http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, March 9, 2011

တစ်ခဏတာစပါယ်ယာ ဘဝနဲ့ ကျွန်တော်


" သား ထီးယူ သွားအုံးလေ မိုးမိနေ အုံးမယ်  "
" ဟုတ်ကဲ့ အမေ "
အမေရဲ့ သတိပေး စကားကြောင့် ထီးယူဖို့ မေ့နေအောင်ပဲ မိုးရွာမယ့် အကြောင်း တွေးနေရင်းမှ မိုးရွာရင် ဆောင်းဖို့ ထီးမေ့ ခဲ့ရလေခြင်း လို့ တွေးနေမိတယ်။ မရွာပါစေနဲ့ လို့ ဆုတောင်းလဲ မိုးတွင်းမို့ မိုးရွာတာ မဆန်းဘူး လို့ပြောကြပေမယ့် ကျွန်တော် တို့လို လက်လုပ်လက်စား ပန်းရံသမား တွေအဖို့ မိုးရွာရင် အလုပ်မဖြစ် တာမို့ မိုးမရွာ စေချင်တာပါ။ ခိုထီး အမဲကနေ ဟောင်းနွမ်းလို့ အဖြူဘက် တောင် ရောက်လုနီးနိး ထီးဟောင်းလေးကို အသာခေါက်ပြိး လွယ်အိတ် ထဲထည့် လိုက်သည်။ အစောကြိး ထပြိး အမေချက် ပေးလိုက်တဲ့ ထမင်းချိုင့် ကိုလက်ထဲဆွဲ လွယ်အိတ် လွယ်လို့ ကောင်းကင်ကို မော့ကြည့် တော့ ကောင်းကင်ကြိးက ခန့်မှန်းရ ခက်သော မာနတွေနဲ့ မသိနိုင်အောင်။ အဲဒါကြောင့်လဲ လုပ်ဖော် ကိုင်ဖက် သူငယ်ချင်း တစ်ယောက်က ဂြိုလ်ဆိုးနဲ့ မိုး အဆိုးမရလို့ ပြောတာ ထင်ပါရဲ့။ ထမင်းချိုင့် လက်ဆွဲ ပြိး
" အမေ သားသွားပြီနော် "
" အေးအေး သား အပြန် ကားစီးရင် နောက်မှီးမှာ တွယ်မစီးနဲ့နော် မိုးတွင်းဆိုတော့ အန္တရယ်များတယ် "
" ဟုတ်ကဲ့ပါ အမေ "
အင်း အမေစိတ်ပူ မယ်ဆိုလည်း ပူလောက်ပါတယ်။ ရန်ကုန်မိုးက ရွာချင်လာရင် သဲသဲမဲမဲ။ အလုပ်ဆင်းချိန် ဆို ကားတွေက ကြပ်ကြပ်၊ လူတွေက များများနဲ့ အိမ်ပြန်ချိန် ရောက်တိုင်း ဟိုင်းလပ်ကား အသေးလေးတွေ ကိုပဲ အလုအယှက် တွယ်စီးကြရတာ ကိုယ်လည်းအပါ အဝင်ပဲလေ။ ပုံမှန် ကားကြိးတွေ ထပ်စာရင် ကားခ နည်းနည်း ပိုပေမယ့် မြန်မြန်ဆန်ဆန် ရောက်တော့ ဘာပဲဖြစ်ဖြစ် ကားလေးတွေပဲ တိုးခွေ့ စီးနေရတာ အကျင့် ဖြစ်နေပြီ။ ထမင်းချိုင့်က တစ်ဖက်၊ လွယ်အိတ် နဲ့ ကားနောက်မှိးက တွယ်စီးရတာ တစ်ခါတစ်ခါ တော့လည်း လွပ်လွပ် လက်လက် ရှိသလိုနဲ့ တစ်ခါတစ်လေ တော့လည်း အန္တရယ်အများသားပဲလေ။ ကားမှတ် တိုင်ရောက်တော့ ထုံးစံအတိုင်း ကားပေါ်သို့ သူ့ထက်ငါ အလုအယှက် ပြေးတွယ်တက်၇င်း တစ်နေ့စာ လုပ်ငန်းခွင် ဝင်နိုင်ဖို့ ကားပေါ် အလုအယှက် တက်ရင်း အမေရဲ့ အမှာစကားက နားထဲ ရောက်လာတယ်။ ဒီလိုနဲ့ပဲ နေ့ရက်တွေ အကြိးဖြစ်ခဲ့တာ ကြာပါပေါ့ လားအမေ။
................................။..............................
" ကျော်အောင် မိုးတွေ အရမ်းများ နေပြီ တက်ခဲ့တော့ "
" ဟုတ်ကဲ့ အကို "
ကျွန်တော် တို့အလုပ်သမား ခေါင်းဆောင် ကိုသန့်စင်က လာခေါ် တော့မှ ကျွန်တော် မြေကြိး တူးနေရာမှ ရပ်လိုက်ပြိး အပေါ်သို့ တက်ဖို့ ကြိုးစားရင်း ဒီမိုးကြောင့် ဒီနေ့လည်း အလုပ်မဖြစ်ပါလားလို့ တွေးမိရင်း တောက်တစ်ချက် အလိုလို ခေါက်မိ လျှက်သား။ မိုးတွင်းမို့ အလုပ်ပါး ပါတယ်ဆို ရတဲ့အလုပ်ကလည်း မိုးကြောင့် အလုပ်မဖြစ်။အခုမှ စလုပ်တဲ့ ဖောင်ဒေရှင်း အစမို့ မိုးကရွာ မြေကြိးတူးနဲ့ အလုပ်က မဖြစ်။ နှစ်နာရီလောက်ပဲ လုပ်ရသေးတယ် မိုးက အရမ်းရွာလာ တော့အလုပ် ဆက်လုပ်လို့ ဘယ်လိုမှ မဖြစ်တော့ပဲ ရပ်လိုက်ရတဲ့ အဆင့်ထိ ရောက်ရောပဲ။
" ရော့ ကွာ ဒီနေ့တော့ ဒီလောက်ပဲ မိုးကြောင့် ဘယ်သူမှ အလုပ်မဖြစ်ဘူး "
ပြောပြော ဆိုဆို ကိုသန့်စင်က ကျွန်တော်တို့ အလုပ်သမား တွေအားလုံး ကိုတစ်ယောက် နှစ်ထောင်စီ ခွဲပေးတယ်။ တစ်နေကုန် ပုံမှန်ဆို ပန်ရံဆရာက လေးထောင် ရပေမယ့် အသင်တွေ အကြမ်းတွေဆို သုံးထောင် ရတာမို့ နေ့ဝက်မပြည့် တဲ့အလုပ်ချိန် အတွက် ကိုသန့်စင်ရဲ့ နှစ်ထောင်က ဘာပဲ ပြောပြော အများကြိးတန်ပါတယ်လေ။
" ရပါတယ်အကိုရာ ဘယ်တက်နိုင့်ပါ့မလဲ "
" ခြေလက် ဆေးပြိး စောစောပြန်တော့ မင်းတို့တွေ အအေးပက် ကုန်မယ် ဒီမိုးက တစ်နေကုန် တိတ်မယ့် ပုံ မပေါ်ဘူး "
" ဟုတ်ကဲ့ အကို "
