http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, May 19, 2011

လတ်တလောဖြစ်ပေါ်နေသောစိတ်ဆန္ဒလေးများ

လတ်တလော ဖြစ်ပေါ်နေသော စိတ်ဆန္ဒလေးများ ဆိုပြီး မောင်လေး နေဇော်လင်းက တဂ်လုပ်လို့ ရေးရမှာတောင် ခပ်လန့်လန့်ရယ်။ ကိုယ်ကိုတိုင်က အဲလောက် အဖြစ်ရှိတာ မဟုတ်တော့ အွန်လိုင်းက အကိုတွေ၊ မမတွေကို နည်းနည်းတောင် အားနာမိတယ်။ အဆင်မပြေ တာများ ရှိခဲ့ရင် ခွင့်လွတ်ပေးပါလို့ ကြိုပြီး မေတ္တာရပ်ခံ ချင်ပါတယ်။ သူများ တဂ်လုပ်လို့ ဖြေရတာလဲ ဒီတစ်ကြိမ် က ပထမဆုံး အကြိမ်မို့ပါ.။


၁။ အစားချင်ဆုံး အစားအစာ - မြန်မာထမင်းဟင်း၊ မုန့်ဟင်းခါး၊ ကြာဇံချက်၊ သရက်သီး (မစားရတာ တော်တော်လေး ကြာနေပြီမို့ပါ။ )

၂။ နေ့တိုင်းစားဖြစ်တဲ့ အစားအစာ - ကြုံသလိုပါပဲ။ မကြာခဏတော့ ခေါက်ဆွဲခြောက်၊ ပီဇာ စားဖြစ်တယ်။ လွယ်လဲလွယ် အဆင်လည်းပြေလို့ ကိုယ်တိုင်လည်း ဟင်းချက်မဖြစ်တဲ့ အတွက်ကြောင့်ပါ။:)

၃။ အလိုချင်ဆုံး ရေမွေး - ရေမွေးပုလင်းတွေ ချစ်တက်ပေမယ့် ရေမွေးမသုံးတက်တဲ့ သူမို့ မရှိပါ။ အနံ့ပြင်းရင် ခေါင်းနောက်တက် လို့လေ။

၎။ သုံးဖြစ်နေတဲ့ ရေမွေး - မရှိပါ။

၅။ အလိုချင်ဆုံး မွေးနေ့လက်ဆောင် - အခွင့်သာ ရှိမယ်ဆိုရင် ချစ်သူ ကိုယ်တိုင် ဂစ်တာ တီးပြိး ဆိုပြမဲ့ ချစ်ခြင်းဖွဲ့ တေးသီချင်း တစ်ပုဒ်ပေါ့။ ( စိတ်ကူး ယဉ်မိ ထားတာလေးပါ တစ်ကယ်တော့...:):) )

၆။ အလိုချင်ဆုံး ဖုန်း - ရှိနေတဲ့ ဖုန်းတောင် တစ်ခါတစ်လေ သုံးဖို့မေ့နေတက်လို့ ကိုယ်နဲ့ သိပ်မဆိုင် သလို ဖြစ်နေတယ်လေ။

၇။ သုံးဖြစ်နေတဲ့ ဖုန်း - Nokia နဲ့ Function တော်တော်လေး စုံတဲ့ Sony Ericsson လေးပါ။

၈။ အရုးသွပ်ဆုံးအရာ - စာရေးခြင်း၊ စာဖတ်ခြင်းနဲ့ သီချင်းနားထောင်ခြင်း။

၉။ အနီးစပ်ဆုံး ဂီတ - နားထဲ အဆင်ပြေပြေနဲ့ ခံစားလို့ ရတဲ့ ထိထိရှရှ ရှိမဲ့ သံစဉ်တွေ အားလုံးပေါ့။ အပြင်းစားတွေ မှနှစ်သက် တက်လို့ပါ။ ( IC ရဲ့ အမာခံ ပရိသတ် တစ်ဦး မို့လေ။)

၁၀။ အလိုချင်ဆုံး စာအုပ် - စိတ်ဓါတ် ခွန်အား ပေးနိုင်မယ့် စာအုပ်အမျိုးမျိုး။

၁၁။ အခုဖတ်ဖြစ်နေတဲ့ စာအုပ် - အွန်လိုင်းကနေပဲ ရှာဖတ်နေ ရတာဆိုတော့ လက်လှမ်းမှီသမျှ စာတိုပေစ လေးတွေပါ။

