သူများတွေနဲ့ မတူ ထူးထူးခြားခြား သူနဲ့ ကျွန်မ ဆုံစည်းခဲ့ကြတာ ဆန်းတယ်လည်း မဟုတ်။ မဆန်းကြယ်သော သာမန်တွေ့ဆုံမှု တစ်ခုကနေ ပဲအစပြုခဲ့ ကြတယ်။ လူတွေ အများကြိး ထဲမှာမှ သူက ထူးထူးခြားခြား တစ်သီးတစ်သန့် ရှိနေတက်တဲ့ သူက ကျွန်မပတ်ဝန်းကျင်က ရှိနေကြ သူတွေနဲ့ ဆန့်ကျင်ပြီး ခပ်တန်းတန်း ရှိနေလို့ကိုပဲ ကျွန်မ သူ့ကို သတိထားမိခဲ့ တာပဲ ဖြစ်ပါတယ်။ သူများတွေနဲ့ မတူဘူးလို့ ကျွန်မ ယူဆထားတဲ့ သူ့မှာ တစ်ကယ်လဲ သူမတူတဲ့ အရည်ချင်းတွေနဲ့ သူနဲ့ စကားပြော မိတဲ့ အချိန်မှာ ကျွန်မ ကောက်ချက် ချမိခဲ့ရတယ်လေ။
စကားအရာမှာ ကျွမ်းကျင် လိမ္မာစွာ ပြောဆို တက်ပါတယ်ဆိုတဲ့ ကျွန်မတောင်မှ တော်တော်လေး သတိထားပြီး ပြောရတဲ့ အနေအထား မျိုးနဲ့ သူက စကားအရာမှာ ကျွမ်းကျင် နေလိုက်တာ။ သူနဲ့ စကားပြောတိုင်း ကျွန်မကို မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုးနဲ့ သူနားလည် ထားတဲ့ သူဘဝရဲ့ ခံယူချက်တွေ၊ သူရဲ့ တစ်စုံတစ်ရာ ကိုအမြဲပဲ လေးလေး နက်နက် တွေးဆ တက်ပုံလေးတွေ ဖွင့်ပြောရင်း သူက ကျွန်မကို စကားအရာမှာ သိမ်းသွင်း ခေါင်ဆောင် နိုင်တာ တစ်ကယ်တော့ မဆန်းပါဘူးလို့ သူနဲ့ သိကျွမ်းတာ ကြာလေလေ ဖြတ်သန်းရတဲ့ ဘဝ အခြေနေ တစ်ခုပေါ်မှာ သူနားလည်ထားတဲ့ အနေအထားတွေကို သုံးသပ်ရင်း ကျွန်မနားလည် လာခဲ့ရတယ်။
ကျွန်မထပ် အသက်အားဖြင့် အနည်းငယ်သာ ငယ်သော ကောင်လေးတစ်ယောက် အနေနဲ့ သူကို ကျွန်မ မလေးစားပဲ နေလို့မရအောင်ပဲ သူက အရည်ချင်းတွေ ရှိနေတဲ့ လူငယ်တစ်ယောက် အဖြစ်နဲ့ပေါ့။ တစ်ခါတစ်လေ တော့လည်း သူက စကားလုံး ဆန်းဆန်းတွေနဲ့ လူကြီး တစ်ယောက်လို ဒသန ဆန်ဆန် စကားတွေ ပြောတက်ပြီး ကျန်တဲ့ အချိန် တော်တော် များများ မှာတော့ သူက တစ်ကယ့် ကလေးငယ် တစ်ဦးလို အပြစ်ကင်းစင်စွာ ရိုးရိုးသားသားနဲ့ အမြဲတမ်း ကျွန်မရယ်မော စေရန် အတွက်ဆိုပြီး ဟာသတွေ မရိုးအောင် ပြောတက်တဲ့ လူငယ်လေး တစ်ယောက် အဖြစ်နဲ့ ရှိနေတက် ပြန်တယ်။
