
Thursday, January 19, 2012
ပြတ်စဲခြင်း သီအိုရီ
အမှောင်ချထားတဲ့အိမ်
အလင်းကင်းမဲ့သလိုမျိုး..
နင်မရှိတဲ့ အချိန်
ဟာတာတာ..အသိ ဘဝင်မညှိလိုက်တာ
နင် သနားတက်မှန်းသိလို့
မျက်ရည်ခံ ထိုးတဲ့အလုပ် ငါဘယ်တော့မှ မလုပ်ခဲ့သလို
ဆန်ကျင့်ဘက်လမ်းမှန်းသိလျှက်နဲ့ နင်လှမ်းနေတာကိုလည်း
ငါ..မတားခဲ့ဘူးလေ...ဒါပေမယ့် လည်ပြန်တော့ လှည့်မကြည့်နဲ့
ဒုတိယ ဆိုတဲ့ ဝေါဟာရ ငါ့ဘဝမှာ မရှိစေရဘူး...။
ကြွေမယ်မှန်းသိလျှက်
ခြွေပြီးမှတော့...
ရင်ဘတ်နဲ့ မျက်ရည်
နှိုင်းယှဉ်မနေနဲ့...နှစ်ခါနာတယ်ဆိုတဲ့ စကား
အိမ်မက် မက်ခွင့်တောင် မရစေရဘူး...။
ဂယောက်ဂယက်
အိမ်မက်နဲ့ စူးနစ်စေခဲ့တဲ့ ဒဏ်ရာ
လူးလိမ့်နေစေအုံး...နင်အတွက်တော့
ပြန်လမ်းမဲ့ ခရီးမို့ တံခါးပိတ်ပြီး ငါအိပ်တော့မယ်
အိမ်မက်ထဲတောင် နင်မလာနဲ့တော့...။
ဆန္ဒနဲ့
ဆုတောင်း
ကွဲကွဲပြားပြား နားလည်ရင်...
နင်ရွေးချယ်တဲ့လမ်း.. ခရောင်းလမ်း ကင်းလို့
ခမ်းနားခြင်းလည်း ရှိပါစေ...မာနတံခွန်လွင့်လို့ထာဝရ မော်ကြွားနိုင်ပါစေ။
Written By Angelhlaing
Thursday,January 19, 2011
7,33 PM (Austria)
www.angelhlaing.blogspot.com
31 comments:
ယှက်နွယ်ခဲ့သမျှ...စုတ်.ပြတ်..စို့.နင့် တွဲလက်တစ်စုံ...တုန်.ရီ.ကွဲ.အက်
နာကျင်မှုတွေ
ဘယ်လောက်ပဲအရောင်လက်ခဲ့...လက်ခဲ့
နင်ပျော်ပါစေ...နင်ပျော်နိုင်ပါ စေ....
နင်ပျော်နိုင်ပါစေကွယ်... .လို့
တစ်ယောက်ဘ၀ထဲကို
တစ်ယောက်ကမပျော်ဝင်နိုင်တဲ့အခါ
တံခါးတွေက ခါးတယ် ။
အစဉ်အလာတွေဘယ်လိုရှိရှိ
မခမ်းနားသောညသည်
အလင်္ကာမဲ့သောကဗျာတစ်ပုဒ်လို အဖတ်ဆည်စရာစကားလုံး
ကြွေကျ.မြေခ.ကြေမွ.သွားခဲ့ရတဲ့နောက်
ကန်လန့်ကာအကွယ်ကအဓိပ္ပါယ်ကိုမရှာချင်တော့ဘူး ။
သူ့လမ်းနဲ့သူ...ကိုယ့်လမ်းနဲ့ကိုယ်......
ငါတို့...အိမ်ပြန်ကြစို့ ။ ။ :))))))))))
ခံစားခဲ့ပါတယ်ဗျို့ ။
ညီမလေးဆီတောင် မရောက်တာကြာပြီ။ ကဗျာလေး လာဖတ်သွားတယ်နော် ...
အဆင်ပြေ ပျော်ရွှင်ပါစေ ...
ညီမရေ ကဗျာလေးကြိုက်လိုက်တာ
ခံစားအားပေးသွားပါတယ်
ရေးတတ်ပါပေနော်
ကဗျာလေးက မိုက်တယ် အိန်ဂျယ်ရေ..
