http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, February 10, 2012

မမေ့နိုင်သော(ဖြစ်ရပ်မှန်)


ဦးဇင်းက နယ်မြို့လေး တစ်ခုကနေ ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဦးဇင်းအတွက် လိုအပ်တဲ့ ဝထ္ထုငွေနဲ့ ပစ္စည်းလေးပါး ကို ဇာတိမြေကပဲ လူကြုံနဲ့ တစ်မျိုး ကိုယ်တိုင်တစ်ဖုံ အထောက်ပံ့ လက်ခံရပါတယ်။ တစ်နေ့ ဦးဇင်းရဲ့ ဒကာမတစ်ယောက်ရဲ့ သမီးက ရန်ကုန်သို့ အရောင်းအဝယ် ကိစ္စနဲ့ ဦးဇင်းဆီ လူကြုံဝင်ရင်း လိုအပ်တဲ့ စာအုပ်တွေနဲ့ ဝထ္ထုငွေ တစ်ချို့ကို လူကြုံ ထည့်ယူလာတာကြောင့် ဦးဇင်းဆီ လာဖို့ အကြောင်းဖန်လာပါတယ်။

ရောက်လာမည့် ဒကာမကလည်း နယ်ကလည်းဖြစ် ရန်ကုန်မြို့ရဲ့ များပြားလှသော လိုင်းကားတွေကို လည်လည်ဝယ်ဝယ် စီးတက်သူလည်း မဟုတ်တာကြောင့် ဦးဇင်းကပဲ စီးရမည့်ကား နံပါတ်၊ ဆင်းရမည့် ကားမှတ်တိုင် အမည် တို့ကို သေသေချာချာ လိုက်မှတ်စေပြီး ရက်စွဲအတိ အကျ ရောက်မည့်အချိန်တို့ကို ခန့်မှန်းပြီး ကားမှတ်တိုင်တွင် ဦးဇင်း လာစောင့်ကြို ပါမည်ဟု အသေအချာ ကတိပေးလိုက်သည်။ လူကြုံလာပို့မည့် ဒကာမရောက်မည့်နေ့ နေ့လည် တစ်နာရီခန့် ဦးဇင်းတို့ရဲ့ ဆွမ်းကွမ်း ကိစ္စ ပြိးမြောက်တာနဲ့ စောစောလေး ချိန်းဆိုထားရာ ကားမှတ်တိုင်မှာ ကြိုစောင့်နေဖို့ ဦးဇင်းထွက်လာခဲ့တယ်။

Saturday, July 2, 2011

အမိမြေမှ အမေ့သို့ အမှာစာ


ဆင်းရဲသား ရပ်ကွက်လေး တစ်ခုက မိသားစုများများနဲ့ တစ်နေ့လုံး ဆူညံနေတက်တဲ့ ကလေးသံတွေနဲ့ အိမ်လေးတစ်အိမ်။ အရွယ်စုံ အပြိုင် အရိုင်း ကြီးပြင်းနေတဲ့ ကလေးတွေရဲ့ ပညာရေး စားဝတ်နေရေး အတွက် အမေရဲ့ လက်အစုံက အလုပ်မျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင် ခဲ့ရတယ်။ ဈေးတောင်း ခေါင်းပေါ်ရွက်တဲ့ နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်းတစ်ချက်နဲ့ မိသားစု စားဝတ်နေရေး အတွက် အမေက အားကြိုးမာန်တက် နေ့စဉ်ကြိုးစား ရှာဖွေနေစဉ် အချိန်။ အိမ်မှာ ရှိတဲ့ မောင်ငယ်၊ နှမငယ်တွေကို ထိန်းကျောင်းရင်း ကျောင်းအလုအယက် ပြေးတက်ခဲ့ရတဲ့ နေ့တွေ အတွက် အမေရဲ့ ရင်တွင်းသောက ကို မမြင် ငြူစူဖို့နဲ့ အပြစ်တင် ပြောဖို့သာပဲ ကျွန်မနှုတ်က အဆင်သင့် ဖြစ်နေခဲ့သည်။


မောမောနဲ့ ဈေးဗန်းကို ခေါင်းပေါ်မှ အသာချနေတဲ့ အမေတစ်ယောက် မောနေမှာပဲ ဆိုတဲ့ အတွေး ကျွန်မနားမလည်ခဲ့ဘူး။ ပြောလဲပြော၊ လုပ်လဲလုပ် ငြူစူတဲ့ နေရာမှာလဲ နှစ်ယောက်မရှိတဲ့ ကျွန်မကို အမေက အပြစ်စကား မဆိုပဲ ပြုံးလျှက်သာ ကြည့်နေ၏။ ဈေးသည်ဘဝဖြင့် အသက်မွေးဝမ်းကျောင်း ပြုရရှာတဲ့ အမေ့ဘဝက ကြမ်းသော်ငြားလည်း နှုတ်အလွန် ချိုသော အမေ့မှာ ချစ်ခင်သူ များပြားသလောက် အမေသမီးကြီး ဖြစ်တဲ့ ကျွန်မကိုကျတော့ အမျိုးတွေကြား မှာရော အမေ့ပတ်ဝန်း ကျင် အလည်မှာပါ စွာတေးမလေး အဖြစ် နာမည်ကြီး လှ၏။

Tuesday, February 22, 2011

ကျွန်မဘဝထဲက ရက်စွဲ တစ်ချို့

ကျွန်မ လက်ထဲမှာ ဘွဲ့ လက်မှတ်ရယ်၊ ကွန်ပြူတာ အခြေခံ သင်တန်းဆင်း လက်မှတ်ရယ်၊ LCCI Level 2 certificate ၊ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက် ထောက်ခံစာ၊ ကျန်းမာကြောင်း ဆေးထောက်ခံစာ တွေကို တစ်သီကြီး မိတ္တူ ဆွဲပြိး CV Form မှာ သပ်သပ် ရပ်ရပ်လေး ဓါတ်ပုံကပ် လိုက်တော့ ဘာပဲ ဖြစ်ဖြစ် အလုပ်လျှောက်ဖို့ အတွက် အဆင့်သင့် ပြင်ဆင် လို့ပေါ့။ မလျှောက်လို့ ကလည်းမဖြစ်။ ကျောင်းကပြိး နေပြီ။ ကျောင်းပြိးတော့လည်း ကွန်ပြုတာလေး အခြေခံလောက်မှ မသိရင် မဖြစ်ဘူးဆိုပြိး အိမ်ကို ပူဆာတော့ အိမ်ကလည်း နင်တို့ခေတ်ပဲ လုပ်ကြ ဆိုပြိး တက်စေ ဆိုတော့ လျှောလျှော ရူရူ ပါပဲ။ အင်း ကွန်ပျူတာ ပြိးပြန်တော့ စာရင်းကိုင်လေး လည်းနည်းနည်း ပါးပါး သိထားမှ ဆိုတော့ အိမ်က လူကြီးတွေ ကမျက်လုံး ပြူးလို့လေ။ ပညာရေးနဲ့ ပက်သက်လာရင် ဗဟုသုတ နည်းတဲ့ တောသူတောင်သား တွေမလား။ မရှိမဲ့ ရှိမဲ့ လေးစုပြိး ပညာရေး ရယ်လို့ အားခဲပြိး တွန်းပို့ ပေးကြတာ။ ကျောင်းပြီးတော့ လည်းသင်တန်းက တက်ချင်သး။ ရထားတဲ့ သာမန်ဘွဲ့ လေးကလည်း ပညာတက် ဆိုတဲ့ အလွှာ ပါးပါးလေး တစ်ခု မို့အသိမှတ် ပြုရုံထက်မပို။


