http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Sunday, February 5, 2012

ဘဝရဲ့ အမှတ်တရ နေ့စွဲများ (Tag Post)


ရေးစရာ မရှိတာက တစ်ကြောင်း စိတ်နဲ့ လူနဲ့က မကြာခဏ ရန်ဖြစ်နေတာက တစ်ကြောင်းနဲ့ စာလေးရေးမလား စိတ်ကူးလေး ပေါ်လာလိုက် ဝုန်းဒိုင်းဆိုသလို စာရေးပျက်စရာ ကိစ္စရပ်လေးတွေက အားမနာတမ်း ဝင်လာလိုက်နဲ့မို့ ဘလော့ဂ်လေးနဲ့ ကင်းကွာသလိုလေးတောင် ဖြစ်နေချိန် ချစ်စွာသော ဘလော့ဂ်မောင်နှမတွေ ဖြစ်တဲ့ မောင်လေး chocolatecupidlay နဲ့ ညီမငယ် သမီးစံ တို့ကနေပြီး သတိတရ လှမ်းပြီး Tag လုပ်တဲ့ ဘဝရဲ့ အမှတ်တရ နေ့စွဲများ ဆိုတဲ့ ပို့စ်လေးကြောင့်ပဲ ဘလော့ဂ်ထဲ ယောင်လည်လည်နဲ့ ခပ်တည်တည် စာရေးဖို့ အကြောင်း ဖန်လာရပြန်တယ်လေ။ ဟိုယောင်ဒီယောင်နဲ့ ယောင်နေတုန်းလေး အလုပ်ပေးကြတဲ့ မောင်နှမ နှစ်ယောက်ကို ဒီနေရာကနေ ကျေးဇူးပါလို့....:):)။

ဘဝရဲ့ အမှတ်တရတွေ ရေးစတမ်းဆို အများကြီးထဲကမှ ပထမဆုံး နေ့စွဲလေးက ၂၉.၆.၁၉၈၅(စနေနေ့)

လူ့လောကကို ခြေချခွင့် ရခဲ့သလို ချစ်စွာသော မာတာမိခင်က ဒီဗိုက်ထဲက ကလေး မိန်းခလေး မဖြစ်ပဲ ယောက်ျားလေး ဖြစ်ခဲ့ရင် မွေးမွေးချင်း နင်းသတ်ပစ်မယ်လို့ ကြိမ်းဝါးခဲ့လို့လားမသိ ကံကောင်းထောက်မစွာဖြင့် အိန်ဂျယ်တစ်ယောက် မိန်းခလေးအဖြစ်နဲ့ မွေးဖွားလာခဲ့ခြင်းပါ...:P။ မဟုတ်လို့ကတော့ :D။ တစ်ကယ်တော့ အိန်ဂျယ်အထက်က တစ်နှစ်ခွဲ အမတစ်ယောက်က စကားတီတီတာတာ ပြောတက်ချိန်မှာပဲ ကလေးရောဂါနဲ့ ဆုံးသွားတဲ့ အတွက် အမေက သမီးအစား ပြန်ရဖို့ အမျှော်လင့်ကြီး မျှော်လင့်နေချိန် ဖြစ်လို့ပါပဲ။

သမီးလေးမွေးတယ် ဆိုတဲ့အသိကြောင့် အမေမျှော်လင့်သလို ဖြစ်လာတဲ့အတွက် သူ့အတွက် လိုအင်တွေ ပြည့်စေတဲ့ သမီးမို့ အမေက တစ်ခါတစ်လေ နှုတ်ကနေ ဖွင့်ဟ ဝန်ခံတဲ့ အခါ ဘာရယ်မဟုတ် စိတ်ကြီးဝင်ရပါသည်။ :) တစ်ကယ်တော့ အိန်ဂျယ်တို့က မောင်နှမအများကြိး ရှိတာမို့ သားသမိး တစ်ယောက်ထည်းကို ဦးစားပေး အလေးပေး ချီးကျူး ဂရုစိုက် ခံခဲ့ရတာမျိုး မရှိသလောက် ရှားပါတယ်။

အမှတ်တရနေ့စွဲ(၂) ရက်စွဲတော့ အတိအကျ မမှတ်မိတော့ပါ...:):)

