http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, August 31, 2011

ရင်ခတ်သံ





















မာနတွေ စီချင်းထိုးတဲ့ပွဲမှာ
နှလုံးသား တစ်စစီကြေသွားလည်း
အားမငယ်ပါနဲ့ ချစ်သူ
နင့်အတွက် ငါ့မှာ
ခံနိုင်ရည်ဆိုတာ ရှိနေသေးတယ်..


နင့်က ယုံကြည်ချက်ကို ကိုးကွယ်
ခံစားချက်တွေ လစ်လျူရှု
ငါထင်တာထက်တောင် ဥပေက္ခာတရား
ထားနိုင်နေမှတော့ စိတ်ချ ချစ်သူ
ငါ့မာနတွေ လောင်တိုက်သွင်းဖို့ ငါနောက်မဆုတ် တော့ပါဘူး....


တူညီလွန်းတဲ့ ခံယူချက်တွေအောက်မှာ
သွေးခဲသွားမယ့် ရင်ခုန်သံတွေကို
သောကမျက်ရည်နဲ့ နွေးစေပြီး
နင့်ဆီမှာ ဆန္ဒ တစ်စုံရှိနေသေးမယ်ဆိုရင်ပဲ
မြေပေါ် ချပေးလိုက်ရတဲ့ ငါ့သိက္ခာအတွက် နောင်တဆိုတာလဲ မရှိစေရဘူး...ချစ်သူ



တစ်ကယ်တော့ ချစ်သူရယ်....
ငါ တစ်ကယ်လိုချင်ခဲ့တာက
နင့်ရဲ့ ရွေးချယ်မှုမဟုတ်ပဲ
မြတ်နိုးတန်ဖိုးထားမှု လေးတစ်ခုပါပဲ..
သေချာတာ ချစ်သူ ငါမရင့်ကျက်သေးပါဘူး
ဆူးတော့ဆူးပဲ ဒါပေမယ့် အဆိပ်လူးတဲ့ ဆူးဖြစ်နေတော့ ငါ ရူးသွားတယ်လေ ...


တူညီရင် လက်တွဲ
မတူညီရင် ငြင်းခုန်
ဆုံစည်းချင်တဲ့ ဆန္ဒတစ်စုံသာ ရှိနေရင်
မျှော်လင့်လို့တော့ ရနိုင်ကောင်းပါရဲ့လေ....
တာကျိုးတဲ့ မြစ်တစ်စင်းလို ငါ့မျက်ရည်တွေ ခင်း
နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့ လဲမကျစေရပါဘူး.....ချစ်သူ။

Written By Angelhlaing
(www.angelhlaing.blogspot.com)
10;10 Am (August 31,2011) Austria.

28 comments:

ခပ်တင်းတင်းမျက်နှာအောက်မှာ ခပ်တိုးတိုးညည်းတွား လှုပ်ခတ်နေတဲ့ ရင်ဘတ်တစ်ခုရှိတယ်။။ မြင်အောင်တော့ ကြည့်ကြည့်ပါ။။ မသိသာပေမယ့် ထင်ရှားပါတယ်။။ ဒါမယ့် အမြဲဦးစားပေးနေမှ အချစ်၊ အမြဲအလျော့ပေးနေမှ အချစ်၊ ဘာဖြစ်ချင်နေနေ လိုက်လျောပေးမှ အချစ်လို့ သတ်မှတ်ရင်တော့ နေပေ့စေ ငါမချစ်တတ်သေးဘူး။။။ ကဗျာလေးဖတ်ရင်း အဲလိုလေး ရေးခဲ့ရင်ကောင်းမလား တွေးမိတယ်။။ အလင်းသစ် ပထမဆုံး အားပေးသွားပါတယ်။။။

ကဗျာကောင်းလေး လာရောက်အားပေးသွားတယ်။ ကျန်းမာပျော်ရွှင်ပါစေ အိန်ဂျယ်လှိုင်ရေ။

အဆိပ်လူးတဲ့ ဆူးနဲ့ ရူးသွားခဲ့ရတယ်-တဲ့လား....၊
ဖတ်သွားတယ် ညီမရေ....။

စာသားတွေ အရမ်းကောင်းတယ် ကဗျာဆရာမကြီးရယ် :) သေချာကို ဖတ်သွားတယ် ။ ပျော်ရွှင်ပါစေဗျာ ။

