http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, October 4, 2012

အလွမ်းတစ်ချက်... ပန်းတစ်ခက်


မနက်ခင်း တစ်ခုလုံး
မြူတွေဆိုင်း… ဝေ့ဝိုင်းနေတဲ့ မျက်ရည်တွေနဲ့
ကာလတွေရွေ့ပြောင်း…  တစ်ခါတစ်ခါတော့လည်း
အဟောင်းတွေပဲ ရွေ့ရွေ့လာတယ်..

ရောက်တက်ရာရာ
မြင်မြင်သမျှ အလှတွေ ဆိုပေမယ့်
အကြွေရွက်လေးကလည်း အရောင်ပြောင်းတယ် မေပယ်လ်...

ကျကွဲသွားတဲ့ အိမ်မက်တွေကို
ပြန်ဆက်ထားချင်ပေမယ့် ခဏခဏကျကွဲနေကျမို့
အလျင်းသင့်သလို ပစ်ထားလိုက်တာ ခပ်ရင့်ရင့် အလွမ်းတွေတောင် ဖြစ်လို့..

တစ်ခါတစ်ခါလည်း တွေးတယ်
မရေရာပဲလည်း ဆွေးတယ်
ဘယ်ဆီမှာလဲ မသိ
ငါ ခဏခဏ သတိရမိတာ.. ဒဏ်ရာဟောင်းရဲ့ နှောင်ဖွဲခြင်းတွေပဲ..

ခြွေမွဖျက်စီးခံရလို့
ကြွေခဲ့ရတဲ့ပန်း… ပြန်လည် မလန်းဆန်းနိုင်တော့သလို
အရိပ်မိုးခံထားရလို့ လောင်းရိပ်မိနေတဲ့ ခံစားချက်တစ်ချို့နဲ့
ဘဝဆိုတာ သံပါတ်ပေးတဲ့ စက်ရုပ်တစ်ရုပ်လိုပဲ…  သတ်မှတ်ချက်တွေကြားမှာ နေသားမကျချင်ဘူး..

ယုံတမ်းစကား
ကစဉ့်ကလျားနဲ့ ရမ်းသမ်းသွေးတဲ့ ကန္တာရလမ်းတွေမှာ
အပြုံး၊အရှုံးနဲ့ အမုန်းတွေပဲ ပေါတယ်။

ယုံကြည်မှုမဲ့တဲ့ ရောဂါ
ကင်ဆာလိုပဲ ဆွဲကပ်လာတော့
ပန်းတွေလည်း ရနံ့ပြယ်.. ညဥ့်အိမ်မက် အသေတွေနဲ့
ရေမြုပ်နေတဲ့ ဘဝတွေပဲ များလာတယ်..

ဝင်္ကပါဆန်တဲ့ ခောတ်တစ်ခုမှာ
ဈေးကြီးပေး.. ရောင်းချတဲ့ နှလုံးသားတွေအကြောင်း
ပန္နက် ရိုက် အမှန်တရား တစ်ချို့နဲ့.. ချည့်နဲ့နေသော သဘောတရားတွေ
ဒါတွေ အားလုံး ..
အသည်းအသန် ရုန်းနေတဲ့ ငါ့စိတ်ကို … အခါခါသတ်တယ်..

တော်ပါပြီဟယ်…
လျှိုထားတဲ့ ဒဏ်ရာ ခဏခဏ နာနေလည်း
အလွမ်းဆွေး သီချင်းတစ်ပုဒ်ရဲ့ ဓါးသွားမြမြဆုပ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် ငါကိုယ်တိုင်ပဲ ဘုရင်မလုပ်လိုက်တော့မယ်

သေချာတာတော့
မိဘုရားမဟုတ်တဲ့အတွက်
ဒီပွဲမှာ King အတွက် နေရာမရှိတာတော့ အမှန်ပဲ….

ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့
ငါကိုယ်တိုင်က လွမ်းရတာကိုပဲ  ပန်းတစ်ခက်လို မြတ်နိုးနေသူမို့ပါ..

#######
#####
###

အိန်ဂျယ်လှိုင်
Thursday, October 04, 2012
8.32 PM (Austria)

20 comments:

အရမ်းရမ်းကို တော်လာပါတယ်.ဒီလိုအဓိပ္ပာယ်ရှိရှိကဗျာတွေပဲ ဖတ်ချင်ပါတယ်နှမတော်

စာတွေများများရေးပါ ညီမရေ.. ကဗျာကောင်းတွေမဖတ်ရတာကြာပေါ့..အားပေးသွားပါတယ်.

