http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, November 6, 2011

မညီတဲ့ ကာရံ






















အချစ်ဆုံးလို့
နင်ပြောခဲ့လို့များ
အချစ်တွေ ဆုံးသွားတာလား...........ချစ်သူ

မနက်ခင်းမှာ ပွင့်လန်းနေတဲ့
စပါယ်ခင်းတွေလည်း
ခုတော့...အလွမ်းငွေ့ရည်တွေဖွဲ့လို့...
ပြောခဲ့ဖူးတဲ့ "ပန်းစကား"တွေက
ခုတော့ ဘာမှမဟုတ်တော့သလိုပါပဲလား...



လွယ်လွယ်နဲ့
စပါယ်မပွင့်ဘူးဆိုတဲ့ စကား
အခုတော့ ငါ့နားမှာ ခါးတက်နေပြီ........... ချစ်သူ

အမှန်တရား တစ်ချို့က
ဘယ်တော့မှ မချိုမြိန်တက်ဘူးဆိုတာ
နားလည်လာတာနဲ့အမျှ
ငါက နင့်နဲ့ ဝေးမှန်းမသိဝေးလာခဲ့ပြီပဲ....ချစ်သူ

နောက်ဆုတ်ဖို့ ရည်ရွယ်ပြီး
ရှေ့တစ်လှမ်းတိုးမိသွားတဲ့ ခြေလှမ်းတွေအတွက်
ပြင်ဆင်ချိန် မရခင်မှာပဲ
အမှန်တရား တစ်ချို့က
ဘယ်တော့မှ မချိုမြိန်တက်ဘူးဆိုတာ
နားလည်လာတာနဲ့အမျှ
ငါ့ရင်က တိတ်တခိုး ကြေကွဲမှု..
ဘယ်သူမှ မသိလိုက်ပဲ
ဖွဲမီးလို ငွေ့ငွေ့လောင်ကျွမ်း
ငါ ..ခုတော့ .. ဝမ်းနည်းတတ်ခဲ့ပြီလေ.....ချစ်သူ

ဗလာဖြစ်နေတဲ့ ခံစားချက်
ငါ့အတွက် ဖြစ်နေမှတော့..
တစ်ခွန်းတည်းသော စကား
Good Bye ဆိုတာနဲ့
ငါတို့ ဇာတ်လမ်း သိမ်းလို့ရပါတယ်...ချစ်သူ


ဒါပေမယ့် .....
မမေ့ပါနဲ့ ချစ်သူ
ငါတို့တွေ တစ်ချိန်က
ရင်ခုန်သံချင်း ဖလှယ်၊ ခံစားချက်ချင်း စီးဆင်း
ဘဝချင်း နီးခဲ့ဖူးကြတယ်လေ။


Written By Angelhlang
(www.angelhlaing.blogspot.com)
Sunday, November 6, 2011
(9.13 PM) Austria

24 comments:

တကယ့်ခံစားချက်တွေ ထည့်စီးဆင်းထားတယ်လား မသိ။ ငါ့ညီမလေး။

စိတ်မကောင်းလိုက်တာကဗျာလေးက သူငယ်ချင်းရယ်..
ငါလည်းပဲ..ငါလည်းပဲပေါ့ဟာ...

ရေးတတ်လိုက်တာနော်...
ကိုယ်လဲတခါတလေ နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့ကိုဘဲတိုးတိုးနေမိတယ်း)

အချစ်ဆုံးပြောလို့ အချစ်တွေဆုံးတာနေမယ်နော်
ညလေး ခံစားအားပေးသွားပါတယ်

အကိုကတော့ . . . .
ဘယ်တော့မှ မမေ့ပါနဲ့ ။ တစ်ယောက်ယောက်နဲ့ မင်းချစ်နေလည်း ဆိုပြီး ပြောခဲ့ဖူးတယ်။
အင်း . . .ဒါပေမဲ့လည်း ကြာတော့လည်း လွမ်းဖို့ မေ့သွားမှာပါလေ။

မတူညီတဲ့ကာရံတွေထဲက ချစ်သူနှစ်ဦး မဆုံဘူးလို့ ဘယ်သူပြောနိုင်မှာလဲကွယ်။ နှုတ်ဆက်ခွဲခွာခြင်းရဲ့ အဆုံးမှာအပြုံးနဲ့နိဂုံးချုပ်ခဲ့သူတွေ ဒုနဲ့ဒေးပါ အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခံစားချက်တွေ စီးမျောနေတဲ့ ကဗျာလေးက လွမ်းစရာလေးပါလား။ မညီတာတွေကို ညီအောင်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ရလာပါစေနော်..။
ချစ်တဲ့
သဒ္ဓါ

အားပေးသွားပါတယ် မမအိန်ဂျယ်(ခံစားချက်နော်)

လွမ်းနေတယ်ထင်ပါ့ ညီမလေးရေ။ ကဗျာဆိုတာ နှလုံးသားရဲ့တံခါးတဲ့။ စာထဲ ဖတ်ဖူးတာပါ။

ဟဲ့..ဟဲ့..ပလုပ်တုတ်..လွယ်လွယ်နဲ့စံပယ်တွေ မပွင့်ဘူးဆိုတာ ငါ့လက်သုံးစကားကြီးပါလား။။။
တော်သေးတယ်.."ပန်းစကား" ဆိုတာကြီး ငါမပြောဖူးလို့.....။။ဘယ်လိုတွေဖြစ်နေပြန်တုန်း ဒေါ်အိန်ဂျယ်... အရမ်း၊အရမ်းမရေးပါနဲ့ဟ.. လွမ်းဖို့ကို လက်တို့ရင် မျက်ရည်က စို့ချင်ချင်ပါဆိုနေ... :P:P:P
So nice my dear!!!!!! Carry on!!!!!!!!