Wednesday, January 5, 2011

သတ္တိမရှိတဲ့ချစ်သူ(သို့)မစွန့်စားရဲသောချစ်သူ

ကျွန်မက..သာမန်မိသားစုတစ်ခုရဲ့...(၆)မြောက်ယောက်သမီးတစ်ယောက်ပါ။ ငွေကြေးမပြည့်စုံတဲ့
မိသားစုဖြစ်သလို...မောင်နှမတွေများလွန်းတဲ့အတွက်...အမေနဲ့အဖေဟာ ကျွန်မရဲ့အကို၊
အမတွေငယ်စဉ်အချိန်ကတော့.ကိုယ်ပိုင်တောင်ယာစိုက်ခင်းတွေမှာ..ရာသီကုန်သီးနှံလေး
တွေစိုက်ပျိုးရင်းဘဝဝမ်းစာ  ရှာဖွေရတာသိပ်မခက်ခဲပါဘူး။ ရိုးသားတဲ့သာမန်အရပ်သား
တွေမို့သားသမီးများတာကိုလည်း...ငြီးငြူရမှန်းမသိ...သားသမီးရတနာဆိုပြိး.သားသမီး
တွေယူလိုက်တာ..ကျွန်မတို့မောင်နှမအာလုံး(ရ)ယောက်ဖြစ်လာခဲ့တာလေ..။အကိုတွေ
အမတွေ ငယ်စဉ်က..အဖေနဲ့အမေမှာ..ကိုယ်ပိုင်တောင်ယာလေးစိုက်ပျိုးနေရတော့...ရာ
သီစုံသီးနှံလေးတွေကြောင့် စားဝတ်နေရေး အခက်ခဲမရှိ..ပြေလည်ခဲ့ပါတယ်...။ကံကြမ္မာ
အလှည့်အပြောင်းကြောင့်..မရှိမဲ့ရှိမဲ့တောင်ယာလေးကို.အစိုးရကလျှော်ကြေးလည်းတစ်ပြား
တစ်ချက်မပေးပဲ..အသိမ်းခံရပြီး ရန်ကုန်မြို့ရဲ့အစွန်အဖျားဒေသလေးတစ်ခုကိုရွေ့ပြောင်း
ခံရတဲ့...အချိန်..ကျွန်မသုံးနှစ်သမီးလောက်ကပေါ့။ ကိုယ်ပိုင်တောင်ယာနဲ့အသက်မွေးဝမ်း
ကြောင်းပြုနေရတဲ့ ဒီမိသားစု...လုပ်စားစရာတောင်ယာဆိုတာမရှိမှတော့...တောင်ယာအလုပ်
ကလွဲပြိးဘာမှမလုပ်တက်တဲ့အမေက...ဈေးတောင်းခေါင်းပေါ်ရွက်...အဖေကလက်သမား
ပညာနဲ့အလုပ်ကြမ်းတွေလုပ်ပြိးသာသမီးတွေရဲ့..ပညာရေးလည်းမပျက်အောင်၊ဝမ်းစာရေးလည်း
မဟာရအောင်.ကြိုးစားအားထုပ်ခဲ့ပါတယ်.။မောင်နှတွေကများ...စားအိုးကကြီး..အရွယ်တွေက
မတိမ်းမယိမ်းမို့...ဒီမိသားစုတစ်ခုလုံးရဲ့စာဝတ်နေရေး အဆင်ပြေအောင် ရုန်းကန်လှုပ်ရှားရတဲ့
မိဘနှစ်ပါးရဲ့..တာဝန်ကြိးမှုတွေကို..စဉ်းစားကြည့်ရုံနဲ့မလွယ်ကူမှန်းသိနိုင်မှာပါ။....ကျွန်မရဲ့
ချစ်စွာသောအမအကြိးဆုံးက..(၁၈)နှစ်နဲ့အိမ်ထောင်ပြုသွားခဲ့တယ်..။..အရွယ်ကငယ် ပညာက
တစ်ပိုင်းတစ်စနဲ့..အမကြီးကိုလည်း..အမေနဲ့အဖေက..ကာကွယ်မစောင့်နိုင်ဘူး.။အမအကြိး
ခဗျာလည်း..ငယ်ငယ်ရွယ်ရွယ်နဲ့သူရွေးချယ်တဲ့လမ်းကိုသူလျှောက်ခဲ့ရတယ်..။မိဘရဲ့အကူညီ
အထောက်ပံဆိုတာ...ဒီမိသားစုအတွက်လုံးပန်းနေရတဲ့အမေနဲ့အဖေမှာ..ကျွန်မရဲ့မမကြိးအ
တွက်တာဝန်မယူနိုင်ခဲ့ရှာဘူး...။ဒီလိုနဲ့တစ်စစအကိုအကြီးကလည်းငယ်စဉ်ကဆုတံဆိပ်တွေ
အတန်းစဉ်ရခဲ့ပါလျှက်..(၈)တန်းရောက်တော့ကျောင်းထွက်ပြီးမိဘတွေရဲ့တာဝန်ကို ဝင်ကူဖို့
ကြိုးစားခဲ့တယ်.။ဘဝဆိုတာ ရုန်းကန်ဘူးမှမလွယ်မှန်းသိရတာ....။ဒီလိုနဲ့ပဲ အမေနဲ့အဖေ
တဖြည်းဖြည်း အသက်ရလာပြီ။ငယ်စဉ်ကတည်းက မပြည့်စုံမှုတွေနဲ့ကြီးပျင်းခဲ့ရလို့ မြိုသိပ်
ခြင်းဆိုတာ..ကျွန်မအတွက်..တစ်ခုထည်းသော ကူညီမှုတစ်ခုပါပဲ..အဖေနဲ့အမေအတွက်ပေါ့။
ကျွန်မရဲ့အောက်က အငယ်ဆုံးမောင်လေးကတော့...အငယ်ဆုံးပီပီ..ခြေထောက်နှစ်ချောင်းလိမ်
ပြိး လိုချင်တာမရရအောင် ဂျီတိုက်လေ့ရှိသလို..သူဂျီတိုက်ကမျှလည်း အငယ်ဆုံးသောသားဖြစ်
သလို အကိုတွေအမတွေကလည်းဖြည့်စည်းပေးကြလို့....သူရဲ့အလိုဆန္ဒတွေဟာ..ဆယ်ခုမှာ
ခုနှစ်ခုလောက်ကတော့အမြဲပြည့်နေတက်တယ်...။တစ်ခါတစ်လေကျွန်မလည်းသူ့လိုမျိုးဆိုး
ချင်ခဲ့တယ်...ဒါပေမယ့် ပင်ပန်းတဲ့အလုပ်ဒဏ်တွေကြောင့်အရွယ်ကျနေတဲ့အဖေနဲ့အမေကို
မြင်တိုင်း..ကျွန်မရဲ့နှုတ်ခမ်းတွေ အလိုလိုဆွံ့အံ့ခဲ့ရတယ်..။အရွယ်တွေရောက်ပြိး..ပညာတပိုင်း
တစ်စနဲ့ အိမ်ထောင်သည်ဘဝထဲတိုးဝင်ကြတဲ့..အကိုတွေအမတွေကြောင့် အမေနဲ့အဖေမှာ
သားသမီးတွေပညာဖြစ်စေချင်တဲ့ဆန္ဒတွေဟာ..သားသမိးတွေများနေပေမယ့်  ကြုံလာတဲ့
အခက်ခဲကိုခါးစည်းခံရင်ဆိုင်ပေမယ့် မျှော်လင့်ချက်တွေဟာ..တဖြည်းဖြည်းဝေဝါးလာခဲ့တဲ့
အတွက်..တစ်နှစ်တစ်တန်းပုံမှန်အောင်ခဲ့တဲ့ ကျွန်မအပေါ်မှာမျော်လင့်ချက်တွေစုပြုံလာခဲ့
တယ်..။သိတက်စအရွယ်ကတည်းက မိဘတွေအပေါ်မှာ..အကိုတွေအမတွေလို..အဖေနဲ့အမေ
ရဲ့အလုပ်တွေမှာ ကိုယ်တိုင်ကိုယ်ကျဝင်ရောက်ကူညီခဲ့တာမျိုးမရှိခဲ့ပေမယ့် တက်နိုင်တဲ့
အိမ်မှုကိစ္စတွေနဲ့ လိုအင်ဆန္ဒတွေကိုမြိုသိပ်ပြီး..တက်နိုင်တဲ့ဘက်ကကူညီပေးခဲ့တာ...လေ။
ကျွန်မငယ်စဉ်က..ရင်အခုန်ဆုံးအချိန်ကကျောင်းအပ်လက်ခံပြီဆိုတဲ့အချိန်လေးပါပဲ....။မပြည့်
စုံတဲ့မိသားစုမို့.ကျောင်းဖွင့်ချိန်ရာသီဆိုရင်...ဒီနှစ်ကျောင်းတက်နိုင်ပါ့မလားဆိုတဲ့ ကျောင်းများ
မတက်ဖြစ်ခဲ့ရင်...ကျောင်းများတစ်နှစ်အောက်ခဲ့ရင်ဆိုပြိး..အိမ်မက်ဆိုးတွေညစဉ်ညတိုင်းမက်ခဲ့
ရတဲ့အထိထိတ်လန့်ခဲ့ဘူးပါတယ်...။သူများတွေကျောင်းအပ်ပြီးလို့ ဝမ်းသာပျော်မြူးနေတာကြည့်
ရင်းငါကျောင်းတက်ဖို့အဆင်ပြေပါ့မလားလို့ ကြိုတွေးပြိးသောကဝေခဲ့ရလည်း..ကျွန်မအတွက်
လောကငရဲ ရက်တွေပါ...။ကျောင်းသိပ်တက်ချင်တဲ့ကျွန်မကို..မိသားစုတွေက..ဒီနှစ်အဆင်မပြေလို့
ကျောင်းမတက်ရဘူးလို့စနောက်ရင်..မျက်ရည်ရွဲလို့..အစားမစားနိုင်အောင်.ငိုခဲ့ရတယ်.....။ ပညာတက်
မဖြစ်မှာ သာမန်ဘဝမျိုးမှာ နေရဖို့ ကျွန်မသေမလောက်ကြောက်ခဲ့တယ်..။ကျွန်မအတွက်..အဝေးကြိး
ကြည့်ပြိးအတုယူစရာမလိုတဲ့..အကိုတွေ၊အမတွေရဲ့ ဘဝမျိုး...ရောက်မှာ..သေမှာထပ်ပိုကြောက်တယ်..။
အချိန်ရရင်ရသလို စာတွေဖတ်ပြီး..ဘဝအတွက်အကောင်းဆုံးဖြစ်မလာရင်နေအကောင်းဆုံးဖြစ်အောင်
ကြိုးစားမယ်လို့ စိတ်ဓါတ်ရေးရာပြင်ဆင်ခဲ့တယ်...။စာတွေထဲမှာဖတ်ရတဲ့  တက္ကသိုလ်ဆိုတာလည်း
တစ်နေ့ငါရောက်ကိုရောက်ရမယ်လို့..အတွေးတွေနဲ့ ကြိုးစားခဲ့ရတာ.။ မှတ်မိနေသေးတယ်...သာမန်
ဆင်းရဲသားရပ်ကွက်လေးမှာ...ကျွန်မ(၁၀)တန်းအောင်တဲ့နေ့ကပေါ့..။ဂုဏ်ထူးတစ်ခုမှမပါပေမယ့်
သေချာတယ်အမှတ်ကောင်းမယ်ဆိုတာသိနေတဲ့ကျွန်မ..အောင်စာရင်းထဲမှာာနာမည်ရှာလို့တွေ့တာနဲ့
တအားပျော်ခဲ့ရတာ...။အမေရေ.သမီး(၁၀)တန်းအောင်ပြီဆိုတဲ့သတင်းကြားလို့..ပျော်နေတဲ့အဖေနဲ့
အမေရဲ့ အပျော်မျက်ရည်တွေဟာ ကျွန်မဘဝအတွက်ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရရင်ထဲက
မှတ်တိုင်တွေပါ..။ဘဝရဲ့တစ်ဆစ်ချိုးလို့ပြောလို့ရလောက်အောင် ကျွန်မမျှော်လင့်တဲ့အိမ်မက်ထဲက
တက္ကသိုလ်ဆိုတာ ကျွန်မအမှန်တစ်ကယ်တက်ခွင့်ရခဲ့တယ်...။သာမန် မိသားစုဆိုပေယ့် ပညာရေးအား
ပေးတဲ့အမေနဲ့အဖေကအဝေးသင်မတက်စေပဲ...အမှတ်ကောင်းတဲ့အတွက်ကျွန်မဝါသနာပါရာ
စီးပွားရေးတက္ကသိုလ်တက်ခွင့်ရခဲ့အတွက်..အရမ်းပဲပျော်ရွင်ခဲ့ရတယ်..။တက္ကသိုလ်ကျောင်သူသမီး
အတွက်...အရပ်ထဲက လပေးနဲ့ရောင်းတဲ့အထည်ဆင်စန်းစန်းလေးတွေ..ကောင်းရာနိုးနိုးလေးတွေ
အကြွေးနဲ့ဝယ်ဆင်ရှာတဲ့အမေ....။ကျွန်မကျောင်းတက်ရင်မျက်နှာငယ်မှာဆိုးလို့  မောင်ငယ်မသိ
အောင်.သိမ်းထားတဲ့ပိုက်ဆံလေးတွေထုပ်ပေးတက်တဲ့အဖေ..။ တစ်ကယ်တော့ကျွန်မရဲ့အဖေနဲ့
အမေဟာ..ကျွန်မတစ်ယောက်ထည်းကိုသာပုံပြိးချစ်ခဲ့တာမဟုတ်ပါဘူး...ကျွန်မငယ်စဉ်ချိန်တုန်း
အမတွေအကိုတွေကိုလည်း...တက်နိုင်တဲ့ဘက်ကအကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့တာပါ...။
ဒါပေမယ့် သူတို့တွေက ကျွန်မလိုတက္ကသိုလ်ရောက်တဲ့အဆင့်ထိမရောက်ခဲ့ကြရှုာဘူးလေ..။
သားသမီးတွေများလို့လည်း..ငြူဆူရမှန်းညည်းငြူရကောင်းမှန်းမသိခဲ့ဘူး...။အိမ်မှာစားတာလူမ
မြင်ဘူးအပြင်သွားရင်လူမြင်တယ်ဆိုပြိး...ကိုယ်တိုင်တော့အိမ်မှာဟင်းကျွေးဟင်းရံရသမျှချိုးခြံခြွေတာ
စားပြီး သားသမီးတွေအစုံဘယ်သူကတော့ဘာနဲ့သင့်တော်တယ်..ဘယ်သူကတော့ဘယ်လိုလေး
ဆိုပြိးဆင်ယင်တက်ပြန်တယ်...။သူတို့တွေကိုယ်တိုင်ကတော့..ဒါလေးလည်းကောင်းသေးတယ်