သူရော ကျွန်မပါ နှစ်ယောက် စလုံး သတိမထား မိလိုက်ချိန်မှာပဲ တစ်ယောက် နဲ့တစ်ယောက်က နားလည်မှု တွေဖလှယ်လို့ တော်တော်လေး ရင်းနှီးကျွမ်းဝင် ခဲ့ကြတာ နှစ်ဦးသား နှလုံးသား ခြင်းမပြောပဲ နားလည်မိခဲ့ ကြတဲ့အချိန် ကစလို့ပေါ့။ ပျော်ရွင်စရာ၊ စိတ်လှုပ်ရှား စရာ၊ ရင်ခုန်စရာ တွေထုံမွမ်းတဲ့ ချစ်ခြင်း သံဇဉ် တစ်ခုနဲ့ အတူ မမျှော်လင့်တဲ့ အချိန် မမျှော်လင့်တဲ့ အကြောင်းအရာ တွေနဲ့ ကျွန်မကို သူက ကြည်နူးမှု တွေ အမြဲတမ်း မရိုးအောင် ပေးစွမ်း နိုင်သူ တစ်ဦး အဖြစ်နဲ့ ချစ်ပြခဲ့တယ်။ သံဇဉ်တွေ တီးခတ်ပြိး သူ့ရဲ့ အသံချိုမြမြ အောက်မှာ ကောင်းကင်က ကြယ်ရိပ်မမြင် လရိပ်မထင်ပဲ အလှဆုံး ဖြစ်ခဲ့ရတယ်။
ချစ်ကြသူတို့ရဲ့ အစဉ်အလာ အတိုင်း ကျွန်မနဲ့ သူ ဖြူစင်တဲ့ နှလုံးသားတွေနဲ့ ရိုးသားစွာ ချစ်ကျွမ်း ဝင်ခဲ့ကြတယ်။ တစ်ခါတစ်ခါ လည်း စိတ်ကောက်ကြ၊ ရန်ဖြစ်ကြ၊ ပြီးတာ့လည်း ပြန်ချစ်လိုက်နဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ဆုံးရင်း အဲဒီလိုနဲ့ သူနဲ့ ကျွန်မ။ အမည်နာမ တစ်ခုအနေနဲ့ ကဗျာမဆန်ပဲ ကျွန်မရဲ့ အတည်လိုလို စသလိုလို နမ်စား တစ်ခုအဖြစ် " ချစ် " လို့ကျွန်မ သူ့ကို ခေါ်တိုင်း အပြုံးတွေနဲ့ ကျေနပ်တက်တဲ့ သူ့မျက်နှာက ပုံရိပ်တွေ မြင်တိုင်း ရင်မှာ ကြည်လင်တဲ့ စမ်းချောင်း လေးတစ်ခု ဖြတ်သန်း စီးဆင်းရသလိုပဲ သူ့အပြုံးတွေဟာ မြင်ရသူ ရင်ကို အေးမြစေ ပါတယ်။
အမြဲတမ်း လွဲနေ တက်တဲ့ ကျွန်မရဲ့ အဖြစ်တွေ မြင်တိုင်း မချိတင်ကဲ လေသံတစ်မျိုးဖြင့် " မ ကတော့လုပ်ပြီ၊ မ ကတော့ ဖြစ်ရမယ် " လို့ အပြစ်တင်တယ် လည်းမဟုတ်၊ မချိတင်ကဲ ရေရွတ်လို့ ကျွန်မရဲ့ အမှားတွေကို ထောက်ပြပြိး ဘယ်လိုလေး ဆိုရင်ကော ဆိုပြိး တစ်ဖက်လှည့်နဲ့ ကျွန်မကို အမှန်ပြင်ပေး တက်တဲ့ သူ။ ကျွန်မ စိတ်ညစ်တိုင်း ပျော်စရာ ရှာဖွေပေးတက်တဲ့ သူ့က ကြံကြံဖန်ဖန် ကျွန်မရယ်မော နိုင်ဖို့ဆိုပြိး ဟာသ စာတွေ ရွေးဖတ်တက်တဲ့ သူ။ ကျွန်မ မျက်နှာကို ကြည့်မှန် တစ်ချက်လို အရိပ် တစ်ကြည့်ကြည့် ရှိနေတက်တဲ့ သူကိုယ်တိုင် စိတ်ညစ်တဲ့ အခါမျိုးမှာ ကျွန်မကတော့ သူနဲ့အတူ လိုက်ငို လိုက်ရုံမှ တပါး အခြားမရှိ ဆိုသလို သူကို နှစ်သိမ့် ပေးနိုင်မှုတောင် မရှိတဲ့ ညံ့ဖျင်းသူ တစ်ယောက် အနေနဲ့ပေါ့။