အလုပ်သမား ခေါင်ဆောင် လည်းဖြစ်၊ ကျွန်တော် တို့အပေါ်လည်း ညှာသော ကိုသန့်စင် ကြောင့် သာ နေ့ဝက်မပြည့် တဲ့ လုပ်အားခ အတွက် နှစ်ထောင် ရခြင်းပါ။ မဟုတ်ရင် တစ်ပြား တစ်ချက်မှ မရတာမျိုးလဲ ဖြစ်နိုင်သလို နောက်ရက်မှ ပေါင်းယူ ဆိုတာမျိုးလဲ ဖြစ်နိုင်တယ်လေ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုပေမယ့် ဒီလောက မှာလဲ လျှင်သူ စားစတန်း ဆိုသလို ဖျက်စား လက်စားတွေကလဲ အပုံပါပဲ။ မကြာခဏ အလိမ်ခံ ရတာ ကျွန်တော်တို့ အလုပ်သမားတွေလေ။ နယ်တွေ ဘက်မှာဆို ပိုဆိုး။ ကန်ထရိုက်တွေ အလိမ်အညာ တွေတစ်ပုံ တစ်ပင်။
မကွေး ဘက်မှာ အဆောက်ဦးတွေ အသစ်ဆောက်လို့ ရန်ကုန်က ပန်ရံ အလုပ်သမားတွေ ဈေးကောင်းရတယ် ဆိုလို့ အားကြိုးတကြိး လိုက်လုပ် ကြတာ ကျွန်တော်တို့ အဖွဲ (၉) ယောက်အဖွဲ။ ဟိုလည်းရောက် အစားလဲ ဖြစ်သလိုစား၊ လုပ်ခတွေလဲ ပထမတော့ တစ်ပတ်ရှင်း နည်းနည်းကြာတော့ နှစ်ပတ်ရှင်း သုံးပတ်ရှင်းနဲ့ ထမင်းစရိတ်တွေ ကြွေးတင်၊ လူတွေလဲ နောက်ဆုံလည်းကြ ရောကန်ထရိုက်က အလုပ်သမားတွေ ပိုက်ဆံ မရှင်းပေးပဲ လိမ်သွားတော့ တစ်ဖွဲလုံး ကိုယ့်စရိတ်ကိုယ်စား ပြိးလုပ် အားပေးခဲ့ ရသလိုပါပဲ။
ကျင်လည်ရာ လုပ်ငန်းမှာ လျှင်သလိုစား နေကြတဲ့ ဖျံတွေကလည်း ထုနဲ့ဒေး။ အသက်ရင် ရပ်တည်ဖို့ အတွက် ဝမ်းတစ်ခါး ရှာဖွေ ရတာ မလွယ်ပါလား လို့ ခပ်ရေးရေး တွေးနေရင်း မဖြစ်သေးပါဘူး။ ဒီအတိုင်းဆို ညီမလေး ကျောင်းတက်ဖို့ ကျူရှင်ခ အခက်ခဲ ဖြစ်မယ်လေ။ စာတော်တဲ့ ညီမလေးကို အပူပင်မရှိ ကျောင်းတက်စေ ချင်ပါတယ်။ အမေရယ်၊ ညီမလေးရယ်၊ ကျွန်တော်ရယ် သုံးယောက်ထည်း မို့ စားရေးက သိပ်ပြိး ကြိးကြိး ကျယ်ကျယ် မကုန် ပေမယ့် ညီမလေး ကျောင်းစရိတ် အတွက် ကြိုတင် စုဆောင်းမှ တန်ကာ ကျမှာမို့ လက်ထဲက ပိုက်ဆံ နှစ်ထောင်ကို တင်းတင်းဆုပ်လို့ ။
" ကျော်အောင်ရေ အကိုဒီအလုပ် နားထားအုံးမယ်ကွာ အကိုပြန်စရင် မင်းတို့ကို အကြောင်းကြား လိုက်မယ် အခုတော့ မိုးတွေနဲ့ မဖြစ်သေးဘူး "
" ဟုတ်ကဲ့ အကို "
ကောင်းရောပဲ မိုးတွင်းမို့ အလုပ်က အဆင်မပြေ။ အင်း ဒီအတိုင်းထိုင် နေလို့ကလည်း မဖြစ်။ ငွေကြေး အခက်ခဲကြောင့် အမေတော့ စိတ်ပူ နေမှာပဲ ဆိုတဲ့ အတွေး ကရင်သို့ လာရိုက်သည်။ အခက်ခဲ ပြသနာ ရှိတိုင်း အိမ်ဆိုင်လေး အားကိုးပြိး စားလို့ ရနေပေမယ့် စားပါများတော့ အရင်းကပါပြီး ပြုတ်လုနီးနီးဖြစ် လိုက် နေ့ပြန်တိုးဆွဲ ပြီး ပြန်ဖြည့်လိုက်နဲ့ အမေလည်း စိတ်ညစ်နေ ရှာမှာ။ ကျွန်တော် အလုပ်လေး ပုံမှန်ဆို အခက်ခဲ မရှိပေမယ့် ကျွန်တော် အလုပ်ကလည်း အမြဲ ပုံမှန် မရှိတဲ့ အခါ အိမ်မှာ တော်တော်လေး ကသီရှာတယ်လေ။ အခုလည်း အလုပ်က နေ့ပြည့် မဆင်းရတဲ့အပြင် နောက်နေ့တွေမှာပါ အလုပ်မရှိတော့ အမေကို ပြောပြ ဖို့တောင် နှုတ်က မထွက်ဝံ့သလိုပါပဲ။
..........................။..........................
ပြန်ချိန် စောရောက်လာတဲ့ ကျွန်တော့်ကို အမေက ပြုံးပြိး ကြည့်နေတယ်။
" ထီးဘာလို့ မဆောင်းတာလဲ သားရယ် အအေးမိတော့မှာပဲ "
" အလုပ်မှာကတည်းက စိုနေပြီ အမေရဲ့ ပြီးတော့ ကားတွယ် စီးတော့လည်း မိုးစို အဲဒါနဲ့ မထူးဘူးဆို ပြိး ဒီအတိုင်းပဲ လျှောက်လာ ခဲ့လိုက်တာ"
" ရော့ ရော့ ဒါလေး ရေလဲ လုပ်လိုက် သား "
အမေ ပေးတဲ့ ပုဆိုးဟောင်း လေးကို ရေလဲ လုပ်ရင်း မိုးရေကြောင့် စိုစွတ်နေတဲ့ အိပ်ကပ်ထဲမှ ပိုက်ဆံ တစ်ထောင့်ငါးရာ ကိုအမေ့ လက်ထဲ ထည့်လိုက်ရင်း
" ဒီနေ့ နေ့ဝက် တောင်မပြည့် ဘူးအမေရ ကိုသန့်စင်ကြောင့် သာ နှစ်ထောင်ရတာ တခြားသူ တွေဆို ရမှာမဟုတ်ဘူး အဲလောက် "
" သြော် သားရယ် ရသလောက်ပေါ့ ဘယ်တက်နိုင်ပါ့မလဲ မိုးက မတိတ်တော့ အမေတော့ ထင်သား သားပြန်လာမယ် လို့လေ နွေးနွေးထွေးထွေး နေသား ညီမလေးက ကျောင်းက မလာသေးဘူး ညီမလေး လာမှ အမေတို့ ထမင်း အတူတူ စားကြ တာပေါ့ သားလဲ ခဏနားလေ "
" ဟုတ်အမေ"
