http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, December 17, 2012

ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင် ပြုံးပါ





တစ်ကယ်ချစ်တော့လည်း
 “နားလည်မှု” ဆိုတာ
သင်ယူစရာမလိုပဲ တက်မြောက်တဲ့ ….. “အနုပညာ” ပေါ့..

ရွေးချယ်စရာ မလိုတဲ့
အလွမ်းစကားလုံးတွေ…
အသွေးအသားကို သီကုံး..
ပန်းတစ်ကုံးဖြစ်စေဦးတော့…
မနက်ဖြန်တွေဟာ အသက်ရှင်ရခက်တယ်…မောင်


တစ်ခါတစ်ခါတော့လည်း…
အချစ်မပါ အလွမ်းချည်းသက်သက်…
ခါးသက်သက်နိုင်တယ်…

ထက်ကြပ်မကွာ
လိုက်တာဆိုလို့…..
ဘဝမှာ အထီးကျန်ခြင်းပဲ သစ္စာရှိတယ်..

မာနကြောင့် ကြွေခဲ့ရတဲ့
ပန်း…
ဘယ်တော့မှ ပြန်မလန်းပေမယ့်
နမ်းခဲ့ဖူးတဲ့ ပါးရှိတယ်

နွယ်ပတ်ရစ်ခွေ ကြိုးတစ်စလိုတင်း
အပြစ်ကင်းကင်းနဲ့ ဘဝတစ်ခုကို
သံယောဇဉ်ပိုး ကိုက်ခဲ့ပြီးမှ..
ဥပေက္ခာမိုးက အငြိုးနဲ့ ရွာတယ်….

နှစ်သက်လွန်းတဲ့ အနီရောင်
ခပ်ကြောင်ကြောင်ပဲ ဆိုပါစို့.. မောင်
ခုချိန်ထိ ခဏခဏ လှောင်တယ်

အိပ်စက်ခြင်းဆိုတာနဲ့
ဆက်နွယ်နေတဲ့အရိပ်
ကျွန်မ သီထားတဲ့ ပန်းကုံးတွေမှာ….
အတိတ်တွေချည်းပဲ ပါနေတယ်….

တဆစ်ဆစ်နာတဲ့ ဒဏ်ရာ..
ရင်မှာ တရှရှနဲ့
ခုချိန်ထိ နာလို့ကောင်းတုန်းရယ်…

စိတ်သွားတိုင်း ကိုယ်မပါတော့…ဘူး
သတိရမိတိုင်း   လိုက်မရှာဖြစ်တော့ ….ဘူး
အာရုံကို လာရိုက်တဲ့ လှိုင်းတွေကြားမှာ တော့..
ကျွန်မ ရူးလို့ကောင်းတုန်း….

အဆိပ်ငွေ့တွေနဲ့ …
နာသွားတဲ့ နှလုံးသားတစ်စုံ…..
ခုတော့ ပြုံးတက်လာခဲ့ပြီ…. ရိုးသားခြင်းတွေ မပါပဲနဲ့ပေါ့…

ဘာမှထူးခြားမလာတော့တဲ့ ..
နေ့ရက်အပိုင်းစတွေကိုကောက်..
အိမ်ရောက်ဖို့အတွက် လမ်းလျှောက်ရဦးမယ်…

တကယ်လို့များ…
အရှုံး၊အမုန်းတွေနဲ့…
နောက်ဆုံးအကြိမ်အဖြစ်…
ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင်…. ပြုံးပါ
  
************
*******
****
အိန်ဂျယ်လှိုင်
11.47(PM) Austria
17. December, 2012


21 comments:

စာသားတွေလှတယ်ညီမအားပေးနေတယ်နော်


ဘာမှထူးခြားမလာတော့တဲ့ ..
နေ့ရက်အပိုင်းစတွေကိုကောက်..
အိမ်ရောက်ဖို့အတွက် လမ်းလျှောက်ရဦးမယ်…


ညီမ. အဲဒီလိုကြီးတော့ မလုပ်နဲ့လေ။ ဘယ့်နှယ် ဖတ်ရတာ ဇာတ်နာစရာကြီး။ ထူးခြားမှု တစ်ခုခုတော့ ရှိလာဦးမှာပါ။း(

ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင်... ပြုံးပါ ဆိုတဲ့ ခေါင်းစဉ်လေးကို သိပ်သဘောကျနေတယ်...း))

စာသားလေးတွေ ပြောင်မြောက်တယ် အိန်ဂျယ်ရေ။ ဘဝရဲ့ခါးသီးမှုတွေပေါ့နော်။ ဘယ်လိုဖြစ်ဖြစ် ဆုံဖြစ်တဲ့အခါတိုင်း ပြုံးနိုင်ကြဘို့လိုတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တစ်ခါတစ်ခါတော့လည်း…
အချစ်မပါ အလွမ်းချည်းသက်သက်…
ခါးသက်သက်နိုင်တယ်---
ဟုတ်တယ်အိမ်ဂျယ်လေးရေ

ဘာမှထူးခြားမလာတော့တဲ့ ..
နေ့ရက်အပိုင်းစတွေကိုကောက်.. (ရွက်ကြွေတွေကောက် ...)
အိမ်ရောက်ဖို့အတွက် လမ်းလျှောက်ရဦးမယ်… (အားတင်းပြီး လျှောက်ရဦးမယ် ...)


