန်မြို့ သီရိမင်္ဂလာဈေး ပြိးရင် ကုန်စိမ်း ရောင်းကြသူ တော်တော် များများက ဒညင်းကုန် ဘူတာဈေး မှာလာပြီး ဖောက်သည် ယူရောင်းကြတာ မို့အမြဲ(၂၄)နာရီ လူစည်ကားတဲ့ ဘူတာဈေး တစ်ခုပါ။ မနက်ဈေး၊ ညဈေးအပြင် အာရုံဈေးပါ ရှိတာမို့ ကိုယ်ယူနေ ကြအချိန်၊ ယူနေတဲ့ ဖောက်သည်တွေ၊ ရောင်းသူ၊ဝယ်သူ တွေနဲ့ အမြဲစည်ကား နေတဲ့နေရာလေးပေါ့။
"သက်ထားမေ"
"ရှင်"
ခေါ်သံကြောင့် ဘယ်သူဘယ်ဝါမှန်း မသိပဲ နှုတ်က အကျင့် ပါနေပြီးသားမို့ ရှင်လို့ ပြန်ထူးရင်း အသံရှင် ကို ဝေ့ဝဲ ရှာမိသည်။ ကိုယ်က ပဲမျက်လုံးမှောက် နေတာလားမသိ ဘယ်သူခေါ် မှန်းလဲမသိ။ ဒီဈေးထဲမှာ အလုပ်လုပ်စား နေတော့လည်း အသိမိတ်ဆွေ ကလည်း ခပ်များများ ရယ်မို့ စည်ကားလှတဲ့ ဈေးထဲမှာ ရောင်းသူ၊ ဝယ်သူတွေနဲ့ ပြည့်ကျပ်နေဆဲ။ ရုတ်ခနဲ တစ်စုံ တစ်ယောက်က နောက်မှ လက်လှမ်းဆွဲ တာကြောင့်
"ဟင် ကို......"
"ဟုတ်တယ် သက်ထားမေ ကိုယ်ပါ ဘယ်လိုလဲ ရှောင်လို့တိမ်းလို့ ကလည်း ကျွမ်းကျင် သလားမမေးနဲ့ ကောက်ရိုးပုံ အပ်ကျရင်တောင် ရှာရလွယ်အုံးမယ် ခုတော့ အစဖျောက် ကိုယ်ယောင်ပျောက် ကျွမ်းသူ တစ်ယောက် ကြောင့် ကိုယ်ကတော့ အရူးလုံးလုံး ဖြစ်လို့ပဲ ဘယ်နှယ့် ရှိစ အမိ ဟင်..."
ရုတ်တရက် ဆိုတဲ့ အသိရယ်၊ ကိုယ်ကျင် လည်နေရတဲ့ အလုပ်ထဲ မှာမှ ဆုံရကြုံရ လေခြင်းလို့ တွေးမိပြိး ဘာရယ် မသိသော ခံစားချက်တွေနဲ့ ရင်တစ်ခု လုံးရှုပ်ထွေးလို့ နေတယ်။ အဲဒီအချိန်မှာပဲ ရထားဆိုက် တော့မှာ ဖြစ်ကြောင်း အသိပေး စကားကို တာဝန်ခံမှ ပြောသံ ဘူတာ တစ်ဝန်းလုံး အတိုင်းသား ကြားလိုက် ရသလို၊ ဈေးအတွင်းလည်း ရုတ်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်လို့။ ကုန်ရထား ဆိုက်တာမို့ ဆူညံနေတဲ့ ရထားဝင်း နဲ့အတူ မတည်ငြိမ် တဲ့ နှလုံးအိမ်ကို အသာထား ဝမ်းရေး အတွက် ကအဓိက ကျတာမို့