ပြောပြော ဆိုဆို အမေက သူ့ဈေးဆိုင်လေး ပေါ်သို့ ကူးသွားသည်။ မိုးမိလာတဲ့ အရှိန်ကြောင့် စောင်ခြုံပြီး ကွေးမယ် စိတ်ကူး တော့ အကြည့်က ကာလအတန်ကြာ နေပြီဖြစ်လို့ ဟိုတစ်ခက် ဒီတစ်ချက် သံရိုက်လွဲ လို့ အပေါက်ကလေး တွေဖြစ် နေရာကနေ အချိန်ကြာတော့ သွပ်ကလဲ ဟိုတစ်ကွက် ဒီတစ်ကွက် ပေါက်လို့ အိုးဖာ တိတ်တွေနဲ့ ကာထားရတာလည်း မနည်း။ အိမ်လေး ခြံလေး ကိုယ်ပိုင် အဖေထားခဲ့ လို့သာပေါ့။ ဒီခတ်ကြိးထဲ အိမ်ငှားခ နဲ့သာဆို ကျွန်တော် တို့မိသားစု အတွက် တစ်ကယ် မလွယ်တာမှ တော်တော် မလွယ်မဲ့ အဖြစ်။ လောကကြိးကို စောစော ကျောခိုင်း သွားပေမယ့် မိသားစု အတွက် နားခိုရာ အိမ်လေး တစ်လုံး ထားခဲ့နိုင်တဲ့ အဖေကြောင့်သာ အခုလို အခြေ မပျက် အနေမပျက် နေနိုင်နေတာ။ ကျွန်တော် အလှည့်ကျရင်ရော အဲလို လုပ်နိုင့်ပါ့ မလား လို့တွေး တာတောင် မလွယ်ပါလား အဖေရယ် လို့ အတွေးနဲ့ အပြိုင် မိုးကလဲ အပြင်မှာ သဲသဲ မဲမဲ ရွာလို့။
" ဟင် ကိုအောင် ရောက်နေပြီ "
အသံနဲ့ အတူ အေးစက်စက် လက်ဖဝါး ကြောင့်
" ညီမလေးရော မိုးမိလာတာ ပဲလား "
" အင်းဟုတ်တယ် ကိုအောင်ရ မိုးတအား ကောင်းနေတာလေ မမိပဲ နေရိုးလား "
" အင်း အင်းနွေးနွေးထွေးထွေး ဝတ်အုံး ဖျားမယ် ကိုအောင် တောင် ကွေးနေတာ တွေ့လား "
 " အဟီး ထမင်းစားမယ်လေ ကိုအောင် ညီမလေးဗိုက်ဆာနေပြီ စားပြိးပြီလား "
" ဘယ်ကသာ ညီမလေးရ ညီမလေးကို စောင့်နေတာ လေ အတူတူ စားကြမှာပေါ့ နေအုံး ညီမလေး ကိုအောင် သိမ်းထားတာ ပိုက်ဆံ (၅၀၀၀) ရှိတယ် ညီမလေး သုံးရအောင် စုထားတာ ပထမတော့ ကိုအောင်လဲ တစ်သောင်းခွဲ လောက်ရမှ ညီမလေးကို ပေးမလို့ အခုက အလုပ်နဲ့ ပျက်နေတာနဲ့ လက်ထဲထားရင် ကိုအောင် သုံးတဲ့ အထဲ ပါသွားမှာဆိုးလို့ ညီမလေးရ ပြိးရင် ကိုအောင့် လွယ်အိတ်ထဲ မှာရှိတယ် ယူလိုက် မိုးမိထားတော့ ရေစိုနေမယ် သတိထားယူ နော်။ အမေကို မပြောနဲ့ ညီမဘာသာ လိုတာဝယ်သုံး အမေသိရင် စိတ်ပူနေမယ် အလကား "
" အဟီး အဲဒါကြောင့် ကိုအောင်ကို ချစ်နေရတာ ညီမလေး အိတ်လှလှ လေးတစ်လုံးလောက် လိုချင်နေတာ။"
" အင်း...ထင်တယ်"
အပြုံးနဲ့ ပြောနေတဲ့ ညီမလေးရဲ့ ခေါင်းကို အသာပုတ်ပြိး ချစ်မဝ စွာချစ်ညီမလေးကို ပြုံးကြည့်ရင်း ပီတိ ဖြစ်ရတယ်။ ကျွန်တော် နဲ့မတူပဲ စာအရမ်းတော် တဲ့ညီမလေး ကို အခုထပ် ပြည့်ပြည့် စုံစုံလေး ဖြစ်စေချင် တာပါ။ ဘဝကလည်း တစ်ခါတစ်ခါ ကြိုးစားနေရင်းနဲ့ လှေလှော်ရင်း တက်ကျိုး ဆိုသလို ဖြစ်ရတဲ့ အခါ စိတ်ဓါတ်တွေ အောက်ဆုံးထိ ကျတဲ့ အခါလည်းရှိရဲ့။ ညီမလေးနဲ့ အမေအတွက် ဆိုပြိး အတင်းကုန်း ရုန်းထပြိး ကြိုးစား ရတဲ့အခါ ညီမလေးရဲ့ အပူပင် ကင်းကင်းနဲ့ ရယ်မောနေ တက်တဲ့ ဟန်ပန်လေးက တစ်ကယ့်ပီတီ။ ကျွန်တော် ဘဝမှာ ညီမလေးနဲ့ အမေသာ ပြုံးနေမယ် ဆို ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ ကျွန်တော် ထို့ထပ်မက ကြိုးစား နေမိနေ မှာပါ။
.....................။..........................
" ကိုအောင် သား ညီမလေးက ဈေးသွားမလို့တဲ့ လိုက်ပို့ပါတဲ့ သားရဲ့ အမေလည်း ဆိုဒ်အတွက် လိုတာလေး နည်းနည်း မှာချင်လို့ စက်ဘီး လေးနဲ့ဆို မြန်မလားလို့ "
အလုပ်လဲမရှိ အပြင်လဲမသွား ချင်လို့ ပေပေတေတေ မှောက်အိပ်နေတဲ့ ကျွန်တော်ကို အမေ လာပြောနေတော့ ခေါင်းထောင် ကြည့်ရင်း ညီမလေးကို လှမ်းကြည့်တော့ ဈေးခြင်းထောင်းနဲ့ ဈေးဝယ်ဖို့ အဆင်သင့် စောင့်နေတဲ့ ညီမလေး။
" ဟုတ်ကဲ့ အမေ သားလာပြီ ခဏလေး အဝတ်လဲ လိုက်အုံးမယ် အမေ "
" သားကလည်း ဈေးလေး သွားတာ အဝတ်လဲ ဦးမလို့ လားသားရဲ့ "
" အမေကလည်း ညီမလေးနဲ့ သွားမှာ ဒီပုံကြိးနဲ့ ဘယ်ဖြစ်ပါ့မလဲ ညီမလေး သိက္ခာကျ တာပေါ့ "
 " အင်း .....သဘော ......သဘောတော်"
အမေက ကျွန်တော်ရဲ့ အပြောကို အပြုံးဖြင့် အပြစ်တင်သည်။ ကျွန်တော်လဲ မလုံမလဲ ရယ်ရင်း
" အဟီး သားလဲ လှချင်တာပေါ့ အမေရဲ့ မဟုတ်ရင် ညီမလေးက အရမ်းလှပြိး ကျွန်တော်က မလှရင် သူများပြော စရာဖြစ်မှာ ဆိုးလို့ပါ အမေရ။ "
" ဟုတ်ပါပြီရှင် မြန်မြန်လုပ် မိုးမိမယ် သားရေ ထီးယူဖို့ လဲမမေ့နဲ့ "
" ဟုတ်အမေ"
ကဗျာကယာပဲ အဝတ်စား ကောက်လဲရင်း အပြင်ထွက်လာတော့ ညီမလေးက ပြုံးပြိး ကြည့်နေသည်။
" အဟီး ကိုအောင်က ချောတယ်နော် အမေ"
" အင်း ချောပါတော် တက်လည်းတက်နိုင်တဲ့ မောင်နှမ အပြန်အလှန် ချောကြောင်း အမွန်းတင်နေ ကြတာ "