ဒါကြီးကအလတ်ကြိးပါဆိုပြိး...သားသမီးတွေကိုအမြဲဦးစားပေးခဲ့တယ်လေ...။ဘဝခရီးလမ်းကြမ်း
တယ်ဆိုတာသိနေမြင်နေတဲ့ကျွန်မအတွက်..ပညာစုံလို့ရည်ရွယ်ချက်ပြည့်ရင်အမေနဲ့အဖေအတွက်
ကျွန်မဘဝတစ်ခုလုံးပေးဆပ်ပါ့မယ့်လို့ဘုရားမှာသစ္စာဆိုခဲ့တယ်....။.သားသမီးတွေတပြုံကြိးကို
မိဘနှစ်ပါးရှာကျွေးတာမငြူစူခဲ့ပေမယ့် ဒီမိဘနှစ်ပါးကို ရှာကျွေးဖို့ကြတော့ သားသမီးတွေအနေနဲ့
ခဲယဉ်းတယ်ဆိုတာ..ကျွန်မရဲ့အကိုအမအိမ်ထောင်ရေးတွေကြောင့်မျက်မြင်ဖြစ်ခဲ့ရတဲ့အတွက်
ကျွန်မအများကြိးကြိုးစားရမယ်လို့ မန်ကိုသွင်းအားတင်းကြိုးစားခဲ့တယ်...။ကျွန်မကျောင်းပြီး
သွားတဲ့အချိန်မှာ..မိဘတွေရဲ့အားကိုးမှုတွေ..အားလုံးသောမောင်နှမတွေရဲ့မျှော်လင့်ချက်တွေ
က ကျွန်မအမှားမလုပ်မိအောင်...ကျွန်မတစ်ခုခုလုပ်မယ်စိတ်ကူးလိုက်တိုင်းသူတို့တွေရဲ့ပုံရိပ်တွေ
ကကျွန်မကိုဟန့်တားစေတယ်...။ကျွန်မအားငယ်နေတဲ့အချိန်မှာ..မားမားမတ်မတ်ရပ်ဖို့အင်အား
တစ်ရပ်ဖြစ်စေခဲ့တယ်....။အခုဆို..အဖေက(၇၅)၊အမေက(၆၃)တစ်ကယ်ကိုအပြည့်အဝအနားယူ
သင့်တဲ့အရွယ်တွေရောက်နေကြပြီ။ ဘဝတစ်လျှောက်လုံး ခက်ခဲစွာသားသမိးတွေအတွက်ရုန်း
ကန်ခဲ့ရတာ..လိုတာထပ် ပိုအိုစာနေတဲ့အဖေနဲ့အမေအတွက်..ကျွန်မသားသမိးတာဝန်တစ်လှည့်
ယူပရစေလို့..မျက်ရည်တွေကြားက..ချစ်သောအမေနဲ့အဖေအတွက်ဘဝကိုတစ်လှည့်ရုံန်းဖို့
ဒီမြေမှာမွေး၊ဒီရေသောက်ကြီး..ဒီနိုင်မှာရှိတဲ့ချစ်သောသူတွေနဲ့ခွဲခွာခဲ့တာ..ကျွန်မချစ်တဲ့
အဖေနဲ့အမေအတွက်ပါ...ခွဲခွာခဲ့တော့မှ..ပိုလို့ချစ်ရတဲ့အမိမြေနဲ့အတူ...ချစ်ရတဲ့မိအိုဖအို
တွေကိုလည်းအလွမ်းပေါ်အလွမ်းတင့်လို့ပိုလို့လွမ်းရပါတယ်....။မိန်းမသားတစ်ယောက်မို့
အခက်ခဲကြုံလာရင် မျက်ရည်မကျပဲ အရာရာရင်ဆိုင်နိုင်ဖို့ ကြိုးစားရတာတစ်ကယ်တမ်း
ကြုံလာတော့မလွယ်မှန်းသိခဲ့ရတယ်...။အဆင်မပြေရင် ခေါင်းငုံမခံတက်တဲ့မာနကခေါင်းပြူ
လာပေမယ့် အမေနဲ့အဖေအတွက်မဖြစ်ဘူးဆိုပြိး ချိုးနှီမ်ရလို့လဲ... စိတ်ဓါတ်တွေသွေးစိမ်း
ရှင်ရှင်ထွက်ခဲ့ရလည်း...အမေနဲ့အဖေအတွက်...သည်းခံရမယ်လို့မန်ကိုသွင်းအားတင်းလို့
မနက်ဖြန်အတွက်အသက်ဆက်ဖို့..မြိုချရတဲ့ထမင်းတွေက  အရသာမဲ့စွာဆို့နင့်နေခဲ့ရတယ်။
အခက်ခဲမရှိရင်မအောင်မြင်ဘူးဆိုတဲ့မူကိုသွင်း အခက်ခဲတွေကို..လှေကားအဖြစ်ချနှင်းဖို့ကြိုး
စားတိုင်း..အမေနဲ့အဖေရဲ့သောကနဲ့ယဉ်ရင်မပြောပလောက်ဘူးလို့တွေးပြီး အရာရာရင်ဆိုင်
ကြိုးစားခဲ့တာ...ခပ်ညံ့ညံ့မိန်းမတစ်ယောက်မဖြစ်ချင်လို့ပါ..။တစ်လတစ်ခါ..ဖုန်းတက်တိုင်း
ပျော်စရာတွေရှာကျန်ပြော..အဆင်ပြေကြောင်းလှည့်ပတ်ပြော..ဖုန်းပြောပြီးသွားတိုင်း
အချိန်တော်တော်ကြာ အခန်းထဲ ငိုပွဲဝင်ရတဲ့သောကအလွမ်းတွေကို..သမီးအတွက်
စိတ်ပူနေမယ့်အမေနဲ့အဖေမသိစေရဘူး...။အဲဒီလို ဘဝအတွက်ကြိုးစားရုန်းကန်နေတဲ့
ကျွန်မ အတွက်လောကကြီးက ချစ်ခြင်းဆိုတာ.မွေးဖွားပေးခဲ့လေတော့..........။
ကျွန်မသူကိုချစ်ခဲ့ပါတယ်...။သူမှာမိန်းမတစ်ယောက်အတွက်အားကိုးလောက်တဲ့အရည်
အချင်းတွေနဲ့လည်းပြည့်စုံပါတယ်..။ရုပ်ရည်လည်း ချောမောပြေပြစ်သလို စကားပြောလည်း
ရည်မွန်တဲ့ယောက်ျားကောင်းတစ်ယောက်ပါ..။ သူကစကားများများသိပ်မပြောတက်သလို
ပြောရင်လည်းနည်းနည်းနဲ့ထိရောက်အောင် ပြောတက်တဲ့သူပါ..။စကားနည်းတဲ့သူဆီက
အများဆုံးပြောလေ့ရှိတာ ကျွန်မကိုသိပ်ချစ်တယ်ဆိုတဲ့အကြောင်းပါပဲ။သူ စကားနည်း
ပေမယ့်..ကျွန်မကိုသူအရမ်းချစ်တယ်ဆိုတာတော့ ကျွန်မမ မယုံမှာသူသိပ်စိုးရိမ်ပါတယ်တဲ့။
အချိန်မှန်အစားစားဖို့မေးနေတက်တဲ့ ကျွန်မကိုဖုန်းဆက်ပြီး အချိန်မှန်အစားဖို့သတိပေး
ဖို့လည်းအလုပ်အားတဲ့အချိန်လေးမှာ...အလုအယှက်ဖုန်းဆက် သတိပေးတက်တဲ့သူပါ။
ကျွန်မနဲ့သူနဲ့ဆုံပြီဆိုရင်..ဘုရားတရားလုပ်ဖို့..ဘယ်ဂုဏ်တော်တွေဘယ်လိုရွတ်ဖို့ဆိုပြီး
ကျွန်မကိုမကြာခဏတိုက်တွန်းလေ့ရှိပါတယ်.သူကိုယ်တိုင်လည်း ဘာသာရေးကိုင်းရှိုင်းသူ
မို့ကျွန်မကိုလည်းအမြဲတမ်း ဘာသာရေးအချိန်ယူပြီးလုပ်ဖို့ဆုံးမတက်ပြန်တယ်...။
ဘာသာရေးပိုင်းနဲ့စကားပြောရင်သူကနှုတ်သွက်နေတက်ပြိး ကျန်တဲ့အချိန်တွေဆိုရင်တော့
ကျွန်မကနှုတ်သွက်နေသူပါ။ ကျွန်မရဲ့အပြောင်အပြက်စကားတွေ..ကျွန်မကြုံတွေရတဲ့
အတွေ့အကြုံတွေကို မညည်းမငြူနားထောင်တက်ပြိးကျွန်မဆိုးသမျှကိုလည်း...
ဆိုးလိုက်တာကွာ....လို့အမြဲရေရွက်ပြီးပြုံးလို့ ခွင့်လွတ်တက်သူပါ...။တစ်ခါတစ်လေကျွန်မ
ဒေါသတစ်ကြိးအော်ဟစ်ခဲ့ပြန်ရင်လည်း..ခွင့်လွတ်အပြုံးနဲ့ကျွန်မကိုနားလည်ခွင့်
လွတ်တက်သူပါ....။တစ်ကယ်တော့သူကကျွန်မထပ်..အသက်အားဖြင့် ငယ်တဲ့သူပါ။
အဲဒီလိုနဲ့တစ်နေ့..သူဆီကလက်ထပ်ခွင့်တောင်းလာခဲ့တယ်.....အဲဒီနေ့ကပေါ့
အရောင်တွေလက်နေတဲ့သူရဲ့မျက်ဝန်းတွေဟာ..ကျွန်မရဲ့ငြင်းဆိုမှုကြောင့်
ရှက်ခြင်းလားနာကျင်းခြင်းကြောင့်လားမသိ...သူရဲ့မျက်ဝန်းတွေမှာ မျက်ရည်စတွေနဲ့
လေ...။ နာကျင်မှုကြောင့် တစ်ဆက်ဆက်တုန်နေတဲ့သူနှုတ်ခမ်းတွေကဘာစကား
တစ်ခွန်းမှထွက်ကျလာခြင်းမရှိပေမယ့်...သူရင်ထဲကိုကျွန်မမြင်နေရတယ်လေ...။
ကျွန်မအတွက်ရယ်လို့ယူဆောင်လာတဲ့နှင်းဆီပန်းစည်းကို အနီးမှာရှိနေတဲ့
တိုင်မှာစိတ်ရှိလက်ရှိအားကုန်ရိုက်ချလိုက်တဲ့အတွက်နှင်းဆီပွင့်ချက်လေးတွေ
တစ်ခဏအတွင်းမှာကြေခဲ့ရတယ်...။မြေမှာကြေနေပြီဖြစ်တဲ့နှင်းဆီပွင့်ချပ်လေး
တွေကို ယူကျုံးမရသလိုစိုက်ကြည့်ပြီး နရံကိုလက်သီးနဲ့ပြေးထိုးတဲ့ သူ။
သွေးစက်စက်ကျနေတဲ့သူရဲ့လက်ကသွေးတွေမြင်ပြီး..ကျွန်မနေရာတွင်မေ့လဲခဲ့
တယ်..။သတိရတော့ ကျွန်မဆေးခန်းတစ်ခန်းရောက်နေသလို..သူလက်မှာလည်း
ပတ်တီးအဖွေးသားနဲ့။နာကျင်နေတဲ့ဒဏ်ကြောင့်သူ..ကျွန်မကိုစကားတစ်ခွန်းမဆိုပဲ
ကျွန်မသတိပြန်ရချိန်မှာ..ကျွန်မအဆောင်ပြန်နိုင်ဖို့သူပဲဦးဆောင်ပြီးလုပ်ဆောင်သွား
ခဲ့တယ်.။သူနဲ့ကျွန်မအတွက်..အိမ်ပြန်ချိန်တွေများစွာရှိတဲ့အထဲ..အဲဒီနေ့ကနောက်ဆုံး
နေ့ဖြစ်သလို ကျွန်မအတွက်ရောသူ့အတွက်ပါ..အကြေကွဲရဆုံးနေ့လေးတစ်နေ့ပါပဲ။
တစ်လမ်းလုံး အံကြိတ်ပြီးကျောခိုင်းနေတဲ့သူ့ကိုကျွန်မတစ်သက်စာအတွက်နောက်ဆုံး
ဆိုတဲ့အသိနဲ့..ကြည့်နေမိတယ်..။မကြာခင်ကျွန်မအဆောင်နားရောက်တော့..ကျွန်မအ
တွက်စကားတစ်ခွန်းမဆိုပဲ...ကျောခိုင်းသွားခဲ့တာ....။ကျောခိုင်းပြီးလျှောက်သွားတဲ့
သူ့ပုံရိပ်ကိုကျွန်မမျက်ရည်တွေကြားကမြင်ကွင်းထဲကပျောက်သွားတဲ့အချိန်ထိ
ရပ်ကြည့်နေခဲ့မိတယ်....။နောက်ဆုံးပါပဲ...ရာသီတွေသာလည်နေတယ်..
အချိန်တွေသာပြောင်းလဲလာတယ်...ကျွန်မသူနဲ့ပတ်သက်သမျှဘာမှမကြား
ရတော့ပါဘူး...သူကျွန်မဘဝထဲကအပြိးအပိုင်ထွက်..ခြေရာဖျောက်သွားခဲ့တာလေ.။
ကျွန်မရင်ထဲကနှလုံးသားအချစ်တစ်ခုအတွက်နဲ့.အသက်ရွယ်အိုမင်းနေပြီဖြစ်တဲ့
အမေနဲ့အဖေကို..တပါးသူငြူစူမှာမလိုလားဘူး.....ကျွန်မအတွက်တော့
အိမ်ထောင်ပြုလိုက်ရင်..ကျွန်မဘဝတစ်ခုကတော့သေချာတယ်ကောင်းစား
ကောင်းကောင်းစားမယ်....ကျွန်မချစ်တဲ့သူနဲ့ကျွန်မဆုံစည်းရမယ်..ဒါပေမယ့်
ကျွန်မရဲ့မိဘတွေကတော့......................အစစအရာရာတွေးပြီးသူကိုငြင်းဆို
လိုက်တဲ့ကျွန်မမှာလည်း...ခုချိန်ထိကြေကွဲနာကျင်နေရဆဲပါ....။
ကျွန်မမိဘတွေအတွက်...သားသမိးတွေအများကြိးမွေးခဲ့တာတောင်
တစ်ယောက်မှမိဘအပေါ် တာဝန်မကျေခဲ့ဘူးလို့ အများကကဲ့ရဲ့ပြစ်တင်
ဝေဖန်မှာထပ်စာရင်......ချစ်သူအပေါ်ငြင်းလိုက်လို့.အချစ်တစ်ခုအပေါ်
သတ္တိရှိရှိတာဝန်ယူမချစ်ရဲတဲ့ ချစ်သူအဖြစ်ပဲခံယူလိုက်တဲ့ကျွန်မ..............။

