http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, July 30, 2012

ကျပျောက်သွားသော ရက်စွဲများ




ဖြတ်ထိုးဥာဏ်ဆိုတာ ကျင်းထဲကြပ်ထဲ
ရောက်နေချိန်မှာမှ ပိုအသုံးဝင်တယ်ဆိုတာတော့
ကျွန်မနဲ့..သူ  ခံယူချက်တူခဲ့ကြတယ်..

နွေဆိုတာ အပူကိုရည်ညွန်းသလို
သောကဆိုတာလည်း လားရာတူတဲ့
ဂီတတစ်ခုလိုပဲ သူ့ဟာနဲ့သူ ခိုလုံရာတူနေတက်တယ်..

ဒီလိုနဲ့.....သူနဲ့ ကျွန်မ
အယူအဆ မတူလဲ ရင်ဘတ် အခွံချင်းတော့
ထပ်တူကျခဲ့ကြတယ်...


လူငယ်ပီသစွာပဲ ..
တိုးတက်မှုနဲ့ ထိုးဖောက်ထွက်မှုကြားမှာ
ဘဝတစ်ချို့ ထက်ပိုင်း ကျိုးချိန်နဲ့ ...ဆုံတယ်

တစ်ချို့ရဲ့ အပြုံးက
အဓိပ္ပါယ် နက်သလိုနဲ့ ညသိပ်ရေ..ဆန်တယ်

တစ်ချို့ရဲ့ အပြုံးက
လက္ခဏာ အချိုးနဲ့ ..ရောင်နီ ပျို့စေတယ်

တစ်ချို့ရဲ့ အပြုံးက
ဒဏ်ရာနဲ့ ချွေးစက်တွေသာ ပကာသန ဖြစ်စေတယ်

သူ့ဆီက ရတဲ့ အပြုံးကတော့
ကျွန်မဘဝ တစ်ခုလုံး ပွင့်ခွင့်မရှိလို့ ငုံခဲ့ရတဲ့
စံပါယ်ငုံတစ်ကုံးလိုပါပဲ....

ယောင်ယောင်ယမ်းယမ်း
အလေးသာဖူးတဲ့ ရင်ခုန်သံညတွေက
နောက်ဆုံးတော့လည်း ဘာသာဗေဒတစ်ခုကို
အသက်သွင်းရသလို ပဋ္ဋိပက္ခစကားလုံးတွေကြား
ခပ်ပြင်းပြင်း ဗော်လ်ကာ တစ်ခွက်လောက်တောင် နေရာမရခဲ့ပြန်ဘူး...

မဖြူစင်တော့တဲ့ မြို့ပြတစ်ခုလိုပဲ
ပေရေရှုပ်ပွနေတဲ့ ရင်ခုန်သံတွေနေရာမှာ
အထက်မြင့်သထက်မြင့်တဲ့ အတ္တတွေသာ
ဖိနပ်အဖြစ် လုပ်စီးဖြစ်တယ်..

နွမ်းကြေမှုနဲ့ အထ္ထုပ္ပတိ
ဝိသေသဆိုတဲ့ ဝေါဟာရတွေအကြား
မအပ်စပ်တဲ့ ပဲ့တင်သံတွေသာ နေ့စွဲ ဖြစ်လာခဲ့တယ်

မျက်လုံးစုံမှိတ် ခုန်ချမိတဲ့
ချောက်က တော်တော်နက်မှန်း
လမ်းခွဲမှတ်တမ်းက သက်သေထူတယ်..

တစ်ကယ်တော့ ဘဝဆိုတာ
ဘယ်တော့မှ လင်းလက်လေ့မရှိတဲ့ ..ကြယ်


ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်မအလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။

ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

အောက်တိုဘာလ ၂၀၁၂ Teen မဂ္ဂဇင်း

Written By Angelhlaing
Monday,July 30,2012
9.04(PM) Austria




32 comments:

သူ့ဆီက ရတဲ့ အပြုံးကတော့
ကျွန်မဘဝ တစ်ခုလုံး ပွင့်ခွင့်မရှိလို့ ငုံခဲ့ရတဲ့
စံပါယ်ငုံတစ်ကုံးလိုပါပဲ....

ကဗျာထဲက စကားလုံးလေးတွေ ကြိုက်တယ်..