အမေရဲ့ အပြောကို ညီမလေးရော ကျွန်တော်ရော သဘောကျစွာ ရယ်မောလိုက်မသည်။
" အမေကလည်း အဲဒါ အမေနဲ့ တူလို့ မဟုတ်ဘူးလား ကိုအောင် နော် "
" အင်း ဟုတ်တာပေါ့ ကိုအောင်တို့ အမေဘယ်လောက် ချောလဲ ကြည့်စမ်း "
" အမလေးနော် ဈေးတော့ ဒီနေ့ရောက်ပါ့ အုံးမလား ဒီမောင်နှမ နှစ်ယောက်နဲ့ သွားကြတော့ သွား "
ကျွန်တော်နဲ့ ညီမလေးရဲ့ စနောက် ပြောခြင်းကြောင့် အမေက ရှက်ရှက်နှင့် အမြန်သွားဖို့ နှင်လေသည်။ ကျွန်တော် ညီမလေးကို စက်ဘီးနောက်မှာ တင်ရင်း ဈေးသို့ စက်ဘီးလေးကို ဦးတည်လိုက်သည်။
" ညီမလေး ဘာဝယ်မလို့ လဲ"
" အိတ်ဝယ် မယ်လေ ကိုအောင်ရ"
" ဘယ်ဆိုင်မှာ ဝယ်မှာတုန်း "
" အင်းဈေးထဲမှာ အိတ်ဆိုင် ရှိတယ်လေ အဲဒီမှာပဲ ဝယ်လိုက်မယ် ကိုအောင် "
" ညီမလေးကလည်း မြို့ထဲ သွားနေတာပဲ မြို့ထဲ ရောက်မှဝယ် ပေါ့ လမ်းလဲကြုံ နေတာပဲ ဟာ "
 " ကိုအောင်ကလည်း ဈေးလည်း သိပ်မကွာပါဘူး ဒီလိုဈေး တွေမှာ ဝယ်ရင် တစ်ခါတစ်ခါ အရမ်းကောင်းတဲ့ အိတ်တွေ ဈေးချိုချို နဲ့ရတက်တယ်အကိုရ "
" ပြောတော့မယ် ညီမလေးရာ မြို့ထဲကမှ ပိုစုံ ပိုလှတာ မဟုတ်ဘူးလား "
 " အင်း ဈေးလည်း ပိုကြိးတယ်လေ ကိုအောင်ရ အဟီး အခု ညီမလေးက တော်ရိ ရော်ရိ လှတပတ လေးဆို တော်ပါပြီ အခု လွယ်နေတဲ့ အိတ်က နည်း နည်းနွမ်းနေပြီ ကြည့် မကောင်းတော့လို့ လေ ဝယ်ရမှာ မဟုတ်ရင် မဝယ်သေးပါဘူး ကိုအောင်ရ "
ဈေးထဲ ရောက်တော့ ညီမလေးက အိတ်ဆိုင်သို့ ဦးတည်တော့ ကျွန်တော်လည်း ယောင်ပေပေနဲ့ ဈေးခြင်းတောင်း ဆွဲပြီး ညီမလေး နောက်က လိုက်လို့။ မကြာခဏ ဆိုသလို ညီမလေးနဲ့ ဈေးဝယ်နေကြမို့ ကျွန်တော် အတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ညီမလေးကလည်း ဟိုနားဒီနား သွားဖို့ဆို ကျွန်တော်ကို အမြဲ လိုက်ပို့ ခိုင်းနေကြ။ ကျွန်တော် အိမ်မှာ ရှိတဲ့ နေ့ဆို ညီမလေးနဲ့ ရာသီဥတု သာယာရင် စက်ဘီး လည်စီးနေကြ။ မောင်နှ နှစ်ယောက်ထဲမို့ ကျွန်တော်တို့ တွေ သိပ်ချစ် ကြတာ ထင်ပါရဲ့။ အသက် အားဖြင့်လည်း ကျွန်တော်ထပ် (၈)နှစ်လောက် ငယ်တဲ့ ညီမလေးက ကလေးဆိုးလေး လိုတစ်မျိုး၊ တစ်ခါတစ်လေ လူကြိးလေးလို တစ်မျိုးနဲ့။
" ရှေ့ ကဆိုင်မှာ ကြည့်ကြည့်မယ် နော် ကိုအောင်  "
" အင်းကြည့်လေ ညီမလေး "
အိတ်ချည်းပဲ သက်သက်ရောင်း တဲ့ဆိုင်မို့ ထင်ပါရဲ့ အရောင်စုံ အသွေးစုံတဲ့ အိတ်မျိုးစုံ ကအစီအရီ နေရာယူလို့။ ဟိုအိတ်လေး လက်ညိုးထိုး ဈေးမေး၊ ဒီအိတ် လေး လက်ညိုးထိုး ဈေးမေး လုပ်နေတဲ့ ညီမလေး မျက်နှာက အလိုမကျမှု တွေနဲ့ ရှုံ့မဲ့လို့။ ဘာလို့ပါလိမ့်လို့ မေးကြည့်တော့ ဈေးများနေ လို့တဲ့လေ။ အိတ်ဝယ်ဖို့ ဆိုတော့ ပါလာတဲ့ ပိုက်ဆံ လေးက (၅၀၀၀)ရယ်။ အိတ်ဈေးတွေက (၇၀၀၀) နိးနိးတွေ ဖြစ်နေ လို့တဲ့လေ။ နောက်ဆုံး မရမက စစ်ယူပြိး ဝယ်လိုက်တဲ့ အိတ်လေးက (၄၅၀၀)တန် အိတ်လေး တစ်လုံး။ အဲဒါတောင် ဈေးသည်က မကိုက်လို့ မပေးချင် အင်တင်တင်နဲ့။ ညီမလေး ကလည်း မရမက ဈေးစစ်လို့။ နောက်ဆုံး ညီမလေးကို လျှော့ပေးပြိး အိတ်လေး အရောင်းအဝယ် ဖြစ်သွားတော့ ညီမလေး မျက်နှာလေး ကအပြုံး တွေနဲ့။
" အဟီး ညီမလေး မှန်းထားတာ (၃၀၀၀)တန်လောက်ပဲ ဝယ်မလို့ ကိုအောင်ရ ဈေးတွေ တက်ကုန်တာ မနည်းစစ်ယူ ရတယ် (၅၀၀) ပဲ ရှိတော့တယ်။ "
အပြောနဲ့ အပြုံးမပျက်တဲ့ ညီမလေးကို ကြည့်ပြိး ကျွန်တော် စိတ်မကောင်း ဖြစ်မိရင်း ပိုက်ဆံ အလုံအလောက် မရှိလို့ မြို့ထဲ ဈေးဝယ် မထွက်တာ ဖြစ်မယ်လို့ တွေးမိတယ်။ တစ်ကယ်ဆို ညီမလေးက အရမ်း သိတက် ပါတယ်။ ကျောင်းအတွက် လိုအပ်တဲ့ စာရွက် စာတမ်း ဖိုးကလွဲရင် ဘာမှတောင်းလေ့ မရှိဘူး။ အမေနဲ့ ကျွန်တော်က အလိုက်သိစွာ မုန့်ဖိုး အသုံးစရီတ် ထုတ်ပေးမှ ယူတက်သူပါ။ ကျောင်းပိတ်ရက် တွေဆို အိမ်နားက ကလေး အကျီင်္လေး တွေကို အိမ်မှာ ယူချုပ်ပြိး ကျောင်းစရိတ် စုတက် သူလေးပါ။ အလိုက်သိတဲ့ ညီမလေးမို့ ပို့လို့ အသနား ပိုမိတယ်လေ။
....................။...........................
" အောင်ကျော် အောင်ကျော် ရှိလားဟေ့ "
" ဗျာ အဒေါ် ရှိတယ် ကျွန်တော် "
" ဝင်လာလေ အဒေါ် "