ခပ်ယဲ့ယဲ့တော့ ပြုံးနိုင်မယ်ထင်ရဲ့ကွယ် ... :)

တစ်ကယ်လို့များ…
အရှုံး၊အမုန်းတွေနဲ့…
နောက်ဆုံးအကြိမ်အဖြစ်…
ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင်…. ပြုံးပါ

တစ်ကယ်လို့များ…
အရှုံး၊အမုန်းတွေနဲ့…
နောက်ဆုံးအကြိမ်အဖြစ်…
ဒီတစ်ခါ ဆုံဖြစ်ခဲ့ရင်…. ပြုံးပါ

အဆိပ်ငွေ့တွေနဲ့ …
နာသွားတဲ့ နှလုံးသားတစ်စုံ…..
ခုတော့ ပြုံးတက်လာခဲ့ပြီ…. ရိုးသားခြင်းတွေ မပါပဲနဲ့ပေါ့…
အဲ့စကားစုလေးက ရင်ကိုတည့်တည့်မှန်တယ်....

အားစိုက်ထားတဲ့ ကဗျာလေးမို့

ထဲထဲဝင်ဝင် ခံစားမိပါရဲ့ ။

စာရေးကောင်းတဲ့ ညီမလေးလက်ရာမို့

အထူးဖွင့်ဆိုစရာ မလိုအပ်တော့ပါဘူး ။

စာပေအသိတွေ ဝေငှနိုင်ပါစေ ညီမလေး ။

ဖတ်ရတဲ့သူတောင်ဆွေးသွားတယ်အစ်မအိန်ဂျယ်.. :'(

စာလာဖတ်ပါတယ်....
နွယ်ပတ်ရစ်ခွေ ကြိုးတစ်စလိုတင်း
အပြစ်ကင်းကင်းနဲ့ ဘဝတစ်ခုကို
သံယောဇဉ်ပိုး ကိုက်ခဲ့ပြီးမှ..
ဥပေက္ခာမိုးက အငြိုးနဲ့ ရွာတယ်

သီကုံးဖွဲ့ဆိုမှုတွေက
ကောင်းတယ်.........

တကယ်ချစ်လာရင် နားလည်မှုဟာ အနုပညာ မြောက်သွားသတဲ့လား...၊ ဒီကဗျာလေးရဲ့ ခေါင်းစဉ်က စပြီးတော့ အပိုဒ်တော်တော်များများကို သဘောကျ မိတယ်၊ ညီမရဲ့ ကဗျာလေးတွေမှာ ရိုးရှင်း၊ ကျစ်လစ် မှုတွေ ပိုပိုပြီး တွေ့လာရတယ်...။

နားလည်မှုဆိုတာကိုတင်စားသွားတာလေးလှတယ်။အနုပညာနဲ့ခိုင်းနှိုင်းသွားတာလေ။သတ်ပုံတွေတော့ပြင်ပေးဦးမယ်။အုံးက ဦးလို့သုံးရမှာ။အုံးကခေါင်းအုံးမှာတော့သုံးလို့ရတယ်။ဖြစ်စေဦးကျတော့ဦးနဲ့သုံးရတယ်။ထက်ကြပ်မကွာလို့အစ်ကိုထင်တယ်။ထပ်ချပ်မဟုတ်လောက်ဘူး။အတိတ်တွေချည်းပဲ။အဲဒါတော်တော်များများကချည်းဆိုတဲ့နေရာမှာကြီးဆိုတာကိုသုံးနေကြတယ်။ကြီးကသေးတာကြီးတာမှာပဲသုံးတာ။ချည်းဆိုတာသူ့ချည်းသက်သက်ဆိုတဲ့သဘောမျိုး။နောက်ပြီးညီမလေးကစာရိုက်ရင်တသတ်နဲ့ကသတ်ကွဲဖို့လိုတယ်။ကဗျာကျတော့သတ်ပုံမှားရင်စာဖတ်ရတာရင်ထဲမရောက်တော့ဘူး။ပေါ့သွားတယ်။သေသေချာချာဖတ်ရင်ပေါ့။နောက်တစ်ခုကတကယ်ဆိုတာမှာစသတ်မပါဘူး။နောက်လည်းသတိထားပေါ့ညီမလေး။ကျန်တဲ့သူတွေပါသိစေချင်လို့ဒီမှာပဲပြင်ပေးလိုက်တော့တယ်။ခေါင်းစဉ်နဲ့အကြောင်းအရာကိုကြိုက်တယ်။ခေါင်းစဉ်ကတော်တော်တွဲမိတယ်။

ဟုတ်ကဲ့အကို... (ဆူးသစ်) ညီမလေး ပြင်လိုက်ပါပြီလို့ .. အမှားတွေ အများကြီးပဲ နောက်ကို သတိထားရေးပါ့မယ်အကို.. ကျေးဇူးပါလို့..

သူက သရော်ပြုံးနဲ့ပြုံးရင်ခံယူမှာလား။

ဘာမှရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး....
တပုဒ်လုံးကို အရမ်းကြိုက်တယ်လို့......:)
ခင်တဲ့...မိုးနတ်

တကယ်ကို ထိထိရှရှ ခံစားရတယ်
စကားလုံးရွေးချယ်တာ
ပြောင်ပြောင်မြောက်မြောက်ရှိလှလို့ အတုယူမိတယ်။


( မင်းဧရာ )

အိပ်စက်ခြင်းဆိုတာနဲ့
ဆက်နွယ်နေတဲ့အရိပ်
ကျွန်မ သီထားတဲ့ ပန်းကုံးတွေမှာ….
အတိတ်တွေချည်းပဲ ပါနေတယ်…

simply beautiful..........

စာသားတွေက အရမ်းလှတာပဲ...

အချစ်ရဲ့နူးညံ့မှုကို ပါးပါးလွှလွှလေး ထိတွေ့လိုက်ရ..

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More