"သက်ထား အလုပ်လုပ် ရမယ်အကို အချိန်မရှိဘူး အခုလောက်ဆို ဘာလို့ သက်ထား ရှောင်ပြေးခဲ့ တယ်ဆိုတာ အကို သဘော ပေါက်မှာပါ သက်ထား အလုပ်လုပ်လိုက် အုံးမယ်"
ပြောလည်း ပြောလူကလည်း များပြားလှတဲ့ လူအုပ်ကြားထဲ ဝင်ပြိး ကိုယ်ရဲ့လူ ဘယ်ဆီမှာလဲ လို့ရှာရ ဖွေဖို့ရန် မျက်စိကို အလုပ်ပေး ပြိးရှာဖွေမိတယ်။ မဟုတ်ရင် ရထားပြန်ထွက် ချိန်နဲ့ ကုန်တင်၊ကုန်ချ မပြိးရင် ထိုးကျိတ် ပစ်ချလာမယ့် ကိုယ့်ရဲ့ ကုန်ပစ္စည်း ပဲနာကုန်မယ်လေ။ ကုန်စိမ်း ဆိုပေမယ့်လည်း ရွှေလိုပဲ ဂရုစိုက်ရတယ်လေ။ ပစ္စည်းမလှရင် ဈေးကောင်းမရ သလို၊ ပြန်ပြိး ဖောက်သည် ပေးရတဲ့ အခါမှာလည်း မျက်နှာငယ် ရတယ်လေ။ သူသူကိုယ်ကိုယ် ကောင်းတာမှ လိုချင်ကြတာ မဟုတ်လား။ဟော တွေ့ပါပြီ။ ကိုယ်ရဲ့ ဖောက်သည်။ သူမြင်အောင် လက်လှမ်းပြရင်း ဆူညံနေတဲ့ ရထားပတ်ပတ် လည်မှာ ကုန်တင်ကုန်ချ သမားတွေ၊ သူ့ပစ္စည်း၊ ကိုယ့် ပစ္စည်း မှားမှာဆိုးလို့ အော်ဟစ်နေ ကြတာ အသံစုံလို့ပါပဲ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရုန်းကန် လှုပ်ရှားနေကြ တဲ့လူသား တွေမဟုတ်ပါလား။
"သက်ထားမေ နောက်နေ့မှ ပေါင်းရှင်းမယ်နော် အစ်မ ဒီနေ့မဆင်းတော့ဘူး နောက်နေ့မှ အမလာခဲ့မယ် ဟုတ်လား"
"ဟုတ်ကဲ့ မမကြည်"
ဒီလိုပါပဲ ယုံကြည်မှုနဲ့ အလုပ်လုပ်နေ ကြတဲ့ ကုန်သည်တွေ။ သူတို့အဖို့တော့ ဒီနေ့စာ စာရင်း နောက်နေ့မှ ပေါင်းရှင်းလဲ ဘာအရေး လဲနော်။ ကိုယ်တွေမှာသာ အင်း....လို့ သက်ပြင်း ညင်းညင်း ချရင်း ဘေးမှာ တောင်ပုံယာ ပုံဖြစ်နေတဲ့ ကုန်အိတ် တွေကို ကြည့်ရင်း တစ်စုံ တစ်ယောက် ဘယ်များရောက် သွားပါလိမ့် ဆိုတဲ့ အတွေးနဲ့ ရှာမိတော့ ကျွန်မနဲ့ မျက်နှာချင်း ဆိုင်ရထား ပလက်ဖောင်း ပေါ်ကနေ စိုက်ကြည့်နေ တာတွေ့တော့ ကျွန်မ ငိုရမလို ရယ်ရမလိုပါပဲ။ ဘယ်တက်ပါ့မလဲလေ အဲဒါကိုက ကျွန်မ ရဲ့ဘဝ ဖြစ်နေတာပဲလေ။
..............။....................