(ကျွန်မရဲ့ကိုယ်ပိုင်ရေး....ဘလောင်္ဂလေးအားအားပေးတဲ့သူငယ်ချင်းများ
အားလုံး..ပတ်ဝန်းကျင်ရှိသက်ရှိသက်မဲ့တွေနဲ့ထာဝရ...ပျော်ရွင်ကြပါစေလို့
ဆန္ဒပြုရင်း......
ခင်မင်လေးစားလျှက်...........။)

Written By Anglehlaing

Monday, December 27, 2010

ကျွန်မအချစ်ကဒီလိုပါ...ကို....

  ကျွန်မအသက်(၂၅)နှစ်တင်းတင်းပြည့်လို့ အမေနဲ့အဖေကအိမ်ထောင်ချပေးဖို့
စကားဆိုလာခဲ့တယ်လေ။ ဘာရယ်မဟုတ်ကျောင်းပြီးကတည်းက လုပ်ငန်းခွင်ဝင်ပြီး အားလပ်ချိန် တွေမှာ ကျွန်မလိုပဲအိမ်ထောင်မကျသေးတဲ့ သူငယ်ချင်းတွေနဲ့ စားလိုက်သောက်လိုက်လည်လိုက်နဲ့ အချိန်တွေသာကုန်လာမှန်းမသိပေမယ့်  စည်းစနစ်ကြိးတဲ့ဖေဖေနဲ့ဖေဖေသဘောတစ်ခု ကိုပဲ ခေါင်းငြိမ့် ခေါင်းခါလုပ်တက်တဲ့မေမေကဖေဖေရဲ့  အစီအမံတစ်ခုကိုကျွန်မသိစေရန်ဆိုတဲ့  အတည်ပြုမှုလေးကိုသိစေရုံလေးဆိုရုံပဲမေးမြန်းခွင့်မရှိပဲ.. သတို့သားလောင်းနဲ့တွေ့ရမယ်လို့ အမိန့်ချမှတ်လိုက်တဲ့ဖေဖေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်ပေမယ့် စိတ်ထဲကတော့တိတ်တိဆိတ် ရည်ရွယ်ထားပြိး ဘယ်လိုစိတ်ပျက်အောင်ငြင်းရမလဲလို့ နာမခံတက်တဲ့ဥာဉ်ဆိုးလေးအတိုင်း စိတ်ကူးထဲမှာတော့အဆင်သင့် ပြင်ဆင်ထားပြီးသားဖြစ်နေခဲ့တယ်..အကြောင်းပြချက်မခိုင်လုံပဲ  ဘာရယ်မှန်းတိတိကျကျမပြောပဲ လွတ်လွတ်လပ်လပ်နေချင်သေးလို့ဆိုတဲ့စကားတစ်ခွန်းက ကျွန်မကိုအကာအကွယ်မပေးနိုင်ခဲ့ဘူးလေ။ အသက်(၂၅)ဆိုတဲ့အရွယ်ဟာမိဘတွေ
စိတ်ပူရလောက်တဲ့အရွယ်ဟိုင်းမဟုတ်သလို..ခုမှပူပူနွေးနွးဘွဲလွန်တက်ပြီးပြန်လာတဲ့
သမီးလေးတစ်ယောက်ကိုဘာအတွက်ကြောင့်များ အိမ်ထောင်ချပေးဖို့စိတ်လောနေရတာပါလိမ့် ကျွန်မရဲ့အကိုကြိးဆိုရင်အခုဆိုဖေဖေရဲ့  အလုပ်တွေဝင်ဦးစီးလုပ်နေသလို. အရွယ်ကလည်း (၃၅)နှစ်နားနီးနေတာတောင် အကိုကြိးအတွတ်စိတ်မပူပဲ ကျွန်မကိုပဲအိမ်ထောင်ချပေးဖို့ စီစဉ်နေတာကိုနားမလည်နိုင်ပေမယ်မငြင်းဆန်နိုင်ခဲ့ဘူးလေ.. ဘာရယ်မှန်းသေသေချာချာ
မသိသလို မေမေပြောပြချက်က အမေတစ်ခုသားတစ်ခုပဲ..ရှိတာတဲ့.။သမီးထပ်လည်း(၃)နှစ် လောက်ပဲကြိးတယ်တဲ့...သင့်တော်လို့စီစဉ်တာကိုကပျက်ကချော်မလုပ်နဲ့လို့ ကျွန်မအတွေးတွေကို
ရိပ်မိနေတဲ့ မေမေကဖေဖေမသိအောင်တိုးတိုးသတိပေးရင်း.ကျွန်မကိုအစွမ်းကုန်ပြင်ဆင်ပေးလိုက်တာ.
.မှန်ရှေ့မှာမြင်နေရတဲ့ ကျွန်မကိုယ်ကျွန်မပြီးပြည့်စုံနေတဲ့ မရိုးလွန်းမဆန်းလွန်းသောလှပတင့်တယ်
နေမှုကိုမကြည်ဖြူစွာပဲစူးစိုက်ကြည့်ပြီး ကျွန်မတို့နှစ်ယောက်ရဲ့သီးသန့်တွေ့ဆုံဖို့ချိန်းဆိုထားတဲ့  နေရာကိုတာဝန်အရထွက်လာခဲ့မိတယ်..ကြိုတင်စိတ်ကူးထားတဲ့အတိုင်းကျွန်မတစ်မင်တကာ တစ်ဲနာရီလောက်နောက်ကျခံပြီးရောက်သွားတော့..ကျွန်မသတိရလိုက်တာကကျွန်မတစ်ခါမှမမြင်ဖူး သေးတဲ့လူတစ်ယောက်..ဘယ်လောက်များကိုယ့်ရဲ့သတိုးသားကောင်းအပေါ်မှာ စိတ်ဝင်စားတယ် မစားတယ် မသိမေမေပေးတဲ့မှန်တင်ခုံပေါ်ကဓါတ်ပုံကိုမျက်လုံ့းတစ်ချက်ဝေ့မကြည့်ခဲ့တာကို သတိရတော့..ရောက်လုနီးဆဲဆဲကျွန်မရဲ့ခြေလှမ်းတွေ အလိုလိုရပ်တန့်သွားရတယ်. ရှေ့တိုးရမလားနောက်ဆုတ်ရမလား သေချာမဆုံးဖြတ်နိုင်ခင်ဆိုင်ထဲကိုဝေ့ဝဲကြည့်တော့ ချည်ချောအစိမ်းပုဆိုးလေးနဲ့ ရှပ်လက်တိုအစိမ်းနုလေးကို သေသေသပ်သပ်ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကျွန်မရှိရာသို့တန်းတန်းမက်မက်လျှောက်လာတာမြင်ရတဲ့ခဏကျွန်မအတွေးတွေ
ထဲမှာအဲဒီလူသာဖြစ်လိုက်ပါတော့..လို့ စိတ်ထဲကဆုတောင်းလိုက်မိတယ်။ တဒင်္ဂလေးအတွင်းမှာ..
အဲဒီလူကိုကျွန်မရဲ့အိမ်ထောင်ဖက်ဖြစ်ဖို့ မျှော်လင့်မိရလောက်အောင်သူရဲ့ဟန်ပန်ကကျွန်မပေါ် စွဲဆောင်နေလိုက်တာ....ကျွန်မကိုနှစ်လိုဖွယ်အပြုံးတစ်ခုနဲ့စောရီးနော်လို့ရှတတအသံတစ်မျိုးလေးနဲ့
ခွင့်တောင်းတော့မှကျွန်မရဲ့အသိတွေပြန်ဝင်လာခဲ့ရတယ်..ကြည့်ပါအုံးတစ်ဦးထည်းသာသွားလို့ရတဲ့
လမ်းကျဉ်းလေးကရှေ့တိုးရမလား နောက်ဆုတ်ရမလားတွေဝေနေတဲ့ကျွန်မကြောင့်လမ်းက
ပိတ်နေပြီလေ...သူကိုဒီအနားမှာ ထပ်ပြိးရှိနေစေချင်ခဲ့ပေမယ့်တစ်လမ်းသွားလမ်းလေးကို အာနာနာနဲ့ပဲဖယ်ပေးရင်း..ချိန်းဆိုထားတဲ့ဆိုင်အတွင်းကို ကျွန်မစိတ်ပျက်လက်ပျက်နဲ့ ဝင်ရောက်ခဲ့တယ်..တစ်စုံတစ်ယောက်ကိုစောင့်မျှော်နေသူရယ်လို့ရှာဖွေတော့လည်း ဆိုင်ထဲမှာ
သာမန်အေးအေးစကားပြောနေတဲ့အဖွဲ့တွေကလွဲရင် မေမေပြောတဲ့ကျွန်မထပ်(၃)နှစ်ကြိး
တဲ့အမျိုးသားဆိုတာကိုကျွန်မမတွေ့ခဲ့ပဲစိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်ခဲ့တယ်...အိမ်ရောက်ရင်
သတင်းမေးမဲ့အဖေဖေနဲ့မေမေကိုဘယ်လိုစကားလုံးတွေနဲ့ ပြောပြရမှန်းမသိမသိပေမယ့်.. ထိုလူနှင့်မတွေ့ရခြင်း..လွဲသွားခြင်းကံကောင်းလေစွလို့ အားတင်းပြိး အိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့တာလေ။ မျက်နှာထားကိုသေသေချာချာပြင်ပြိးဖေဖေဆူရင်ဘယ်လိုဆင်ခြေပေးရင်ကောင်းမလဲလို့အတွေးတွေနဲ့
အိမ်ကိုပြန်လာတဲ့ကျွန်မ အိမ်အဝင်အဝမှာတွေ့လိုက်ရတဲ့ထိုလူကြောင့်ကျွန်မအံ့သြမင်သက်ပြိး
စကားမဆိုနိုင်အောင် လှုပ်ရှားလွန်းတဲ့ရင်အစုံကြောင့်..နှုတ်ခမ်းတွေဆွံအပြီး ထိုနေ့တစ်နေလုံးခံစာချက်တွေမျိုးစုံနဲ့...ဖေဖေ၊မေမေတို့နဲ့ထိုလူနဲ့ဘာတွေပြောတယ် ဘာတွေဆိုတယ်ဆိုတာကျွန်မနားထဲမဝင်ခံ့ဘူးလေ...ကျွန်မဟာအလိုလိုပဲဖေဖေရဲ့အမိန့်ကြောင့်
မဟုတ်ပဲချစ်ခြင်းရဲ့အမိန့်ကြောင့်သာထိုလူ...ကျွန်မချစ်သောထိုလူနှင့်အိမ်ထောင်ပြုဖြစ်ခဲ့ပါတယ်..........
.ကျွန်မအတွက်တော့.ချစ်ခြင်းဆိုတဲ့ဝေါဟာရနဲ့အိမ်ထောင်ဖက်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ရခဲ့ပေမယ့်
.ကို...လို့ကျွန်မမြတ်နိုးမိတဲ့ ကျွန်မရဲ့အမျိုးသားကတော့သင့်တော်တဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ခဲ့တာပါတဲ့...နှလုံးသားရေးနဲ့ပါတ်သက်လာရင် ဘဝတစ်ခုလုံးပုံအပ်ချင်ခဲ့တဲ့သူရှိခဲ့ပါတယ်တဲ့.ကို့ရဲ့မိခင်သဘောမတူလို့လမ်းခွဲခဲ့တာဆိုရအောင်လည်းကို့ရဲ့ချစ်သူကို့ရဲ့
အမေသဘောမတူမှန်းသိလို့နှစ်ယောက် ဘဝထူထောင်ဖို့ကြိုးစားခဲ့ပေမယ့်ကို့ရဲ့
ချစ်သူကယောက်္ခမသဘောမတူတဲ့ အိမ်ထောင်ရေးမျိုးလက်မခံနိုင်သလို သူကခါးခါးသီးသီး
သဘောမတူတဲ့အတွက် ငြင်းဆိုခဲ့တာပါတဲ့...မာနချင်းပြိုင်တဲ့မိခင်နဲ့ချစ်သူကြားမှာချစ်သူဘက်က
ရပ်တည်ခဲ့တာတောင် ကို့ရဲ့ချစ်သူကကိုယ့်အပေါ်မကြည်ဖြူတဲ့ယောက္ခမဆီကိုခေါင်းငုံ့
မဝင်ဘူးဆိုတဲ့မာနနဲ့ငြင်းခဲ့တာကြောင့် ခုလိုကိုနဲ့ကျွန်မဖူးစာဆုံခဲ့ရတာတဲ့လေ..။
ကျွန်မအတွက်တော့ အတိတ်ဆိုတာထည့်မတွက်နိုင်ပါဘူး....ဒီနေ့သည်သာအရေးကြိးဆုံးမို့
ဘာအကြောင်းနဲ့ပဲဖြစ်ဖြစ်..ကျွန်မကတော့ကိုနဲ့ဆုံစည်းခွင့်ရတဲ့အတွက် အရမ်းပဲပျော်မိပါတယ်....
ဘယ်တုန်းကမှလည်း ကိုရဲ့ချစ်ဦးသူအကြောင်းကိုအစပြန်ဖော်ခြင်းမရှိသလို ကျွန်မကို..ချစ်ရဲ့လားလို့လည်းမေးဖို့မလိုအောင်..ကျွန်မကကို့ကိုယ်ချစ်နေရရင်.
ပဲပြီးပြည့်စုံနေပြီလေ...ကိုကလည်းယောက်ျားကောင်းပီသစွာပဲအိမ်ထောင်တာဝန်တွေကျေခဲ့ပါတယ်...
အချိန်တွေလတွေပြောင်းလို့ ကျွန်မရဲ့အိမ်ထောင်သက်(၁)နှစ်ပြည့်ပြိးမကြာဘူးသားဦးလေးကို ကိုယ်ဝန်လွယ်ထားနေရပြီဆိုတဲ့အသိကြောင့် မိသားစုတွေအားလုံးအပြုံးတွေဝေနေချိန်မှာပေါ့...
ကို့က.ကလေးလေးတစ်ယောက်မွေးစားဖို့ခွင့်တောင်းလာခဲ့တယ်...ပြိးတော့ကိုမွေးစားချင်တယ်ဆိုတဲ့
ကလေးကကို့ရဲ့ချစ်ဦးသူရဲ့ကလေးဖြစ်နေပြန်တယ်..ကို့ရဲ့အမေဘဘောတူကမိဘမဲ့ဂေဟာမှာ
ကြိးပျင်းခဲ့တဲ့ကိုယ်ရဲ့ချစ်သူကို လက်မခံနိုင်လို့ငြင်းဆိုခဲ့လို့ ဘဝတူမိဘမဲ့ဂေဟာမှာကြီးပျင်းခဲ့
သူတစ်ဦးနဲ့ကို့ထပ်အရင်အိမ်ထောင်ပြုသွားခဲ့တဲ့ကိုရဲ့ချစ်သူကအခုကလေးတစ်ယောက်ရပြီး
မိသားစုနဲ့ကလောမြို့လေးမှာအခြေချနေထိုင်နေခဲ့တာတဲ့လေ..ရန်ကုန်ကိုအလုပ်ကိစ္စနဲ့
ဆင်းအလာ..ကားမှောက်လို့ကလေးမိဘနှစ်ဦးစလုံးအပြင်းအထန်ဒဏ်ရာရပြီး..
သေးဆုံးခဲ့ကြတာတဲ့လေ။ကလေးစိတ်ကြောင့်ပဲမဆုံးခင်မိခင်ဖြစ်သူက ကလေးကို..ကို့ဆီရောက်
စေဖို့ကိုရဲ့လိပ်စာပေးပြိးကလေးကို ကို့ဆီပို့ပေးစေခဲ့လို့ခုလိုကိုယ်တစ်ယောက်ဖွင့်ပြောလာတော့...
ကျွန်မရုတ်တရက် ဆွံအခဲ့ရတယ်....မကြာခင်ရောက်လာတော့မယ့်ကျွန်မနဲ့ကိုရဲ့ရင်သွေးလေးအပြင်..
ကျွန်မတစ်ခါမှမမြင်ဖူးလိုက်တဲ့ကိုယ့်ချစ်သူရဲ့ကလေးတစ်ယောက်ကိုမွေးစားဖို့ဖန်လာခဲ့တဲ့
ကံကြမ္မာ။ကျွန်မရဲ့စကားတစ်ခွန်းကိုသေမိန့် တစ်ခုစောင့်ဆိုင်းနေတဲ့ကို့မျက်ဝန်းမှာ ကျွန်မ
တစ်ခါမတွေ့ဘူးတဲ့ မျက်ရည်တွေတွင်တွင်ကျလို့လေ။ ကျွန်မသိလိုက်ပါပြီ.. ကိုရဲ့မျက်ဝန်းထဲကမျက်ရည်တွေရဲ့အဓိပ္ပါယ်ကို....ကိုရဲ့ချစ်ဦးသူအပေါ်မှာ..ဘယ်လောက်ချစ်
ကြောင်း၊လောကကြီးထဲကမထွက်ခွာခင်..ရင်သွေးလေးကို..ကို့ဆီအရောက်ပို့ပေးစေခဲ့တဲ့ကိုယ်ရဲ့
ချစ်ဦးသူရဲ့နောက်ဆုံးမျှော်လင့်ချက်ကို..ဘယ်လောက်တန်ဖိုးထားပြိးဖြည့်စည်းပေးချင်
နေတယ်ဆိုတာ..။တကယ်လို့များကျွန်မသာငြင်းဆိုခဲ့မယ်ဆိုရင်..သေချာတယ်ကျွန်မကို့
ကိုယ်ဆုံးရူံးရမယ်ဆိုတာ.။ တစ်ကယ်တမ်းနာကျင်စေတာကျွန်မကိုနာကျင်စေတာကလေးလေး
မဟုတ်ပါဘူးကို.... ကိုရဲ့မျက်ရည်တွေပါ...အဲဒီမျက်ရည်တွေကသာ ကျွန်မကိုအမှန်တစ်ကယ် နာကျင်စေခဲ့တာပါ...ကို့ရင်ထဲကဘယ်တော့မှမမေးခဲ့တဲ့တစ်စုံတစ်ရာကိုမြင်လိုက်ရတဲ့ခဏ... ကျွန်မရဲ့အချစ်တွေကိုသက်သေပြဖို့ကျွန်မအဲဒီကလေးလေးကို ရင်မှတည်သောသားနဲ့
မခြားမွေးစားဖို့လက်ခံသဘောတူဖို့ခေါင်းအငြိမ့်မှာ.....ယောင်္ကျားတန်မဲ့ရိုက်ကြိးတငင်ငိုပြီး
တင်းတင်းဖတ်ထားတဲ့ကိုယ်ရဲ့ရင်ခွင်ထဲမှာ..ကျွန်မပါအချိန်အတန်ကြာငိုကြွေးနေမိတယ်....
ထိန်းချုပ်ထားသမျှဖွင့်ချလိုက်တဲ့ကို့ရဲ့ငိုကြွေးမှုအဆုံးမှာ...ကျွန်မမျက်ဝန်းတွေကို စိုက်ကြည့်ပြီး
ကိုက...ကို့ကိုချစ်လားလို့မမေးတဲ့မင်းအတွက်..ကို့မှာဆန္ဒတွေအများကြီးရှိနေတယ်ဆိုတာ
ယုံပေးပါတဲ့လေ.....။ကျွန်မလည်း..ကို့လိုပဲဖွင့်မပြောပေမယ့်...ကို့အတွက်ဆန္ဒတွေအများကြိး
ရှိခဲ့တာ...ကို့တစ်ယောက်သိခဲ့ပြီဆိုမှတော့....ကျွန်မအတွက်ဘာမှမလိုအပ်တော့ပါဘူးကိုရယ်လို့
စိတ်ထဲကသာပြန်လည်ပြောဆိုမိပြီး....ကို့ရင်ခွင်ထဲတိုးလို့သာ....။။။။။။။။။။။။။။။



ကျွန်မ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။ 
အရေးအသားနဲ့အကြောင်းအရာသာလျှင်....အဓိကထားရေးဖွဲ့ခြင်းဖြစ်ပါသည်။
............Written By Anglehlaing..................................