တကယ်ပါပဲ ကဗျာက ဆွဲဆောင်သွားလိုက်တာ
ဆုံးတော့မှပဲ သက်ပြင်းချမိတယ်။ အရမ်းကြိုက်အိ။ မရောက်ဖြစ်တာတောင်ကြာပြီ။ ကောင်းသေားနေ့ လေးပါ။

ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်တော့်အလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။ <3

ရင်နင့်စရာ ကဗျာလေး ဖတ်သွားတယ် အိန်ဂျယ်ရေ။ လူသားတိုင်း ဘဝတစ်လျှောက်မှာ ခေါင်းစဉ်ကွဲ အခက်အခဲကိုယ်စီနဲ့ပေါ့ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဖွဲ့ထားတာ စွဲဆောင်သွားပါတယ် သူနှင့်ကျမ

ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။စာသားတွေကောင်းလှကြီး
လားညီမရေ

ကဗျာလေးက ရင်ထဲကို တခုခုခံစားလိုက်ရသလိုမျိုးလေး ။အရမ်းကောင်းတဲ့ ကဗျာလေးပါ ညလေးရေ ။

အတ္တကို ဖိနပ်အဖြစ် လုပ်စီးပစ်လိုက်တယ်ပေါ့ အိန်ဂျယ်ရေ။ မိုက်တယ်ဟေ့...

ညလေးရေ။

ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်မအလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။


အရမ်းကောင်းတဲ့ စာသားလေးတွေကို ကြိုက်သွားပြီ။
လာရောက်ခံစား အားပေးတွားတယ်နော်


ချစ်တဲ့
မကြီးလွမ်း

လောကဓံ လှိုင်းသံတွေ ခပ်ကြမ်းကြမ်း၊ ခပ်သောသော ပါနေတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ...အင်း...သောကကို ဂီတနဲ့ ယဉ်ပြထားတာတော့ တစ်ကယ်ဆန်းတယ်...

ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....

ရေးတတ်လိုက်တာ အမရာ....:-)

တစ်ချို့စကားလုံးတွေ ကို တော်တော်အံ့သြရလောက်အောင်ကို ကောင်းပါတယ်.။ အစ်မ.။ ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့ပါတယ်.။

နွေနဲ့သောက
သောကနဲ့ နွေ တကယ်တူတူပါပဲညလေးရယ်
အာဘွားနော်

ကဗျာလေးကတော့ အရမ်းကောင်းပါ့ဗျာ.. နောက်ဆုံးအပိုဒ်ကလေးကို အကြိုက်ဆုံးပဲ....

ကဗျာကောင်းလေးတစ်ပုဒ်ကို ထပ်ဖတ်ခွင့်ရခဲ့ပြီ။ အခက်အခဲကြားထဲက မတ်မတ်ရပ်နိုင်သူ ဖြစ်နေမှာပါ။
ချစ်တဲ့
မမသဒ္ဓါ

မျက်လုံးစုံမှိတ် ခုန်ချမိတဲ့
ချောက်က တော်တော်နက်မှန်း
လမ်းခွဲမှတ်တမ်းက သက်သေထူတယ်..
တစ်ကယ်တော့ ဘဝဆိုတာ
ဘယ်တော့မှ လင်းလက်လေ့မရှိတဲ့ ..ကြယ်
ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်မအလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။
ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

စာသားတွေက..
ရင်ထဲကို
ဘာလို့
အဲ့လောက်တောင်
ထိသွားရတာလဲဟင်..း))

အရမ်းကြိုတ်တယ်..ရင်ထဲတခုခုကျန်ခဲ့တယ်..
ရေးတက်တယ်နော် တော်လိုက်တာ..
အဲလိုမျိုးရေးတက်ချင်တာ...

အထက်မြင့်သထက်မြင့်တဲ့ အတ္တတွေသာ
ဖိနပ်အဖြစ် လုပ်စီးဖြစ်တယ်..

ညီမလေးရေ...အမ ဒီကဗျာလေးကိုကော၊ စာလုံးသုံးနှုန်းထားတာတွေကော ကို အရမ်းသဘောကျတယ် ..

ခံစားမှုကို ဖော်ပြထားတာလေးက ကဗျာဖတ်ရသူ ရင်ထဲကိုတောင် ရောက်လာတယ် ...

ကဗျာကောင်းဆိုတာထက် ခံစားမှု အစစ်အမှန်လေးပါလို့ ....းး)

ထုံးစံအတိုင်း ကြိုက်မိတဲ့ စကားလုံးလေးတွေ ရှိခဲ့ပြန်တယ်ကွယ် .....

လူ့လောကဘဝရဲ့အလေ့အထတွေပါဘဲ။ ရင်ဘတ်ထဲကနေလှိက်လှိက်လှဲလှဲခံစားသွားပါတယ်။

နွမ်းကြေမှုနဲ့ အထ္ထုပ္ပတိ
ဝိသေသဆိုတဲ့ ဝေါဟာရတွေအကြား
မအပ်စပ်တဲ့ ပဲ့တင်သံတွေသာ နေ့စွဲ ဖြစ်လာခဲ့တယ်

ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်

ကုန်ပီ ...........း)

နောက် ကျမပျောက်စေနဲ့ဗျာ ... :)

ကောင်းတယ် ဆိုတာထက်ကို ပိုနေတဲ့ကဗျာလေးပါဗျာ
နက်နက်နဲနဲလည်း ခံစားလိုက်ရတယ်။

စကားလုံးလေးတွေရွေးထားတာလှတယ်ညီမလေးရေ။ မရွေးဘဲရတာပါ။ တကယ်ခံစားမိလို့နေမှာပါ။ ကောင်းတယ်။ ဆက်လုပ်.....