အချိန် လေးရှိတုန်း စောင့်နေပြီ ဖြစ်တဲ့ ကျွန်မရဲ့ ပုံမှန် ဖောက်သည် တွေအတွက် ကူလီထမ်းသမား တွေရဲ့ အကူညီနဲ့ ကျွန်မရဲ့ ဈေးရောင်း ပွဲလေးကို ပွဲကြည့် ပရိသတ် တစ်ဦးလို ကြည့်နေပုံက စိတ်ပျက်ဟန်လည်း မတွေ့။ ဘယ်လိုလူ ပါလိမ့်လို့ အတွေးနဲ့။ အချိန်ကလည်း နေစောင်းလာသလို ဈေးရောင်း လေးကလည်း အဆင်ပြေသမို့ နည်းနည်းသာ ကျန်တော့တဲ့ ကုန်လက်ကျန် လေးကို ကြည့်ပြီး ကျွန်မ ပီတ ဖြစ်မိသည်။ အချိန်ကလည်း နည်းမှမနည်းပဲ အခုဆို ညဈေးရောင်း မဲ့ဈေးသည် တွေတောင် ဟိုတစ်စ ဒီတစ်စ ရောက်လာပြီ မဟုတ်လား။ ဈေးဆိုတာလည်း သူအချိန်နဲ့ သူမို့ ဒီအချိန်ထိ ကုန်များနေ တဲ့နေ့တွေဆို ညဈေးပါ ဆက်ရောင်းကြ ရတဲ့သူတွေလည်း အများကြိးလေ။ မျှော်လင့် သလို လေးအချိန် မီကုန်သွားရင် ပျော်ကြရသလို၊ ဝယ်သူမဲ့တဲ့ ကုန်တွေ ဆိုရင်လည်း ဈေးရောင်းသူ အချင်းချင်းတောင် မျက်နှာ ငယ်ကြရတာ သြော် ဘဝရယ်လို့ တောင် မညည်းရဲလောက် အောင်ပါပဲ။
"မောနေ ပြီလား သက်ထားမေ"
ဈေးထဲမှာ တော်တော်လေး လူရှင်းသွား မှ Code ဗူးလေး ကိုဖောက်ပြီး ကျွန်မဆီ ကမ်းပေးရင်း အပြုံးမပျက်တဲ့ သူကို အံ့သြ မိပါရဲ့။
"ယူလေ ဘာလုပ်နေ တာလဲ ဟောဗျာ..."
ပြောလည်း ပြော အအေးဗူး ကိုကျွန်မ လက်ထဲ အတင်း ထည့်ရင်း ပြုံးပြိးကြည့်နေတဲ့ သူကိုဈေး ထဲကလူတွေ က ပေါ်တင်ကြည့် တဲ့သူကြည့်၊ တီးတိုး အတင်းပြော သူပြောနဲ့ ကျွန်မ ကျင်လည် နေတဲ့ အသိုင်းဝိုင်းက အဲလိုလူ တွေပါလို့ မပြောပေမယ့် အခုလောက်ဆို သူလည်း နားလည်လောက် ပါပြီ။ လက်ထဲ အသင့် ရောက်လာတဲ့ ကုတ်ဗူး လေးကို မော့သောက် ရင်း ရှတတ နဲ့ စီးဝင်သွားတဲ့ လည်ချောင်း တစ်လျှောက် ဒီလို အအေး ဗူးတောင် မသောက်ဖြစ်တာ တော်တော် ကြာရောပေါ့။ ရလာတဲ့ ဝင်ငွေလေး နဲ့ မိသားစု လေးကို လောက်ငအောင် ကြိုးစားနေ ရသူမို့ တစ်ခါတစ်လေ ဈေးကြိးတဲ့ အစားသောက် တွေကိုတောင် အိမ်ကလူတွေ ကိုသတိရပြီး ဒီငွေပမာဏ လေးနဲ့ဆို ဟိုလိုတွေး ဒီလိုတွေး ပြိး မစားရက်၊ မသောက်ခဲ့ ဘူးလေ။ နောက်တစ် ချီမောဖို့ အားယူ လိုက်တယ် ဆိုရင်ပဲ
"ညီမလေးရေ ဒါဘယ်လို ရောင်းလဲ ဟင်"
"ဟုတ် အမ အကုန်လုံး ယူမယ်ဆို ညီမလျှော့ပေးမယ်လေ နည်းနည်းပဲ ယူမယ်ဆို ရင်တော့ ...."