ညီမလေး
ကဗျာလေးဖတ်လို့ကောင်းတယ်ဆိုတာ
ထက်...ပိုကောင်းနေတယ်။

“၀မ်းနည်းတက်“-“၀မ်းနည်းတတ်“
“ဇတ်လမ်း“-“ဇာတ်လမ်း“

ကဗျာလေးကို ခံစားရင်း သီချင်းတစ်ပုဒ်လို ထင်လာမိပါရဲ့...စကားမစပ်- တစ်ခုခုကို တတ်မြောက်တာ၊ တတ်စွမ်းနိုင်တာဆိုရင် “တ“သတ်နဲ့ရေးပါလား ငါ့ညီမရေ...“က“သတ်ဆိုရင် အပင်ပေါ်တက်တာစတဲ့ အပေါ်တက်တာကို ပြောတာမို့ ဖတ်ရတာ ဆိုလိုရင်း ပျောက်သွားပြီးကဗျာလှလှလေး ပေါ့သွားမှာစိုးလို့...

ဟုတ်ကဲ့ ကျေးဇူးပါ အကို(ဟန်ကြည်) ညီမလေးပြင်လိုက်ပါပြီလို့ ..:)

ခံစားချက် ပြင်းလှချည်လား ညီမ။

အရာအားလုံးက အချိန်ပေါ်မှာ မူတည်ပါတယ်။ အချိန်ကုန်သွားတာနဲ့အမျှ ဒီဂရီတွေ လျော့သွားတတ်ပါတယ်။

လွမ်းတော့နဲ့နော်။း)

ကဗျာလေးကို အစအဆုံး ခံစားအားပေးသွားတယ် ညီမရေ...

ရင်ဘတ်ကြီးနဲ့ရေးတာသိတယ်နော်
ညလေးရေ...အလွမ်းတွေရပ်ပါ့ဦးမလားဟင်
စိတ်ကတော့နောက်ဆုတ်နေတာပဲ
ခြေလှမ်းတွေကတော့ရှေ့ကိုတိုးနေလေရဲ့
ချစ်တဲ့ jasmine

ခံစားတတ်လိုက်ကြတာနော် .
ကဗျာလေးက တကယ်ခံစားလိုက်မိတယ်
(အောက်က ပလုတ်တုတ်က ဘာကိစ္စထအော်ရတာတုံး ..
ဟင်းး ဟင်းး ငါ့ညီမလေးကိုနော်း)

မညီတဲ့ကာရန်တွေကနေ ချစ်စရာစကားလုံးလေးတွေနဲ့ ခံစားချက်တွေ စုစည်းပြီး ဖွဲ့ထားတဲ့ ကဗျာလေး...။

လှိုင်...
ကျမ ဒီကဗျာလေးရဲ့
စကားလုံးတိုင်းတလုံးချင်းစီကို
ရင်ဘတ်တခုလုံးနဲ့ခံစားပြီး
ဖတ်သွားပါတယ်..

အမှန်တရား တစ်ချို့က
ဘယ်တော့မှ မချိုမြိန်တက်ဘူးဆိုတာ
နားလည်လာတာနဲ့အမျှ
ငါက နင့်နဲ့ ဝေးမှန်းမသိဝေးလာခဲ့ပြီပဲ....ချစ်သူ

ဟုတ်တယ် အမှန်တရားဆိုတာ
တခါတလေခါးတယ်..


ဒါပေမယ့် .....
မမေ့ပါနဲ့ ချစ်သူ
ငါတို့တွေ တစ်ချိန်က
ရင်ခုန်သံချင်း ဖလှယ်၊ ခံစားချက်ချင်း စီးဆင်း
ဘဝချင်း နီးခဲ့ဖူးကြတယ်လေ။

လှတဲ့အချိန်လေးတွေလည်း
ရှိခဲ့ဖူးပါရဲ့လေ..

ကျမကိုဒီကဗျာလေးကော်ပီယူခွင့်ပေးပါ..

မမရေ...ရင်ဘတ်ချင်းတူလို့ ခံစားလို့ရရင် အနုပညာ မြောက်ပါတယ်တဲ့...ကျေးဇူးပါမမ (blackrose)

အမှန်တရား တစ်ချို့က
ဘယ်တော့မှ မချိုမြိန်တက်ဘူးဆိုတာ…….
ကြိုက်မိပါတယ်၊

ဘ၀ချင်း နီးခဲ့ကြဖူးတယ် တဲ့ လားး
အရမ်းထိရှတဲ့ စာသားလေးပါ မမ

နူးညံ့မှုကိုတွေ့တယ်...ဒါပေမယ့်အချို့နေရာမှာ စကားလုံးတွေထပ်နေတယ် သည်တစ်ပုဒ်မှာပါပဲ..။ အခြားအပုဒ်တွေကောင်းတယ်..။ ဥပမာ. အမှန် တရားဟာမချိုမြိန်ကြောင်း (မသိစိတ်ကနေ) နှစ်ခါမြောက် သုံးမိထားတယ်..။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More