ဒုတိယတန်း ဖြေပြိးချိန်လေး တတိယတန်းတက်ဖို့ စောင့်နေတဲ့အချိန် ဝက်သက်ပေါက်လို့ အပူကြိးပြီး အပြင်းဖျားရာက တော်တော်နဲ့ မသက်သာတာနဲ့ အမေက အစိုးရိမ်လွန်ပြီး ဆေးဝါးနဲ့တင်မက ဗေဒင်ယတြာနဲ့ပါ ကုစားတာကြောင့် အရပ်မတည့်ဘူးလို့ ပြောပြီး အမေရဲ့ အမေ(အဘွား)အိမ်ကို ကျန်းမာရေးကြောင့် ရှောင်တခင် ပို့ထားခြင်း ခံခဲ့ရတာ အမှတ်တရပါပဲ။ နေကောင်းရင် အိမ်ပြန်ရမယ် ဆိုတဲ့အသိနဲ့ ပေးသမျှ ဆေးတွေသောက်၊ အိမ်ပေါ် အိမ်အောက် ဆင်းဖို့မပြောနဲ့ လေစိမ်းတိုက် မခံရဘူး ဆိုလို့ တံခါးဘောင်လေး ဒေါင့်မှာကျုံကျုံလေး ထိုင်ပြီး အိမ်ပြန်ဖို့ ရက်အတွက် နေကောင်းအောင် ကလေးအသိနဲ့ ကြိုးစား နေခဲ့လိုက်ရတာ။

တစ်ပတ်ပြည့်တော့လည်း ပြန်ဖျားမှာ စိုးလို့ ပြန်ဖြစ်မှာ စိုးလို့ ဆိုတဲ့အပြောနဲ့ တစ်လတိတိ ကြာသွားတယ်။ အဲဒီနောက်မှာမှ အိန်ဂျယ်တစ်ယောက် အမေရဲ့ အိမ်နဲ့ ဝေးမှန်းမသိ ဝေးရပြီ ဆိုတာ သိခဲ့ရတယ်။ ကလေးဘဝမို့ မနေချင်လို့ ငိုရုံမှ တပါး အခြား မတက်နိုင်ခဲ့သလို အင်မတန် ကြောက်ရတဲ့ အမေရဲ့ မောင်(ဦးလေး)ကိုလည်း မလွန်ဆန် ဝံ့တာမို့ အမေအိမ်ကို လွမ်းခဲ့ရတာ ဟိုးငယ်စဉ် ကလေး ဘဝကပါလို့ ပြောရမှာပါပဲ။ မကြာခဏ စိတ်ဆိုးပြိး ပြန်တိုင်း( အမေနဲ့ အဖွားတို့အိမ်က မဝေးပါ) အကြိမ်ကြိမ် ပြန်ရောက်ခဲ့ရတာ ချည်ကြိးပါပဲ။ မနက်ပြန် ညနေဆို အဖွားအိမ် ပြန်ရောက်ပြီ။ အဲဒီလောက်ပဲ အမေနဲ့ အတူနေဖို့ ကံအကျိုးပေး နည်းခဲ့ရပါတယ်။

အမှတ်တရ နေ့စွဲ(၃) ၃၀.၆.၂၀၀၂

ဘဝတစ်ခုလုံး အပြောင်းအလဲ ပေးတဲ့နေ့လို့ သတ်မှတ်ရမလိုပါပဲ။ သူများတွေအတွက်တော့ သာမန် အောင်စာရင်းထွက်တဲ့ နေ့တစ်နေ့ ဖြစ်ကောင်းဖြစ်ပေမယ့် အိန်ဂျယ်အတွက်တော့ (၁၀) တန်းအောင်စာရင်း ထွက်တဲ့ ရက်လောက် မျှော်လင့်ချက်တွေ ပြည့်ဝနေတာမျိုး ဒီနေ့အထိ အဲဒီနေ့က အပျော်မျိုး ထပ်တူကျတဲ့ ရက်မရှိသေးပါဘူး။ ဘဝမှာ ပညာတက် တစ်ယောက် ဖြစ်ချင်တဲ့ အသိ၊ တက္ကသိုလ်ဆိုတဲ့ နယ်မြေကို ကိုယ်တိုင်ခြေချခွင့် ရဖို့အတွက် အိမ်မက်တွေ များစွာနဲ့ ရူးသွပ်ခဲ့ရသူ တစ်ယောက်မို့ အရမ်းကို စိတ်လှုပ်ရှား ပျော်ရွင်ဖို့ ကောင်းတဲ့ ရက်လေးပါ။