တစ်ခါ တစ်ရံ အကြောင်း အရာ တွေထိပ်တိုက် ဆွေးနွေးပွဲ တွေမှာ မသိမသာ ရှောင် ထွက်လေ့ ရှိတဲ့ ကျွန်မရဲ့ အကျင့်ကို အလွတ် ရနေတဲ့ သူက " လက်တစ်လုံးခြား စကားပြော ကျွမ်းကျင်တိုင်း ရှောင်ထွက်တယ် "လို့ အမြဲတမ်း ခွင့်လွတ် ပြုံးတွေနဲ့ ပြုံးနေ တက်တဲ့သူ။ ချစ်ကြပြီ ဆိုတော့လည်း နီးနိုင်ဖို့ မျှော်လင့်ဖို့ စိတ်ကူးတွေ ယဉ်မိရင်း ကြိုးစား မိတဲ့အခါ အချစ်နဲ့ ဘဝ ထပ်တူ မကြတဲ့ လောက သဘာဝ အတိုင်း ပြသနာတွေက တံတိုင်းအဖြစ် ကာစီးထား ကြတယ်လေ။ အမျိုးမျိုးသော တံတိုင်းတွေ ထဲမှာမှ ခက်ခဲပြိး ချိုးဖြတ်ဖို့ မလွယ်တဲ့ တံတိုင်းကြီးတစ်ခု သူနဲ့ ကျွန်မကြား ကာရံထားမှတော့ ကျွန်မနဲ့ သူ ပူဆွေးကြ ရုံမှ တစ်ပါး အခြား မရှိတော့လေပြီလေ။ ကျွန်မတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှု တွေဟာ အရင်လို မချိုမြိန် တော့သလို၊ ဟိုအရင်လို ပျော်ရွင် ကြည်နူးဖွယ် လဲ မကောင်းတော့ဘူး။
ပြသနာတွေ အခြေတင်နဲ့ မျက်ရည်တွေက ကျွန်မနဲ့ သူကြားမှာ အချိန်တော်တော်ကြာ နေရာ ယူခဲ့ကြပြီလေ။ တစ်ယောက်ကို တစ်ယောက် နှစ်သိမ့်ဖို့ စကားလုံးတွေ ရှာမရပဲ သောကထဲမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတဲ့ သူနဲ့ ကျွန်မ။ ဘယ်လို အကြောင်းအရာ၊ ဘယ်လို ကိစ္စ မျိုးပဲ ရှိရှိ ကိုယ်ကိုကိုယ် စိတ်ချမ်းသာ အောင်နေပါလို့ သူက အမြဲ ပြောတက်သလို၊ မကြာခဏ မျက်ရည်တွေနဲ့ ငိုနေတက်တဲ့ ကျွန်မကိုလည်း စိတ်ဆင်းရဲအောင် နေရပါ့မလားလို့ အပြစ်တင် ပြောဆိုတက်တဲ့ သူ။ ကျွန်မရဲ့ မျက်ရည်တွေ မြင်တိုင်း ဒေါသတွေနဲ့ ရုတ်တရက် " သူသေသွားရင် ဘယ်လိုလုပ်မလဲ " တဲ့ ။