Saturday, December 25, 2010

ခေါင်းစဉ်တက်ရန်ခက်ခဲသောလူတစ်ဦး

ဘဝမှာအဖြစ်ချင်ဆုံးသောဆန္ဒတစ်ခုသာဖြစ်ခွင့်ရမယ်ဆိုရင်...ကျွန်မသူရဲ့နံဘေးနားမှာအမြဲပဲတစ်သက်လုံးမခွဲမခွာနေချင်ခဲ့တာပါ၊
နားမလည်နိုင်တဲ့သူရဲ့စကားတွေကိုနားလည်ဖို့လည်းအချိန်တွေယူပြီးနားလည်ဖို့ကြိုးစားခဲ့တာလေ..အချည်းနှီးမဖြစ်ပေမယ့်
ကြာလာလေကျွန်မနားမလည်လေလေပါပဲ..ကျွန်မကပဲညံ့လို့လား..သူကပဲအယူသီးလွန်းနေတာလားမနေရာပေမယ့် အဆင်မပြေ
မှုတွေစတင်ခဲ့တဲ့အကြောင်းအရာကကျွန်မကအပေါင်းသင်းများတဲ့ကိစ္စကစတာပဲပေါ့..အပေါင်းသင်းများသလိုကျွန်မချစ်တဲ့သူငယ်
ချင်းတွေနဲ့ယှဉ်ပြိးအမြဲစကားနာထိုးတက်တဲ့သူကို အများကြိးကျွန်မလျှော့ပေးခဲ့ပါတယ်..သူကချစ်သူသည်သာပထမဖြစ်ရမယ်လို့လည်း
ခံယူချက်ထားတက်ပေမယ့်မကြာခဏပျက်ကွက်တက်တဲ့သူရဲ့လူမူရေးပြသနာတွေကြောင့်ချိန်းဆိုထားမှုတွေအကြိမ်ပေါင်းများစွာ
ပျက်ခဲ့ပေမယ့် ကျွန်မပြသနာရှာဖို့သတိမရခဲ့ဘူးသလောက်သူကတော့ကျွန်မရဲ့မှားကွက်တစ်ချက်တိုင်းကိုအတိအကျမှတ်သားပြိး
အပြစ်တင်တက်သူပါ၊မကျေမနပ်ဒေါသဖြစ်နေပြိးအဆက်မပြတ်ရန်တွေ့နေတက်တဲ့သူကိုကျွန်မဘက်တိတ်တဆိတ်နေခြင်းနဲ့
ဥပေက္ခာပြုခဲ့သလောက်သူကတော့အမှတ်ကြီးစွာမကြာခဏကျွန်မကိုအပြစ်တင်တက်သူပါ..နားလည်မှုဆိုတဲ့ဘာသာရပ်တစ်ခုကို
သူနဲ့ကျမှကျွန်မသေသေချာချာလိုက်နာခဲ့မိတယ်လို့ဆိုရလောက်အောင်ကျွန်မဘက်ကအကောင်းဆုံးလိုက်လျှောခဲ့တာပါ..
သူငယ်ချင်းတွေပက်သက်လာရင်အမြင်မကြည်လင်တက်တဲ့သူကြောင့်သတိတရကျွန်မလှည့်ကြည့်လိုက်ချိန်မှာသူငယ်ချင်းတွေနဲ့
ကျွန်မတော်တော်ဝေးနေခဲ့မှန်းမသိဝေးနေခဲ့ပြီး.မိန်းခလေးတစ်ယောက်အပေါ်ချစ်ပါတယ်ဆိုတဲ့သူရဲ့အယူအဆကသူကျွန်မအတွက်
ပေးခဲ့အချိန်.တွေအတွက်အထိပါတွက်ချက်တက်သူတစ်ဦးအဖြစ်နဲ့လေ...ချစ်ခြင်းဆိုတဲ့နူးညံ့တဲ့အခေါ်အဝေါ်တစ်ခုကြောင့်သာ
ပေါ့..ဘယ်အရာမဆိုမိန်မတန်တန်အတွက်အချက်ကောင်းကောင်းနဲ့နေရာတိုင်းတွက်ချက်နေလိုက်တာသူကိုကြည့်ပြီးကျွန်မအတော်လေး
အံ့သြမိခဲ့တယ်...သူနုတ်ဖျားကချစ်တယ်လို့တဖွဖွရေရွတ်တက်ပြီးသူဘယ်လောက်ချစ်ကြောင်းကိုလည်းလူတွေသိအောင်ချပြရဲသလို
တစ်ခါတစ်လေကျတော့လည်းဘာမဟုတ်တဲ့ပြသနာအသေးအမွှားလေးကအစအထအနကောက်ပြိးလူတွေသိအောင်လက်တို့ပြောဖို့
လည်းဝန်မလေးတက်သူပါ..သူရဲ့အပြုအမှုသူရဲ့စကားတစ်ခွန်းကြောင့်မိန်းခလေးတစ်ယောက်ရဲ့သိက္ခာကျဆင်းမလားဆိုတာလည်း
နည်းနည်းမှမစဉ်းစားတက်သလိုဘာအပြစ်မှမလုပ်ထားသလိုနဲ့ခပ်တည်တည်ပဲကျွန်မအပေါ်မှာသူကအနိုင်ယူလွန်းနေတာတောင်ကျွန်
မမှာစိတ်နာရကောင်းမှန်းမသိခဲ့ဘူး..နာကျည်းရကောင်းမှန်းနားမလည်ခဲ့ဘူး..ကျွန်မမကြိုက်တဲ့စကားတွေကိုကျွန်မမကြိုက်မှန်းသိရဲ့
ရှောင်ကြင်ဖို့လည်းသူသတိမရဘူး.အကြိမ်ပေါင်းများစွာပြောရင်းကျွန်မရဲ့ခံနိုင်ရည်တွေကိုစကားလုံးကြမ်းကြမ်းတွေနဲ့နေ့စဉ်နဲ့အမျှ
ရိုက်ချိုးခဲ့တယ်..သူနဲ့ကျမှပဲပွင့်ပွင့်လင်းလင်းပျော်ပျော်နေတက်တဲ့ကျွန်မရဲ့မူလပုံစံကလုံးဝပျောက်ကွယ်သွားပြီးမထုံတက်သေးနဲ့
စကားမပြောတက်တဲ့ခေါင်းပြိမ့်အရုပ်တစ်ရုပ်ဖြစ်မှန်းမသိဖြစ်ခဲ့ရတယ်...ဟိုအရင်လို သူငယ်ချင်းတွေနဲ့ပျော်မြူးနေခွင့်လေးဟာကျွန်မ
အတွက်အိမ်မက်ထဲကကာလတစ်ခုလောက်သာခပ်ရေးရေးပဲမြင်ရတော့တယ်..သူအလိုရှိပြီဆိုရင်ကျွန်မကိုကုန်ကြမ်းအဖြစ်ချသုံးရဲ
လောက်အောင်လည်းသူအဲလောက်ထိချစ်ပြတက်လို့မကြာခဏစများခဲ့ရတယ်..ကျွန်မကသူရဲ့ကုန်ကြမ်းတစ်ခုမဟုတ်ဘူးလို့လေ..
နာကျင်အောင်အကြိမ်ပေါင်းများစွာလုပ်နေပေမယ့်နာကျင်နေတဲ့ရင်ကသက်သက်စွန့်ခွာဖို့အတွက်ရွေ့လျားမရတဲ့ဒီခြေလှမ်းတွေကို
ကျွန်မရိုက်ချိုးပြစ်လိုက်ရင်တောင်သေချာတယ်ကျွန်မနာကျင်ကောင်းနာကျင်မယ်ဘဝတစ်ခုလု့းပြာကျချင်ကျသွားမယ်ကျွန်မကျောခိုင်း
စွန့်ခွာဖို့ဆိုတာမဖြစ်နိုင်းမျန်းတစ်နေ့ထပ်တစ်နေ့သေချာလာခဲ့တယ်.နှုတ်ဖျားကသာချစ်တယ်လို့တစ်ဖွဖွရေရွတ်တက်ပေမယ့်
သူရဲ့လုပ်ရပ်တွေတိုင်းကိုခြုံကြည့်ရင်ကျွန်မအပေါ်အသုံးချမှုဆိုတာတစ်ခုပဲထင်ထင်ရှားရှားပေါ်လာလေလေပါပဲ.ကျွန်မသိထားတဲ့
ယောင်္ကျားကောင်းတို့မည်သည်အတင်းမပြောတက်သလိုအထူးသဖြင့်မိန်းခလေးတစ်ယောက်ရဲ့သိက္ခာကျဆင်းအောင်ပြောလေ့
မရှိပေမယ့်သူဆိုတဲ့သူကတော့ကျွန်မကိုအကြိမ်ပေါင်းများစွာအပြစ်တင်ဝေဖန်ရဲသလိုလူအများရှေ့မှာလဲကျွန်မကဘယ်လိုမိန်းခလေး
ပါလို့မကောင်းပြောဖို့လည်းဝန်မလေးတက်ပါဘူး..ကျွန်မအနေနဲ့နာကျင်ကောင်းနာကျင်မယ်ထိခိုက်ချင်ထိခိုက်မယ်..ဘယ်တော့မှ
တစ်စုံတစ်ယောက်ကိုတိုက်ခိုက်ခြင်းဖြင့်မတုန့်ပြန်ဘူး..သူအတွက်ချစ်ခြင်းမုန်းခြင်းကင်းတဲ့ဥပေက္ခာနဲ့ကျွန်မရဲ့အသိဥာဏ်ထဲက
နေအပြီးထုပ်ပြစ်လိုက်မယ်..အဲလိုခံယူချက်မျိုးထားတဲ့ကျွန်မနဲ့မိန်မဆန်ဆန်အငြိုးကြိးတက်တဲ့သူနဲ့ပြဒါးတစ်လမ်းသံတစ်လမ်း
ဆိုပေမယ်.ခံယူချက်၊အမူအကျင့်၊တက်တက်ဆင်အောင်လွဲနေတာတောင်ချစ်ခြင်းဆိုတဲ့ဝေါဟာရထဲမှာကျွန်မရုံးမထွက်နိုင်ခဲ့ဘူး..
အချစ်ဆိုတာသူမကောင်းမှန်းသိတယ်..ကိုယ်နဲ့စရိုက်မကိုက်ညီမှန်းလည်းသိတယ်..ဒါပေမယ့်မချစ်လို့မရဘူး...လက်မတွဲလို့တော့ရ
ချင်ရမယ်...မကောင်းဘူးဆိုတဲ့အသိနဲ့မချစ်နဲ့လို့တားဆီးလို့မရတာကိုလက်တွေ့မှာကျွန်မမယုံချင်ပေမယ့်ယုံလိုက်ရတယ်..
ကျွန်မနဲ့သူနဲ့သိကျွမ်းပြီးမကြာခင်ပဲကျွန်မရဲ့မွေးနေ့သက္ကရာဇ်တွေမေးပြီးဇာတာတိုက်ပြိးစိတ်ကြိုက်ဖြစ်လို့ချစ်ရေးဆိုခဲ့တာတဲ့လေ..
အံ့သြစရာကောင်းလိုက်တဲ့သူ..မကြာခဏကြွေးကြော်တက်တဲ့သူဘဝရဲ့လက်တွဲဖော်ကခပ်ညံ့ညံ့မဖြစ်စေရဘူးရယ်လို့
ရည်ရွယ်ချက်ကြိးကြိးထားပြီးသူကိုယ်တိုင်ကတော့စိတ်ကူးတွေအိမ်မက်တွေနဲ့လေထဲမှာအိမ်စောက်နေတက်သူတစ်ဦး.အပြောကြိးသလို
လောဘလည်းကြီးတဲ့လူတစ်ယောက်..မကြာခဏလည်းသူဘယ်လောက်တော်ကြောင်းသူဘယ်လိုကြိုးစားတက်ကြောင်းကိုလဲ
ကျွန်မကို ပြောပြတက်သူပါ..တစ်ခါတစ်လေကျတော့ သူကယောက်ျားဆိုတဲ့မာနကိုတွင်တွင်သုံးတက်ပြီးမိန်းမထက်လည်းမာယာတွေ
ကောင်းတဲ့တက်တဲ့ယောက်ျားဖြစ်နေပြန်တယ်...
....ခုတော့ကျွန်မနားလည်သွားပြီ..အချစ်ဆိုတဲ့အရာတစ်ခုထဲမှာဘဝကိုနှစ်မျှောပြီးထက်မြက်ပျော်ရွင်တဲ့မိန်မသားဘဝကနေ
ခပ်တုံးတုံးသူရဲ့အလိုကျခေါင်းငြိမ့်နေရတဲ့အရုပ်တစ်ရုပ်အနေနဲ့မဟုတ်ပဲနားကျင်ဆွေးမြေ့တဲ့နှလုံးသားတစ်စုံ..ဒဏ်ရာတွေ
အထပ်ထပ်နဲ့လူမြင်မခံဝံ့တဲ့ခံစားချက်အရှုပ်အထွေးတွေနဲ့....ဖြစ်ကောင်းဖြစ်နေလိမ့်မယ်...ကိုယ်ပိုင်ဘဝနဲ့လွတ်လပ်တဲ့
ငါ့ဘဝမှာငါသာသခင်ဖြစ်ရမယ်ဆိုတဲ့ သူနဲ့ပတ်သက်ပြီးမှပြောင်းလိုက်တဲ့ကျွန်မရဲ့ကိုယ်ပိုင်ခံယူချက်လေးနဲ့..ကျွန်မရဲ့ဘဝ
ကိုလျှောက်လှမ်းတော့မယ်...ကျွန်မကြုံခဲ့ရတဲ့ချစ်တယ်လို့ကြွေးကြော်တက်တဲ့ယောက်ျားတစ်ဦးကတော့
ထိုသို့အမှန်ဧကန်ပါဟု...