ရင်နှင့်စွာရေးထားတဲ့ ရင်ထဲကကဗျာတစ်ပုဒ် ဖြစ်တန်ကောင်းပါရဲ့...
အိမ်ဂျယ်လှိုင်တစ်ယောက် ရောင်နီပျို့စေသော တစ်ချို့တစ်ချို့အပြုံးလေးတွေနဲ့ နောက်ထပ် နောက်ထပ်ခရီးဆက်နိုင်ပါစေသား........

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ဂငယ်ကွေ့ ကွေ့ကြတဲ့ သူအချင်းချင်း
ကျွန်မအလှည့်ကျမှ.. အချိုးကျကျ
မကြော်ငြာပဲ နိုးထရသလို
ဒဿမနောက်မှာပဲ ခဏခဏ လဲကျရတယ်။

ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

စကားလုံးတိုင်းမှာ......
ထိေ၇ာက်မှုတွေပြည့်နေတယ်။

စကားလုံး ရွေးချယ်ပုံလေးတွေကို သတိထားသွားပပါတယ်အစ်မရေ..
ဒီလိုနဲ့ပဲ ...
ရက်စွဲတစ်ချို့ ပြက္ခဒိန်ထဲကနေ
ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

ဒါလေးကတော့ ရင်ကို တိုးထိဝင်ရောက်နိုင်ဆုံး အဆုံးသတ်တစ်ခုပါပဲ။

ကျပျောက်သွားတဲ့ ရက်စွဲများကို လာကောက်တယ်ဗျို့ 

အ ရမ်း ကို ကောင်း ပါ တယ် ။တစ် ကယ် ပါ ။
စ ကား လုံး တစ် ခု့  ကို ပြ င် ရ င် ကောင်း မ လား လို့  ကို ယ့် ဖာ သာ ရှာ ကြ ည့် ပါ တယ် အ စား ထိုး ရန် မတွေ့ ပါ ။

လက်ခုပ်တီးပါတယ်..ဟိုမှာတွေ့လို့ လာဖတ်ကြည့်တာ..အရမ်းတော်တယ်..။နှမတော်

ညီမလေးရေ မင်းရဲ့ နေရာလေးကိုခဏအလည်လာရင်း
မင်းဧည့်ခံထားတဲ့ရင်တွင်ဖြစ်အနုပညာကဗျာလေးတွေကို
လည်း ခံစားဖတ်ရှု့ခခဲ့ရပါတယ် တကယ်တော့ကဗျာဆိုတာ
ကိုယ့်ရင်ကခံစားရတဲ့ခံစားမူ့ကို ကိုယ့်အနုပညာစိတ်ကလေး
နဲ့ပေါင်းစပ်ထုဆစ်ပြီးအများသိအောင်နှစ်သက်စွဲလမ်းစဖွယ်
ဖြစ်အောင်ပုံဖေါ်ခံစားခိုင်းလိုက်တဲ့အနုပညာစာစုလေးတစ်ခု
အဖြစ်အကျဉ်းချုပ်မှတ်ယူမိပါတယ် ။သိတတ်တဲ့အရွယ်ကျောင်းသားဘဝက စာရေးဆရာ မောင်
ခိုင်မာရဲ့ ရှင်မရေ ဆိုတဲ့ဝတ္တုကဗျာလေးကိုနှစ်သက်ခဲ့တယ်
နောက်မောင်စိန်ဝင်း ပုတီးကုန်း တဂိုးရဲ့စာပေနုယဉ်အစရှိ
သဖြင့်နှစ်သက်စွာဖတ်ခဲ့ဘူးပါတယ်။
အခုလည်းအမှတ်မထင် ညီမလေးရဲ့ကဗျာကိုဖတ်လိုက်ရ
တော အရေးအသား တင်ပြပုံရဲရင့်မူ့လေးတွေ စကားလုံး
ရွေးချယ်မူခပ်မြင့်မြင့်လေးတွေ့ရတော့ မင်းအနုပညာကို
လေးစားမိသလိုစာရေးဆရာမောင်ခိုင်မာကြီးကိုလည်းပြေးသတိရမိပါတယ်ကွာ။

ဓါးထောက် မခြိမ်းခြောက်ရပဲ
ကျပျောက်သွားရတယ်....။

အဲသည်စာသားလေးအခိုက်ဆုံးပေါ့..။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More