ဈေးဝယ်သူက တစ်ချက်တော့ ငြိမ်နေပြီး
"အကုန်လုံး ယူမယ်ဆို ဘယ်လောက်လဲ ညီမလေး"
".......ပါမမ"
ဈေးဝယ်သူ ကခဏ စဉ်းစားသလို လုပ်နေတာကြောင့် ကျွန်မလည်း ပစ္စည်းလက်ကျန် လေးမို့ အချိန်ကြာကြာ မရောင်းချင် တော့တာကြောင့်
".....နဲ့ပဲ ယူလိုက်လေအမ ညီမလဲ .."
"အင်း အင်း ညီမ အစ်မ ယူမယ်အားလုံး"
ဈေးဝယ်သူ ကရှောရှောချူချူ ယူသွားလို့ သက်ပြင်း ကြိတ်ချရင်း။ တစ်ခါတစ်လေ အဆမတန် ဆိုတာထပ် လျှော့ပေး ရင်တောင် တမင်ညစ်နေ တဲ့ ဈေးဝယ်သူ မျိုးနဲ့ ကြုံကြိုက် ရသေးတာမို့ ကြံဖန် စိတ်ညစ် ရတက်သေးတဲ့ ရက်တွေလည်း အများသားလေ။ လက်ထဲက အအေးဗူး ကို သူ့ထံ ကမ်းပေးဖို့ လက်လှမ်းရင်း
"နေ..နေ.. သက်ထားမေ အဲဒါ ကိုယ် ရောင်းလိုက်မယ်"
ပြောလည်း ပြော ဈေးဝယ်သူ ကမ်းပေးတဲ့ အိတ်ထဲမှာ နောက်ဆုံး လက်ကျန် ကုန်ပစ္စည်း တွေကို ကူထည့်ပေး နေသော သူ့ကို အံ့သြနေ မိတယ်။ သောက်လက်စ အအေးဗူး တစ်ဗူးတောင် အေးအေး ဆေးဆေး မသောက်ရတဲ့ ဈေးသည် ဘဝမို့ ကျွန်မအစား ဈေးဝိုင်းရောင်း ပေးနေတဲ့ သူကိုကြည့် ပြီး ကျွန်မရင်ထဲ ဖော်မပြ တက်သော ခံစားမှု တွေနဲ့ ရောယှက်နေရင်း။
.......................။................
ဈေး ပစ္စည်းတွေ သိမ်းဆည်းပြီး အားလုံးပြိး ဆုံးသွားချိန်မှာ အိမ်ပြန်ဖို့ အသင့် ဖြစ်နေတဲ့ ကျွန်မက သူ့ကို မော့ကြည့် ပြီး
"ဘယ်လိုလဲ အကို သက်ထား ဘဝနဲ့ သက်ထား ရပ်တည် နေရတဲ့ အနေထားကို အခုဆို သိရုံ ဘယ်ကမလဲ သဘောပေါက် နားလည်မယ် လို့ ယုံကြည်တယ်။ "
သူ့ရဲ့ မျက်ဝန်းတွေ နဲ့ရှောင်ဖယ်ပြိး ခပ်ဝေးဝေးကို လှမ်းမျှော်ကြည့် ရင်း ကျွန်မ ဆိုတော့
"သက်ထားမေ က ကိုယ့်ထင်တာထပ် အများကြီး ကိုယ့် အပေါ် အထင်သေး နေတာပဲ အင်းလေ အဲဒါကြောင့်လဲ အခုလို လုပ်တာပေါ့"
"မဟုတ်တာ အကို အထင်သေးတာ မဟုတ်ဘူး ကိုယ့် ဘဝကို ကိုယ်နားလည်တာ လို့ပြောရင် ပိုမှန်တယ် သက်ထားမှာ အကို့ မိဘတွေ သဘောကျ လောက်တဲ့ အရည်အချင်း တွေ မရှိနေဘူး ပြိးတော့ ကိုယ်လွတ်ရုန်း ပြိး အကို့နောက် လိုက်ခဲ့လို့ ရတဲ့ ဘဝမျိုး မဟုတ်ဘူးအကို သက်ထားမှာ ကျန်းမာရေး မကောင်းတဲ့ အဖေရယ်၊ အမေရယ် ပညာရေး တစ်ပိုင်းတစ်စ နဲ့မောင်လေး ရယ်။ အဲဒါတွေ အားလုံးစွန့်ပြိး အကိုနဲ့ ဘဝတစ်ခု ထူထောင် ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ဘူးလေအကို"
"ကဲပါ အဲဒါတွေ အစကထည်းက အကို့ကိုယ် ရှင်းပြခဲ့ရင် .."
