http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, May 13, 2011

ဘဝအောင်ပွဲတွေနဲ့ ပြန်ချင်တဲ့ အမေ့ရဲ့အိမ်( သို့) အမေစိတ်ကူးတဲ့နေ့ရက်ဆီအရောက်ဝယ်

ခပ်ရေးရေးတွေး မှန်မှန်လေးလျှောက်
ကြိုးစားနေရင်းနဲ့တောင် ယိုင်လဲချင်တဲ့ ဒီအရေး
တွေးရင်းနဲ့တောင် မောရတာ
" ဘဝ " တဲ့လေ...

တင်စားချင်သလို တင်စား
" ခြ " စားတဲ့ဘဝမဖြစ်အောင် ကြိုးစားရင်း
စိတ်ဓါတ်တွေလဲ
အမာရွတ်တွေ ထပ်ကုန်ပြီ....


" အရိပ် "တစ်ခုပါပဲ..တဲ့
တစ်ကယ့်အရိပ်စစ်နဲ့တော့ အခြေနေမပေး
ဝေးခဲ့ရင်တောင်
တစ်နေ့နေ့တော့ နီးလာနိုင်ကောင်းပါရဲ့လေ..





















ဝေးနေတဲ့ " အမေအိမ် "
နီးနိုင်ဖို့ အရေး
တွေးရင်းနဲ့ ကျော်ဖြတ်
ညတွေလဲ အသေင်္ချတိုင်ခဲ့ ပြန်ပြီ.....

အိပ်တန်းပြန်တဲ့
ကျေးငှက်တွေရဲ့ မြင်ကွင်းတွေမြင်တိုင်း
သွေးခုန်နှုန်းတွေတိုး..လို့
သောကတွေ ကာလာတင်ပြီး
ငါအိမ်ပြန်ချင်ပြီ.......


မျှော်လင့်လို့" မှန်း "  တမ်းတရင်း " လွမ်း "
ခပ်ကြမ်းကြမ်း အတွေးတွေကို " ရိုက်သတ် "
ရည်မှန်းချက် အတွက် အသက်ရှင်ကြမယ့်သူတွေမို့
မာန်ကိုတင်း အားမာန်သွင်းလို့ ဘဝ တိုက်ပွဲဝင်ရင်း
အောင်ပွဲတွေနဲ့ ပြန်ခဲ့မယ် " အမေ" .........

Written By Angelhlaing ( www.angelhlaing.blogspot.com )
10 .May ,2011 .WED ( 8;07 PM)






10 comments:

အရမ်းကောင်းတဲ့ကဗျာလေးပဲ ညီမရဲ့...
မျှော်လင့်လို့" မှန်း " တမ်းတရင်း " လွမ်း "
ခပ်ကြမ်းကြမ်း အတွေးတွေကို " ရိုက်သတ် "
ရည်မှန်းချက် အတွက် အသက်ရှင်ကြမယ့်သူတွေမို့
မာန်ကိုတင်း အားမာန်သွင်းလို့ ဘဝ တိုက်ပွဲဝင်ရင်း
အောင်ပွဲတွေနဲ့ ပြန်ခဲ့မယ် " အမေ" .........
တကယ်ကောင်းတဲ့ စာလေးပဲ..

ကဗျာလေး ခံစားသွားတယ် လှိုင်ရေ။ ရေးထားတာလေး နှစ်သက်မိတယ်။ အမေနဲ့ ဝေးနေသူတိုင်း ဖတ်ပြီး ရင်ထဲမှာ တစ်ခုခု ကျန်ရစ်ခဲ့စေမှာ အမှန်ပဲ။

အောင်ပွဲတွေနဲ့ ပြန်စေချင်တယ်ဗျာ။

စိတ်ဓါတ်တွေ အမာရွတ်ထပ်တော့.. နောက်တစ်ခါ ထိခိုက်မှာ နာကျင်မှု နည်းတာပေါ့ဗျာ။

မျှော်လင့်လို့" မှန်း " တမ်းတရင်း " လွမ်း "
ခပ်ကြမ်းကြမ်း အတွေးတွေကို " ရိုက်သတ် "
ရည်မှန်းချက် အတွက် အသက်ရှင်ကြမယ့်သူတွေမို့
မာန်ကိုတင်း အားမာန်သွင်းလို့ ဘဝ တိုက်ပွဲဝင်ရင်း
အောင်ပွဲတွေနဲ့ ပြန်ခဲ့မယ် " အမေ" .........
အမရေ..သိပ်ကောင်းတဲ့ကဗျာလေးပါ

မေမေရဲ့သားနိင်တယ် ဆိုတဲ့သီချင်းလေးက အခုတော့ မွတ်မွတ်သိပ်သိပ် ဆိုရတဲ့ သီချင်းလေးပေါ့။

ကဗျာလေးကိုထပ်တူခံစားသွားပါတယ်
မေမေကိုလဲအရမ်းလွမ်းမိပါတယ်

ကဗျာမပါတဲ့ဘဝ
ဘဝမပါတဲ့ကဗျာ ..
ဘယ်မှာရှာရပါ့မလဲ ...ညီမရေ

အားပေးသွားလျှက်
အုပ်ကြီး

မခင်မေတ္တာဆိုတာ ဘယ်အရာနဲ့မှ နှိုင်းလို့ မရနိုင်တဲ့အရာ
အမေ့အိမ်ဆိုတာ ဘာနဲ့မှ အစားထိုးမရတဲ့ အေးရိပ်သာယာပါ
ဘယ်လောက်ပင်ပန်းနွမ်းနယ်နေပါစေ အမေ့အရိပ်ဟာ အမြဲအေးချမ်းစေနိုင်ခဲ့တယ်။
အမေအကြောင်းလေး ဖတ်သွားတယ် ညီမရေ. ထပ်တူခံစားမိပါတယ်

“သောကတွေ ကာလာတင်ပြီး ငါအိမ်ပြန်ချင်ပြီ..” တဲ့လား..၊ အမေ့အိမ်နဲ့ ဝေးနေကြသူတိုင်း အားတင်းပြီး ဆက်လျှောက်နေကြရပေမယ့် အိမ်ပြန်ရမယ့် ရက်တွေကို မှန်းမျှော်တတ်ကြတာ အသေအချာပါပဲ ညီမရေ...။

မျှော်လင့်လို့" မှန်း " တမ်းတရင်း " လွမ်း "
ခပ်ကြမ်းကြမ်း အတွေးတွေကို " ရိုက်သတ် "
ရည်မှန်းချက် အတွက် အသက်ရှင်ကြမယ့်သူတွေမို့
မာန်ကိုတင်း အားမာန်သွင်းလို့ ဘဝ တိုက်ပွဲဝင်ရင်း
အောင်ပွဲတွေနဲ့ ပြန်ခဲ့မယ် " အမေ" .........

(ကောင်းတယ်ဗျာ.အားမာန်ပြည့်တယ်
ကျွန်တော်ကတော့ခုထိပြန်လမ်းမဲ့နေတုန်းပဲ)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More