ကြိုးစားရကျိုး နပ်သလို အပင်ပန်းခံခဲ့ရသမျှ အမောပြေရတဲ့ နေ့လေး တစ်နေ့ပါပဲ။ သူများတွေလို ဒီတွေ ဘာတွေလည်း မပါခဲ့ပါဘူး။ မေဂျာတွေ ခွဲကတည်းက ကိုယ်ဝါသနာပါတဲ့ အီကိုအတွဲ(၁) ကို ယူခဲ့သူမို့ စီးပွားရး ကျောင်းတက်ဖို့ အမှတ်မှီရင် တော်ပါပြီလို့ ရည်မှန်းထားသလို ချောချောမွေ့မွေ့နဲ့ ကျေနပ်စရာ အမှတ်စာရင်းကြောင့် တစ်ကယ်ပဲ ပျော်ရွင်ခဲ့ရပါတယ်။ စားမေးပွဲအောင်တဲ့ အထိမ်းအမှတ်နဲ့ ချစ်လှစွာသော အဒေါ်ထံမှ ရွှေတစ်စင်ဆာလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်(ကြုံတုန်းလေး ကြွားတာပါ...အခုတော့ မရှိတော့ပါဘူး တော်ကြာ ဓါးပြတိုက်ခံ ရရင် ဒုက္ခ...:P:P။ )


အမှတ်တရနေ့စွဲ (၄) ၂၄.၅.၂၀၀၅

ကျောင်းပြီးလို့ ဘွဲ့ယူရတဲ့ နေ့လေးပါ။ သာမန်လူတွေအတွက် ဘွဲ့ယူတယ်ဆိုတာ ပုံမှန် ဘာမှမထူးဆန်း လောက်တဲ့ အနေအထား ဆိုပေမယ့် သာမန် ဘုန်းကြိးကျောင်း ပညာရေးသာ တက်မြောက်ခဲ့တဲ့ အမေနဲ့အဖေကို ဘွဲ့နှင်းသဘင် အခမ်းအနား တက်ခွင့်ရစေတဲ့ အတွက် တွေးမိရင် ဘယ်လို ကြည်နူးမိမှန်း မသိအောင်ပါပဲ။ ကိုယ်တိုင်ထက်ကို စိတ်တွေ လှုပ်ရှားနေကြတဲ့ မိဘနှစ်ပါးရဲ့ ကျေနပ်ဂုဏ်ယူနေတဲ့ ပီတိ မျက်နှာလေးတွေဟာ နှလုံးသားထဲ စွဲနေအောင်ကိုပဲ ပြန်တွေးတိုင်း ကျေနပ်မှုတွေ တသိမ့်သိမ့် ရှိနေရတဲ့ ရက်စွဲလေး တစ်ခုပါ။

ရိုးစင်းလှတဲ့ သူတို့ရင်ထဲက ပီတိကို မြင်ရတိုင်း ကိုယ်တိုင်ပညာတက် တစ်ယောက် ဖြစ်ရမယ်လို့ တွေးပြီး ငယ်စဉ်ဘဝရဲ့ အခက်ခဲ တစ်ချို့ကို ခေါင်းငုံခံခဲ့ရတာတွေ တွေးမိတိုင်း တန်တယ်ဆိုတဲ့ အသိနဲ့အတူ ကျေနပ်မှုလေးတွေလည်း ခံစားခဲ့ရတယ်။ တစ်ကယ်တော့ ပညာကို အလေးမပေးတဲ့ အသိုင်းဝန်းထဲမှာ ပညာတက် တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရတာ တစ်ကယ်တော့ ထင်သလောက် မလွယ်ခဲ့ပါဘူး။


အမှတ်တရနေ့စွဲ (၅) ၂၂.၇.၂၀၀၇

ပထမဆုံး အနေနဲ့ နိုင်ငံခြား ခရီးစဉ်လည်း ဖြစ် Austria ကိုလာဖို့ ဗီဇာလျှောက်ဖို့ Bangkok မှာရှိတဲ့ Austria သံရုံးကို ဝင်ဖို့ ဘန်ကောက်ကို အလည်ဗီဇာနဲ့ ထွက်ခဲ့ရတယ်။ ပထမဆုံး ခရီးရယ်လို့ ကြောက်ဖို့ လန့်ဖို့ရယ် စိတ်ထဲမှာ မရှိခဲ့ပေမယ့် တစ်ကယ်တမ်း ဗီဇာလျှောက်တဲ့ အခါ သံရုံးက Receptionist နဲ့တင်ပဲ ကိုယ်တင်တဲ့ ကေ့စ်က Error ပြခံနေရတာ တော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။

