
Tuesday, May 6, 2014
ကကြိုးနှစ်ဆယ့်တစ်
“ကြိုးနှစ်ဆယ့်တစ်”
ချစ်ရပါသော မောင်နှမတွေကို
အိန်ဂျယ်ရဲ့ ဒုတိယမြောက် စီစဉ်ထုတ်ဝေ ဖြစ်သော “ ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု) ” စာအုပ်လေးနှင့် မိတ်ဆက်ပေးချင်ပါတယ် ..ရှင်။
အခုဆိုရင် အိန်ဂျယ့်ကိုယ်တိုင် စီစဉ် ထုတ်ဝေသော
စာရေးသူ ဘလော့ဂါ အယောက်(၂၁)ဦး ပါဝင်ရေးသား ထားကြသည့် ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု) အမည်ရှိသော စာအုပ်လေးကတော့ မကြာခင် အချိန်အတွင်းမှာ
ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အနုပညာ ပန်းများ ခြံရံထားသော ၊ စာရေးသူ မောင်နှမများ၏
နှလုံးသား ပဲ့တင်သံများ နှင့်အတူ ဘဝရသ အစစ်များ ခံစားကြ ရမည်ဟု ယုံကြည်မိပါတယ်။
မြန်မာ့ စာပေလောကမှ လေးစားရပါသော စာရေးဆရာမတစ်ဦး ဖြစ်သော ဆရာမ မိချမ်းဝေ မှ ကကြိုးနှစ်ဆယ့်တစ်မှ
ပါဝင်သူ စာရေးသူ ကလောင်ရှင်များ၏ လက်ရာများကို စေတနာရှေ့ထား မေတ္တာတရားတို့ဖြင့် သုံးသပ်
မွမ်းမံပေးထားသည့် အမှာစာ အပြင် “ကကြိုးနှစ်ဆယ့်တစ်” ဟူ၍ အိန်ဂျယ်ရဲ့ စာအုပ်လေးကို
နာမည်ရွေးချယ်ပေးသော စီစဉ်သူ ကိုမော်ကြီး(စာရေးဆရာ ညိုရင့်) မှလည်း မေတ္တာဖြင့် ပံ့ပိုးထားသော
အမှာစာလည်း ပါဝင်ထားပါသည်။
စာရေးသူများ၏
စာမူများနှင့် လိုက်ဖက်လှစွာသော အတွင်း သရုပ်ဖော် ပန်းချီပုံများနှင့် တကွ စာရေးသူများ၏ ရင်တွင်းစကားတစ်ချို့ကိုလည်း
ကောက်နှုတ် ဖော်ပြပေးထားပါသည်။ ဘဝရသကို အခြေခံ
ရေးသားထားကြသော ဝထ္ထုတိုများကို စုပေါင်းထားခြင်း ဖြစ်သည့်အတွက် ကကြိုးနှစ်ဆယ့်တစ် ဝထ္ထုတိုများ စုစည်းမှုမှ
စာဖတ်သူ မိဘ၊ပြည်သူများသို့ နှစ်လိုဖွယ် တစ်စုံတစ်ရာကို ပေးစွမ်းခံစားနိုင်လိမ့်မည်ဟုလည်း
ယုံကြည်မိပါသည်။
ပထမဦးစွာ လျှောက်သောလမ်းမှာ စမ်းတဝါးဝါး မဖြစ်ရအောင် လိုအပ်သည့်အကြံဥာဏ်များ
ပေးခဲ့ကြသော မောင်နှမများ၊ စာရေးဖော် ဝါသနာတူ မောင်နှများနှင့် အဖက်ဖက်မှ ကူညီအားဖြည့်ပေးခဲ့မှုများ၊
အစမှအဆုံး လိုအပ်သလို ရူထောင့်မျိုးစုံမှ ပါဝင်ကူညီပေးခဲ့ကြသော ချစ်စွာသော မောင်နှမများကို
ဒီစာအုပ်လေး နှင့်အတူ ပါဝင်ရေးသား ကြသော မောင်နှမများနှင့်
ကျွန်မ အိန်ဂျယ်လှိုင်မှ အထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ ပြောပရစေရှင်။
အမိမြေ၏ အဝေးမှာ ရောက်ရှိနေသော အိန်ဂျယ့်အတွက် စိတ်ပဲရှိပြီး ကိုယ်တိုင်ကိုယ်ကျ မလုပ်ကိုင် နိုင်တာကြောင့် ကိုယ်စားလှယ်