" သူနဲ့ အတူ လိုက်သေရဲ လို့လား " တဲ့။" သေတဲ့ သူက သေသွားပြီ။ ကျန်ခဲ့တဲ့ သူက နေတက်အောင် နေဖို့ ပြင်ဆင်ရမှာ မဟုတ်ဘူး လား " ရယ်လို့ မချိတင်ခဲ အပြစ်တင် ရေရွတ် တက်တဲ့သူ။ အတွေးတွေ ထဲမှာ ခါးနေအောင် သူနဲ့ ဝေးရမှာ ကြောက်တဲ့ ကျွန်မ အဖို့ ငရဲတစ်မျှ ပူလောင်တဲ့ ညတွေ အများကြိး ဖြစ်လာခဲ့တယ်။ တစ်ကယ်တော့ ကျွန်မနဲ့ သူ ရင်ထဲမှာ တူညီတဲ့ ဆန္ဒ တစ်ခု မတိုင်ပင်ရပဲ ရှိနေခဲ့တာက " မဖြစ်နိုင်ဘူး ထင်လို့ လက်ပြ နှုတ်ဆက် ခဲ့ဖြစ်ရင်တောင် မိတ်ဆွေ အဖြစ် ရှိနေကြမယ် " ဆိုတဲ့ အသိလေးပါပဲ။ အမုန်းမရှိတဲ့ ကျွန်မတို့ နှစ်ဦးအတွက် လမ်းခွဲလည်း လွမ်းနေခွင့်တော့ ရှိကြတယ်လေ။
ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာတဲ့ အခါ ဖြစ်လာတာကို လက်ခံပေးဖို့ ကျွန်မတို့ ကြိုးစားရမယ်လေ။ ခွဲခွာ ရသည့်တိုင်အောင် ဆုံစည်းခွင့်ပေးတဲ့ ကံကြမ္မာ ကို ကျေးဇူးတင်ရမယ်။ အလိုချင်ဆုံး အရာတစ်ခုကို ဆုံးရှုံး ပြိးသွားမှတော့ လိုချင်တဲ့ အရာတွေ မရတာတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ သူတွေ အဖြစ်နဲ့ သူနဲ့ကျွန်မ နားလည်မှု ယူဖြစ်ခဲ့ ကြတယ်။ တစ်ခါတစ်ခါမှ မဟုတ်ဘူး အမြဲတမ်း ရင်ထဲက ဆန့်ကျင်ဖက် အရာတွေနဲ့ပဲ ရှင်သန် ခဲ့ရတဲ့ ကျွန်မ အတွက် အမှန်တစ်ကယ် ရင်ထဲက ဆန္ဒတွေကိုတော့ လစ်လျှူရှူ ထားရတာ အကျင့်တစ်ခုလို တောင်ဖြစ်နေ ခဲ့ပြီလေ။ ကျွန်မတို့ နှစ်ယောက်ရဲ့ လက်ရှိ အချိန်လေးတွေကို တန်ဖိုးထား ဖို့ပါ။
ဆုံနိုင်ဖို့ ခဲယဉ်းလှတဲ့ လူလောကကြိးမှာ အထူးသဖြင့် ကိုယ်က ချစ်ရတဲ့သူ၊ ကိုယ်ကို မြတ်နိုးတဲ့ သူနဲ့ နေခွင့်ရတဲ့ အခိုက်တန့်လေး၊ ဆုံစည်းခွင့် ရတဲ့ အချိန် ခဏလေး ကိုဘာမဟုတ်တဲ့ စိတ်ညစ် စရာတွေနဲ့ အချိန် ကုန်စေ ရမှာလဲနော်။ ကျွန်မတို့ ရဲ့ အသက်ရှု သံတွေမရပ် သေးသ၍၊ ရင်ခုန်သံတွေ နွေးနေသ၍ ချစ်နေခွင့်တော့ ရှိကြတယ်လေ။ အနည်းဆုံးတော့ ကျွန်မတို့ နှစ်ယောက်မှာ ပြန်လည် တွေးတော စရာ၊ လှပတဲ့ အချိန်ကောင်းတွေ၊ အတိတ်လေးတွေ ကျန်ရစ် နိုင်မယ်လေ။ ဘယ်အချိန်ပဲ တွေးတွေး အမြဲတမ်း နွေးနေမယ့် ချစ်ခြင်း တစုံတရာ ရှိနေမယ် ဆိုရင် နီးခြင်း၊ ဝေးခြင်း ဆိုတာ ပညတ် တစ်ခု အနေနဲ့ပါပဲ။