အချစ်စစ်တို့ မည်သည်သူကချစ်နေဖို့ မလို
ကိုကချစ်နေဖို့ သာလိုသည်တဲ့.....
တကယ်ဆိုသူအဆင်ပြေနေလျှင်
ကိုကျေနပ်နေဖို့ 
သူကောင်းစားလျှင်ကိုယ်
စိတ်ချမ်းသာဖို့ ပါ..
ဘာပဲဖြစ်ဖြစ်
ချစ်နေဖို့ သာအဓိကမဟုတ်လား....
ရင်ခတ်သံရေးသောကဗျာပိုင်ရှင်အား
ခင်မင်လေးစားလျှက်..အမောင်

ဒီလို အချစ်မျိုးနဲ့ ချစ်နိုင်ဖို့ မလွယ်ဘူး။ ဆုံစည်းချင်တဲ့ ဆန္ဒတစ်စုံ ထပ်တူကျတဲ့နေ့ လက်တွဲနိုင်ဖို့ အစ်ကိုက ဆုတောင်းပေးခဲ့ပါတယ်။

ဘာလို့များ သူများတွေ ဒီလို လှတပတ စကားလုံးတွေနဲ့ ကဗျာ ရေးတတ်နေရတာလဲ။ အားကျပါရဲ့။ ဘာတဲ့ . .

သေချာတာ ချစ်သူ ငါမရင့်ကျက်သေးပါဘူး
ဆူးတော့ဆူးပဲ ဒါပေမယ့် အဆိပ်လူးတဲ့ ဆူးဖြစ်နေတော့ ငါ ရူးသွားတယ်လေ ...

ဒီလိုနဲ့ ကျနော် ရူးနေခဲ့တာ ကြာပါပြီ။

ဟုတ်ပါတယ်...နင်နင်းဖို့ရင်တစ်စုံငါ့ဆီမှာရှိနေသရွေ့တော့နင်လဲမကျစေရပါဘူး ချစ်သူ....ရင်ကိုတကယ်လှုပ်ခတ်သွားပါတယ်မမလေးရေ..။

ဝိုးးးးး ဘာတဲ့

သေချာတာ ချစ်သူ ငါမရင့်ကျက်သေးပါဘူး
ဆူးတော့ဆူးပဲ ဒါပေမယ့် အဆိပ်လူးတဲ့ ဆူးဖြစ်နေတော့ ငါ ရူးသွားတယ်လေ ...

ိအိုးမိုင်ဂေါ့ . . ရိုက်ချက်က ပြင်းတယ် မိလှိုင်း)

ဒီလောက်ကြီး ပေးဆပ်ပြီး ချစ်တော့မှာလား မိလှိုင်ရယ်။ သံယောဇဉ်ကြီးတတ်ပုံရတယ်။

အဆင်ပြေပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျှက်

ရင်ခတ်သံထဲမှာ..
ဝမ်းနည်းမှုလေးတွေတွေ့သလို
ရင်ခုန်သံလေးတွေလည်းကြားနေရတယ်။
မာနနဲ့ ကြေကွဲခြင်းကြားမှာ
မျှော်လင့်ခြင်းအရိပ်လေးတွေလည်း ယှက်သန်းလို့...

တိုးတိုးဖွဖွ ရင်ခတ်သံလေးကို ခံစားသွားတယ်နော်။

ရင်ခတ်သံအစစ်အမှန်လေးကို ဖတ်သွားတယ် နတ်သမီးလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တကယ်ကို ထိသွားတယ်။ ကိုယ့်ကြောင့်ချစ်သူလဲကျသွားမှာ မကြည့်ရက်နိုင်တဲ့ နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေ ကူးစက်သွားပါတယ်။


ခင်တဲ့
မေသိမ့်

နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့ လဲမကျစေရပါဘူး.....ချစ်သူ။

စာသားလေးတွေကောင်းလွန်းလို့နစ်မှာတင်ချင်လိုက်တာနော်း)

ချစ်တဲ့
အမ
မဒိုးကန်

ဖတ်တာတော့ အမရေးပီးတင်တဲ့နေကတည်းက ကွန်နက်မကောင်းတာနဲ့ မှတ်ချက်မပေးဖြစ်တာ
နင်နင်းဖို့ ငါ့ရင်တစ်စုံ အသင့်ရှိနေသေးသ၍ နင် ဘယ်တော့မှ ငါ့အတွက်နဲ့ လဲမကျစေရပါဘူး.....ချစ်သူ
အဲစာသားလေးကဂွတ်တယ်နော်

မတူညီရင်လည်း မငြင်းခုန်စကောင်းဘူးပေါ့ ညီမရယ်...မတူညီခြင်းရဲ့ အလှဆိုတာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကနေ ရလာတဲ့ နှလုံးသားရဲ့ ရလာဒ်မို့ပါဗျား...

