http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, December 12, 2011

ရှုံးပွဲ






















အာမခံချက်မရှိတဲ့ ရက်စွဲတစ်ချို့ရဲ့ အပြုံးတုတွေဟာ
ခံစားချက်တွေကို လောင်တိုက်သွင်း
အမုန်းတွေကို မွေးဖွားရင်းနဲ့
ကဗျာမဆန်လိုက်ပုံများ....
ရာသီခွင်တွေ သက်ပြင်း ချလောက်ပါရဲ့လေ...။

မချိတင်ကဲ အပြစ်တင်ရေရွတ်သံထဲမှာ
လက်ပစ်ကူး ကြည်နူးလို့ ရစ်မူးချင်ရုံလေးမျှသာပါပဲ..
နှစ်နှစ်ခြိုက်ခြိုက် သူရှိုက်ခဲ့တဲ့
" MARLBORO " စီးကရက်လောက်တောင် အသုံးမဝင်ခဲ့တဲ့
ခြစားခံခဲ့ရတဲ့ ရင်ခုန်သံတွေကိုတောင်
နေ့ဖို့ညစာ ချန်ထားချင်မိခဲ့သူလေ...။


အိပ်မောကျနေတဲ့ ဥပေက္ခာတွေကို
လှုပ်နိုးမိလိုက်သလိုမျိုး
အပြုံးတွေဆွံ့အ ခံစားချက်တွေမဲ့သွားလိုက်တာများ
မျှော်လင့်ချက်တွေ မှောက်ကျ
လွဲချထားတဲ့ ကံကြမ္မာအတိုင်းပဲလေ...။

ကိုယ်တိုင်တောင် အသိမှတ်မပြုလိုက်ရခင်မှာပဲ
အရှုံးတွေကို ခမ်းခမ်းနားနား သိမ်းပိုက်ရင်း
နာကျင်မှုတွေကို ရေကြိးခွင်ကျယ်ကျောခိုင်း
ခပ်ရိုင်းရိုင်းနှိုင်းရအောင်လည်း
နှလုံးသားဆိုတာ အနင်းခံ မြေစာမြက်မှ မဟုတ်တာ...။

မနက်ဖြန်တွေကို မိနိုးနိုးနဲ့ ဖမ်းဆုပ်
ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားတဲ့
မျှော်လင့်ချက်တွေ အကြောင်း...

လစ်လျူရှုလိုက်ရတဲ့
ဘာသာမဲ့ မျက်ဝန်းစကားတွေရဲ့
ရှိုက်သံတွေ အကြောင်း...

အလည်လွန်သွားတဲ့
အသိဥာဏ်တွေကို ခါးသက်စေပြိးမှ
သတိပြန်လည်စေခဲ့တဲ့ အကြောင်း...

အရာအားလုံးကို ခြုံကြည့်ပြိးတော့..
ငါ....
ဆန္ဒတွေ မြိုသိပ်
ခပ်တိတ်တိတ် ရေရွတ်ရင်း....

ကံကြမ္မာကို လောင်းကြေးထပ်မဲ့အစား
အတ္တကို စိန်ခေါ်
ခပ်မော်မော်ပဲ ပြောလိုက်တယ်...
ဒီပွဲမှာ...ကိုယ်ရှုံးပြီလို့လေ...။

Written By Angelhlaing
Monday,December 12,2011
9.00(PM), Austria
(www.angelhlaing.blogspot.com)

ှဤကဗျာလေးနဲ့အတူ အိန်ဂျယ်ကို အားပေး နှစ်သိမ့်ကြတဲ့ မောင်နှမတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ကြောင်း ပြောပရစေရှင့်။ ဝမ်းနည်း၊ဝမ်းသာ အခက်ခဲတွေ ကြားထဲမှနေပြီး ခွန်အားလည်း ဖြစ်ရသလို ဝမ်းသာ ကြည်နူးမှုလည်း ဖော်မပြတက်အောင် ဖြစ်ရပါတယ်။ စာရေးခြင်း အလုပ်ကို ရပ်တန့်ထားရတာ အိန်ဂျယ်အဖို့တော့ ရေမကူးတက်ပဲ ရေငုံ့နေနေ ရသလိုပါပဲ။ ပိုလို့ မွန်းကျပ်မိပါတယ်။ မအားလို့ မရေးနိုင်တဲ့ အခြေမျိုးမှ လွဲပြီး ဘလော့ထဲက မထွက်တော့ဘူးလို့ ဆုံးဖြတ်မိပါတယ်။ ကြားဖူးတဲ့ စကားပုံ တစ်ခုလိုပါပဲ " ကြောင် ကြာကြာ ရေမငုံ့ပါဘူး " ဆိုသလိုပါပဲ။ အိန်ဂျယ်လဲ ဘလော့ထဲက မထွက်နိုင်ပါဘူးလို့သာ ပြောကြားရင်း အိန်ဂျယ်ချစ်ရသော မောင်နှများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ရွင်လန်းကြပါစေလို့ ဆန္ဒပြုရင်း ....။