" အေး ဝင်လာပြီ ဟေ့ "
အသံနဲ့ အတူ ဝင်ရောက်လာတဲ့ ကျွန်တော်တို့ လမ်းထိပ် အိမ်က အဒေါ်ထွေးမြ။
" အင်း မင်းအလုပ် ပြတ် နေတယ်ဆိုလို့ ကြားလို့ လာတာ "
" ဟုတ်အဒေါ် မိုးတွင်းဆို အလုပ်က အဲလိုပါပဲ ပြတ်တောင်း ပြတ်တောင်းနဲ့ "
" အိမ်မှာလေ သက်ဦးက စပါယ်ယာ လိုလို့တဲ့ မင်းအလုပ်မရှိရင် လိုက်မလားလို့ လာခေါ်တာ လူရင်းတွေပဲ "
သက်ဦးဆိုတာ အဒေါ်ထွေးမြရဲ့ သားမက်အငယ် ပါ။ ဟိုင်းလပ်ကား အသေးလေးတွေ လပြတ်ငှားပြီး ကားဆွဲနေသူ တစ်ဦး။
" ဖြစ်ပါ့မလား အဒေါ် ကျွန်တော် စပါယ်ယာ မလုပ်ဖူးဘူး "
 " မင်းကလဲ ကွယ် ဘယ်သူကရော မွေးကထည်းက တက်ပါ့မလဲ ဒီလိုပဲပေါ့ သူလဲလူမရှိလို့ မင်းလဲ အလုပ်မရှိ ဘူးဆိုလို့ ကျုပ်က လာပြောပေးတာ "
" ဟုတ်ကဲ့ အဲလို မဟုတ်ပါဘူး အဒေါ်ရယ် ကျွန်တော် ဖြစ်မှ ဖြစ်ပါ့မလား လို့လေ စိတ်ပူလို့ပါ ကျွန်တော် အလုပ်မရွေး ပါဘူး။"
" အင်း စပါယ်ယာ ဆိုတော့ မနက်ပိုင်း ရုံးချိန် နဲ့ ညပိုင်း ရုံးဆင်းချိန် တော့ အော်ရဟစ်ရ တာသက်သာတယ်၊ နေ့လည်ပိုင်း လူပါးချိန် တော့နည်းနည်း လူခေါ် ရတာပေါ့ အောင်ကျော်ရယ် "
" ဟုတ်ကဲ့ အဒေါ် ကျွန်တော် လုပ်ကြည့် ချင်ပါတယ် အခုကျွန်တော် အလုပ်ကလည်း ဘယ်ဆီမှ ဆင်းရမယ်မှန်း မသေချာတော့ အလုပ် နားနေရတာ လေ။ "
" အေး မင်းစပါယ်ယာ လိုက်မယ်ဆို စပါယ်ယာ လိုင်စင်လေးတော့ လုပ်အုံးမှ ဖြစ်မယ် အဲဒါဆို အဒေါ်နဲ့ လိုက်ခဲ့ပြီး သက်ဦးနဲ့ စကားပြော ကြလေကွယ်။ သူအခု အိမ်မှာ ကားပြင်နေတယ်။ "
" ဟုတ်အဒေါ် ကျွန်တော် အခုပဲ လိုက်ခဲ့မယ် "
အလုပ် မရှိတာထပ် စာရင် ရတဲ့ အလုပ်လေး ဝင်လုပ်ရင်း မှေးနေမလားလို့ စိတ်ကူးတာ ကြောင့် လုပ်ဖို့ စိတ်ကူး လိုက်မိတဲ့ ကျွန်တော် အမေကို အကျိုးအကြောင်း ရှင်းပြတော့
" ဖြစ်ပါ့မလား ကိုအောင်ရယ် တစ်ခါမှလည်း မလုပ်ဖူး မကိုင်ဖူးနဲ့ အမေတော့ မလုပ်စေချင်ဘူး "
" အမေကလည်း ကျွန်တော် အလုပ်က ဘယ်ဆီမှ ပြန်စဖြစ်မလဲ မသိဘူး ဒီအတိုင်း အလုပ်မရှိ တာထပ်စာရင် အလုပ်လေး ရှိတော့ ပိုမကောင်းဘူးလား အမေရဲ့ ညီမလေးလည်း ကျောင်း ရှိသေးတယ် "
" ဟုတ်တော့ ဟုတ်တယ် လေသားရယ် အမေက ကားတွေ ဘာတွေ စိတ်မချပါဘူး ထောင်နှုတ်ခမ်း စင်္ကြန်လျှောက်နေ ရတဲ့အလုပ် "
" အမေက လည်းလေ တွေးပူနေရောပဲ အသက်တစ်ရာ မနေရ အမှုတစ်ရာ ကြုံရ၏ တဲ့အမေရဲ့ အဲဒါလည်း ကံရှိမှပါ အမေရာ လူတိုင်း အမှုတစ်ခါ မှမဖြစ်ပဲ ကံကုန်သွား တဲ့သူတွေလဲ အများကြိးပါ အမေရဲ့ "
" အင်း သေသေချာချာ စဉ်းစားပါအုံး ကိုအောင်ရယ် "
" အမေကလည်း စိတ်မပူပါနဲ့ဆို တော်ကြာ အမေက စိတ်ပူနေ ညီမလေးသိရင် ကျွန်တော်ကို တားအုံးမယ် မပြောနဲ့အုံး နော်အမေ ညီမလေးကို "
" အင်းပါ သားရယ် "
" အဲဒါဆို အမေ သား ကိုသက်ဦးနဲ့ စကားသွား ပြောလိုက်အုံးမယ်နော် "
" အင်း..အင်း... "
အမေကို နှုတ်ဆက်ပြိး ကျွန်တော် ကိုသက်ဦးနဲ့ စကားပြောဖို့ ထွက်လာခဲ့တယ်။ အမေကတော့ စိတ်မချ စွာ စိတ်ပူ နေမယ်ဆိုတာ သိနေပေမယ့် အလုပ်မရှိချိန် လေး မှေးလုပ်မယ်လို့ ဇွတ်ပဲ စိတ်ကို တင်းပြိး ထွက်ခဲ့တဲ့ ကျွန်တော်။
.......................။.....................
ကိုသက်ဦး အကူညီနဲ့ စပါယ်ယာ လိုင်စင် ယာယီလေးနဲ့ ကျွန်တော် ကားစ လိုက်ခွင့်ရ ခဲ့တယ်။ ကိုသက်ဦး ရှင်းပြချက် အရ ကားဆွဲကောင်း ရင်ကောင်းသလို ဒရိုက်ဘာနဲ့ စပါယ်ယာ ဝင်ငွေလေး မဆိုးဘူး ဆိုတဲ့ အသိက ရင်သို့ ဝင်ရောက်လာတယ်။ အိမ်ရဲ့ အခက်ခဲ တစ်ဖက် တစ်လမ်းက အဆင်ပြေ ပြီလို့ အတွေးတွေနဲ့ ညက တော်တော်နဲ့ အိပ်မပျော်။ မနက်စောစော (၃)နာရီခွဲလောက် ကားစထွက်မယ် ဆိုလို့ စောစောမနိုးမှာ ဆိုးလို့ နာရီလေး နိုးစက်ချ ထားရတဲ့အထိ ကျွန်တော်ရဲ့ ပထမဆုံး သောစပါယ်ယာ အတွေ့အကြုံ အတွက် ရင်ခုန်လို့ နေတယ်။