ခံစားရတယ် မမရာ
ကဗျာစာသားတွေ ကောင်းလိုက်တာ
ဒါမဲ့ ချစ်ပြီးရင် မပြတ်စဲချင်ဘူး.. :P
ချစ်ခင်လျက်
Junemoe
ကဗျားလေးတော်တော်ကောင်းတယ်ညီမလေး...
စာတွေဆက်လက်ရေးအားကောင်းပါစေ...
နင်ရွေးချယ်တဲ့လမ်းပေမယ့် အိမ်မက်ထဲထိတော့လာခွင့်ပေးလိုက်ပါကွယ်
ကဗျာလေးကောင်းလို့ ခံစားသွားတယ်
အမ
မဒိုးကန်
ကဗျာလေး ဖတ်သွားပါတယ်.. အိန်ဂျယ်ရေ.. ထုံးစံအတိုင်း ကဗျာဆိုရင် ပြောစရာစကားက ရှာမရဖြစ်နေတယ်..း))
ခင်မင်လျက်
နေ၀သန်
ကဗျာကောင်းလေးကို ခံစားအားပေးသွားတယ် ညီမရေ...
ကဗျာလေးလည်းကောင်း ရွေးထားတဲ့ပုံလေးလည်း
အသက်ဝင်တယ် အိန်ဂျယ်ရေ။ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာကောင်းလေးပါအမရေ
ဒါပေမဲ့ပြတ်စဲဖို့တော့မတွေးရဲဘူး
ပီားးးး
ပျော်ရွှင်ပါစေဗျာ
နင် မလာနဲ့တော့း))
ပြတ်သားလှချည်လား မိလှိုင် . . . အိပ်မက်ထဲ သတိရလို့ လူးလှိမ့်နေရင်တောင်မှ မေ့ပစ်မယ်ဆိုပဲး))
ကဗျာကောင်းလေးတစ်ပုဒ် အကို ရင်နှင့်အမျှ ခံစားပြီး ဖတ်သွားတယ် မိလှိုင်း))
ခင်မင်စွာဖြင့်
အကိုဗညား
ဟက်တက်ကို ဟက်ထိသဗျို့.... ပြတ်သားလှချည့် မအိန်ဂျယ်... ကဗျာလေးကောင်းလို့ ၃ လေးခါ ဖတ်ပြီး ခံစားသွားပါတယ် ခင်ဗျာ။
ကဗျာလေးဖတ်သွားခဲ့တယ်ညီမရေ...
စိတ်လက်ချမ်းသာစွာ စာတွေရေးနိုင်ပါစေလို့...
နောက်တောင်ကျနေပြီနော်
ကိုယ်ကလွမ်းနေလို့အိမ်တွေလည်ပါတယ်ဆိုမှ
(ကြွေမယ်မှန်းသိလျှက်
ခြွေပြီးမှတော့...
ရင်ဘတ်နဲ့ မျက်ရည်
နှိုင်းယှဉ်မနေနဲ့...နှစ်ခါနာတယ်ဆိုတဲ့ စကား
အိမ်မက် မက်ခွင့်တောင် မရစေရဘူး)
ကိုယ်ထက်သာတဲ့သူတွေပဲတွေ့နေရတယ်လေ
အလွမ်းဆိုတာပိုက်ဆံနဲ့ ၀ယ်ရတာမှမဟုတ်တာ---
လွတ်လပ်စွာငါတို့တူတူလွမ်းကြစို့
သူလည်း သူ့လမ်းသူလျှောက် ကိုယ်လည်း ကိုယ့်လမ်းကိုယ် လျှောက်ပေါ့...
ကဗျာလေး ကို ခံစားသွားပါတယ်..
အိပ်မက်ထဲတောင် မလာခိုင်းတော့ဘူးပေါ့ ပြတ်သားလိုက်တာ အိန်ဂျယ်လှိုင်ရေ...ကဗျာလေး ကောင်းသဗျ...နှစ်ခါကို ခံစားဖတ်ရှုသွားတယ်...
အိမ်မက်ထဲကိုမလာနဲ့လို့
တားလို့ရပါ့မလားလှိုင်...