စကားလုံးတွေ ပိုပြီး ပိုပြီး ပြောင်မြောက်လာတယ်။ ကျစ်ကျစ်လစ်လစ်နဲ့...။

ငါတကယ်လိုချင်ခဲ့တာက နင့်ရဲ့ရွေးချယ်မှုမဟုတ်ဘဲ မြတ်နိုးတန်ဖိုးထားလေးတစ်ခုပါဘဲ...( အဲဒါလေးကိုနှစ်သက်တယ်)

ကဗျာထဲမှာ ချစ်တတ်သူတစ်ယောက်ရဲ့ ခံစားချက်တွေ တနင့်တပိုးပါဝင်နေတာမို့ စိတ်မကောင်းဖြစ်ရတယ်
မြတ်နိုးတန်ဖိုးထားမှုကို လိုချင်ပေမဲ့ တန်ဖိုးမထားတတ်သူနဲ့တွေ့ရင်လည်း နာကျင်ရသေးတယ် မဟုတ်လား ညီမရေ။

ရေးတတ်ပါပေါ့ကွယ်... အိန်ဂျယ်ရေ.. ကိုကိုနေ၀သန်ကလေ... ကဗျာဆို ဥာဏ်အလွန်ထုံတာကြောင့် ကဗျာရေးကြရင် ဘာပြောရမှန်းမသိတာမို့ပါ.... ခွင့်လွှတ်ပါပေါ့... :D


ခင်မင်လျက်
နေ၀သန်

ငါ တစ်ကယ်လိုချင်ခဲ့တာက
နင့်ရဲ့ ရွေးချယ်မှုမဟုတ်ပဲ
မြတ်နိုးတန်ဖိုးထားမှု လေးတစ်ခုပါပဲ..

ခိုက်တယ် အိန်ဂျယ်ရေ...

အားပါးပါး..လတ်ဖျားခါတယ်ကွာ..ငါ့သူငယ်ချင်းတော်ပါ့

လန်းလှချည်လား။ ခံစားချက်တွေကိုက တော်တော်နက်ရှိုင်းနေပုံရတယ်။
ကောင်းတယ် ညီမရေ။ အောင်မြင်ပါစေ။ ဆက်လက်ဖန်တီးနိုင်ပါစေ။

လူတိုင်းစူးဖူးတဲ့ အဆိပ်စူးပါပဲ...... ဒါပေမယ့် တစ်ခါတစ်လေကျ ကျေကျေနပ်နပ် ကြီးရူးပစ်လိုက်ခဲ့ ဖူးတာ ပါပဲဗျာ။

အစ်မ ရေ
အရမ်းကြိုက်တယ်....
ကေ အခုတလော ခံစားချက်တွေနဲ့ ထပ်တူကျနေတယ်။
အဲလိုမျိုး ကဗျာရေး ချင်ပေမဲ့ ရေးခဲ့တဲ့ ကဗျာတွေက မထိမိဘူး ဖြစ်နေတယ်။ အစ်မ ကဗျာလေး ဖတ်လိုက်ရတာ တကယ်ကို ရင်ထဲထိသွားတယ်

အစ်မ ရေ
အရမ်းကြိုက်တယ်....
ကေ အခုတလော ခံစားချက်တွေနဲ့ ထပ်တူကျနေတယ်။
အဲလိုမျိုး ကဗျာရေး ချင်ပေမဲ့ ရေးခဲ့တဲ့ ကဗျာတွေက မထိမိဘူး ဖြစ်နေတယ်။ အစ်မ ကဗျာလေး ဖတ်လိုက်ရတာ တကယ်ကို ရင်ထဲထိသွားတယ်

တာကျိုးတဲ့မြစ်တစင်းလိုငါ့မျက်ရည်တွေခင်း....နင်နင်းဖို့ငါ့ရင်တစ်စုံအသင့်ရှိနေသေးသရ်ုနင်ဘယ်တော့မှငါ့အတွက်နဲ့လဲမကျစေရဘူးချစ်သူတဲ့ကောင်းလိုက်တဲ့စာသားလေး....အားပေးနေပါတယ်မအိန်ဂျယ်....ပျော်ရွင်ပါစေ...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More