အဆိုးဆုံး တွေးပြီး အကောင်းဆုံး ပြင်ဆင် လိုက်တဲ့ အချိန်မှာ ကျွန်မရင်ထဲက သောကတွေရော အပူတွေရော လွင့်စင် ပပျောက်သွားခဲ့ရတယ်။ လက်ရှိ အချိန်လေးကိုပဲ ကျွန်မရော သူပါ တန်ဖိုးထားလို့ အကောင်းဆုံး ကြိုးစား ကြတဲ့ အခါ ကျွန်မတို့ရဲ့ လှပတဲ့ အချိန်၊ ပျော်စရာ အတိပြိးတဲ့ ကာလ တစ်ခုကို ပြန်လည် ရောက်ရှိ သွားသလိုပါပဲ။ ပိုင်ဆိုင်ဖို့ မကြိုးစားတဲ့ အခါ မဆုံးရှုံးဘူး ဆိုတဲ့ အသိ၊ နီးဖို့ မကြိုးစားလို့ ဘယ်တော့မှ မဝေးကြမယ့် ကျွန်မတို့ နှစ်ယောက် အတွက် အမြဲတမ်း နှလုံးသားချင်း နီးနေ ကြမှာတော့ အမှန်ပဲလေ။ နီးဖို့ ကြိုးစားရင်း ဝေးသွားကြတဲ့ ချစ်သူ တွေထပ်ဆာရင် ဝေးမှာဆိုးလို့ နီးဖို့ မကြိုးစားတဲ့ ကျွန်မတို့ နှစ်ယောက် အတွက် ဘယ်တော့မှ မဝေးကြဘူး ဆိုတဲ့ အသိက ကျွန်မတို့နှစ်ယောက် ဆီမှာ ခိုင်မာ နေလျှက်။
သူနဲ့ ကျွန်မ အတွက် ကာရံထားတဲ့ တံတိုင်း အမျိုးစားက ကြိးမား လွန်းနေတာက တစ်ကြောင်း၊ ဖျက်ဆီးကျော် ဖြတ်ဖို့ မဖြစ်နိုင်တဲ့ တံတိုင်း အမျိုးစား ဆိုတာထပ် မဖြတ်သင့်တဲ့ တံတိုင်း ဖြစ်နေတာ ကတစ်ကြောင်း ဆုံစည်းရမှ မဟုတ်လဲ လမ်းခွဲရလည်း တစ်ယောက်အပေါ် တစ်ယောက် နားလည်မှု အရှိကြဆုံး လူသားတွေ အဖြစ်၊ တစ်ယောက်အကြောင်း တစ်ယောက် အသိဆုံး လူသားတွေ အဖြစ် ရိုးသားမှု၊ ပွင့်လင်းမှု ၊စာနာမှု တွေနဲ့ ချစ်ခြင်းတွေ အပြည့်၊ နားလည်မှု အရှိဆုံး ဆိုတဲ့ အရင်းနှီးဆုံး တစိမ်း တစ်ယောက် အဖြစ်နဲ့ သူနဲ့ ကျွန်မရဲ့ နေ့ရက်တွေဟာ အဓိပ္ပါယ် ပိုရှိလာခဲ့တယ်။
အဲလိုအခါ မျိုးမှာ မေးနေကြတဲ့ စကား အတိုင်း သူဆီက " သူသေရင် လိုက်သေမှာလား " လို့မေးတဲ့ အခါ " ဘာလို့ သေရမှာလဲ မသေနိုင်ပါဘူး၊ အဲလို လိုက်သေ လိုက်ရင် လွမ်းနေခွင့် တောင်မရပဲ နေမှာပေါ့ အသက်ရှင် ကျန်နေမှ လုပ်ချင်တာ လုပ်လို့ ရမှာဆိုတော့ အနည်းဆုံးတော့ သွားလေသူကို လွမ်းနေခွင့်တော့ ရှိသေးတယ်လေ" လို့ ကျွန်မ ရဲ့ အဖြေကို သူက သဘောကျစွာ " လက်တစ်လုံးခြား စကားပြော ကျွမ်းကျင်တိုင်း ရှောင်ထွက်ပြန်ပြီ " လို့ သဘောတကျ ရယ်မောနေတက် ပြန်သည်။