၁၂။ အကြာချင်ဆုံး စကား - အမိမြေမှ အမေနဲ့အဖေ ကျန်းမာပျော်ရွင် နေပါတယ် ဆိုတဲ့ စကား။

၁၃။ အဖြစ်ချင်ဆုံး ဆန္ဒ - အမိမြေနဲ့ မိဘ၊ စာပေနဲ့ ချစ်သူ တစ်သားထည်း ကျလို့ မဝေးရပဲ အမြဲ နီးနီးလေးပဲ နေချင်တယ်။

၁၄။ အလိုချင်ဆုံးဆု - အလုပ်အကိုင် အမြဲ အဆင်ပြေဖို့နဲ့ စာတွေ ဆက်လက် ရေးသား နိုင်ခွင့် ။

၁၅။ အသွားချင်ဆုံးနေရာ - အမေ့အိမ်။

၁၆။ သွားဖြစ်တဲ့ နေရာတွေ - အလုပ်နဲ့ အိမ်။

၁၇။ အကြည့်ချင်ဆုံး ရုပ်ရှင် - မျက်ရည် မဆည်နိုင်အောင် ငိုရမယ့် ဇာတ်လမ်း တစ်ပုဒ်။ ( တစ်ကယ်တော့ ထွက်ပေါက် ရှာချင်တာပါ။ :) )

၁၈။ အပြောချင်ဆုံး စကား - တစ်စုံ တစ်ယောက် ပြောခဲ့ဖူးလို့ အမှတ်ရနေတဲ့ စကားလေး တစ်ခွန်း လက်ဆင့် ကမ်းချင်ပါတယ်။ " ဘယ်လို အခြေနေမျိုး နဲ့ပဲ ကြုံကြုံ ကိုယ်ကိုကိုယ် စိတ်ချမ်း သာအောင် ထားပါ " ဆိုတာလေးပါ။

၁၉။ အယုံကြည်ရဆုံး လူသား - ဘုရား မှတစ်ပါး အခြားမရှိ။

၂၀။ မယုံကြည်ရဆုံး အရာ - အမြဲတမ်း လွဲချော်နေတက်တဲ့ ကိုယ်ရဲ့ ကံကြမ္မာ။

၂၁။ အမုန်းဆုံးအရာ - သံသယ။

၂၂။ အသောက်ဖြစ်ဆုံး အအေး - ကိုယ်တိုင်ဖျော်သောက် ဖြစ်တဲ့ သံပရာရေ ချဉ်ချဉ်လေး။

၂၃။ လတ်တလော အထိတွေဆုံး အရာ - ကွန်ပြူတာ၊ ကီးဘုတ်၊ မောက်စ်၊ အင်တာနက် စာမျက်နာ။

၂၄။ မကောင်းတဲ့ ကျန်းမာရေး - အခုတစ်လော အမျိုးအမည် မသိတဲ့ အာဂါနု ရောဂါလေးတွေ အဆက်မပြတ် ဖြစ်နေတယ်။ ( ကျန်းမာရေး ချူချာနေတယ် ဒီနှစ်အတွင်း ကံမကောင်း ဘူးထင်ပ။ :( )

၂၅။ အကောင်းဆုံးအဖော် - စာပေနဲ့ ဂီတ။ (သူတို့တွေပဲ ကိုယ်နဲ့ အနီးဆုံးမှာ အချိန်တိုင်း ရှိနေနိုင်လို့ တော်သေးတယ်။ )

၂၆။ အကြိုက်ဆုံး သီချင်း - ဘယ်အချိန် နားထောင်၊နားထောင် အမြဲကြိုက်တဲ့ " မျိုးကြီးရဲ့ တစ်စိမ်းတစ်ယောက်ပါ " ။

၂၇။ အကြောက်ဆုံး အလုပ် - ကိုယ်တိုင် အမှတ်မထင် လုပ်မိလိုက်တဲ့ အရာတွေက တစ်ပါးသူတွေကို နာကျင်မှုတွေ ခံစားရစေမှာ ကိုပါ။

၂၈။ တန်ဖိုးအထားရဆုံး အရာ - မိဘနှစ်ပါး။

၂၉။ အကြောက်ဆုံး တိရစ္ဆာန် - မြွေ၊ တီကောင်နဲ့ ပျောစိစိနဲ့ ရှည်ရှည် အကောင်တွေ။

၃၀။ တွေ့ဖြစ်နေတဲ့ ဘလော့ဂ်ဂါတွေ - ကိုဗညား(လင်းခတ်ဒီနို)၊ ကိုဇေယျ(မေတ္တာအေးရိပ်)၊ ကိုဘသားချော၊ အလင်းသစ်၊ မောင်လေး နေဇော်လင်း၊

၃၁။ အပြင်သွားတိုင်းပါတဲ့ ပစ္စည်း - ဖုန်းနဲ့ တိုလီမုတ်စ တော်တော်လေး စုံတဲ့ လက်ကိုင်အိတ်တစ်လုံး။