မောင်နှမများနဲ့ ထပ်တူ
ချစ်ရပါသော
Angelhlaing

37 comments:

ဟမ်.. ငါလည်း မာဘိုရို မသောက်မိပါလား။။။ ဟီးဟီး။။

ညီ အလင်းသစ်က အတင်းကြီး ဇွတ်ငြင်းနေတယ်။ အဟား :)
ဘာပဲ ပြောပြော
ဘလော့လေးပေါ် ပြန်မြင်ရတာ
စိတ်ချမ်းသာတယ်

ငါ့ညီမလေး ပျော်ရွှင်ပါစေ။

ကဗျာ လာဖတ်ပါတယ် ခင်ဗျာ ...

sis lay, I'm missing so much of your meaningful, beautiful and unique writing that can be recognized as Angel Hlaing's art work :)

ဘယ့်နှယ် ရှုံးရမှာလဲ။ မဟုတ်တာ။ မရှုံးဘူးလို့ ပြန်ပြော။း)

အင်းးးး
ဒါပေမဲ့လဲ တစ်ချို့သူတွေက အရှုံးပေးပါတယ်ဆိုပြီး အနိုင်ယူတတ်ကြပြန်ရောလေ။
အိန်ဂျယ်လဲ အဲဂလိုများလား မသိ။း)

ဝမ်းသာစွာ ကြိုဆိုပါတယ်။

အရှုံးအနိုင်ဆိုတာ ကိုယ်ကသတ်မှတ်တာပါ..
မရှုံးဘူးလို့ ထင်နေသရွေ့ ဘယ်တော့မှ အရှုံးသမား
မဖြစ်ပါဘူး..

အပေါ်ဆုံးက လဒလေးက မာဘိုရိုမဟုတ်ဘူး.သူက ဖက်ကြမ်းသမား..:D

ထွိုင်း ယွာ ဘက်စ်.!

ဘယ်သူ ပြောလဲ ရှုံးတယ်လို့ .. ရှုံးဘူးလို့  ပြန်ပြောလိုက်..ပြန်လာတာ ဝမ်းသာတယ်ဗျို့ ...

Welcome back ပါ ညီမရေ..၊း)
အရှုံး အနိုင်ဆိုတာ ရှုထောင့်နဲ့ အချိန်အခါပေါ် မူတည်ပြီး ပြောင်းချင်လည်း ပြောင်းသွားတတ်ပါတယ်၊ ဂိုးတွေ ဆက်တိုက် အသွင်းခံရသည့်တိုင် ပွဲမပြီးသေးသ၍ ဒါဟာ ရှုံးပွဲလို့ တထစ်ချ ပြောလို့ မရသေးဘူးလေ....။း)

Welcome back Nyi Ma Hlaing.May you be feeling cool and happy.
Gyidaw

မိလှိုင် . . welcome back

း)

ဆက်ပြီး ခံစားချက်တွေ ကြွေကျလာတာ မြင်ချင်သေးတယ်
ထပ် ကြွေခ လိုက်စမ်းပါ . . ကဗျာတွေလား စာတွေလား . . အတူလိုက်ပြီး စီးမျောဖို့ အသင့်ပဲ မိလှိုင် . . .

ခင်တဲ့
အကို ဗညား

ဝမ်းသာတယ်လှိုင်ရေ ၀မ်းသာတယ်
အဲလိုဘဲဖြစ်နေရမှာပေါ့

နေပါဦး ဒါနဲ့ အပေါ်ကဟာလေးက ဘာမာဘိုရိုလဲ ..

