http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, March 11, 2011

မျှော်လင့်ချက်မနက်ဖြန်




















 

နင်ရဲ့
ရိုးသားမှုတွေကို
စားသုံးပြီး ငါကလှည့်စားဖို့
ကြံရွယ်နေသလောက် ဖြူစင်တဲ့
အကြည့်တွေအောက်မှာ ငါ့ရဲ့ ၀ိညာဉ် အကြိမ်ကြိမ် ငိုနေတယ်....။

ကဝေလို တစ်မျိုး၊
တစ္ဆေလိုတစ်သွယ် မာယာတွေ
ငါ သုံးနေသလောက်၊ အပြုံးမပျက်
နင် နှုတ်ဆိတ်နေပေမယ့် ငါလိပ်ပြာ ကငါ့ကိုခြောက်လန့်နေခဲ့တာ....။


အေးမြတဲ့နင့်ရဲ့
မေတ္တာတွေ စားသုံးပြီး
သစ္စာဆိုတဲ့စကား စားလုံးပေါင်းမှန်ဖို့
မကြိုးစားမိတဲ့ ငါ အခုတော့ သစ္စာစူးလို့ ရူးရတော့မယ်....ချစ်သူ။

"တားဆီးလို့မရနိုင်သော
ခွဲခွာခြင်းတခုအတွက်
ပွင့်ထွက်သွားတဲ့
တခါးတွေဆီမှာ
တမ်းမျှော်လို့
ခေါ်ခွင့်ရနိုင်ကောင်းမယ်ဆိုရင် ''ပြန်လာခဲ့ပါ'' .........ချစ်သူရာ...။ "

နင်သိခဲ့ရဲ့လား
...ချစ်သူ
ငါ့ခန္ဓာကိုယ်ထဲက
လည်ပတ် စိးဆင်းနေတဲ့ အတ္တတွေအကြောင်းလေ.....

ခပ်ဟဟ
ရယ်မောရင်း
အချစ်ဆိုတာ ဗလာနထ္တိ၊ အသိတစ်ခုထဲ ရယ်...

တစ်ကယ်တော့
တစ်ခန်းရပ်
ပြဇာတ်
တစ်ပုဒ်လိုပါပဲ....

အလှပဆုံး
အသေသပ်ဆုံး
ဇတ်ဝင်ခန်း တစ်ခုအနေနဲ့
သရုပ်ပြကြိုးဆွဲချက်မှာ ခံစားချက်တွေ တော့အသက်မဲ့ ၀ိညာဉ်အဖြစ်နဲ့ပေါ့.....

နင်မသိသေးတာ
တစ်ခုရှိသေးတယ်...ချစ်သူ
နင့်ရဲ့ မျှော်လင့်ချက်
မနက်ဖြန်ဆိုတာ
ဖြစ်မလာတာ
မဟုတ်ဘူး...
အစကတည်းက
မရှိခဲ့တဲ့
မျှော်လင့်ချက်
မနက်ဖြန်မို့........
ဘယ်တော့မှခွင့်မလွတ်ပါနဲ့....ချစ်သူ။

12 comments:

ညီမလေးရေ ကဗျာလေးက ထိတယ်၊ အရမ်းကောင်းတယ်ဟေ့၊ သုံးကြိမ်တိတိကို ဖတ်ပစ်လိုက်တယ်။ ကျန်းမာပျော်ရွှင်ပါစေနော်...

ကောင်းလိုက်တဲ့ ခံစားချက်။
ဒါကို ရေးထားတာလည်း သွက်တော့ လှတယ်။
သြော် . . သူများတွေလိုများ ရေးတတ်ချင်လိုက်တာ။
အားကျပါ့။

နင်မသိသေးတာ
တစ်ခုရှိသေးတယ်...ချစ်သူ
နင့်ရဲ့ မျှော်လင့်ချက်
မနက်ဖြန်ဆိုတာ
ဖြစ်မလာတာ
မဟုတ်ဘူး...
အစကတည်းက
မရှိခဲ့တဲ့
မျှော်လင့်ချက်
မနက်ဖြန်မို့........
ဘယ်တော့မှခွင့်မလွတ်ပါနဲ့....ချစ်သူ။

ကျွန်တော့်အဖြစ်ကို ရေးထားသလိုပဲ သူငယ်ချင်းရား((((
ကဗျာကို ဖတ်ရင်း အထပ်ထပ် ခံစားသွားတယ်ဗျား(((

ခင်မင်စွာဖြင့်
ဗညားရှိန်

နင့်ရဲ့ မျှော်လင့်ချက်
မနက်ဖြန်ဆိုတာ
ဖြစ်မလာတာ
မဟုတ်ဘူး...
အစကတည်းက
မရှိခဲ့တဲ့
မျှော်လင့်ချက်
မနက်ဖြန်မို့........

ဒီစာသားလေးကို အရမ်းးးးး ကြိုက်တယ်......။

ခင်မင်လေးစားလျက်

ဒီလိုပါပဲ ရိုးသားတဲ့ သူနဲ့  တွေ့  ရင် မရိုးသားတဲ့ သူက ကိုယ့်လိပ်ပြာ မလုံဖြစ်ရတယ်လေ...
ကျွန်တော်လဲ ဒီလို ကြုံဖူးတယ်...
ပြန်စဉ်းစားမိတိုင်း သူ့ အတွက် စိတ်မကောင်းဖြစ်ရတယ်။
လှည့်စားမိတဲ့ ကိုယ့်ကိုယ်ကိုလဲ ဒေါသ ဖြစ်ရတယ်။

ကောင်း၏။ ကောင်း၏။ ကောင်း၏။

http://saytanarpankhinn.blogspot.com/ ကိုလည်း လာလည် ဦးနော်။

ကောင်း၏။ ကောင်း၏။ ကောင်း၏။ http://saytanarpankhinn.blogspot.com/ ကိုလည်း လာလည်ဦးနော်။

ွှအရမ်းကောင်းတယ်ဗျာ....

ညီမရေ
ကဗျာလေး ကို ဖတ်ရှု့ ခံစားသွားပါကြောင်း။
ရေးတတ်လိုက်တာနော် :D
အားကျပါဘိ....

ကောင်းလိုက်တဲ့ အတွေးအရေး။ မိတယ်မိုက်တယ်.

မင်္ဂလာနံနက်ခင်းလေးပါ။ လာလည်သွားတယ်နော်။ ကဗျာလေးလည်း နားမလည်ပေးမယ့် ဖတ်သွားပါတယ်။ သူများတွေတော့ကောင်းတယ်ပြောတယ်နော်။ ဒီထက်မက အောင်မြင်ပါစေ။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More