အဲဒီမှာပဲ ထိုင်းနဲ့ မြန်မာရဲ့ မကျေလည်မှုတွေကို တစ်ချို့နေရာတွေမှာ ကြားချောင် မအီမလည် ခံစားခဲ့ရတယ် ဆိုရင် ပိုမှန်တယ်။ ဘယ်လိုပဲ ကြိုးစားကြိုးစား မအောင်မြင်တဲ့ ဘန်ကောက် ခရီးစဉ်ကြောင့် စိတ်ညစ်ညစ်နဲ့တင် ဘန်ကောက်မြို့ရဲ့ အထင်ကရ မျှော်စင်(နာမည်တွေတော့ မသိပါ)၊ တန်ခိုးကြိးလှတဲ့ (မြဘုရား)၊ မြန်မာပြည်ရဲ့ ပင်လယ်ကမ်းခြေကိုတောင် မရောက်ဖူးခဲ့တဲ့ အိန်ဂျယ်တစ်ယောက် ဘန်ကောက်မြို့ ပတ္တရား ကမ်းခြေ တိုင်အောင် အလည်နှံအောင် လျှောက်လည်ဖြစ်ခဲ့ပါတယ် (စိတ်ညစ်ညစ်နဲ့ပါ ) :):)။

အမှတ်တရနေ့စွဲ (၆) ၃.၉.၂၀၀၉

တတိယမြောက်အကြိမ် ဘန်ကောက်ကို Austria ဗီဇာ လာဝင်တဲ့ အချိန်ပါ။ တစ်ကယ်ဆို အိန်ဂျယ်အတွက် နောက်ဆုံးအကြိမ်အဖြစ် သတ်မှတ်ထားသလို ဒီတစ်ခါ လျှောက်လို့မှ အဆင်မပြေရင် ဘယ်တော့မှ ဥရောပ ခရီးထွက်ဖို့ မကြိုးစားတော့ဘူးလို့ ဆုံးဖြတ်ထားတာမို့ နောက်ဆုံးအကြိမ် ဗီဇာလျှောက်ဖို့ ကြိုးစား ခြင်းပါ။ ၂၀၀၇ ခုနှစ်မှာ လျှောက်တုန်းကလည်း Receptionist နဲ့တင် ကိုယ်ရဲ့ ကေ့စ်က အရာမရောက်ခဲ့သလို ၂၀၀၈ ခုနှစ်မှာလည်း တစ်ကြိမ် Reject ထိခံထားရသူမို့ ကိုယ်တိုင် တော်တော်လေး စိတ်ပျက်နေပြီ ဖြစ်ပါတယ်။

Passport စာအုပ်မှာ Reject ထိခံထားရရင် တော်တော်လေး မျှော်လင့် ချက်မဲ့နေပြီမို့ ကိုယ်တိုင်ကလည်း စိတ်ဓါတ်ကျနေပြီ ဆက်ပြိးကြိုးစားဖို့ အားကုန်နေပြီ။ အဒေါ်လုပ်သူက စီစဉ်ပေးလို့သာ သွားဖို့ စီစဉ်ခဲ့ပေမယ့် ကိုယ်တိုင်က စိတ်မပါ လက်မပါ။ အဲဒီလို ကိုယ်ကိုတိုင်က စိတ်မပါတဲ့အချိန် သူငယ်ချင်းတွေနဲ့ ဆွေမျိုး အသိုင်းဝိုင်းတစ်ချို့က လေယဉ်ကွင်းလိုက်ပို့ရင်း ငိုကြတော့ ကိုယ်မှာ ငိုအားထက် ရယ်အားသန်ရသေးသည်။ :):) ဗီဇာ ရတာမရတာ မသေချာသေးသလို ဘာတွေဆက်ဖြစ်အုံးမယ် မသိရသေးချိန်မှာ သူတို့တွေက ငိုကြီးချက်မနဲ့။ အခုနေ အဲဒီအဖြစ်ပျက် ပြန်တွေးတိုင်း ရီချင်နေမိတော့တာ။