၃၂။ သွားဖြစ်တဲ့ နေရာတွေ - လူကြိးတွေက မလိုက်မနေရ ဆိုလို့ သူများအိမ်တွေ ဧည့်သည် အဖြစ် သွားဖြစ်တယ်။

၃၃။ စိတ်အညစ်ဆုံး အချိန် - ကိုယ်ကိုကိုယ် ယုံကြည်မှု ပျောက်ဆုံးပြိး ဘာလုပ်သင့်လဲ ဆိုတာ အဖြေရှာ မရတဲ့ အချိန်။

၃၄။ အနေချင်ဆုံး နေရာ - ကိုယ်ပိုင် ခံစားချက်တွေနဲ့ တစ်သားထည်း ကျနေမယ်ဆို ဘယ်လိုနေရာမျိုး ပဲဖြစ်ဖြစ်ပေါ့။

၃၅။ ကြားလိုက်မိတဲ့ ဟာသ တစ်ခု - " အရာရာ အဆင်ပြေ လာမှာပါတဲ့ " ။

၃၆။ ပေးချင်တဲ့ သတင်းတစ်ပုဒ် - ဘလော့ဂ်ဂါ ကိုဗညား(လင်းခတ်ဒီနို) မင်္ဂလာဆောင်တော့မယ်တဲ့။:):)

၃၇။ အပျော်ဆုံး ဖြစ်မဲ့အချိန် - Angelhlaing ဆိုပြိး စာရေးဆရာမ ဖြစ်ခွင့်ရမဲ့ အချိန်။ :):):)

လတ်တစ်လော စိတ်ဆန္ဒလေးတွေ ချရေးဖြစ်တဲ့ အခါ အဆင်မပြေတာများ ပါခဲ့ရင် ခွင့်လွတ်ပါလို့။
စာဖတ်သူများအား အစဉ်ထာဝရ
လေးစားခင်မင်လျှက်
Angelhlaing

23 comments:

ဒီ တက်ဂ်ပို့စ်လေးကို ဖတ်လိုက်ရတော့ လှိုင့် အကြောင်းလေး ပိုသိလိုက်ရသလိုပဲ။ ရို့စ်လည်း မုန့်ဟင်းခါး ကြိုက်တယ်၊ စာရေး၊ စာဖတ်၊ သီချင်း နားထောင်တာ ကြိုက်တာခြင်းလည်း တူတယ်။ အချက် ၃၇ လေးလည်း ဖြစ်မြောက်ပါစေလို့ ဆုတောင်းပေးတယ် လှိုင်ရေး))

ဟ..လုပ်ပါဦး။။ ဂစ်တာ..ဂစ်တာ ဘယ်မတုန်း။။ ပေးကြပါဦး။။
ကြိုးညှိထားဦးမှ.. မလှိုင်မွေးနေ့ကနီးပြီ။။။ လင်းသစ်ဂစ်တာ ငှားသွားတဲ့သူ
မြန်မြန် ပြန်လာပေးပါဟ။။။ သီချင်းလေးကြိုပြီး ဆိုကြည့်ထားရအောင်။။
ဟိဟိ။။

လတ်တလော ဆန္ဒလေးတွေ လာဖတ်ဖြစ်တယ် ညလေးရေ
ကိုဗညားရှိန်နဲ့ တွေ့ဖြစ်တယ်ဆိုတော့ ယူအက်စ်ကပေါ့နော် :)

ဆန္ဒလေးတွေ ပြည့်ဝပါစေ ညီမလေးး)

ကိုဗညားမင်္ဂလာဆောင်မယ်... ဟုတ်လား.. ယုံဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :D

သူငယ်ချင်းကစာရေးကောင်းတာပဲစာရေးဆရာမဖြစ်မှာသေချာတယ်
ဖြစ်ပါစေလို့လဲဆုတောင်းပေးလိုက်တယ်...

ဒေါင်..ဒင်..ဂင်..(ဂီတာကြိုးညှိနေသံ)

မျိုးလေး ရဲ့ သူစိမ်း ၂ယောက်ပါကော နားထောင်ဖူးလားး) ဆိုပြမယ် ။

အင်း...
၃၇ အတွက် ပြည့်စေသတည်း.....။

ညီမလေး ရေ
လိုသော ဆု နဲ့ အားလုံးပြည့်ပါစေ။
အခုတလောဖြစ်ချင်တဲ့ စိတ်ဆန္ဒတွေ ပြည့်စုံစေသတည်း

ခင်တဲ့
ကိုမောင်မောင်

လတ်တစ်လော စိတ်ဆန္ဒလေးတွေ
ရေးပေးလို့ ကျေးဇူးတင်ပါတယ် ဗျာ။

အစ်မ ဖြစ်ချင်တဲ့ စာရေးဆရာမလေး
ဖြစ်မှာ သေချာပါတယ် ခင်ဗျား

အားပေးသွားပါတယ် အစ်မရေ

ပျော်ရွှင်ပါစေဂျာ ...