"အကိုကလည်း ပြောတော့မယ် သက်ထားက "
"ကိုယ်လည်း သက်ထားမေ နဲ့အတူ အဲဒီတာဝန် တွေကို တွဲယူချင်ပါတယ် ဆိုရင်ကော သက်ထားမေ"
"ရှင်"
အံ့သြ ခြင်းတွေနဲ့အတူ အလန့် တကြား သူ့မျက်နှာကို မော့အကြည့်
"ဟုတ်တယ် သက်ထားမေ ဟို အရင်ချိန်က ထဲကသာ သက်ထားမေ ကိုယ့်အပေါ် ပွင့်လင်း ခဲ့မယ်ဆိုရင် ခုလို ကိုယ်တို့အကြောင်း မဲ့ နှစ်တွေ အကြာကြိး ဝေးခဲ့ကြစရာ ဘာအကြောင်းမှ မရှိဘူးလေ ခုတော့ ကိုယ့်မှာ "
ပြောရင်း သူ့စကားတွေက တစ်ဝက် တစ်ပျက်နဲ့ ကျွန်မကို လှမ်းကြည့်ပြီး
"မတူညီ တဲ့ဘဝ တွေရှိနေ သ၍ အလွမ်း၊အဆွေး တွေ ကြေကွဲစရာ အချစ်ဇတ်လမ်းတွေ အများကြီး ဖြစ်နေမယ် ဆိုပေမယ့် ကိုယ်ကတော့ အဝေး မခံနိုင်တော့ ဘူးသက်ထားမေ မင်းထားခဲ့တဲ့ အချိန်တွေ မှာကိုယ့် အတွက် လုံလောက် နေပြီလေ။"
"မဖြစ် နိုင်ပါဘူးအကိုရာ"
"မဖြစ်နိုင်တာ မဟုတ်ပါဘူး မဖြစ်သေးတာပါ၊ မဖြစ်သေးဘူးဆိုတာ မကြိုးစားကြည့် ရသေးလို့ပါ သက်ထားမေ မင်းကိုယ်ခေါ် ရာလိုက်ခဲ့ဖို့ စိတ်ကူးမရှိတာ သေချာရင် ကိုယ်... မင်းဆီရာ လိုက်လာခဲ့မယ် အဲကျ ရင်သာ မင်းကိုယ့် ကို နှင်မထုတ် ပါဘူးလို့ ကတိပေး"
ကျွန်မရဲ့ မျက်ဝန်းတွေကို စူးစိုက် ကြည့်ပြီး ပြောနေတဲ့ သူ့မျက်ဝန်းတွေမှာ နာကျင်မှုတွေ အပြည့်။
"သက်ထား တစ်ကိုယ်ကောင်း ဆန်ရာ မကျနေဘူးလား အကို အကို့ဘဝ သက်ထားရဲ့ အခြေနေ၊ အကိုကြုံတွေ့ ရမဲ့အခက်ခဲ တွေအတွက် စိတ်လိုက် မန်ပါ မဖြစ်စေချင်ဘူး အကို"
"သက်ထားမေ ကိုယ်က ပြည့်စုံ တဲ့မိသား စုမှာ ကြိးပြင်းခဲ့ရတာ မှန်တယ် အခက်ခဲဆိုတာတွေ မင်းရင်ဆိုင် ခဲ့ရတာတွေ ကိုယ်တိုင် မျက်မြင်ပဲ အဲဒီတော့ မင်းဆီက ကိုယ်တိတိ ကျကျ အဖြေ တစ်ခုပဲ လိုချင်တယ် မင်းဘာကို ရွေးချယ်မှာလဲ ဆိုတာပဲ ကိုယ့်အတွက် ဆင်ခြေ တွေအသုံး မဝင်ဘူး လက်တွေ့ကြ တာပဲပြော ကြတာပေါ့ သက်ထားမေ"