ကျွန်မ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ပါ။
အရေးအသားနဲ့အကြောင်းအရာသာလျှင်....အဓိကထားရေးဖွဲ့ခြင်းဖြစ်ပါသည်။
တစ်ကယ်များသူလိုလူလောကမှာရှိခဲ့မယ်ဆိုရင်..ဘယ်လိုခေါင်းစဉ်ပေးမလဲလို့စာဖတ်ပြီးရင်
အကြံလေးပေးခဲ့စေချင်ပါတယ်ရှင်.....ခင်မင်လေးစားစွာဖြင့်....။

Written By Anglehlaing

Thursday, December 23, 2010

ရာဇဝင်ထဲကလူမိုက်ကြီး

သူရဲ့နာမည်က ဘကျော်။ ဘဝကြမ်းသလောက် ရုပ်ကတော့ ခပ်ဖြောင့်ဖြောင့်နဲ့ မိန်းမကိစ္စကလွဲရင်...ဘကျော်မကင်းတာဘာမှမရှိ
ဘူးရယ်လို့အရပ်မှာနာမည်ကျော်သူတစ်ဦး။ ရှိသမျှအရပ်ထဲ ဘကျော်ကိုအလိုရှိရင် ဖဲဝိုင်ဲး ၊ကြက်ဝိုင်း၊ဘယ်နားရှိမလဲအရင်မေး...
သေချာတယ်ဘကျော်မပါပဲပြီးတဲ့ပွဲရယ်လို့မရှိ။ အဲလိုမှမဟုတ်ရင်တော့ ရွာအစွန်က ဘချင်းထပ်တဲ့ ကိုဘမှီရဲ့အရက်ဖြူဆိုင်လေးမှာ
အချိန်ပြည့်ရှိနေတက်တဲ့ဘကျော်။ အလုပ်လက်ကြောတင်းအောင်လုပ်ဖို့မလိုသလို မြောက်ပင့်ပေါင်းသင်းနေတဲ့တပည့်တပန်းတေ
ွကလည်းဘကျာ်ဘေးမှာအဆင့်သင့်။ ရှိလာတဲ့အရက်ဝိုင်း၊ကြက်ဝိုင်းမှာဖြစ်လာတဲ့ ရန်ကြွေးတွေကြောင့်လည်းမကျေပွဲလေးတွေကို
လက်ယဉ်ယဉ်နဲ့ဖြေရှင်းတက်တဲ့ဘကျော်...အဲလိုထောင့်မျိုးစုံကနေ ပါရမီထူး ဆိုးသွမ်းသလောက် ဘကျော်ဆိုရင် ရွာနားဝန်းကျင်
်မသိသူမရှိ။ အသက်က(၃၀)။ ရုပ်ဖြောင့်ဖြောင့်နဲ့နာမည်ကြိးဘကျော်တစ်ယောက် မိန်းမခိုးလာတယ်ဆိုတဲ့အသိ ကြောင့်တစ်ရွာလုံး
အုပ်အုပ်သဲသဲနဲ့ စိတ်ဝင်တစားပေါ့..ဘကျော်တို့ရွာနဲ့တော်တော်အလှမ်းဝေးတဲ့ရွာတစ်ရွာက အမျိုးကောင်းသမီးလေးတစ်ဦးဖြစ်လို့
နေတော့..အရပ်ကထုံးစံအတိုင်း မနှင်းနုအပေါ်ပိုလို့ဂရုနာသက်။ လူမိုက်ဘွဲ့တွေတစ်သီးကြိးနဲ့ဘကျော်နောက်ခိုးရာလိုက်တဲ့ နှင်းနုကို
လည်း မိဘမောင်ဖွားတွေက အမွေဖြတ် အိမ်ရိပ်မနင်းရရယ်လို့ သတ်မှတ်လိုက်တော့...ဘကျော်တစ်ယောက်က ဘာမဆိုင်ညာမဆိုင်
မာနထိခိုက်ပါသတဲ့....ဆိုပြိး နှင်းနုမျက်နှာထောင့်ရကောင်းမှန်းညှာတာရကောင်းမှန်း မသိ ၊အိမ်ထောင်တာဝန်ဆိုတာနားမလည်
ဆိုးမြဲမိုက်မြဲ ။ အိမ်ထောင်သက်လေးဘယ်လောက်မှမရှိဘူး..ဘကျော်တစ်ယောက်မိန်းမကောင်းလေးရလာလို့များ လိမ္မာလာမလားရယ်
လို့အရပ်ကမျှော်လင့် သမျှတက်တက်စင်အောင်လွဲ။တော်သေးတာတစ်ခုက ဘကျော် ကယူထားတဲ့နှင်းနုအပေါ် ရိုက်ပုတ်ညင်းဆဲခြင်းမရှိ
တာလေးတစ်ခုပဲ...အိမ်ထောင်သက်လေး ခြောက်လောက်လောက်မှာ  ဘကျော်ရဲ့ကြက်ဝိုင်းမှတစ်ခုမှ မကြေပွဲလေးကို  အကြွေးလာ
တောင်းတဲ့ မိုက်ဖော်မိုက်ဖက်တစ်ယောက်။ ကံကြမ္မာဆိုးပေလား...တော့မသိ ဘကျော်တစ်ယောက်က ရွာထောင့်မှာရှိတဲ့ခွက်ပုန်းဆိုင်
လေးမှာ ခေါင်းမထူနိုင်အောင်စိုက်နေတဲ့အချိန်ပေါ့...မကြေပွဲအတွက်အကြွေးလာတောင်းတဲ့တစ်ရွာသားနဲ့ လူမိုက်ကြီး ဘကျော်ရဲ့
ပွဲကမမျှမတဖြစ်နေချိန် ဘယ်ကဘယ်လိုကြားလို့ရောက်လာတယ်မသိတဲ့နှင်းနု က တစ်ဖက်ကထိုးချတဲ့ဓါးချက်ပေါ်မှာ ဘကျော်အစား
ဝင်ခံရင်း..လူမိုက်ကြီးအတွက် အသက်ပေးချစ်ပြရှာခဲ့တယ်.....သေချိန်ရောက်ခဲ့ပါလျှက်မသေပဲ နှင်းနုကအစားခံသွားရရှာတယ်ဆိုပြီး...
ဘကျော် တစ်ယောက် သေဘေးကသီိသီလေးလွတ်ခဲ့သလို လူကိုယ်တိုင်လည်း အချိန်ပြည့် မူးနေလိုက်တာ..နှင်းနုရေ..လို့အကြိမ်ကြိမ်
ခေါ်ပြီးယစ်မင်းသားကြိးဖြစ်သွားလိုက်တာ...အရပ်ကတောင် ဝိုင်းသနားမိရတဲ့အထိ..။ လူမိုက်ကြီး(သို့)ယစ်ထုပ်ကြီးဘကျော်အတွက်
ကံကြမ္မာပြောင်းစေဖို့က..တစ်နေ့။မူးမူးနဲ့ပြန်လာတဲ့ဘကျော်တစ်ယောက် ဖာတောင်းလေးထဲမှာစွန့်ပစ်ထားတဲ့ကလေးတစ်ယောက်
ကြောင့် အမူးတွေပြေပြိး....အဲဒီနေ့ကစလို့ပေါ့..။ ဆရာတော်ဆုံးမလို့မနိုင်၊အရပ်ကပြုပြင်လို့မရတဲ့လူမိုက်ကြီးဘကျော်တစ်ယောက်
အပြောင်းလဲကြီးပြောင်းလဲသွားလိုက်တာ အဲဒီလူမမယ်ကလေးလေးတစ်ယောက်ကြောင့်ဆိုတာ အံ့သြဖို့ကောင်းလေးစွ။ သူနဲ့ထိုက်လို့
ရတဲ့အတွက် သူ့သားရယ်လို့  ကဗျည်းထိုးပြီးဆိုးသမျှပေခဲ့သမျှတွေစွန့်၊ရသမျှအလုပ်တွေလုပ်လို့ခဲရာခဲစစ်ကလေးကိုခဏတဖြုတ်
ထားခဲ့ရတောင် သူကစိတ်မချသေး..အရပ်ကမွေးစားသားရယ်လို့ပြောရင်တောင်မကြိုက်တဲ့ဘကျော်...။အရွယ်နဲ့မလိုက်အောင်အေး
ဆေးထက်မြတ်တဲ့သား..၊ဥာဏ်ကလည်းတစ်အားကောင်းသလောက် ပတ်ဝန်းကျင်ကြောင့်ပဲ သားလေးသိတက်စကတည်း မွေးစား
အဖေရယ်လို့သိနေပေမယ့် ဖခင်အပေါ် ဘာရယ်ဟု မပြောဒီအဖေနဲ့ဒီသားဆိုပြိး အချစ်ပိုလို့တစ်နေ့ ဥာဏ်ရည်ထက်ပြိးသွက်ချာ
လွန်းတဲ့ဒီသားကို မွေးစားဖို့တောင်းတဲ့ရွာကျောင်းကိုစာလာသင်ပေးတဲ့ဆရာမကြီးက သားလေးရဲ့ရှေ့ရေးကောင်းစားအောင်
ပညာရေးအတွက်ရယ်လို့ အကြိမ်ပေါင်းများစွာလာတောင်းပေမယ့် ဘဝမှာဒီသားလေးမျက်နှာကြောင့် ဘဝကအဓိပ္ပါယ်ရှိလာခဲ့တဲ့
ဘကျော် သားလေးအပေါ်ရက်စက်ရာရောက်ကောင်းရောက်ပေမယ့် စွန့်လွတ်ဖို့မစဉ်းနိုင်ခဲ့ဘူး..အရပ်ကလည်းလိမ္မာလွန်းတဲ့
ကလေးရော..ဖခင်အရင်းနဲ့မခြားသဲသဲလှုပ်ချစ်တဲ့ဘကျော်တို့နှစ်ယောက်အပေါ်ဂရုသက်ရုံမှတစ်ပါးမည်သူမှမတက်နိုင်..
ဘကျော်တစ်ယောက်ချစ်သောသားအတွက် ဒီရွာမှစွန့်ဖို့စိတ်ဆုံးဖြတ်ပြီး သားလေးပညာရေးအတွက်ရယ်လို ...ဇာတိရွာလေး
ကနေတိတ်တဆိတ်ထွက်ခွာခဲ့တယ်...။ ပြည့်စုံတဲ့မိသားစုလက်ထဲထည့်လိုက်ဖို့ ခံနိုင်ရည်မရှိပေမယ့် သားအတွက်ကြိုးစာဖို့
တော့ ခန္ဒာကိုယ်ရင်းပြီး ရသမျှအလုပ် တွေကို လုပ၊်စုဆောင်းထားသမျှလေးနဲ့ ကြိုးစားရင်း...ပညာမတက်ပေမယ့် ရလာတဲ့
ဥာဏ်ကိုမှီပြီး ဘကျော်တစ်ယောက်သားအတွက်ရယ်လို့ စွန့်စားလိုက်တာ အခုဆို အောင်မြင်တဲ့စိးပွားရေးလုပ်ငန်းရှင်
တစ်ယောက်တောင်ဖြစ်ခဲ့ရပြီလေ... သားကိုစွန့်လွတ်လိုက်ဖို့အတွေးတွေတောင်နာကျင်ခဲ့ရတာ..အဲဒီအတွေးတွေအစား
သားအတွက်ရယ်လို့ခွန်အားဖြည့်ပြိး ကြိုးစားခဲ့တာ အောင်မြင်လာလေ သားကိုမစွန့်လွတ်ခဲ့မိတာမှန်တယ်ဆိုတဲ့အတွေးတွေ
ဝင်လာလေလေ...သားကိုချစ်တဲ့ စိတ်လေးတွေကိုအရင်းတည်...မစွန့်လွတ်နိုင်တဲ့စိတ်ခံစားမှုလေးတွေကြောင့်
လုပ်အားအရင်းတည်လို့ ကြိုးစားခဲ့တာ ခုဆိုသာလေးတောင် ဆေးကျောင်းပြီးတော့မယ်..
ကဲ ခုနေများ...တစ်ချိန်တုန်းက လူမိုက်ကြီး ဘကျော်ဆိုတာ..ဒီနေ့ဒီအချိန်မှာတွေ့ရတဲ့ ဦးဘကျော်လို့ပြောပြရင်..
......................ရာဇဝင်ထဲက လူမိုက်ကြိးပဲဖြစ်နေကြမှာပါ...............
..............................................................................................................