သူငယ်ချင်းတွေကိုလည်း ခပ်တည်တည်ပဲ စိတ်မပူနဲ့ ငါဗီဇာမရပဲ ပြန်လာခဲ့မှာ အလွန်ဆုံးကြာလှ လည်တာပတ်တာနဲ့ ၁၀ရက် ၁၂ လောက်ပဲလို့ တိုးတိုးတိတ်တိတ် မှာခဲ့သေးတာလေ...။:):) အဲလို အိန်ဂျယ်ရဲ့ အဖြစ်။ ကံတရားများ အံသြဖို့ ကောင်းလေစွ တစ်ကယ်တမ်းလည်း သံရုံးဝင်တဲ့ အခါ ဟိုအရင် နှစ်ခေါက်ကလို Receptionist နဲ့တင် မပြိးပဲ သံရုံးက သံအမတ်နဲ့တောင် ဝင်တွေ့ခွင့်ရပြီး ဘယ်နေ့နောက်ဆုံး ရရင် အဆင်ပြေမလဲလို့ အမေးခံရတဲ့ အထိ ချောမွေ့နေလိုက်တာများ အံ့သြဖို့ ကောင်းလေစွ :):)။

တစ်ကယ်တော့ အဒေါ်ရဲ့ မိတ်ဆွေက ဘန်ကောက်မှာ တာဝန်ကျလို့ အစည်းဝေးလာတက်ချိန် အိန်ဂျယ် ဗီဇာဝင်ချိန်မှာ အတူလိုက်ဝင်ပေးခဲ့တာပါ(သူပါဝင် ကူညီပေးခဲ့လို့လည်း ဗီဇာကိစ္စ အဆင်ပြေ ချောမွေ့ခဲ့တာပါ)။ အဲဒီမှာ ထိုင်းက Receptionist က တမင် ညစ်နေတာကို သူမြင်သွားပြီး ခုချက်ချင်း သံအမတ်နဲ့ တွေ့ချင်တယ်တွေ ဘာတွေဖြစ်ပြီး ဖုန်းတစ်ချက် ဆက်လိုက်တဲ့ အခါ အထဲက သံအမတ် ကိုယ်တိုင် ဧည့်ခန်းထဲထိ ခေါ်တွေ့ခြင်း ခံရတဲ့ အချိန် ထိုင်းက Receptionst တစ်ယောက် တုတ်တုတ်မှ မလုပ်ရဲ။ ခုနေ သူ့မျက်နှာ မြင်ယောင်ရင်း ပြုံးမိရသေးတယ်။ အဲဒီနေ့လေးက အိန်ဂျယ်အတွက် အမှတ်တရလေးလည်းဖြစ် မထင်မှတ်ထားတဲ့ အချိန်မှာ ရရှိခဲ့တဲ့ အမှတ်တရ နေ့စွဲလေး တစ်ခုလို့ ဆိုရမလိုပါပဲ....။

အမှတ်တရ နေ့စွဲလေးတွေဖတ်ပြီး ချစ်ရသော မောင်နှမများ ခဏတာပဲ ဖြစ်ဖြစ် ပြုံးပျော် ကြည်နူး နိုင်ကြပါစေလို့ ဆန္ဒပြုရင်း Tag Post လေးကို ရပ်နားခွင့် ပြုပါလို့...

ခင်မင်လေးစားလျှက်
Angelhlaing

ှSunday, February 05, 2012
11.48 pm (Austria)

30 comments:

အိန်ဂျယ်လေးရဲ့စိတ်လှုပ်ရှားစရာ အမှတ်တရလေးတွေကို လာဖတ်သွားတယ် ..
ချစ်တဲ့

အမမဒိုးကန်

နေ့ရက်လေးတွေ အတိအကျနဲ့ကို သေသေချာချာလေး ဖွဲ့နွဲ့ထားတာပဲ လှိုင်။ ဘဝရဲ့ နေ့ရက်တိုင်းကို အလေးထားသူမှန်း သိသာလိုက်တာ။

ခင်တဲ့
မြတ်

ရက်တွေသေချာမှတ်ထားတတ်တဲ့
ညီမရေ လေးစားလျှက်ပါကွယ်

နေ့ရက်လေးတွေနဲ့အဖြစ်အပျက်လေးတွေကိုမှတ်မိနေတာ...တော်လိုက်တာ...