ဖတ်လို့ အရမ်းကောင်းတယ် ..း)) ကဗျာထဲမှာ ခွန်အားတွေ တွေ့နေရသလိုပဲ

ညီမလေးရေ .. ကြိုက်မိသွားခဲ့တဲ့ စကားလုံးတွေ ရှိခဲ့တယ် ...း)

ကဗျာလေးက နူးညံ့မှုနဲ့ ပြတ်သားခြင်း ပေါင်းစပ်ထားတယ် ကြိုက်အိ ...း)

တစ်ခါတစ်ခါလည်း တွေးတယ်
မရေရာပဲလည်း ဆွေးတယ်
ဘယ်ဆီမှာလဲ မသိ
ငါ ခဏခဏ သတိရမိတာ.. ဒဏ်ရာဟောင်းရဲ့ နှောင်ဖွဲခြင်းတွေပဲ--------------

ဝင်္ကပါဆန်တဲ့ ခောတ်တစ်ခုမှာ ဈေးကြီးပေး.. ရောင်းချတဲ့ နှလုံးသားတွေအကြောင်း ပန္နက် ရိုက် အမှန်တရား တစ်ချို့နဲ့.. ချည့်နဲ့နေသော သဘောတရားတွေ ဒါတွေ အားလုံး .. အသည်းအသန် ရုန်းနေတဲ့ ငါ့စိတ်ကို … အခါခါသတ်တယ်--------------
လက်ရည်တက်ပြီးရင်း တက်လာတယ်
ညီမလေးရေ----ကဗျာအရမ်းကိုကောင်းတယ်သိလား
ချစ်တဲ့ sis jasmine (အာဘွား)

အလွမ်းပန်းလေးကို ခေါင်းမှာ ပန်လို့ပေါ့...ရေးသားချက်တွေက ဂွတ်ရှယ် အိန်ဂျယ်ရေ

ကဗျာကောင်းလေး တစ်ပုဒ်ဖတ်ခွင့်ရလိုက်တယ်... အလွမ်းဆိုတာက မြတ်နိုးတတ်ရင် သူ့ တန်ဖိုးအလျောက် ကိုယ့်ကို ပြန်နှစ်သိမ့်တတ်တာဘဲ...

မဖတ်ရတာကြာပေါ့ အိန်ဂျယ်ရေ အလွမ်းတစ်ချက် ပန်းတစ်ခက်ရယ်လို့ ခေါင်းစဉ်လေးရွေးသွားတာ ထိထိမိမိလေးပါလား။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကဗျာဖတ်ပြီး လူတောင်
ရေရေလည်လည် ဆွေးသွားသလိုပဲ ..း))

အားပေးလျှက်
ဆောင်းနှင်းရွက်

အလွမ်းတွေရင့်လာသလို
ကဗျာတွေကလည်း မြင့်လာတယ်


ပုံ..အမောင်

ကဗျာလေးက ကောင်းလိုက်တာ.အရင်ကထက်ပိုကောင်းလာတယ်လို့ပြောရအောင်လဲ မိုးနတ်က အသစ်ဆိုတော့
မမကဗျာတွေကို ခုမှပဲဖတ်ဖူးတာမို့ ဒိထက်ပိုပြီးတော့
မဝေဖန်ပါရစေနဲ့တော့...ခေါင်းစဉ်လေးက လှတယ်
ကဗျာလေးက ခံစားလို့ကောင်းတယ်....
အားပေးသွားတယ်နော်..
ခင်မင်နေတဲ့.....
ခင်မင်ချင်တဲ့....မိုးနတ်ကြယ်စင်

လျှိုထားတဲ့ ဒဏ်ရာ ခဏခဏ နာနေလည်း
အလွမ်းဆွေး သီချင်းတစ်ပုဒ်ရဲ့ ဓါးသွားမြမြဆုပ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် ငါကိုယ်တိုင်ပဲ ဘုရင်မလုပ်လိုက်တော့မယ်
ကဗျာလေးအရမ်းကောင်းတယ်အမအားပေးသွားပါတယ်

ကဗျာ..တစ်ပုဒ် လုံးကို
ကြိုက်မိသွားတယ်ညီမလေး

“အလျင်းသင့်သလို ပစ်ထားလိုက်တာ ခပ်ရင့်ရင့် အလွမ်းတွေတောင် ဖြစ်လို့..”

ကဗျာလေးက အလွမ်းတွေ တနင့်တပိုးနဲ့...၊ ဒါပေမယ့် တိကျ၊ ခိုင်မာခြင်းတွေလည်း တွေ့နေရတယ်၊ နှစ်ခြိုက်စွာ ဖတ်သွားတယ် ညီမရေ...။

ဆက်ရေးပါညီမလေး။ခံစားချက်တွေတင်ပြတာကောင်းပါတယ်။

လှိုင်က ဝထ္ထုသာမက ကဗျာပါ ပိုင်တယ်..ဂွတ်တယ်..

ခံစားလို့ ကောင်းပါတယ်....အလွမ်းတချက် ပန်းတခတ်ဆိုရင် နေရာတိုင်း ဝေနေမှာပဲ.........။

ကဗျာရဲ့ ထဲမှာ မျောသွားခဲ့တယ်...
လျှိုထားတဲ့ ဒဏ်ရာ ခဏခဏ နာနေလည်း
အလွမ်းဆွေး သီချင်းတစ်ပုဒ်ရဲ့ ဓါးသွားမြမြဆုပ်ပြီး
ကိုယ့်အတွေးနဲ့ကိုယ် ငါကိုယ်တိုင်ပဲ ဘုရင်မလုပ်လိုက်တော့မယ်
(အဲ့နေရာလေး အရမ်း ကြိုက်တယ်)

ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့
ငါကိုယ်တိုင်က လွမ်းရတာကိုပဲ ပန်းတစ်ခက်လို မြတ်နိုးနေသူမို့ပါ..

damn good........
few ppl no how good to b missing sb

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More