မာဗိုလ်လိုဆိုတာ..
ဘာကိုကြောတာလဲဟင်.အစ်မး)
အရှုံးပေးရင်.နှလုံးအေးပါတယ် :P
ဘေးမသီရန်မခ.အိမ်ပြန်ရောက်လို့
ဝမ်းသာမိကြောင်းပါရှင်း)

ချမ်းမြေ့ပျော်ရွှင်စွာ
ဆက်လက်.ဘလော့ဂင်းနိုင်ပါစေ
ချစ်ခင်စွာဖြင့်
မိစံ

အရှုံးပေးခြင်းဟာ အနိုင်ယူခြင်းနဲ့ ညီမျှတယ်လို့
သတ်မှတ်လိုက်ပါ အိန်ဂျယ်ရေ။
တီတင့် ပို့စ်မှာ အိန်ဂျယ်လေးရဲ့ ကွန်မန့်ကို မနက်က
မြင်လိုက်ရတော့ ရင်ထဲမှာပျော်သွားတယ်။
နွေးထွေးစွာကြိုဆိုလျှက်ပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖိုက်တင်း...ညီမလေး......

ကဗျာလေးကို သေချာဖတ်ပြီး ခံစားသွားတယ်မမ.. မမစာရေးကျဲတယ်လို့ ကန်ဒီကထင်နေတာ..
စာမရေးတာ အကြောင်းရှိလို့ထင်တယ်နော်..
ခုပြန်ရေးမယ်ဆိုတော့ ၀မ်းသာရတာပေါ့..

မမပျော်ရွှင်ပါစေ :D

ဂလိုလုပ်ပါ .. :D
အကြာကြီး အသက်အောင့်မထားနဲ့ မွန်းမယ် ..း)

အရှုံးထဲကပဲ ထပ်ကြိုးစားကြတာပေါ့ ညီမငယ်။ အရာအားလုံး အောင်မြင်အောင် ညီမငယ်လေး လုပ်နိုင်မှာပါ။
ချစ်တဲ့
သဒ္ဓါ

အမရဲ့ ကဗျာက တော်တော်ထိတယ်ဗျာ
ခံစားပေးအားပေးသွားပါတယ်။
ပျော်ရွှင်ပါစေ...၊၊

ကံကြမ္မာကို လောင်းကြေးထပ်မဲ့အစား
အတ္တကို စိန်ခေါ်
ခပ်မော်မော်ပဲ ပြောလိုက်တယ်...
ဒီပွဲမှာ...ကိုယ်ရှုံးပြီလို့လေ---
ဘာကိုမှ အရှုံးလို့မသတ်မှတ်ပါနဲ့ညလေးရေ
နိုင်ကိုနိုင်ရမယ်နော်
စာတွေပြန်မြင်ရလို့ဝမ်းသာပါတယ်

မနက်ဖြန်တွေကို မိနိုးနိုးနဲ့ ဖမ်းဆုပ်
ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားတဲ့
မျှော်လင့်ချက်တွေ အကြောင်း...

ကောင်းတယ် ခံစားချက်ပတ်ကြားအက်တွေနှင့်
စာသားတွေပိုရှနေတယ် ။

အစ်မဂတိတည်တယ် ၊
ကျေးဇူး ။


We!C@mE B@Ck

မရှုံးဘူး မရှုံးဘူး မရှုံးဘူး နိုင်တယ်လို့ သုံးခါလောက်ဆက်တိုက် အော်ပစ်လိုက်စမ်းပါ အိန်ဂျယ်လှိုင်ရေ။ နော်...အိန်ဂျယ်မရှုံးပါဘူး။ ရှေ့ဆက်...ဒါပဲ

ဝမ်းသာတယ်...ညီမရေ
စိတ်ထဲရှိတာတွေကို စာရေးဖို့ ကုန်ကြမ်းအဖြစ် အသုံးပြန်ပြုလိုက်ပေါ့..။
အစစအဆင်ပြေပါစေ...။

မရှုံးပါဘူး အမရေ...
အနိုင် အရှုံးဆိုတာ ကိုယ်ကသတ်မှတ်တာပါ
ဘယ်လိုအရာဆို ရှုံးတာလဲ... အမ မရှုံးပါဘူး
အဲလိုခံယူပါနော်..
အမကို အကောင့်လေးမှာ ပြန်မြင်ရတာရယ် အမရေးတဲ့စာလေးတွေ ဖတ်ရတော့မှာရယ် အရမ်းဝမ်းသာတယ်ဗျာ။
အမ ပျော်ရွှင်ပါစေနော်

ချစ်ခင်လျက်
Junemoe

warmly welcome ပါ ညီမ

ညီမ အခုလို ဘလော့လောကထဲ ပြန်ဝင်လာတာကို အစ်ကိုတော့ ဝမ်းသာတယ် ညီမရေ... ညီမတို့ လို ရေးလက်ရှိတဲ့လူတွေရှိမှ ဘလော့လောကလေးကို ပိုစိုပြေမှာပေါ့...