"သက်ထားက ဘာပြောရ မှာလဲအကို"
"အင်း လွယ်ပါတယ် သက်ထားမေ ကိုယ့်အပေါ် မေတ္တာ ရှိရိုးမှန်ရင် ကိုယ့်အတွက် မင်း သတ္တိ ရှိပါ လက်တွဲ ခေါ်ပါ ကိုယ် မင်းနဲ့ ဘဝကို ရင်ဆိုင်ချင်တယ် မင်းဖြတ်သန်း ရမဲ့ ဘဝလမ်းမှာ ကိုယ်မင်းရဲ့ လက်တွဲဖော် ဖြစ်ချင်တယ် ဒါကို ကိုယ် ပြတ်ပြတ် သားသား သိရမှဖြစ်မယ် နှစ်ခါ အထားခံ ရမယ့် ဘဝတော့ မရောက်ချင် ဘူးနော် သက်ထားမေ မင်းဆီမှာ ကိုယ်အတွက် အချစ်တွေ မရှိတော့ဘူး ဆိုရင် ကိုယ်နောက် တစ်ကြိမ် ပြန်ကြိုးစား ခွင့်ရှိအုံးမယ် ဘယ်လို နည်းနဲ့ ပဲဖြစ်ဖြစ် လက်မတွဲ နိုင်ဘူး ဆိုရင်တော့ ကိုယ်မင်းကို အတင်းအကြပ် မတောင်း ဆိုပါဘူး သက်ထားမေ ကိုယ့်ရဲ့ အချစ်ကို မင်းအနေနဲ့ အသိမှတ် ပြု မယ်ဆိုရင်ပဲ ကိုယ်ကျေနပ်ပါပြီ ခုချိန်ထိ မင်းထားခဲ့တဲ့ အတိုင်း မင်းသတင်း စုံစမ်းပြီး မင်းရှိရာ ရောက်ခဲ့တာက လွဲရင် မင်းထားခဲ့ တဲ့အတိုင်း ကိုယ်ဆီမှာ မင်းအတွက် ရင်ခုန်သံ အပြည့် နဲ့လွမ်းဆွတ်နေ ရဆဲပါ သက်ထားမေ "
ခက်ပြီရှင်။ ဒီလောက် ကြမ်းတဲ့ ဘဝလမ်း ချစ်တဲ့သူကို မခေါ်ရက်သလို တမင်ညင်းဆဲ ရကျမှာ ဆိုးလို့ ခြေရာဖျောက် ခဲ့တာတောင် သူက ကျွန်မရှေ့ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့တာ ကျွန်မအတွက် ကံကောင်းခြင်းလား သူ့အတွက် ကံဆိုးခြင်းလား မရေရာပေမယ့် ကျွန်မအတွက်လည်း နားခိုရာ ရင်ခွင်တစ်ခုတော့ လိုအပ်သည် ပဲလေ။ နားခိုရာ ရင်ခွင် ဆိုပေမယ့် မြတ်နိုးရ သူရဲ့ ရင်ခွင် တစ်ခုမှာသာ ခိုးနားချင်ကြတာ ပဲလေ။ ဘဝက ကြမ်းလို့ ချစ်သူ ဘဝမှာတင် မလိမ့်တစ်ပတ် နဲ့ခြေရာ ဖျောက်ခဲ့ တာလည်း ပျောက်သောသူ ရှာရင်တွေ့ ဆိုတဲ့ စကားပုံ က သူ့အတွက်များ အထောက်ကူ ဖြစ်စေခဲ့ သလားမသိ။
