http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, June 14, 2012

အက်ကြောင်း


ဘယ်လိုပြုံးပြုံး
မဲ့ ပြုံးဆိုတာ သိနေမှတော့
စာမတတ်လည်း ခံစားတက်ပါတယ် မောင်...

နွေနဲ့ရေ သဟဇာတ မတည့်ကြတဲ့အခါ
ပထဝီမြေကြီးက အက်ကြောင်းပြသလိုပဲ
နင်နဲ့ ငါလည်း စကားဇောင်းထက်ခဲ့ကြတယ်...

ဘဝကို လက်စွဲတဲ့ငါက
သစ္စာနည်းတယ်လို့ နင်စွပ်စွဲခဲ့သလို
အတ္တဆိုတာလည်း ငါ့အတွက် ကာရံတစ်ခုတဲ့...


မာနရှင်ဆိုပေမယ့် မြေစွယ်ကျိုးသလို
တန်ဖိုးထားခဲ့တဲ့ ချစ်ခြင်းဆိုတာ နင်သတ်မှတ်တဲ့
ဘောင်တစ်ခုမှာ ငါမှအမှတ်မှီခဲ့မှတော့ လမ်းခွဲဆိုတာ ငါ့အတွက် ဆုလာဒ်အဖြစ်နဲ့ပေါ့...

ကျောခိုင်း ကြစို့တဲ့လားမောင်
နေဝင်မှတော့ အမှောင်ကို အံတုဖို့
ငါကြိုးစားရုံကလွဲပြီး ဘာများတက်နိုင်မှာလဲ ...

မှာချင်တယ်..မောင်
ထွက်သွားမယ်ဆိုမှတော့ သတိရခြင်းတွေ ထားမခဲ့ပါနဲ့..
ငါ့အတွက် နာကျည်းစရာတွေသာ လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ပါလေ...

နင်တစ်မျိုး ငါတစ်ဖုံ
ဘဝလမ်းဆုံမှာ ခွဲကြစတမ်းရယ်လို့
စခဲ့ကြတာ မဟုတ်လေတော့ ရင်နာတယ် ဆိုတဲ့စကား မလုံလောက်ဘူး...မောင်။

Written By Angelhlaing
Thursday,June 14,2012
8.58 pm, Austria

25 comments:

ကဗျာလေးထိတယ်.. ခံစားချက်တူနေလို့လားသိဘူး..

ပျောက်ချက်သား ကောင်းလှချည်လား ညီမ။

ဘယ့်နှယ်.. ပေါ်လာပြန်တော့လဲ လမ်းခွဲကြစို့လားတဲ့။
ဘယ်လိုတွေ ဖြစ်နေကြတာတုန်း။ စိတ်မချမ်းသာလိုက်တာ။

ကောင်းကောင်းနေ ပျော်ပျော်နေ ချစ်ချစ်ခင်ခင် နေကြလေ။း))

နင်တစ်မျိုး ငါတစ်ဖုံ
ဘဝလမ်းဆုံမှာ ခွဲကြစတမ်းရယ်လို့
စခဲ့ကြတာ မဟုတ်လေတော့ ရင်နာတယ် ဆိုတဲ့စကား မလုံလောက်ဘူး...မောင်။


ကဗျာလေးထဲက ရိုက်ခတ် လွင့်ထွက်လာတဲ့ ခံစားချက်လှိုင်း စစ်စစ်တွေကို တစ်စက် တစ်ပေါက်ခြင်း အမိအရ အကို ခံစားသွားတယ် မိလှိုင် . .