ညီမရေ... ဘယ်လောက်ရှုံးနေနေ ကိုယ်ကိုယ်တိုင်က အရှုံးလို့ မသတ်မှတ်သေးရင် မရှုံးဘူးကွဲ့ ... အားတင်းထား ညီမရေ...

အဲ့လိုလုပ်ပါ အိန်ဂျယ်ရယ်....၊ကဲကဲ.....ဝဲကမ်းဘက်ပါဗျား.....။ကဗျာလေးလည်း ခံစားသွားတယ်ဗျိုး.....၊

ကဗျာကိုရင်ဘတ်နဲ့ဖတ်လိုက်
တော့အရမ်းထိတယ်ခင်ဗျ
အရှုံးပေးပါတယ်ဆိုပြီး အနိုင်ယူတတ်ကြတယ်နော်

အိမ်ဂျယ်ရေ.. အနိုင်အရှုံးဆိုတာ လူတွေသတ်မှတ်ကြတဲ့ လောကဓံလှည့်ကွက်လေး တစ်ခုပါပဲ။ ဖြစ်ပျက်နဲ့ရှုလိုက်ရင် ပျောက်သွားမှာပါလေ။ အဇ္ဈတ္တတိုက်ပွဲကိုတော့ မရှုံျးေအာင် အသိနဲ့ သတိလေးအမြဲရှိပါစေလို့ တိုက်တွန်းချင်ပါတယ်။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

စာပြန်ရေးမယ်ဆိုလို့ အရမ်းဝမ်းသာပါတယ်
ကဗျာလေးလဲ အရမ်းကောင်းတယ်

ပြန်လည် ကြိုဆိုပါတယ် ညီမရေ။
ဘယ်လိုပဲ ဖြစ်ဖြစ် အရှုံးဆိုတာ ကိုယ်က လက်ခံယူမှသာ အရှုံးဖြစ်တာပါ။ ကိုယ်က အရှုံးလို့ လက်မခံသ၍ ဆက်ယှဉ်နိုင်ပါသေးတယ်။

ကြိုဆိုပါ၏ ညီမလေး ရေ..
ကဗျာလေးက ကောင်းတယ်ဗျာ..

ပြန်လာတော့လည်း ကဗျာလေးနဲ့ပါလား..မိုက်တယ်

အားလုံးရဲ့ အားပေးနှစ်သိမ့်မှုတွေဆီကနေ ကြီးမားတဲ့ အားအင်တရပ်ရရှိလိမ့်မယ်လို့ မျှော်လင့်မိတယ် ညီမလေးရေ

း)

မောင်ဘကြိုင်

မျှော်လင့်ချက်တွေ ဒလိမ့်ခေါက်ကွေး ကျသွားတာ ခု ကျောက်ပတ်တီးနဲ့  ဖြစ်နေတယ်။ ဟီးဟီး။

စကားလုံးတွေ အ၇မ်းကို ပြောင်မြောက်လာတယ်...။

ကဗျာကောင်းတယ် ညီမငယ်။ ရေငုတ် လို့ပေါင်းတယ်။ ဘာပဲဖြစ်ဖြစ် ဘလော့တွေဆီ ပြန်လာတာ ကြိုဆိုတယ်။ တစ်ယောက်တည်း မနေနဲ့။ စိတ်တွေမွန်းကျပ်ရင် ကိုယ်ဝါသနာပါတဲ့ အနုပညာနဲ့ ဖွင့်ထုတ်ပစ်။ မအားလို့ မရောက်သေးတာ တောင်းပန်ပါတယ်ညီမငယ်ရေ။ တချို့မှာ စ သတ်မပါပါဘူး။ အဲဒါလေးတွေ နည်းနည်း သတိထားစေချင်ပါတယ်။ ခံစားမှုက တော်တော်ပြင်းနေတယ်။ နင့်နင့်သီးသီးခံစားနေပါလား။

ကဗျာလေး အရမ်းကောင်းတယ်။

ကဗျာရေးရော၊ ကော်မန့်တွေရဲ့ အားပေးစကားတွေရော သေသေချာချာ ဖတ်သွားပါတယ်။ ဘာဖြစ်တာလဲ မသိပေမယ့် စာရေးခြင်းကို မစွန့်လွှတ်ပါနဲ့လို့ ပြောချင်ပါတယ်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More