သူနဲ့ ကျွန်မ အတွက် ဆုံစည်းဖို့ ဆိုတာ မရေရာ သလို၊ သေလည်း မသေချာနေဘူး။ လက်ရှိ အချိန် တစ်ခုကနေ နောင်တစ်ချိန် ပြန်ဆုံဖို့ ဆိုတာလည်း မရေရာဘူး။ နောက်တစ်ကြိမ် သူနဲ့ မျက်နှာခြင်း ဆိုင်ပြန်ဆုံတွေ့ ဖို့ဆိုတာလည်း အတိအကျ မပြောနိုင်သလို ပြန်တွေ့ ဖြစ်တဲ့ အချိန်ကြ ရင်လဲ ကျွန်မတို့ နှစ်ယောက်ရဲ့ ဘေးမှာ သက်ဆိုင်သူ တွေကိုယ်စီ ရှိကောင်းလဲ ရှိနေနိုင်တယ်။ ချည်နှောင်မှု ကင်းတဲ့ ချစ်ခြင်း တစ်စုံ၊ အတုတ်နှောင် ကင်းတဲ့ လွတ်လပ်တဲ့ ချစ်ခြင်းနဲ့ အဖြူစင်ဆုံး အရိုးသားဆုံး အပွင့်လင်းဆုံး ၊ သေချာတယ် ကျွန်မတို့ နှစ်ယောက်ရဲ့ ရင်ထဲမှာ တစ်ဦးပေါ် တစ်ဦး နားလည်မှုနဲ့ အခြေတည်တဲ့ ချစ်ခြင်း တစ်စုံကလွဲပြိး တခြား ဘာမှ ရှိနေမှာ မဟုတ်တာ အမှန်ပဲလေ။

အဲဒီလိုနဲ့ပဲ ကျွန်မတို့ နှစ်ယောက်က အမေနဲ့ သားလို နွေးထွေးမှုမျိုး၊ တစ်ခါ တစ်ရံ မောင်နှတွေလို ယုယမှုမျိုး၊ တစ်ခါ တစ်လေ တော့လည်း သူငယ်ချင်းတွေလို ပွင့်လင်းမှုတွေနဲ့၊ တစ်ခါ တစ်လေတော့လည်း ဆရာဝန်နဲ့ လူနာလို ဟန်ဆောင်မှုတွေ ကင်းကြပြီး တစ်ခါ တစ်လေတော့လည်း အရမ်းချစ်ကြတဲ့ ချစ်သူ တွေလို ကြင်နာမှုတွေနဲ့။ ဟန်ဆောင်မှု တွေမရှိ တက်မက်မှု ကင်းပြီး ရိုးသားတဲ့ ဖြူစင်တဲ့ ချစ်ခြင်းတွေကို စာနာမှု ဖေးမမှု၊ နားလည်မှု တွေနဲ့အတူ လက်ရှိ အချိန်ကိုပဲ တန်ဖိုးထားလို့ ကျွန်မနဲ့ သူရဲ့ အလှပဆုံး အတိတ်တစ်ခု ကို ဖန်ဆင်းရင်း အနာဂတ်မှာ ကျွန်မတို့ ဘယ်လောက်ပဲ ဝေးဝေး ခံနိုင်ရည်ရှိ စွာကျော်ဖြတ်ဖို့ အတူတူ ရင်ဆိုင် ကြိုးစားရင်း ပစ္စုန်ပ္ပန် ကို အလှဆုံး ဆေးရောင် ချယ်ခဲ့ကြတဲ့ အခါ ကြည်နူးမှုတွေ နဲ့ လောကကြိးက မြင်မြင် သမျှ လှပနေ တော့မှာ မဟုတ်ပါလားရှင်။
#########################
################
########
စာဖတ်သူများအား အစဉ်ထာဝရ
လေးစားလျှက်..
အမြဲကြိုးစားနေမယ့် ...
Angelhlaing
13 comments:
ညီမ ရေ အရင်းနှီးဆုံးတစိမ်းတစ်ယောက် ဆိုတာဘယ်သူလဲဟင်? အစိမ်းရောင်ဝတ်ထားတဲ့ ချာတိတ်တစ်ယောက်ဖြစ်မယ်ထင်တာပဲ..