ဒါပေမဲ့ ကဗျာလောက်နဲ့တော့ မရဘူးနော် မိလှိုင် . . အကို ကြိုက်တဲ့ ၀တ္တုတို စာရေးဆရာမ နှစ်ယောက်ဖြစ်တဲ့ အိန်ဂျယ်လှိုင်နဲ့ မြတ်ပန်းနွယ် ( စာရေးကျဲသော ၊ ခံစားချက် ရသတို့ကို ဦးစားပေးတတ်သော စာရေးဆရာမနှစ်ယောက် ) ဆီက ၀တ္တူတိုတွေကို အမြဲ မျှော်လင့်နေပါတယ် ။

ဒီလောက်ဆို သဘောပေါက် မိလှိုင် . . လမကုန်ခင် တစ်ပုဒ်လောက်တော့ တက်မယ်လို့ မျှော်လင့်တယ် ။ လောလောဆယ် ခံစားချက်နဲ့ တိုင်ဆိုင်တဲ့ မိဘမေတ္တာဖွဲ့လေး ရေးရင် အဆင်ပိုပြေလောက်တယ်လို့ အကို အကြံပြုပါရစေ ။

အကိုတော်
ဗညားရှိန်

မောင်..
နင်..သိပ်စက်ရက်တာဘဲဟာ..
နာ့အစ်မကိုတော့အသည်းမခွဲပါနဲ့
ခွဲချင်ခွဲနာ့ဆီ..လာခွဲလှည့်ပါ
နာ့မှာသရက်သီးတွေများကြီးရှိရယ် :P

ကဗျာလေးကို ခံစားသွားပါတယ်

ကဗျာလေးက အရမ်းမိုက်ပေမယ့် ခံစားချက်တွေ ပြင်းနေသလားလို့ မမ...
လမ်းမခွဲခင် သေချာစဉ်းစားပါဦးနော်.. တကယ်ရော ပြတ်နိုင်ရဲ့လားလို့...
ချစ်သေးတယ်ဆိုရင် လမ်းမခွဲပါနဲ့လား...:)

ညလေးရေ လမ်းခွဲတယ်ဆိုတာ သီချင်းပဲ ခံစားလို့ကောင်းတာ လက်တွေ့မှာတော်တော် ခံစားရမှာနော်။

အမြင့်ဆုံးအပြင်းဆုံးခံစားချတ်တွေ ဖောက်ထုတ်ပလိုက်...သူငယ်ချင်း

လာအားပေးသွားတယ် ညီမလေးရေ

ကဗျာလေးသိပ်တောင်းတယ်...

ကဗျာတွေ ရေးဖြစ်နေပါလား ညီမလေးရေ...
ဝတ္တုလေးတွေလေး ဖတ်ချင်နေပါကြောင်း...

ကဗျာတွေ ရေးဖြစ်နေပါလား ညီမလေးရေ...
ဝတ္တုလေးတွေလေး ဖတ်ချင်နေပါကြောင်း...

ကဗျာတွေ ရေးဖြစ်နေပါလား ညီမလေးရေ...
ဝတ္တုလေးတွေလေး ဖတ်ချင်နေပါကြောင်း...

အိန်ဂျယ်လှိုင်း တစ်ယောက် ...

မောင် နဲ့ အဆင်ပြေပါစေ ... :)

နွေနဲ့ရေ သဟဇာတ မတည့်ကြတဲ့အခါ
ပထဝီမြေကြီးက အက်ကြောင်းပြသလိုပဲ
နင်နဲ့ ငါလည်း စကားဇောင်းထက်ခဲ့ကြတယ်...

အိန်ဂျယ်လေးရေ... ကဗျာကောင်းလေး လာဖတ်သွား
တယ်။
လွင်ပြင်ပြောသလိုဘဲ ... မလွမ်းလည်း ပြောလိုက်ဦး
မယ် .. လမ်းခွဲတယ်ဆိုတာ သီချင်းပဲ ခံစားလို့ကောင်းတာ လက်တွေ့မှာတော်တော် ခံစားရခက်တာ။ ပိုချစ်လေ ပိုခံစားရလေပေါ့။

အရှင်ဆန္ဒာဓိကကတော့ လမ်းခွဲတာ ဝမ်းနည်းစရာလားတဲ့ တရားသဘောအရပေါ့။

ညီမလေးရေ အစစအရာရာ အဆင်ပြေ ချမ်းမြေ့ပါစေ။


ခင်မင်တဲ့
မကြီးလွမ်း

တိုက်ဆိုင်နေတယ်ဗျာ

I don't know what to say , finally just one word drop down from my mouth: good poem.