အိပ်ပျော်သလို မပျော်သလိုနဲ့ နာရီက နိုးစက်ကြောင့် ကျွန်တော် နိုးတော့ အသာပဲ ထပြိး ကားလိုက်ဖို့ ပြင်ထားတဲ့ အိတ်လေးက ညကတည်းက ပြင်ထားတော့ အဆင်သင့်။ လွယ်အိတ်လေး ကောက်ပြိး ခြေသံဖွဖွ နင်းပြိး အမေနဲ့ ညီမလေး နိုးမှာဆိုးလို့ အသံတိတ် ဖြတ်လျှောက်ပေမယ့် အမေကတော့ ကျွန်တော်ထတာ သိနေမယ် ထင်ပါရဲ့။ အအိပ်စက်တဲ့ အမေမို့ မသိပဲ မရှိလောက်တာ လည်းအတက်သိ လို့ပါပဲ။ တစ်ရက်ကွက်လုံး အိပ်မော ကြနေချိန် အစောကြိး ထပြိး အလုပ်လုပ်ရမဲ့ ပထမဆုံး နေ့အတွက် ကျွန်တော် ရင်တွေခုန်နေလျှက်။ ကျွန်တော် ရောက်တော့ ကိုသက်ဦးက ကားစက်နိုးပြိး အဆင့်သင့် စောင့်နေလျှက်။ ကျွန်တော်လည်း အသာကားပေါ် ပြေးတက်ရင်း စပါယ်ယာ ထိုင်ခုံမှာ အကျအန ထိုင်လို့ပေါ့။
ကားမှတ်တိုင် ရောက်တော့ ကျွန်တော်အတွက် ပြသနာ စပါပြိ။ လူခေါ်ရမယ်လေ။ အာရုံဦး မိုးမလင်း သေးတာမို့ ခရီးသွား နည်းနေပြိး ဈေးကြိုသမားတွေ လောက်နဲ့ ခရီးသွား အနည်းငယ်သာ ကြိုးတို့ ကြဲတဲ။ လူစခေါ် ရမယ်ဆိုတာ သိနေပေမယ့်
ကျွန်တော် နှတ်ဖျားက မထွက်ဘူး ဖြစ်နေသော စကားလုံးတွေ။ အပြောနဲ့ အလုပ် တစ်ကယ်လက်တွေ့ မှာ မလွယ်ဘူးဆိုတာ ကျွန်တော် ကြုံရလေပြီ။ အားတင်းလို့ မန်ကိုခွင်း အသံထွက်အောင် ကြိုးစား ခေါ်ယူ ပေမယ့် ကျွန်တော်အသံမှာ ကျွမ်းကျင် စပါယ်ယာ တစ်ယောက်ရဲ့ အသံ မဟုတ်တာ ပတ်ဝန်းကျင်ကလည်း သိလောက်မယ်။ အထူးသဖြင့် ကိုသက်ဦး ကတော့ သိမယ် ထင်ပါရဲ့။
"   အင်းစိန် ... အင်းစိန် ..ပုလဲလမ်းက သွားမှာနော်...
...လိုက်မလား ..အမ..."
အားတင်းပြိး ကြိုးစား ခေါ်နေတဲ့ ကျွန်တော် စကားလုံးတွေက အစီစဉ် မကျစွာ ထစ်ငေါ့ နေလျှက်။
"  ဟိုအမ လိုက်မလား...အင်းစိန်နော် အင်းစိန် (၅၀)ကွေ့ ထိရောက်မှာ...
... မြန်တယ်နော်.. ပုလဲလမ်းက သွားမှာ....လိုက်မလား...လိုက်မလား..."
ကြိုးစား လူခေါ်နေရင်းနဲ့ ကျွန်တော် အသံတွေက တိမ်ဝင်နေလျှက်။ ရှက်စိတ် ကြောင့်များလား။ ဘာဖြစ်ဖြစ် လုပ်မယ် စိတ်ကူး ထားပါရဲ့ အလုပ်က မတွင်။
" ဟေ့ကောင် နောက်ကားလေး ဘာလေးလဲ မျက်စိလျှင်လျှင် ထားပြိး ကြည့်စမ်းပါဟ ဟိုမှာ မင်းအဘ ကားလာပြီ တွေ့လား "
" ဟုတ် ဆရာ ကျွန်တော် မတွေ့လိုက်လို့ "
 " အေးလုပ်နေ မင်းအဲပုံစံ သူများနင်းခံ ရလို့ ထမင်းငတ်မယ် "
အချိန်တော်ကြာ လူခေါ်နေတုန်း ကျွန်တော်တို့လို့ ဟိုင်းလက်ကား အသေးတစ်စီး ဝင်လာ တာကြောင့် ကိုသက်ဦးက ကျွန်တော်ကို လှမ်းအော်ပြောခြင်းပါ။ မတက်နိုင် ကျွန်တော်ကလည်း ကျွန်တော်ပဲလေ။ အဲဒီလိုနဲ့ ကားစထွက်တော့
"  ကားခ လေးတွေ ကူညီကြပါအုံးဗျာ "
ကျွန်တော်ရဲ့ အပြောမှာ အဒေါ်ကြိး တစ်ယောက်က လမ်းတို မှတ်တိုင် တစ်ခုအတွက် တစ်ထောင်တန် ထုပ်ပေးလျှက်။
" အကြွေ မပါဘူးလား အဒေါ် ကျွန်တော် အခုမှ ကားစထွက်တာမို့ အမ်းဖို့ အဆင်မပြေ လို့ပါ အဒေါ် "
" မပါဘူး အကြွေ အဲဒါပဲ ပါတယ် ပြန်မအမ်းချင်တိုင်း ကလီကမာ မလုပ်ကြနဲ့ နင်တို့ စပါယ်ယာ တွေ အဲဒီအတိုင်းပဲ "
" ဗျာ"
ရုတ်တရက် အပြောကြောင့် ကျွန်တော် စိတ်တွေ တော်တော်လေး နောက်ကျိ သွားရတယ်။
မဟုတ်ဘူး လေအဒေါ်ရယ် ကျွန်တော် တစ်ကယ်အကြွေ မရှိလို့ ပြောတာပါ စီးချင်လဲ အလကားသာ စီးသွား မနက်စောစော စီးစီး နေတောင် မထွက်သေးဘူး ကျွန်တော် ဘာကိစ္စနဲ့ မဟုတ်တဲ့ စကားတွေ ပြောနေရမှာလဲ
လူအမျိုးမျိုး စိတ် အထွေထွေ နဲ့ကြုံရတဲ့ ကျွန်တော် အဖို့ ခံနိုင်ရှိဖို့ အများကြီး ကြိုးစား ရမှာပါလားလို့ အတွေး ကြောင့် စိတ်ရှည်ရှည် ထားဖို့ ကြိုးစားရင်း။
................။...................
မိုတွင်းကာလ မို့ မိုးရွာရင် ရေစိုအဝတ်နဲ့ လေတိုက်တဲ့ အခါ စိမ့်နေအောင် အေးစိမ့်တဲ့ အချမ်း ဒဏ်ကို လူးလိမ့်အောင် ခံရတဲ့ ဘဝ။ လူအမျိုးမျိုး အမြင် အမျိုးမျိုး အောက်မှာ ကျွန်တော် ရဲ့ ဟိုမကျ ဒီမကျ အံဝင်ခွင်ကျ မရှိတဲ့ အတွက်ကြောင့် ကိုယ်တိုင်လုပ် ကြည့်မှ တစ်ကယ်မလွယ်တဲ့ စပါယ်ယာ ဘဝ ပါလားလို့ သက်ပျင်းမော ချမိတဲ့အထိ။