ဘာသာမပြန်တက်တဲ့ကျွန်တော်ရဲ့ကောင်မလေးအကြောင်း

သူမနဲ့ကျွန်တော်စတင်သိကျွမ်းခဲ့တာက !!!..လောကကြီးနဲ့အဆက်သွယ်ပြတ်နေသယောင် ထောင့်ကျကျထိုင်ခုံတစ်ခုဘေးမှာစာအုပ်တစ်အုပ်နဲ့ အေးစက်နေပြီဖြစ်တဲ့
နက်ကော်ဖီတစ်ခွက်နဲ့အတူ ပတ်ဝန်းကျင်ကိုမေ့ပြိး သူမရဲ့မျက်ဝန်းတွေက ကော်ဖီဆိုင်
လေးရဲ့မျက်နှာစာရှိနေတဲ့လမ်းမကြီးပေါ်က ကူးလာဖြတ်သန်းသွားလာနေတဲ့ လူတွေအပေါ်မှာ  ဦးတည်ရာမဲ့ငေးမောကြည့်နေတာသူမကိုသတိထားမိတဲ့ကျွန်တော်တောင်
အချိန်တော်တော်ကြာဂရုတစိုက်ကြည့်နေမိပေမယ့်..သူမကတော့ ဘာကိုမှသတိမထားမိ
ပဲ အဓိပ္ပါယ်မဲ့ငေးမောကြည့်နေလိုက်တာ အငွေ့ပျောက်အေးစက်နေတဲ့ ကော်ဖီတစ်ခွက်နဲ့အတူ ဘာရယ်မဟုတ်ကျွန်တော်ရဲ့အာရုံထဲကို သူမကမသိမသာဝင်စိုးမိုးခဲ့တာ
အဲဒီအချိန်ကထဲကပေါ့...တစ်ခဏအကြာမှာတော့ သူမက သတိပြန်ဝင်လာတဲ့ပုံစံနဲ့အေးစက်
နေတဲ့ကော်ဖီခွက်ကို စိတ်ပျက်စွာကြည့်ရင်း စာအုပ်ကိုကောက်ကိုင်ပြီး ထွက်ခွာမယ့်ဟန်ပြင်ပြီးမှ တစ်ခုခုကိုသတိရသွားဟန်နှင့်ကော်ဖီခွက်ကိုတစ်ချိုင့်ထည်းမော့သောက်ချတာမြင်တော
့ ဘာရယ်မဟုတ် ကျွန်တော်အလိုလိုပြုံးမိပြီးသားဖြစ်လို့နေရဲ့....ရုတ်တရက်ထွက်ခွာမယ့်ဟန်ပြင်နေတဲ့
သူမကိုကြည့်ရင်...တစ်စုံတစ်ခုဆုံးရှုံးသွားသလို ခံစားလိုက်ရတဲ့တစ်ခဏ သူမနောက်က
ိုနောက်ယောင်ခံလိုက်ဖို့ဆုံးဖြတ်မိရဲ့သား ခြေလှမ်းတွေက အဆင်သင့်ဖြစ်နေခဲ့တယ်။ ရုံးဆင်းချိန်ဖြစ်နေတဲ့အတွက် ဒီအချိန်ဆိုလိုင်းကားတွေကြပ်နေပြီဆိုတဲ့အသိနဲ့ ဘာရယ်မဟုတ်စိတ်ပူသွားတာ
သူမဘယ်ကိုများဦးတည်နေပါလိမ့်လို့ ကားမှတ်ထိုင်နဲ့ဆန့်ကျင်ဘက်တွေကို ဦးတည်သွားနေတဲ့
သူမက ကျွန်တော်နေထိုင်ရာဆိပ်ကမ်းသာရိပ်မွန်ဘက်ကိုသီးတည်နေပြီး။ မကြာပါဘူးသူမက
အလွတ်ရနေတဲ့မွေးရာဇာတိတစ်ခုလိုပဲအတွေးတွေနဲ့လမ်းလျှောက်နေလိုက်တာ ကျွန်တော်တစ်ယောက်သူမနဲ့ခပ်လှမ်းလှမ်းပါလာတယ်ဆိုတာ သိပုံတောင်မရသလို ..
အဲကျွန်တော်နဲ့အခန်းကပ်အဖော်တစ်ယောက်ဖြစ်နေဖို့ မဝံ့မရဲဆုတောင်းနေမိတယ်...
ကြည့်စမ်း ကျွန်တော်ဘယ်လောက်ဆုတောင်းပြည့်လိုက်သလဲ မထင်မှတ်ပဲသူမကတစ်ကယ်ပဲ ကျွန်တော်နဲ့တစ်ခန်းကျော်က
အခန်းမှာနေတဲ့သူပါလား...ကျွန်တော်ဒီတိုက်ခန်းမှာနေတာ ၃ နှစ်ကျော်ပြီ ဒီအခန်းမျာလူနေတယ်လို့တောင်မထင်ရသလို
ဘာလို့များသူမနဲ့ကျွန်တော်မဆုံမိတာပါလိမ့်...လို့တွေးတောရင်းကျွန်တော်ပုံရိပ်ထဲမှာသူမ ရဲ့ခပ်ငေးငေးအတွေးသမားပုံကအထင်းသားပေါ်လာခဲ့တယ်..သြော်..သူမကြည့်ရတာလဲ
ကျွန်တော်လို တစ်ယောက်တည်းနေပုံပါပဲ..ဒီလိုနဲ့နောက်ရပ်တွေမှာကျွန်တော်အတွက်
အလုပ်တစ်ခုပိုလာခဲ့တယ် အဲဒါကတော့သူမကို စောင့်ကြည့်ခြင်းပါပဲ...စတွေ့ပြိးတဲ့ကနေ၃ရက်နေ့အထိ
ကျွန်တော်သူမကို မတွေ့ရဘူး ..အတက်အဆင်းသံကြားတိုင်းသူမများလားလို့ချောင်းကြည့်နေပေမယ့် သူမရဲ့အခန်းက
အမြဲပဲပိတ်မြဲပိတ်လျှက်နဲ့မို့ မယောင်မလည်နဲ့ကျွန်တော်မနေနိုင်ပဲအခန်းရှေ့သွားကြည့်တော့ သေချာပါတယ်သူမအတွင်းပိုင်းမှသောခတ်ထားတဲ့ပုံစံနဲ့တံခါးချက်ကိုမြင်ရတဲ့ခဏ ကျွန်တော်လက်တွေကတံခါးခေါက်မိရက်သားဖြစ်သွားခဲ့တယ်.ထွက်လာရင်
ရုတ်တရက်ဘာပြောရမှန်းမသိလို့  ယောင်ချာချာဖြစ်နေတဲ့ကျွန်တော်တံခါးလာဖွင့်ပေးတဲ့သူမကိုအမြင်မှာ အံ့သြမင်သက်ရင်းပျော့ခွေ့လဲကျသွားတဲ့သူမကို ပွေ့ချည်ရင်း ကျွန်တော်တစ်ယောက်တည်းအလုပ်တွေများနေခဲ့တာ...တစ်ယောက်တည်းနေတဲ့သူမ
ကသွေးအားနည်းရောဂါကြောင့် မကြာခဏ သတိလစ်မေ့မျောတက်ပြီး ကျန်းမာရေး ဂရုမစိုက်တဲ့သူဖြစ်ကြောင်းလည်းသိပ်မကြာခင်ပဲကျွန်တော်သိလာရသလို
သူမအခန်းကိုမြင်လိုက်ရတဲ့ခဏမျက်လုံးတွေကျက်သေသေအောင်ပဲ ရှုပ်ပွနေတဲ့အခန်းတွင်းမှာ
လမ်းလျှောက်စရာ တောင်နေရာမရှိအောင်ပွကျဲနေသောအခန်းတွင်းမှာ သူမဘယ်လိုနေပါလိမ့်လို့
အတွေးတွေနဲ့အတူသူမရဲ့အခန်းအားသပ်သပ်ရပ်ရပ်ဖြစ်စေဖို့ကျွန်တော်စွမ်းဆောင်ခဲ့ပေမယ့်
သူမရဲ့ဂရုစိုက်သသိအမှတ်ပြုမှုကိုမရခဲ့တဲ့အပြင် သူမကသက်ရှိသက်မဲ့တွေအပေါ်ဂရုမစိုက်တက်တက်ပဲ
သူမရဲ့အတွေးတွေနဲ့စာအုပ်တွေနဲ့သာကျင်လည်နေသူဖြစ်မှန်း သိပ်မကြာခင်ကျွန်တော် သိလာခဲ့တယ်...
ဘေးနားမှာကျွန်တော်တစ်ယောက်လုံးရှိနေတာကိုမေ့ပြီး အတွေးတွေထဲမှာမျောနေတက်ပြန်ပြီး
သတိပြန်ဝင်လာတဲ့အခါမှာလည်း အားနာရကောင်းမှန်းမသိတက်ပြန်ဘူး....သူမအိမ်ပြန်ပြန်ချိန်တွေနောက်ကျရင်
ထိုင်နေကျဆိုင်မှာပြန်ဖို့မေ့လောက်အောင်တွေးနေပြီလားဆိုတဲ့အတွေးတွေနဲ့ရင်ပူတက်လာခဲ့ပေမယ့်သူမကတော့
ကျွန်တော်ကိုသက်ရှိတစ်ယာက်လို့တောင်အသိမှတ်မပြုခဲ့ပေမယ့် ကျွန်တော်က သူမရဲ့ဘေးမှာအဲလိုနေရတာကို နေသား
ကျမှန်းမသိကျလာခဲ့တယ်..ကျွန်တော်ရုံးပိတ်ရက်တွေမှာဖွယ်ဖွယ်ရာရာချက်ပြီးသူမနဲ့ထမင်းအတူစားဖို့ပြင်ဆင်ခဲ့ပေမယ့်
သူမက ကျွန်တော်ရဲ့ပြင်ဆင်မှုတွေအတွက် အသိအမှတ်အနေနဲ့တောင် ဘာတစ်ခွန်းမှမပြောပဲ ကျွန်တော်ပြင်ဆင်ပေးတဲ့
ထမင်းစားပွဲမှာ စာအုပ်ဖတ်လျှက်ထမင်းစားရင်းလည်းတွေးနေတက်တာ...ပြီးတော့သူမက ဗုဒ္ဓဘာသာဝင်မဟုတ်ပဲ ခရစ်ယာန်
ဘာသာဝင်တစ်ဦးဖြစ်လို့နေပြန်တယ်...ဒီလိုနဲ့သူမနဲ့ရင်းနှိးလာတဲ့၃နှစ်အတွင်းမှာသူမရဲ့ အနေအထိုင် အပြုအမှုတွေကို
အလွတ်ရနေအောင်ကျွန်တော် သိနေခဲ့ပေမယ့် စကားမလိုအပ်ရင်လုံးဝမပြောတဲ့သူမကြောင့်သူမရဲ့စိတ်တွေ...အတွေးတွေ
ကိုကျွန်တော် မသိနိုင်ခဲ့ဘူး..နှစ်တွေရာသီတွေအချိန်တွေလည်ပတ်နေပေမယ့် သူမရဲ့စိတ်ထဲမှာ ကို အသိအမှတ်ပြုတဲ့
အရိပ်ယောင် ရှာဖွေလို့မတွေ့ခဲ့ဘူး...တစ်ပတ်လောက်သူမနဲ့မတွေ့အောင်နေရင်းသူမများကျွန်တော်ကို
ဆက်သွယ်လာမလားလို့တိတ်တဆိတ်အလွမ်းတွေမြိုသိပ်ရင်းစောင့်မျှော်ခဲ့ပေမယ့် ကျွန်တော်ရဲ့မျှော်လင့်ချက်တွေသာ
အချည်းနှီးဖြစ်ခဲ့ရတယ်..မနေသာတဲ့အဆုံးကျွန်တော် သူမရှေ့ရောက်လာတော့လည်းသူမက ခံစားမှုမဲ့စွာနဲ့ ကျွန်တော် ကို တစ်ချက်မျှသာစောင်းငဲ့ကြည့်ပြီး သူမရဲ့အတွေး..ဒါမှမဟုတ်စာအုပ်နဲ့သာအချိန်ကုန်နေတက်တယ်....
အချိန်တွေသာပြောင်းရာသီတွေပြောင်းအသက်တွေသာပြောင်းလာတယ်..သူမနဲ့ကျွန်တော်ရဲ့ ပက်သက်မှုက
ရှေ့လည်းမတိုး..နောက်လည်းမဆုတ်ပဲ...အခုလို အနေအထားလေးအတိုင်းပဲ ရှိနေခဲ့တာ....ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပေမယ့်......သူမကလည်းအတွေးတွေနဲ့စအုပ်ကလွဲရင်
ဘာမှကိုစိတ်မဝင်စားသလို..ကျွန်တော်ကလည်း...သက်ရှိတစ်ယောက်လို့တောင်အသိအမှတ်ပြုဖော်မရတဲ့ သူမရဲ့နားမှာ
အခုလို လေးနေနေရတဲ့ဘဝတစ်ခုမှာနေသားကျနေပြီး..ကျွန်တော်ကဘယ်သောအခါမှစွန့်လွတ်ဖို့မကြိုးစားမှာ
သေချာနေတဲ့ ကျွန်တော်နဲ့သူမတို့ရဲ့ ခံစားမှုတွေကို လူတိုင်းနားလည်နိုင်မှာမသေချာသလို....
ကျွန်တော်ကိုယ်တိုင်တောင်ဆယ်စုနှစ်တစ်ခုသာ...ပြီးဆုံးခဲ့တာသူမအကြောင်းဘာသာမပြန်နိုင်ပေမယ်...
ကျွန်တော်သူမဘေးမှာ ခုလိုနေခွင့်ရနေတာနဲ့....ကျေနပ်နေမိတာ......ဘာအတွက်ကြောင့်များပါလိမ့်....
....................................................................
........................................................................
................................................................................