တစ်ဦးအဖြစ် အစစအရာရာ အိန်ဂျယ် လိုအပ်သည့် အကူညီများကို တာဝန်ယူပေးခဲ့ သူကတော့ မမ ပန်းအိ(ဘလော့ဂါ ထရီဆာ) ပဲ ဖြစ်ပါသည်။ စိတ်အားလူအားဖြင့် အင်တိုက်အားတိုက်
ကြိုးစားပေးသော AMK Creation မှ အကို ကိုမော်ကြီး (ကိုကျော်အောင်မော်)နှင့် ချစ်ဇနီး မမမြသွေးနီ တို့အား အထူးပင် ကျေးဇူး တင်ရှိပါသည်။
အိန်ဂျယ်နှင့် အတူ ပါဝင်ရေးသားကြသော စာရေးသူ
ဘလော့ဂါ မောင်နှမများ အားလုံးလည်း ထပ်တူ၊ထပ်မျှ ပျော်ရွင်ကြမည်ဟု ယုံကြည်မိပါသည်။
အိန်ဂျယ်နှင့်အတူ ချစ်စွာသော မောင်နှမများ၏ လက်ရာမွန်များ ကဗ္ဗည်းတွင်ဖို့ရန် အတွက်
စာဖတ်သူ ပရိသတ်များ၏ အားပေးမှုများကို မျှော်လင့်စောင့်စားရင်း..
အိန်ဂျယ်လှိုင် ထုတ်ဝေ၍ AMK
Creation မှ စီစဉ်သော
ကကြိုးနှစ်ဆယ့်တစ်
( အွန်လိုင်းရသ ဝထ္ထုတိုများ စုစည်းမှု )
Wednesday , May 07, 2014 ရက် တွင် ထွက်ရှိမည် ဖြစ်ပြီး ဖြန့်ချီရေး
အနေဖြင့် မြန်မာ့ခောတ်မှ တာဝန်ယူ ဖြန့်ချီမည်ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ရပါသည်။ ဖြန့်ဖြူးရေးအနေဖြင့် အဓိကအားဖြင့် ရန်ကုန်(Ocean ၊ Lion City,
Taw Win, Asia Light စသည့် စီးတီးမာတ်များ အပါအဝင် ) မန္တလေး၊ တောင်ကြီး၊
မော်လမြိုင်၊ နေပြည်တော်များကို တာဝန်ယူ ဖြန့်ချီပေးမှာ ဖြစ်ပါသည်။ ဝယ်ယူရရှိနိုင်မည့်
ဆိုင်များကို ထပ်မံ အသိပေး အကြောင်းကြားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း အိန်ဂျယ်တို့ရဲ့
ကကြိုးနှစ်ဆယ့်တစ် ကို အားပေးကြပါဦးလို့ ... :)
အိန်ဂျယ်အနေဖြင့်လည်း အွန်လိုင်းရသ စာပေမှ
ပုံနှိပ်မိဒီယာကို ကူးပြောင်းတဲ့ ပေါင်းကူး တံတားလေး
တစ်စင်းအဖြစ် ဖန်တီးခွင့် ရတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်လို့ ..
လေးစားစွာဖြင့်
အိန်ဂျယ်လှိုင်
Tuesday, May 06, 2014
5:00 (PM) Austria
6 comments:
ဝမ်းသာ ကြည်နူးမိပါတယ် ညီမ အိန်ဂျယ်..
အောင်မြင်မှာပါ..
ခင်မင်လျက်
သဒ္ဓါလှိုင်း
အမှတ်တရ သိမ်းဖို့ ဖတ်ဖို့ ပြေးဝယ်ရအုံးမယ်၊
အောင်မြင်မှုတွေ အဓွန့်ရှည်ပါစေသောဝ် ... :)
လာရောက်သူမဲ့နေတဲ့ အိန်ဂျယ်ဘလော့လေးကို သတိတရ ဆက်ဆက် လာရောက်အားပေးတဲ့ မမတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့..... မွမွ .. <3 :) ( မမ သဒ္ဓါလိုင်း ၊ မမ ခရစ္စတလ် )
ဝမ်းသာတယ်ညီမလေးရေ
ဆက်လက်အောင်မြင်ပါစေလို့
အမကြီးဆုတောင်းပေးတယ်ညီမလေး
ဝမ်းသာကြည်နူးမိပါတယ် ညီမအိန်ဂျယ်..အောင်မြင်ပါစေနော်
Post a Comment