"ဘာတွေများ တွေဝေနေ တာလဲ သက်ထားမေ ကိုယ်က မင်းအတွက် အဲလောက်တောင် တွေဝေ စဉ်းစားနေ ရမဲ့သူလားကွာ"
မချင့်မရဲ ရေရွက်တဲ့ သူကို ကျွန်မ စကားတစ်ခွန်း မှမဆိုဖြစ်ပဲ ပင့်သက်ရှိုက် လိုက်မိသည်။ ပြိးတော့ ခပ်တိုးတိုးလေးပဲ
"ဘယ်တော့မှ သက်ထားနဲ့ ပက်သက်ပြိး နောင်တ မရမှာ သေချာလား ဟင်"
"ဟာကွာ ကလေးကျ နေတာပဲ သက်ထားမေရယ် ဘာဖြစ်လဲ လောလောဆယ်တော့ မေမေ သဘောမတူမှာ သိနေကြ တာပဲဟာ နောက်ပိုင်း သူ့မြေးလေး တွေမျက်နှာ မြင်ရင် လူကြိးပဲကွာ သူ့ဟာသူ့ စိတ်ပြေ သွားမှာပေါ့ ပြိးတော့ ကိုယ်က ကလေးလဲ မဟုတ်ဘူး ကိုယ့်ရထားတဲ့ ပညာက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့တော့ မြဲနိုင်ပါတယ် သက်ထားမေ။"
ကျွန်မရဲ့ လက်ခြေအနေ ကိုအနားလည် ဆုံးသော ယောက်ျားတစ်ယောက် ကို ခေါင်းခါ ငြင်းဆန် လိုက်ဖို့ထိ ကျွန်မ မမိုက်မဲ သင့်ဘူးထင်ပါရဲ့။ ကျွန်မရဲ့ အတွေးတွေ မဆုံးခင်ပဲ
"ကိုယ် သက်ထားမေ ကို စဉ်းစားဖို့ အချိန် ပေးခဲ့မယ် တစ်ပတ် အဲဒါပေး ချင်လို့ ပေးတာ မဟုတ်ဘူး ကိုယ့်မှာ စီစဉ်စရာ ကိစ္စတွေ ရယ် မပြီးပြတ် သေးတဲ့ အလုပ်ကိစ္စ တွေအတွက် နယ်ကို ခရီးသွားရမှာမို့ ပြန်လာမှ တွေ့မယ် ဒီနေ့တော့ သက်ထားမေ ရဲ့ မိဘတွေကို လိုက်တွေ့ဖို့ သိပ်နောက် ကြနေပြီလေ။ အဲဒါကြောင့် နောက်တစ်ပတ် ကိုယ် ခရီးက ပြန်လာမှ ပြန်ဆုံကြ မယ်နော် ကိုယ် ကံကောင်းမယ် လို့တော့ မျှော်လင့်ရ တာပဲနော်..."