စာရေး ကောင်းတယ်နော်။
အားပေးနေတဲ့ 
စာလာဖတ်တယ် ညီမရေ..၊ အမုန်းတွေ၊ အာဃာတတွေ မပါဘဲ အေးအေးချမ်းချမ်း သူငယ်ချင်းတွေလို ဆက်ပြီး ရှိနေတာက ကောင်းသောလမ်းခွဲခြင်းပါပဲ....။
အဟမ်း အဟမ်းး)) တွေ့နေရပီး တွေ့လိုက်ရပီး တွေ့ရတော့မယ်း))) စာအရေးအသားလက်စ ပြောတာပါကွယ်း)))) လှိုင်ရေ ဒီနှစ် သီတင်းကျွတ် လားကွဲ့း))
ဘာကိုမှ သေချာမျှော်လင့်မထားနိုင်တဲ့ လောကကြီးမှာ အတူရှိနေတဲ့အချိန်လေးတွေကိုပဲ တန်ဖိုးထား သိမ်းဆည်းထားကြရတာပါပဲ ညီမလေးရေ...
မြင်မြင်သမျှ လှပနေပါစေဗျာ..။ စာရေးထားတာ နူးညံ့နေတာပဲ..။ ဒါနဲ့ အပေါ်က ကွန်မန့်တွေကိုဖတ်ရင်းနဲ့ ပြုံးမိတယ်..း)))
ခင်မင်လျက်
နေ၀ဿန်
ဘ၀မှာထာဝရမြင်မြင်သမျှလှပပါစေ။ ။ ။
ထပ်တူထပ်မျှခံစားလိုက်တယ်သူငယ်ချင်းရေ.....
မရေရာတဲ့ မသေချာမှုက သေချာရေရာမှုတွေ ဖြစ်လာနိုင်ပါသေးတယ်
မေတ္တာမှန်ရင် ဆုံးဆည်းခွင့်ရကြမှာပါ
အဲဒီချိန်ကျ အရင်းနှီးဆုံး သူစိမ်းတွေ မဟုတ်တော့ဘဲ အရင်းနှီးဆုံး ပေါင်းဖက်ကြသူတွေ ဖြစ်လာနိုင်ပါတယ်
ဖတ်ရတာ ကောင်းတယ်ဗျာ... ခံစားမှု့တွေနဲ့ ရေးထားတော့ ပိုပြီး ပြည့်စုံတယ်။ စိတ်ထဲက ခံစားမှု့အမှန်ဆိုရင်တော့ အသဲကွဲဖူးပုံပဲနော်...:P:P:P ကြိုးစားပါဗျာ... အားပေးလျှက်ပါ...
အက်ဆေးလေးနဲ့ပိုတူတယ်
အချစ်ဆို..တခါတရံမှာပူလောင်စေတတ်သလို..တခါတရံမှာလဲ.ခွန်အားတွေဖြစ်နေတတ်ပြန်ပါတယ်..မရေ..
ပိုစ့်လေးကိုဖတ်ရတာ..ရင်ထဲမှာတစုံတရာကိုခံစားမိလိုက်ပါတယ်..း)
တိုက်ဆိုင်စွာခံစားသွားပါတယ်..အမ...
...လိပ်ပြာ
မမရေ...
ဖတ်ရင်ဖတ်ရင်နဲ့တောင်ကြွေကျတယ်...
ဆက်လက်အားပေးနေမယ့်...မောင်လေး...
တိမ်မိုးညို...
လက်တွေ့မှာ တကယ်ဖြစ်နေတာ အခုသူ့ကိုပြန်တွေ့တယ် ဆိုင်သူတွေလည်း ကိုယ်စီရှိပြီးသားဘဲ ဒါပေမယ် သူငယ်ချင်းတွေလို ဖြူဖြူစင်စင်ခင်မင်တာလည်းမဟုတ်ဘူး နှစ်ယောက်ထဲဘဲသိတဲ့ သံယောဇဉ်တွေနဲ့ ဗျ
အခုထက်ထိ ရှေ့တိုးဖို့လည်းခက် နောက်ဆုတ်ဖို့လည်း မတွေးနိုင်ဖြစ်နေတယ် .....
Post a Comment