ကားအတွက် မှတ်တိုင်တွေမှာ လူခေါ်တဲ့ ကျွန်တော်ရဲ့ အသံတိုးလို့ ဆိုပြီး ကားဆရာရဲ့ အမြင်မကြည်မှု တွေလဲရှိရဲ့။ ကားပေါ်မှာ ခရီးသည် တွေ ပိုက်ဆံ ကောက်တဲ့ အခါ အကြွေ ရှားပါးမှုကြောင့် ပြန်အမ်းဖို့ အခက်ခဲ ဖြစ်တဲ့အခါ တစ်ချို့ ကျတော့လည်း အမှန်တစ်ကယ် နားလည်မှု အပြည့်။ တစ်ချို့တွေ ကြတော့လည်း စပါယ်ယာ ဆိုတဲ့ စကားလုံး ခပ်ကြမ်းကြမ်း သုံးပြိး ပြောဆိုလား ဆိုရဲ့။ အရှက်နည်း လက်ရဲ မှဆိုတဲ့ စိတ်မျိုး ထားနိုင်မှ တော်ကာ ကြမဲ့ အလုပ်မျိုး။ သူပြိုင်ကိုယ်ပြိုင် လူခေါ် ကြတဲ့ အခါ ကျွန်တော်ကြောင့် ကားပေါ်မှာ ခုံအပြည့်မပါရင် ကျွန်တော် လူခေါ်တာ ညံ့လို့ ဆိုတဲ့ ကားဆရာရဲ့ အပြစ်တင်သံ တွေကလဲ ကျွန်တော်ဆီ ဦးတည်လျှက်။
မနက်စောစော ကျီးမနိုးခင်ထ ၊ သူများတွေ အိပ်မော ကျချိန်မှ အိမ်ပြန်ရောက်။ အပူအေး ထဲမှာ နေကုန် နေခမ်း ကားဆွဲ ရတာမို့ လည်ချောင်း တွေနာ၊ အသံတွေ ဝင်ကာ တစ်စက် မှအသံမ ထွက်မှ နားရက်ရတဲ့ ဘဝ။ မကျင်လည် ဘူးတဲ့ ဒေသထဲမှာ လူပေါင်းစုံ ရောနှောနေတာမို့ ကိုယ်မပါအောင် တိမ်းရှောင် ပေမယ့်လည်း တစ်ခါတစ်လေ ပတ်ဝန်းကျင် ကြောင့် ပုတ်ခတ် ပြောဆို ခံရတဲ့ အခါမျိုးလည်း အကြိမ်ကြိမ် အခါခါ ရှီလားရှိရဲ့။ ကျောင်းနေ ဘက်သူငယ် ချင်းတွေ၊ အသိတွေနဲ့ မျက်မှန်း တန်းမိတဲ့ အခါ ရှက်ရွံ့မှုတွေ နဲ့အတူ နှုတ်ဆက် ရကောင်းနိုးနိုး၊ မသိချင်ယောင် ဆောင်ရ ကောင်းနိုးနိုး၊ ဝေခွဲရခက် တဲ့အတွေးတွေနဲ့။ ကားခ တောင်းရ နိုးနိုး ၊ မတောင်ရ နိုးနိုး နဲ့ မတောင်း ပြန်ရင်လည်း ကားဆရာကို ဟိုင်းလက် အသေးလေးတွေမို့ လူဥိးရေနဲ့ ပြန်အပ်ရ တာမျိုးမို့ ကိုယ့်အဖို့ စိုက်ပေးနိုင်မှ။ အကယ်၍ လူဦးရေ မပြည့်လျှင် စပါယ်ယာ ကပဲ ခိုးသလိုလို ဝှက်သလိုလို ကားဆရာရဲ့ အထင်တွေ ရောက်လာအုံးမယ်။ တစ်ကယ်ကို မလွယ်တဲ့ ဘဝ ဆိုတာ လုပ်ကြည့်မှ သိလာရတာ။
စပါယ်ယာ ဆိုရင် အားလုံး သူခိုးကြိးနဲ့ သူခိုးလေး လို့ ပြောတက်တဲ့ စကားလုံးတွေ အောက်မှာ ကျွန်တော် စိတ်ဓါတ်တွေ အကြိမ်ကြိမ် သေတယ်။ ဘဝအတွက် ရုန်းကန် နေကြတဲ့ လူတွေထဲမှာ ရီုးသားသူ တွေလဲ ဒုနဲ့ဒေး။ အားမတန် မန်လျှော့ ပြိး သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရုန်းကန် နေကြရတာ ချင်းအတူတူ စပါယ်ယာ ဘဝက တော်တော် လူအထင်သေး အမြင်သေး ဖြစ်ရတဲ့ အလုပ်တစ်ခု ပါလားလို့ ကိုယ်တိုင် ဝင်လုပ်ကြည့်မှ မျက်ဝါး ထင်ထင် နဖူးတွေ့ ဒူးတွေ့ပါပဲ။
ကားလိုက်နေချိန် ကားတွယ်စီး သူတွေထဲ အမူးသမားပါရင် သတိထား နေရတယ်။ မတော် သူဘာသာ မူးလို့ လက်လွတ် ကျရင် ကားသမားရော စပါယ်ယာပါ အချောင် ထောင်ထဲ ရောက်မဲ့ အဖြစ်မျိုး။ ငယ်ရွယ်တဲ့ ကောင်လေးတွေ ကားတွယ်စီးတဲ့ အခါ စိုးရိမ်စိတ်နဲ့ ကိုယ်က တားပေမယ့် သူတို့က ကိုယ်ကိုကိုယ် တန်ဖိုးထား ဂရုစိုက် ရကောင်းမှန်း နားမလည်တဲ့ အပြင် ရန်စကားတွေ ပြောဖို့လဲ ဝန်မလေးတက် ကြပြန်ဘူး။ ကားလေးတွေမို့ တစ်စီးနဲ့ တစ်စီး အပြိုင်ဆိုင် အလုယှက် မောင်းကြတာ ရန်ကုန်ရဲ့ ထုံးစံလို ဖြစ်နေသလို အမြန်အလို ရှိတဲ့ ခရီးသွား ပြည်သူ တွေကလဲ ဒီလို ကားသေး လေးတွေ ကိုပဲ အားပြု စီးနေ ကြတဲ့ အချိန်ဆို တော့လည်း ဘယ်သူဘယ်သူ မှ အပြစ်တင်လို့ မရတဲ့ အဖြစ်။
ကားဂိတ်မှာ ကျွန်တော် လူခေါ် နေတာကို မြင်တဲ့ ညီမလေးက လည်း ကျွန်တော် အဖြစ်ကို မကြည့်ရက်လို့ အိမ်ပြန်လာပြိး အမေကို ကျွန်တော် ကားဆက် မလိုက် ဖို့ ငိုပြိး တားခိုင်း တယ်တဲ့လေ။ သေချာတာ ညီမလေးက ကျွန်တော်ရဲ့ မကျွမ်းကျင် သော အလုပ်တစ်ခု ပေါ်မှာ အခက်ခဲ တွေရင်ဆိုင် နေရတာကို မြင်လို့ ထင်ပါရဲ့။ ကျွန်တော်ကလည်း ကျွန်တော်။ အဲလောက်တောင် အသုံးမကျတဲ့ ကောင်။ ညီမလေးရဲ့ အငိုမျက်လုံး တွေကြောင့် ကျွန်တော် ဒီလ အကုန်ထိပဲ ကားလိုက်ပါ့မယ် လို့ မနည်းခွင့်တောင်း ထားရတာ။ ဘာပဲ ဖြစ်ဖြစ် ဒီလ အကုန် ထိပဲ ကားလိုက် ပေးရအုံးမယ်လေ။ မလိုက်ပေးလို့ ကလည်း မဖြစ်ဘူးလေ။ ကိုယ်နေရာမှာ အစားထိုး ဝင်လိုက်ပေးမယ့် စပါယ်ယာ တစ်ယောက် ရှာပေး ခဲ့ရအုံးမှာလေ။ အတွေ့ အကြုံ တစ်ခု ထဲက တစ်ခုဖြစ်တဲ့ စပါယ်ယာ အလုပ်ကလည်း လွယ်မယောင်နဲ့ ခက်ပါလားလို့ နက်နက်နဲနဲ တွေးနေမိရင်း...။ လူတိုင်း အထင်သေး အမြင်သေး နှိပ်ချ ချင်ကြတဲ့ အလုပ်တစ်ခု ဖြစ်တဲ့ စပါယ်ယာ အလုပ်က လည်း ပညာပါတယ် ဆိုတဲ့ အသိလေး တစ်ခု ကျွန်တော် ရင်ထဲ သို့ နက်နက်ရီုင်းရိုင်း တိုးဝင်စွာဖြင့်...။