အဲဒီအချိန် လေးအတွင်းမှာ ပဲဈေးဝန်း အတွင်းမှ လင်မယား နှစ်ယောက် ဟစ်သံ ဆဲဆိုသံ တွေ ညံပြီး ရန်ဖြစ် နေတာကြောင့် ကျွန်မ ရောသူရော ရန်ဖြစ်ရာသို့ လှမ်း ကြည့်ရင်း မကြားဝံ့ မနာသာ တွေရေရွက် နေကြတဲ့ စုံတွဲ ကို ကြည့်ပြီး
" သက်ထား ကျင်လည်နေတဲ့  ဘဝ ကအဲလို နော် " 
လို့ ကျွန်မရဲ့ စကားကို ဘာစကား တစ်ခွန်းမှ မဆိုပဲ အပြုံး လဲ့လဲ့ချန်ပြီး ကျွန်မကို နှုတ်ဆက် ထွက်ခွာသွားတဲ့ သူနောက်ကြောကို မြင်ကွင်းထဲက ပျောက်ကွယ် သွားတဲ့အထိ ရပ်ကြည့် နေမိရင်း ဒီလိုကျွန်မ ဘဝထဲကို ရဲရဲဝင့်ဝင့် ဝင်လာမယ့် သူကို ဘာအတွက်များ ငြင်းဆန်ရမှာ ပါလိမ့်လို့ တွေးနေမိ ရင်း........။ 
...................................။.......................................



8 comments:

နားလည်မှုက အရေးအကြီးဆုံးပဲ။
ဒါက အချစ်ထက်ကို ပိုလိုအပ်တယ်။ မငြင်းသင့်တော့ပါဘူး။

ဟုတ်တယ်။ ကိုဇော်ပြောသလိုဘဲ။ အခုခေတ်မှာ အဲဒီလို နားလည်ပေးတတ်တဲ့လူက အတော်လေး ရှားနေပြီ။ အဖြစ်မှန်ဆိုရင် လက်ခံလိုက်ပါ။ စိတ်ကူးယဉ်ဝတ္ထုဆိုရင်တော့ ဘ၀သရုပ်ဖော်လေးမို့ ချီးကျူးပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဘဝတစ်ခု အချစ်တစ်ခု....စီပါပဲဗျာ။
အချစ်ကို နားလည်ပေးနိုင်သူ လို့ထင်ရတဲ့သူက ဘဝထဲလဲရောက်ရော ကသောင်းကနင်းဆန်တော့တာပဲ..။
ရသမြောက်လက်ရာတစ်ခုပဲဗျာ။ ဇာတ်လမ်းထဲ မျောပါသွားတယ်။ ပျော်ရွှင်ပါစေညီမရေ။

ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ???

ဖတ်လို့ကောင်းတယ်ဗျာ..ဇတ်လမ်းထဲမှာပါသွားတယ်...

ညီမ ရေ

ဖတ်လို့ကောင်းတယ် အားပေးနေတယ်နော် လင့်ခ်ယူသွားတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လာလည်သွားပြီးဝင်ခံစားသွားပါတယ်
ကျွန်တော် ဒါလေးကိုကြိုက်တယ်ဗျာ ဂျူးတို့၊မနော်ဟရီတို့ အရေးအသွားများလားပေါ့ ...ဆက်ရေးပါဗျာ...

ခင်ခင်မင်မင်
နေဘုန်းလျှံ

တကယ့်ဆိုရင်တော့ လက်ခံသင့်ပါတယ်
ကိုယ်ဘဝကိုတကယ်နားလည်ပေးနိုင်တဲ့သူ
ကအရမ်းရှားတယ်လေ
ပျော်ရွှင်တဲ့ ဘဝလေးတည်ဆောက်နိုင်ပါစေ

ဘ၀မှာရွေးချယ်ရာအစဉ်ထာဝရချော့မွေ့ပါစေ။
ယုံကြည်မှု နှင့် နားလည်မှု မလွဲပါစေနဲ့လို့ကျနော်ပြောချင်ပါတယ်။
ခင်မင်စွာဖြင့်
မိုးမြင့်တိမ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More