အတ္တကြီးတဲ့ကျွန်မနဲ့ကျွန်မချစ်သောမောင်

ကျွန်မနဲ့မောင် အမှတ်မထင် စတင်ဆုံတွေ့ခဲ့တာ အခုလို မြန်မာဆိုဒ်လေး တစ်ခုမှာပါ။ အဲဒီအချိန်ထိ ကျွန်မ စာမရေးသေးပါဘူး.. သူများတွေ တင်ထားတဲ့ ဘလောင်္ဂ့ပို့စ် လေးတွေ လိုက်ဖတ်ရင်း .အပြန်လှန် ကွန်မန့် ပေးနေရင်းနဲ့ အမှတ် မထင် ပဲမောင်နဲ့ ရင်းနှီး ကျွမ်းဝင် ခဲ့တယ်။ မောင်နဲ့ ကျွန်မတို့ စတင် သိကျွမ်း ခဲ့စဉ် ကတည်းက ကလေး တစ်ယောက်လို ဖြူစင်စွာ  ရယ်မော တက်တဲ့မောင် ၊စကားေ ပြာဖြစ်ခဲ့တော့ တိုတောင်း အချိန်အတွင်း ဆိုပေမယ့် မောင့်ရဲ့ ရိုးသားမှု ကိုကျွန်မ ခန့်မှန်း နိုင်ခဲ့တယ် ။မောင်ဟာ  ပကတိ ကလေးငယ် တစ်ယောက် လိုရယ်မောရင်း... အပူပင် ကင်းကင်းနဲ့ လွတ်လပ် စွာနေတက်တဲ့ သူမှန်း ကျွန်မခန့်မှန်း မိသလို.. သိပ်မကြာတဲ့ အချိန် အတော အတွင်း လေးမှာပဲ  ကျွန်မတို့ မကြာခဏ ဆုံဖြစ်ကြတယ်။ စကား စမြည် ပြောရင်း. .တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ သံယောဇဉ် ဆိုတဲ့  မမြင်ရတဲ့ ကြိုးလေး တစ်ကြိုးနဲ့ ချည်တုတ်ရင်း ချစ်တယ်ဆိုတဲ့ ဝေါဟာရ တစ်ခုမှာ နှစ်ယောက်သား  ကျရှုံး ခဲ့တယ်လေ..ကျွန်မက မိသားစု များတဲ့ မိသားစုက မွေးဖွားလာသူ တစ်ဦးဖြစ်သလို မပြည့်စုံမှုတွေနဲ့ ရှင်သန်ကြီး ပြင်းခဲ့ရသူ ပီပီ ၊ဆင်းရဲခြင်း ဆိုတာကို တိုက်ဖြတ်ဖို့  ငယ်စဉ် ကတည်းက ရည်မှန်းချက် ကြီးကြိးနဲ့ ခုလို အရမ်း ကွာဝေးတဲ့ ဒေသ တစ်ခုကို မိန်းမသား တစ်ယောက်အနေ နဲ့စွန့်စွန့်စားစား  ထွက်ခဲ့ပြီး  အရွယ် အိုနေတဲ့ မိဘနှစ်ပါးနဲ့  ကျောင်းမပြိးသေးတဲ့ မောင်လေးအတွက်၊ အိမ်ထောင် ကိုယ်စီ တည်ထောင် သွားကြပေမယ့် မပြေလည်တဲ့ မောင်နှမတွေ့ရဲ့ မိသားစု ပြသနာတွေ ကိုတာဝန်ယူဖို့ ဆိုတဲ့  အသိက ကျွန်မရဲ့ နှလုံးသားထဲမှာ သံမိုတစ်ခုလိုစွဲ ၊မိသားစုတွေနဲ့ မျှော်လင့်ချက်  ၊အားကိုးမှုတွေ ကိုဖြစ်စေရမယ် ဆိုတဲ့ အသိနဲ့ ဖြစ်လာ သမျှဒုက္ခ ၊သောကတွေကို တစ်ယောက်တည်း ရင်ဆိုင်လို့ ဘဝတိုက်ပွဲ အတွက်  မန်ကို သွင်းအားတင်းလို့ ရင်ဆိုင်နေ ရတဲ့သူလေ။  မောင်ကလည်း ပြည့်စုံတဲ့ မိသားစုက ပေါက်ဖွားလာတာ မဟုတ်ပေမယ့်  မောင်နှမလည်း နည်းတော့ မိသားစုကို တာဝန် ယူနေရတာခြင်း တူပေမယ့် ရည်မှန်းချက်ေ တွကြတော့မောင်နဲ့ ကျွန်မ တခြားစီဖြစ် နေကြတယ်။ မောင်က ကျေနပ်ယောင် ရဲတက်တယ်၊  ရသလောက် ဖြစ်အောင် နေမယ်ဆိုတဲ့ အတွေးတွေနဲ့ ဘဝကို အေးစေးစွာပဲ ဖြတ်သန်းချင်တဲ့ သူတစ်ယောက် ဖြစ်နေခဲ့တယ်။ မောင်က ကျွန်မကို  အမြဲေ ပြာလေ့ ရှိတာက "မမရေ.. ဘုရား တရား လုပ်နော်၊  ဒေါသ ဖြစ်အောင် ပြောနေလည်း. .ကိုယ်က မယူရင် ကိုယ်စိတ်ချမ်းသာ တာကိုအသိဆုံးပဲ .ပေးတိုင်း လက်ခံမနေနဲ့" ဆိုပြိး မကြာခဏ စိတ်ညစ်နေတက်တဲ့ ကျွန်မကို အမြဲအားပေး၊ ရယ်မော စရာတွေ ပြောပြီး .".မမကလေ ..ပြသနာ မဟုတ်တာကို ပြသနာလုပ် ပြိးစိတ်ညစ်ခံနေ တယ် "ဆိုပြီး အပြစ်တင်စနောက် နေတက်တယ်လေ။   ..ရည်မှန်းချက် တွေဘဝတွေ အကြောင်း မောင်နဲ့ ဆွေးနွေးဖြစ်တိုင်း အမြဲမောင်နဲ့ အခြေအတင် ဖြစ်ခဲ့ရတယ် ။မောင် အမြဲပြောလေ ရှိတာက  " မမက သိပ်အတ္တကြီး တာပဲတဲ့။ မမရဲ့ ရည်မှန်း ချက်တွေနဲ့ မောင့်ကို ဘယ်သူကို ချစ်လဲ" လို့ မကြာခဏ မေးတက်သလို မေးတိုင်းလည်း " မမရဲ့ ရည်မှန်းချက် တွေကို ပိုချစ်တာပေါ့ " လို့  ကျွန်မ ပြန်ဖြေ တိုင်းလည်း.. " ဟွန်း "လို့ နာခေါင်း ရှုံပြီး အလိုမကျ ဖြစ်သွား တက်ပေမယ့်  မောင်က ခွင့်လွတ်စွာနဲ့  " ချစ်ပါ မမရယ် မောင်က  ကျေနပ်ပြိးသား. .မမသဘော၊ မမသဘော " လို့. .ရယ်ဟဟ ပြန်ပြောတက်တယ်။ မကြာခဏ စိတ်ညစ်စရာ တွေနဲ့ကြုံတိုင်း ကျွန်မ အွန်လိုင်း မတက်ပဲ ပုန်းနေတက်တာ မောင်ကသိရင် ..စိတ်မကောင်း ဖြစ်တက်တာ သိနေပေမယ့် လည်း အမြဲ ခွင့်လွတ်စွာနဲ့ ပဲစိတ်ညစ်လည်း"  မမရယ်. .မောင့်ကို ဘေးနားမှာ သာထား. .မမရယ်အောင် လုပ်ဖို့ မောင်တစ်ယောက်လုံး ရှိပါတယ် " တဲ့.. " မမအတွက် မောင်ကအဲလို စိတ်ည စ်နေချိန်မှာ အားပေး ဖော်တစ်ယောက် အနေနဲ့ တော့ အရာ သွင်းစမ်းပါ မမရဲ့ " လို့ မကြခဏ အပြစ် တင်တက် သေးတယ်လေ။ မယုံမရဲနဲ့ လည်း အမြဲ မေးတက်တာက  " မမ မောင့်ကို တစ်ကယ် ချစ်ရဲ့လား "တဲ့လေ။ အဲလို အခါမျိုးကြရင် ကျွန်မကလည်း " မနက်ဖြန် တွေတိုင်းမှာ တိုးတိုးပြီး ချစ်ချင်တယ် "လို့ ပြန်ပြောရင်  အမြဲ ကျေနပ်နေ တက်တဲ့မောင်။ " မောင့်ကို စွန့်လွတ် ရဲလောက်အောင် လည်းချစ်တယ် "လို့ ပြောရင်. ." အဲဒါတော့ မောင် လက်မခံ ဘူးနော် မမ " ဆိုပြိး ပြောလက်စ စကား လမ်းကြောင်း လွဲတက်တဲ့မောင်။ မကြာခဏ မိသားစု ပြသနာတွေေ ကြာင့်စိတ် ညစ်တက်တဲ့ ကျွန်မကို တော့ ရယ်မော စရာတွေနဲ့ နှစ်သိမ့် တက်ပေမယ့် တစ်ခါတစ်လေ ဘဝအကြောင်း ဆွေးနွေးလို့ အဆင်မပြေ ဖြစ်စိတ်ညစ်တဲ့ အခါဆိုရင်တော့ " မောင်စိတ် ညစ်လို့ မမရာ မောင်ကို (၁၀) မိနစ်လောက် အချိန်ပေးနော် " ဆိုပြီး  စိတ်ညစ် မှုတွေကို ဆေးလိပ် သောက်ခြင်းနဲ့ ဖြေဖြောက် တက်တဲ့မောင် " ။မောင် ဆေးလိပ်တွေ သောက်တာ များနေပြီနော်  " ကျွန်မ ပြောတိုင်း " မမက မောင့်ကို စိတ်ညစ်အောင် လုပ်နေတာ ကိုး " လို့ မကျေမနပ် ကလေး တစ်ယောက်လို  ပြန်ပြော တက်တဲ့မောင် ။မောင့်အတွက် ကျွန်မက အချစ်ဦး မဟုတ်သလို မောင်ကလည်း ကျွန်မအတွက် အချစ်ဦး မဟုတ်ခဲ့ ပေမယ့်  နားလည်မှု တွေနဲ့ အပေးအယူ ညီမျှစွာပဲ အချိန်တွေ ကုန်ဆုံးခဲ့ ကြတာ ..တစ်နေ့ ကျွန်မ နိုင်ငံခြားသား ခံယူခွင့်ဆိုတဲ့ အခွင့်အရေး တစ်ခု ကျွန်မအတွက် ရောက်လာတဲ့ တစ်နေ့ မောင်နဲ့ ကျွန်မ အတွက် ကံကြမ္မာ ဖန်လာခဲ့တယ်။ မောင့်ကို စွန့်လွတ်ဖို့ နဲ့ရလာတဲ့ အခွင့်အရေး ဆိုတာကို လက်လွတ် ခံဖို့ဆို တဲ့ အားပြိုင်မှု နှစ်ခုကြားမှာ ကျွန်မ နှလုံးသားတွေ မွမွကြေ ခဲ့ရတာမောင်  သိနိုင့်ပါမလား...။ နိုင်ငံ ရပ်ခြားမှာ နိုင်ငံသား ခံယူဖို့ ဆိုတာ လူတိုင်း အတွက် မလွယ်ကူသလို.၊  ရည်ရွယ်ချက် တွေပြည့်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်  မောင်နဲ့ လက်တွဲဖို့ ရည်ရွယ် ထားတဲ့ ကျွန်မအတွက် ..မောင်နဲ့ ဆုံဆည်းဖို့ ဆိုတာ  မျှော်လင့်ချက်မဲ့ လမ်းဆုံးေ နပြီဆိုတာ သိလိုက် ရတဲ့ခဏ လောကကြိးနဲ့ အဆက်သွယ် ပြတ်သွားခဲ့ ရတယ်မောင်။ မောင်ကို ဖွင့်ပြောတော့  " အိမ်နဲ့ တိုင်ပင်ပါအုံး လားမမ " တဲ့။ အိမ်ကို ဖွင့်ပြောပြတဲ့ အားလုံးသော မောင်နှမတွေ ကဝမ်းသာကြ ပေမယ့်  မိဘတွေ ကတော့ ကိုယ်တိုင်ပဲ စဉ်းစားဆုံး ဖြတ်ပါတဲ့၊ အိမ်ရဲ့ သဘောထား ကိုမောင့်ကို ဖွင့်ပြောတော့ " မမသဘောက ဘယ်လို ဆုံးဖြတ်မှာ လဲ " တဲ့။  ထိရောက် သေသပ်တဲ့  မေးခွန်းလေး တစ်ခုပါ.ပဲ  မောင်.။ " ဘာကိုပဲ ဆုံးဖြတ် ဆုံးဖြတ် မမရဲ့ ဆုံးဖြတ်ချက် အတိုင်း.. .မောင် လက်ခံပါမယ် " တဲ့။ အမိန့် ချခံယူမယ့် အပြစ်သား တစ်ယောက်လို  သွေးပျက်ေ ခြာက်ခြားမှု တွေကို စိတ်တည် ငြိမ်အာင် ထိန်းရင်း မောင်က ကျွန်မရဲ့ စကား တစ်ခွန်းကို စောင့်ဆိုင်း နေခဲ့တယ်၊ အချိန် တော်တော် ကြာတဲ့ အထိ ကျွန်မဘာမှ မပြောတော့ မောင့်က  ခပ်ဖွဖွ နားနား ကျည်းကျည်း ရယ်မောရင်း ." .မမက  မမရဲ့ အတ္တကို မောင့်ထပ်  ပိုချစ်ကြောင်း သက်သေ ပြလိုက် တာပေါ့လေ " ..တဲ့။ ကျွန်မ ကိုယ်တိုင် နှုတ်က ဖွင့်မပြောခဲ့ ပေမယ့်  ဆုံးဖြတ် ပြိးသား ဖြစ်နေတဲ ကျွန်မရဲ့ ဆုံးဖြတ် ချက်တွေကို  မောင်က နားလည်နေ ခဲ့တယ်လေ။ အဲလိုချိန်မှာ မောင့်အတွက် ပဲဖြစ်ဖြစ်ပဲ မောင်ကျွန်မကို နာကျဉ်း မုန်းတီးခဲ့ သင့်ပါလျှက် နဲမောင်က " မမ အဲဒီကိစ္စ တွေကို မေ့ထားပြိး  ချစ်လို့ရတဲ့ အချိန်လေးမှာ ဝေးရမယ်ဆိုတဲ့ အသိကို ခဏလောက် မေ့ထားပြိး ဆက်ချစ်ကြမယ်  " တဲ့လေ..။ ကျွန်မရဲ့ ရင်တွေ ကွဲအောင်  ပဲမောင်က ကျွန်မအပေါ် ခွင့်လွတ် နားလည်မှု အပြည့်နဲ့ ချစ်ပြခဲ့တဲ့ မောင်ကို ကျွန်မ  ကျောမခိုင်း ချင်ပဲကျောခိုင်းဖို့ ပါတစ်လက် စတည်း ဆုံးဖြတ် မိခဲ့တာ မောင့်ကို သက်ညာတဲ့ ကျွန်မရဲ့ တစ်ခု တည်းသော တက်နိုင် မှုလေးပါ. .အဲဒီလိုနဲ့ မောင်က "  မမရေ.. ဒီနေ့ဆို မောင်တို့ရဲ့ ချစ်သက်တမ်း ဘယ်လောက် ရှိပြီလည်း " လို့ မေးတော့..  " မမမှ မသိတာ မောင်မှတ် မထားဘူး " လို့ ခပ်တည်တည် ပြန်ဖြေတော့. .." အဲလိုလေးေ ဖြရုံနဲ့ မမလိုချင်သလို  မောင့်ဆီက နားကျဉ်း မုန်းတီး မှုတွေရမယ် ထင်နေလား " လို့ အရယ်မပျက် ခွင့်လွတ် တက်သူမောင်ပါ..။ နာကျင်မှုတွေနဲ့ အတူအချိန် ကြာလာတာနဲ့ အမျှမောင် ကျွန်မကို မေ့သွားဖို့မျှော် လင့်ခဲ့ပေမယ့် မောင်ကတော့ ကျွန်မအပေါ် နားလည်မြဲ နားလည် ခွင့်လွတ်မြဲ ခွင့်လွတ်လို့ မေတ္တာမပျက်  ချစ်လို့ နေဆဲပါ ...မောင့်ရဲ့ အကောက်ကို ဘလောင်္ဂလုပ် လိုက်ပြီး  မောင်နဲ့ အဆက်သွယ် ဖြတ်ခဲ့ပေမယ့် ..facebookမှာရှိတဲ့ မောင့်စာမျက် နှာတွေပေါ်၊ ဆိုဒ်တွေ ထဲမှာရှိတဲ့ မောင့် အိမ်လေးတွေ ပေါ်တော မကြာခဏေ ရာက်နေ တက်ခဲ့တယ်လေ. နှစ်ယောက်သား ဆုံဖြစ်ပေမယ့် မခေါ်မိအောင် ရှောင်လွဲရင်းနေ့ ရက်တွေကို ဖြတ်သန်းခဲ့ ကြတယ်. တစ်ခါတစ်လေ. အရမ်းသတိရလို့ ဘလောင်္ဂ့ လုပ်ထားတာ ဖြတ်ပြီး"  မောင်ဘာ လုပ်နေလဲ " လို့  မေးတဲ့ အခါကျရင်လည်း. " .မမထားခဲ့တဲ ဘဝမှာ နေပျော်အောင် နေနေတာပါ "လို့ မဆိုင်းမတွ ပြန်ဖြေတက်တဲ့ မောင်. .တစ်နေ့." .မောင်vzoပြော မယ် " ဆိုလည်း " ဟုတ်မမ "ဆိုပြီး မောင့်ကို မြင်တွေ အခိုက် ကျွန်မမျက်လုံး တွေကိုတောင် ကျွန်မမယုံနိုင် လောက်အောင်  မောင်အများ ကြီးပြောင်းလဲ သွားခဲ့တာ ဆံပင်တိုတိုကို အမြဲသေသေ သပ်သပ်ဖီးလို့ သပ်သပ်ရပ်ရပ် နေတက်တဲ့ မောင့်မှာ  ခုတော့ ဂုတ်ထိ လုနီးပါးဆံပင်တွေ ကိုအပေါ် လှန်တင်ပြီး အနည်းငယ် မဟုတ်ပဲတော်တော် ကြီးပိန်ကျသွားတဲ့ မောင့်ကို အတွေ့မှာ ကျွန်မမျက် လုံးတွေကိုတောင် မယုံနိုင် လောက်အောင် ဖြစ်ခဲ့ရတယ်. .ခပ်ကျယ်ကျယ် ဖွင့်ထားတဲ့ မျိုးကြီးရဲ့ သူစိမ်းတစ်ယောက်ပါ သီချင်းတစ်ပုဒ်ကို လိုက်ညည်းနေရင်း. အဆင်ပြေလား အလုပ်ရော၊ မိသားစုတွေနဲ့  ရော တွေ့ဖြစ်သေး လားမမရော နေကောင်းရဲ့ လားလို့  မေးခွန်းတွေ မေးနေတဲ့ မာင့်ကိုကြည့်ရင်း..

......................................................ကျွန်မ..............................................

...........................................................................................................

.......ဒီလောက်နဲ့ပဲရပ်နားခွင့်ပြုပါနော်.....................................................

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More