စာဖတ်သူများကို အစဉ်အမြဲ လေးစားစွာဖြင့်....။
Angelhlaing



11 comments:

အရမ်းကောင်းတယ် အိမ်ဂျယ်ရေပို့စ်ကလေးက.. အစ်ကိုအရင်ဆုံး ဖတ်ဖြစ်တယ်ထင်တယ်။ အစ်ကို့အိမ်ကို မလာတာကြာပြီနော်..လာခဲ့ပါအုံလို့ဖိတ်ခေါ်ပါတယ်နော်။
လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

ကျနော်လဲ စပယ်ယာတပိုင်းဖြစ်ခဲ့ဘူးတယ်ဗျ..အိမ်က ကားကိုပဲပျင်းလို့တက်လိုက်တာ..တခါတလေ ကျနော်တို့ တူဝရီးနှစ်ယောက်အောက်ဆိုက် ဆွဲတဲ့အခါပေါ့...

မျက်ဆိလျင်ရမယ်..လူဘယ်နှစ်ယောက်တက်လဲသိရမယ်

ခံစားမှုလေးတွေကို အသေးစိတ် အကွက်ကျကျရေးသွားတာ
နှစ်သက်မိတယ် ။

အင်း ..
အောက်ချေ အောက်ဆုံးဘဝကို ရေးထားတာမို့  ဖတ်ရတာ
ဇာတ်နာသလိုဖြစ်ရပြီး ရင်ထဲမလဲ မွန်းကျပ်ကျပ်ကြီး ဖြစ်ရတယ်လေ။
မ တစ်ရာသားများနဲ့  နိစ္စဒူဝဆက်ဆံနေရတော့ လည်း စပယ်ယာဘဝက
ဘယ်လှတော့ မလဲ။ ဒါပေမယ့်...
ဒီနေ့ ဗမာပြည်အလုပ်သမားလောကထဲမှာ စပယ်ယာအလုပ်ကလည်း
ဝင်ငွေကောင်းတဲ့ အထဲ ပါနေပါတယ်နော်။ ပို့ (စ)ကောင်းလေးပါပဲဗျာ..။

အင်း...တစ်ကယ်စပယ်ယာလုပ်ဖူးသလိုပဲနော်။ ကောင်းတယ်။ ကြိုးစားထား။ ဖိုက်တင်၊

ဖတ်လို့ကောင်းတယ် စပယ်ယာ လည်း မလွယ်ဘူး ဘာမှ မလွယ်ဘူးနော်

ကျေးဇူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညီမ Angelhlaing ရေ
အရေးအသားလေးက အရမ်းဖတ်လို့ ကောင်းတယ်။
တကယ့်လက်တွေ့ ကျတဲ့ဘ၀ကိုပေါ်လွင်စေတယ်။
အမြဲအားပေးနေပါတယ်။
ကျေးဇူးနော်။

မောင်မောင်

နတ်သမီးလေး လှိုင်ရေ အရမ်းကောင်းတယ် . . အရေးအသားပိုင်း ပိုင်တာ ကိုတော့ အရမ်းချီးကျူးမိတယ် . . . ဆက်လက် အားပေးနေမယ်

ခင်မင်စွာဖြင့်
ဗညားရှိန် ခ လင်းခေတ်ဒီနို

တကယ်တော့ စပယ်ယာအလုပ်ကလည်း တက်ကျွမ်းမှုတွေ အထာတွေနားလည်ရသကိုး၊
ဖတ်လို့ကောင်းအောင် ရေးသွားသည်ကို လေးစားမိပါသည်။

အရေးအသား ညက်ညက်ညောညောမို့ ဖတ်လို့ကောင်းတယ် ညီမရေ...၊
ကြုံရတဲ့ အခက်အခဲလေးတွေကို စပယ်ရာနေရာက ပြသွားတာလည်း ချောမွေ့တယ်...။

မကျွမ်းကျင်တဲ့အလုပ်တခုမှာ စိတ်သောက ရောက်ရပုံလေးက ကိုယ်ချင်းစာ စရာပါပဲ။ ပထမဆုံး လုပ်ငန်းခွင်ဝင်တဲ့ ခံစားချက် ပြန်သတိရမိတယ်။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More