ထွက်သွားမယ်ဆိုမှတော့ သတိရခြင်းတွေ ထားမခဲ့ပါနဲ့..
ငါ့အတွက် နာကျည်းစရာတွေသာ လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ပါလေ...

ကြိုက်တယ်
ပျောက်နေတာကြာပီနော်

ဘလော့မှာပြန်တွေ့ရလို့အရမ်းဝမ်းသာမိပါတယ်
လမ်းခွဲဖို့တော့မစဉ်းစားပါနဲ့နော်
လွမ်းနေတဲ့ ချစ်မ

လှိုင်ရေ ပျောက်လှချည်လား.Time is great healer...အစစ အဆင်ပြေပါစေ..

အမှန်တရားဖက်တဲ့ ခံစားချက်တွေကတော့ ရင်ထဲကို ငြိအောင်စွမ်းဆောင်နိုင်ဆဲပါပဲလား ညီမရေ...မရေးတာကြာလို့ လက်ကျသွားမယ်ထင်နေတာ...အရင်ထက်တောင် ပိုပြီးလက်တွေ့လာတယ်ထင်ရဲ့...

စကားမစပ် တစ်ခုခုကို တတ်နိုင်တယ် စွမ်းနိုင်တယ်၊ လုပ်နိုင်တယ် ဆိုတာပြောချင်ရင် တသတ်နဲ့ ပြောရတယ် ညီမရေ...သစ်ပင်ပေါ်တက်တာကိုမှ ကသတ်နဲ့ တက်...ဒီဘက်ခေတ်နောက်ပိုင်းမှာ အနှီလိုအမှားလေးတွေများလွန်းနေကြလို့

ဟုတ်ကဲ့ အကို (ဟန်ကြည်) အမှားလေးတွေ ထောက်ပြပေးလို့ ကျေးဇူးပါလို့..
သတိထားပြီး ပြင်ပါ့မယ်အကို...

ကောင်းလိုက်တဲ့ ကဗျာ....
မရေးတာတောင် ကြာပြီနော်။

ဘ၀ ဆိုတာရယ် ခံစားမှု့ဆိုတာရယ် တွေ့ဆုံကြတဲ့အခါ အမှန်တရားဘက်မှာ ရပ်တည်နိုင်ပါစေ။

ရှည်လျှားတဲ့ ခရီးတွေအတွက်တော့ တတ်သိနားလည်စွာ ဖေးကူမည့်သူကိုသာ လက်တွဲသွားပါ။

လှိုင် ..

မြတ် ကဗျာလေး လာဖတ်သွားတယ်နော်။
သတိရခြင်းတွေ မထားခဲ့နဲ့တဲ့။ မှာတတ်တယ်။း)

ချစ်တဲ့
မြတ်

မှာချင်တယ်..မောင်
ထွက်သွားမယ်ဆိုမှတော့ သတိရခြင်းတွေ ထားမခဲ့ပါနဲ့..
ငါ့အတွက် နာကျည်းစရာတွေသာ လက်ဆောင်အဖြစ် ချန်ထားရစ်ခဲ့ပါလေ...

ရင်နာတယ်ဆိုတဲ့စကား မလုံလောက်ဘူး ....
.
တကယ်တန်းတော့ ချစ်သူနှစ်ဦးကြားမှာ နားလည်မှုအံချော်တာလောက် အက်ကြောင်းဖြစ်တာ အတော်ဆိုးတယ် သငယ်ချင်း ရေ .....

၂၀၁၂ ကလည်းဗျာ.. ဘလော့ဂါလောကထဲမှာ
တစ်ခွမ်းခွမ်းအသံတွေချည်းကြားနေရတယ်.။
ကိုယ်တစ်ယောက်တည်းမှတ်နေတာ..။ကိုယ့်လိုလူတွေအများကြီးပါလား.။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More