မလာဘူးကွ.. မလာဘူး.. အီစကို အရူးမဟုတ်ဘူး.. (ဟေဟေ့.. ကိုယ့်ကို ယုံထင်၊ကြောင်ထင် အထင်ခံရလည်း နည်းလား။။ ရွာကလူပျိုကြီးတောင် အပျိုလေးတွေ ယောင်္ကျားနောက်လိုက်ပြေးတိုင်း အိမ်နောက်ဖေးမှာ ပုန်းနေသေးတာပဲ.. ကိုယ်ကအဲလို ပုန်းရတာမှ မဟုတ်တော့နော။။ ဟီးဟီး။။။)
ပြတ်သားတယ်ဗျို့း)
ပြန်လှည့်မကြည့်နဲ့တဲ့း)
အလွမ်းမဲ့နိဂုံးတစ်ခုပါပဲအစ်မရေ..
ချစ်ခင်လျှက်
မိစံ
မမက ကဗျာရေးကောင်းတယ်နော်.. :D
အိပ်မက်ပါညီမလေး။ အိမ်မက်မဟုတ်ပါဘူး။ အိပ်ရင်နဲ့တောင်မက်လို့လေ။ နောက်တစ်ခုက အုံး မဟုတ်ပါဘူး။ ဦး ပါ။ အုံး က ခေါင်းအုံးမှာပဲ ရှိတယ်။ လုပ်ပါရစေ၊ သွားပါရစေတို့မှာ ဦး ပါ။ ဒုတိယဆိုတဲ့ ဝေါဟာရတောင်မရှိဘူးဆိုတော့ တော်တော်
ပြတ်သားတာပဲနော်။ ညီမလေးက မော်ဒန်ဘက်ကို တော်တော်သန်သွားပြီ။ ခံစားချက်တွေလည်း ပြင်းထန်နေတယ်။ တကယ့်ဘ၀ဆိုရင်တော့ စိတ်ကို နည်းနည်းလောက်ပြန်လျှော့စေချင်ပါတယ်။ ကဗျာကိုကြိုက်တယ်။
ပြတ်ပြတ်သားသားပဲ။
အေးရော..။
တကယ့်ဘဝမှာ သံယောဇဉ်ကို အဲဒီလို ပြတ်နိင်ရင် ကောင်းမယ်။
အမှားလေးတွေ အစဉ်တစိုက် ပြုပြင်ပေးလို့ ကျေးဇူးပါ အကို..(အကိုဆူးသစ်)
နောက်ကျနေလို့ခွင့်လွတ်ပါ
အဆုံးသတ်လေးလှလိုက်တာဗျာ
ဆန္ဒနဲ့
ဆုတောင်း
ကွဲကွဲပြားပြား နားလည်ရင်...
နင်ရွေးချယ်တဲ့လမ်း.. ခရောင်းလမ်း ကင်းလို့------
ခင်တဲ့
ဘိုဖြူ
ချစ်သူအပေါ်ထားတဲ့ ခံစားချက်လေးတူသလိုထင်ရတယ်
း)
မောင်ဘကြိုင်
အိမ်ဂျယ်တစ်ယောက် အိပ်ရေး၀၀အိပ်ရတော့မယ်ထင်တယ်..။ အိမ်မက်ထဲတောင် အလာမခံတော့ဘူးဆိုတော့။
ဖတ်ချင့်စဖွယ်ဖြစ်အောင် ရေးထားတာ သဘောကျလို့ပါ။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အဲသည်လောက်ကြီး ပြတ်သားတာကြတော့ မကောင်းဘူးထင်တယ်နော်။
နည်းနည်းလေးဖြစ်ဖြစ်လွမ်းနေလိုက်ပါဗျားးးP။
(မင်းဧရာ)
ကဗျာလေး အရမ်းကောင်းတယ် အိန်ဂျယ်ရေ..
ပျက်သားချက်က လန့်စရာပဲ ၊ ဒါပေသိ ဘာကိစ္စ ထွက်သွားတဲ့လူကို စိတ်နာနာနှင့် စုတွေတောင်းပေးရတာာဒုံး.........း)
"လူးလိမ့်နေစေအုံး...နင်အတွက်တော့
ပြန်လမ်းမဲ့ ခရီးမို့ တံခါးပိတ်ပြီး ငါအိပ်တော့မယ်
အိမ်မက်ထဲတောင် နင်မလာနဲ့တော့...။"
သူငယ်ချင်းရေ အဲ့ဒီအပိုဒ်လေး တော်တော်ကြိုက်တယ်.....ခံစားသွားတယ်နော်.......ငါလည်း အတူတူ ခံစားဘူးပါတယ်ကွာ...ကျေးဖူး....ဆက်ရေးပါ.....အားပေးလျှက်........
Post a Comment