ခင်တဲ့
ပျိုးယုဝသုန်

ဘ၀ရဲ့အမှတ်တရပို့စ်လေးဖတ်သွားတယ်မမရေ
မောင်လေးလဲအီကိုကပဲသိလားဗျာ့
ဒီလဘွဲ့ယူတော့မယ်..:)
ခုလိုရေးပေးတာကျေးဇူးလဲတင်ပါတယ်

ဒီလိုပဲ မထင်မှတ်ထားတာတွေ ဖြစ်လာတတ်တယ် မျှော်လင့်တုန်း မရဘူး မမျှော်လင့်မှပဲ ရလာတယ် . . ဒါဟာ လောကကြီးရဲ့ လျှိုဝှက်ချက်ပဲ ထင်တယ်း)

အကိုဗညားး)

ဘဝရဲ့အမှတ်တရနေ့စွဲလေးတွေကို သေသေချာချာ
မှတ်သားထားတာပဲနော်။ အဒေါ်ပေးတဲ့ရွှေတွေ
ရှိနေသေးရင်အခုဆိုရင်အတော်တန်နေပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိန်ဂျယ်လေးက တော်လိုက်တောဟေ့..ရက်စွဲတွေ အတိအကျ မှတ်မိတယ်..

ညီမရေ... ညီမရဲ့ အမှတ်တရ နေ့ စွဲလေးတွေကို လာဖတ်တယ်နော်... စိတ်ညစ်ညစ်နဲ့ လျှောက်လည်လို့ သာဘဲ စိတ်ပျော်ပျော် ရွှင်ရွှင်နဲ့ သာ လျှောက်လည်မယ်ဆိုရင် ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးနှံလောက်မယ် ထင်တယ်... ညီမရေ... အားကျတယ် အစ်ကိုတော့ မရောက်ဖူးသေးဘူး...

ဟုတ်ပနော်
ရက်စွဲနဲ့ တိတိကျကျမှတ်မိနေတာပါလား ..း)
အရာရာကလည်း ဖြစ်ချိန်တန်တော့လည်း ရှောင်လွှဲမရ ဖြစ်လာတာပဲနော် ..း)))
ချစ်ခင်စွာဖြင့်

ငယ်ဘဝလေး ကို စိတ်ဝင်စားစွာဖတ်သွားတယ် ညီမရေ

ချစ်တဲ့
အမရွှေစင်

ရက်စွဲလေးတွေမှတ်မိတာ လေးစားပါတယ်
သေသေချာချာလေးလဲရေးပြတတ်တဲ့ညီမငယ်ကို
ချစ်ပြီးရင်းချစ်တဲ့ jasmine

အောက်ဆုံး အမှတ်တရလေးက ကျေနပ်အားရစရား) တော်သေးတာပေါ့ ထက်မြက်တဲ့ ကူညီတတ်တဲ့ သူနဲ့တွေ့လို့ ။

လာဖတ်သွားပါတယ် အစ်မအိန်ဂျယ်ရေ..
နေ့ရက်လေးတွေမှတ်သားထားတာကိုသဘောကျသွားတယ်.. ဘာလို့လဲဆိုတော့. ကျွန်တော်လည်း မှတ်သားထားတတ်လို့..း)

ဝလာတယ် ၀လာတယ် သိတယ်နော် ဒန်ဒန်းဒံ ဖတ်သွားပါ၏

အမတော်...
ရွှေတစ်ကိုယ်စာက.ခုတကယ်.မရှိတော့ဘူးဆိုတာ
ဟုတ်လို့လားနော်း))
ရင်ခုန်စရာ.အမှတ်တရနေ့လေးတွေပဲး))


ပျော်ရွှင်ပါစေရှင်

ချစ်ခင်လျှက်
မိစံ

တစ်ကယ့်အမှတ်ရစရာလေးတွေပါပဲလားကွယ်...