မောင်လေး
နေဇော်လင်း

ညီမရေ လိုအင်မှန်သမျှ အကုန်ပြည့်စေ......

လိုချင်တာတွေ ဖြစ်ချင်တာလေးတွေ ဖြစ်ပါစေကွယ်။
ရေးထားတာလေးတွေက ရိုးသားမှုတွေနဲ့ အရှိကို အရှိအတိုင်း ဆိုတော့ ဖတ်လို့ ကောင်းပါတယ်။ စာရေးဆရာမကြီး ဖြစ်စေသော်ဝ်။

အတော်ကို မအားလို့ အခုမှ ရောက်တော့တယ် ညီမရေ။ စာတောင်မှ လုရေးနေရတယ်။

လတ်တလောဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေ အမြန်ဆုံးပြည့်ပါစေဗျာ...

မျိုးကြီးရဲ့သူစိမ်းတစ်ယောက်ပါဆိုတဲ့သီချင်းကြိုက်တာချင်းတော့ တူနေပြန်ပါပြီကော ! ... နာမည်ကြီးစာရေးဆရာမတစ်ယောက်ဖြစ်လာနိုင်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်မမသူငယ်ချင်း:-)

အလည်ရောက်သွားတာ ။ ဖြစ်ချင်တာလေးတွေလဲ ဖတ်သွားတယ်။
ဖြစ်ချင်တာတွေတူတယ် ရေမွှေးနံ့ ရရင် လှိုင်က ခေါင်းနောက်တယ်
ဆွေလေးက အိပ်ငိုက်တယ်..သိပ်မကွာဘူး :) :)

အဲမလေးဗျာ မဟုတ်ရကြောင်းပါဗျား))) ကျိုးမီးငါးးးးးး ကျိုးမီးငါးးးးး ပေါင်သားးးလျှံး))) မတရား စွဲ စွပ် ခံရတာပါ . . . . . မတရား စွဲ စွပ် ခံရတာပါဗျး)) ကျနော် ခုထိတိုင်အောင် still လူပြိုကြီးပါဗျား) အီးးဟီးးး မ ဆိုရင် ယင်းမ တောင် မသမ်းဖူးပါဘူးဗျား)))) ( လူများတုန်းကြွားတား))))) )


ဟားဟားဟား မိလှိုင်တို့ လုပ်ထည့်လိုက်ရင်တော့ ဂွက်ကနဲပဲး))) ကျုပ်ကိုတော့ ရွာထဲ နာမည်ကြီးအောင် လုပ်နေပြီးး)))ဟားဟား

ခင်မင်တဲ့
အကိုတော်ဗညား

မလေးရေ လာလည်ပြီးတော့ဖတ်သွားတယ်နော်။ချစ်သူတီးတဲ့ဂီတာလက်သံလေးနားသောတဆင်နိုင်ပါစေဗျာ။

စာလာဖတ်သွားပါတယ်...နေကောင်းကျန်းမာစိတ်ချမ်း
သာပြီး ၁၃ ၁၄ ၁၅ ဆန္ဒတွေအမြန်ပြည့်ပါစေလို့
ဆုတောင်းလိုက်ပါတယ်။

သူစိမ်းတစ်ယောက်ကို အမြဲတမ်းကြိုက်တဲ့ စာရေးဆရာမကြီး ဖြစ်ပါစေဗျာ။

ညီမ ရေ

အခုမှ လာဖတ်ဖြစ်တော့တယ် ညီမ ရဲ့ ဆန္ဒလေး တွေ ပြည့်ပါစေနော်

သားလည်း IC ရဲ့ အမာခံပရိတ်ပဲ။ အဟိ။ နံပါတ် ၃၇ လေး အမြန်ဆုံးဖြစ်ပါစေခင်ဗျာ။ အွန်လိုင်း ၀တ္ထုတိုရွေးချယ်ပွဲတွေရှိတယ်လေ။ အဲဒီကနေ ကြိုးစားရင် ရနိုင်ပါတယ်။ အမြန်ဆုံးပြည့်ဝပါစေခင်ဗျာ။

အိန်ဂျယ်လှိုင်ရေ...မင်္ဂလာပါ...ဖတ်လို့ကောင်းတယ်...စာရေးဆရာမ အမြန်ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် အိန်ဂျယ်လှိုင်ရယ်...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More