အမှတ်တရ နေ့စွဲလေးတွေအကြောင်း ဖတ်သွားပါတယ် အိမ်ဂျယ်ရေ...။ သြစီမှာ နောက်ထပ် ပျော်ရွင်စရာကောင်းတဲ့ အမှတ်တရနေ့စွဲလေးတွေ များစွားပိုင်ဆိုင်နိုင်ပါစေကြောင်း..။

ချမ်းမြေ့ပါစေဟု
ချယ်ရီမြေ

ရက်စွဲလေးတွေနဲ့ပါ
အတိအကျမှတ်ထားတဲ့
အမှတ်တရလေးတွေကို
လာဖတ်သွားတယ်ညီမရေ

ဒိုင်ယာရီရေးတတ်တယ်ထင်တယ် အသေးစိပ်မှတ်မိတယ်....။ မရေးဘူးဆိုရင်တော့ တော်တော်ဥာဏ်ကောင်းတဲ့ ကလေးမလေးပဲ...။

ဟာကျန်.... ငါသာဆို ပတ္တရားမသွားဘူး.... ပတ်ပုန်းလမ်းကြားထဲ... သွားမိမှာ..ဟိဟိ...။။

ညီမအိန်ဂျယ်ရဲ့ အမှတ်တရနေ့စွဲများက စိတ်ဝင်စားစရာ...။

ထိုင်းကသံရုံးမှာ ဗီဇာတင်ရင်း နောက်ပြန်လန်သွားတဲ့ သူတွေ ဒုနဲ့ ဒေးလို့  ကြားမိပါတယ်။ ခုလို အောင်အောင်မြင်မြင် ဖြစ်တဲ့ထိ ဇွဲကောင်းခဲ့တဲ့ အိန်ဂျယ်လှိုင်းကို သိပ်ချီးကျူးမိပါတယ်။

သူစိတ်ညစ်တာက ကမ်းခြေ အကုန်ရောက်သတဲ့ ဟီးဟီး မိုက်သဟ။

အိန်ဂျယ်က ကျွန်တော့်ထက် တစ်နှစ်ကြီးနေပါလားဗျ... ဒါဆို နောက်.. မမအိန်ဂျယ်ပေါ့.. နော.. :P... အသက်တစ်နှစ်ကြီးပေမယ့် မမအိန်ဂျယ်က ကျောင်းနေနောက်ကျလို့လား.. အောင်စာရင်းထွက်တာ ၃၀.၆.၂၀၀၂ က တူနေပြန်ရော.. အဲဒီနှစ်က ပထမဆုံးနှစ်လေ.. :P>. ဇွန်လမှ သင်ရိုးတွေရပြီး စသင်ရတာဟုတ်... :D.. နောက်ကိစ္စတွေကတော့ လိုက်မမီတော့ဘူး... ထိုင်းနဲ့ပတ်သက်ရင်တော့ မြန်မာတွေက ခံရစမြဲပါ.... မြန်မာတွေပြန်နိုင်မယ့်နေ့ကို စောင့်နေပါရဲ့... :P

ခင်မင်လျက်
နေ၀သန်

နေ့စွဲထဲက အမှတ်တရတွေ လာဖတ်သဗျ.... အဆင်ပြေပါစေ

အင်း မအိန်ဂျယ်လေး ဆီ အမှတ်တရ နေ့စွဲတွေ လာပြီးလေ့လာသွားကြောင်းပါ။
ကိုကြီးမောင်မောင်

လွမ်းစရာ အမှတ်တရတွေပါလား...ဒီတဂ်ကလေးကို စတဲ့လူကိုပဲ ကျေးဇူးတင်ရမယ်...ဘ၀ရဲ့သမိုင်းတွေကို ပြန်တူးဆွခွင့်ရသွားလို့...

လွမ်းစရာတွေအားလုံးက အမှတ်တရဖြစ်နေရော့ပါလားနော်
သတိရနေမိတယ်ဒီပိုစ့်လေးကိုဖတ်ပြီးတော့

ရွှေတစ်ဆင်စာ မြင်လိုက်လို့ ဓားမြတိုက်ဖို့စိတ်ထဲကြိတ်ကြံလိုက်တာ၊၊ မရှိတော့ဘူးဆိုလို့ တိုက်မယ့်သူစိတ်ညစ်သွားသည်။ :P :P

ဖြတ်သန်းခဲ့တဲ့ကာလတွေဖတ်ကြည့်ရင်း ညီမလေးရဲ့ ရိုးသားတဲ့စိတ်ကို အသိအမှတ်ပြုမိပါတယ်။ စာရေးသူဆိုတာ ရိုးသားရတယ်လို့ အစ်ကိုနားလည်ပါတယ်။ ညီမလေး စာရေးလို့ရပါပြီ။ ဘ၀ရဲ့ အမှတ်တရတွေကတော့ အဆန်းတကြယ်ချည်းပဲ။ ပြန်တွေးရင် ရယ်စရာတွေ ဖြစ်ဖြစ်သွားမှာပေါ့။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More