ခွင့်ပြုချက်မဲ့စွာနဲ့
တိတ်တဆိတ်
ဝင်လာတဲ့နင့်ကို
တားမြစ်ခွင့် မရလိုက်ပဲ
ချစ်ခဲ့မိတာက စလို့ပေါ့.......
စွဲလမ်းတဲ့
စိတ်ကြောင့်
ဖြစ်တဲ့အိမ်မက်ရယ်......
စိတ်ကူးနဲ့
လက်တွေ့
မျှော်လင့်မရတော့....
တစ်ခါတစ်ခါ
အရာအားလုံးနဲ့အတူ
နင့်ကိုမေ့ပစ်လိုက်ချင်တယ်.....
မရေရာတဲ့
မနက်ဖြန်တွေ
လျှောက်လှမ်းဖို့လိုတာထက်
ပိုပြီးရုန်းရတာ ငါ့အတွက် သီအိုရီလား.....???
ခန့်မှန်းရခက်တဲ့
နင့်မျက်နှာပေါ်က
ခံစားချက်တွေကို ဘာသာပြန်ဖို့
Oxford က Dicitionary ငါမှာရအုံးမယ်လို့
ပြောတော့ ရူးချက်က အဲလောက်ထိလားလို့ ခပ်ရင့်ရင့်ပြောလည်း ငါ နာရကောင်းမှန်း နားမလည်တက်ခဲ့ဘူး....
နင်ရဲ့
သံသယတွေအောက်မှာ
ငါ့ စိတ်ဓါတ်တွေ အခါခါသေလည်း
ငါ့အတွက် မလွမ်းဘူးဆိုတာသိနေတဲ့ နင့်အတွက်
လမ်းခွဲဇယား မဆွဲနိုင်တဲ့ ငါ့ကိုယ်ငါပဲ စိတ်နာတယ်.....
အရိပ်လို့
ကြည့်နေခဲ့ပါလျှက်နဲ့
တဖြေးဖြေး ဝေးသွားတာကိုလဲ
ဘာမှမတက်နိုင်ပဲ ရပ်ကြည့်နေခဲ့ရတာ
အခုထက်ထိ ဘယ်ဘက်ရင်အုံ တစ်ချက်တစ်ချက် အောင့်နေတုန်းပဲဟာ.....။

13 comments:
ကောင်းလိုက်တာဗျာ ကဗျာလေးက တပုဒ်လုံးကို နှစ်သက်မိတယ်
အမြဲဒီထက်ကောင်းအောင် ရေးနိင်ပါစေဗျာ
ခင်မင်တဲ့
ဗညားရှိန်
ကဗျာတင်ရင် စာကြောင်းခွဲတာ သတိထားပါညီမလေးရေ။ ကဗျာမှာ အဲဒါအရေးပါတယ်။ ပြီးတော့ ပုံကို အပေါ်မှာတင်ပါလား။ အဲဒါက ကဗျာကိုပိုပြီး ထိရောက်စေတယ်လို့ထင်တယ်။ ဘေးမှာထားရင် ကဗျာမှာ ရှုပ်နေလိမ့်မယ်။ ကဗျာဘယ်လောက်ကောင်းကောင်း ဒီဇိုင်းနဲ့ စာအထားအသို မကောင်းရင် ကဗျာပေါ့သွားလိမ့်မယ်။
ကဗျာလေးကိုကြိုက်တယ်ဗျာ..
ရေးထားတဲ့ ကဗျာလေး ကောာင်းတယ် ..
ပုံလေးကို အပေါ်ပုံမှာ တင်ရင် ကြည့်ရတာလေး
ပိုကောင်းမယ် ထင်တယ် ...
အားပေးသွားပါတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဟုတ်ကဲ့ကျေးဇူးပါနော်...အခုပုံလေးကိုအပေါ်မှာပြင်ပြိး
တင်ထားလိုက်ပါပြီ။ အခုလို အားပေးတဲ့အတွက်ရော
ဒီဇီုင်းလေးတွေပါ အကြံပေးတဲ့ မမနဲ့ အကိုတွေကို
ကျေးဇူးပါလို့....
Same to you! :(
မအိမ်ဂျယ် ကဗျာလေးကအရမ်းကောင်းတယ်ဗျ။ လင့်ခ်ယူသွားမယ်နော်
ကျွန်တော့်ဆီကိုလာပါအုံး။အသစ်တွေတင်ထားတယ်။
နင့်ရဲ့
သံသယတွေအောက်မှာ
ငါ့ စိတ်ဓါတ်တွေ အခါခါသေလည်း
ငါ့အတွက် မလွမ်းဘူးဆိုတာသိနေတဲ့ နင့်အတွက်
လမ်းခွဲဇယား မဆွဲနိုင်တဲ့ ငါ့ကိုယ်ငါပဲ စိတ်နာတယ်.....
အရိပ်လို့
ကြည့်နေခဲ့ပါလျှက်နဲ့
တဖြေးဖြေး ဝေးသွားတာကိုလဲ
ဘာမှမတက်နိုင်ပဲ ရပ်ကြည့်နေခဲ့ရတာ
အခုထက်ထိ ဘယ်ဘက်ရင်အုံ တစ်ချက်တစ်ချက် အောင့်နေတုန်းပဲဟာ.....။
ရင်ထဲ ထိသွားတယ်ကွယ်......။
အင်း..
ရိုးရိုးလေးပဲ ပြောကြည့်တော့ မယ်။
ကိုယ်ကချစ်လိုက်မိတဲ့  ကိုယ်ချစ်ပါလို့ ။
အရင်ချစ်တဲ့ လူက အရင်ဆုံးရှုံးတော့ တာလေ။
ချစ်ရင် ရှုံးတော့ တာဟုတ်ဖူးလား..။
လင့် ယူပြီး အိမ်ရှေ့ မှာ ချိတ်လိုက်ပြီနော...။
ကဗျာလေးကိုလာရောက်ဖတ်ရှုအားပေးသွားပါတယ်နော်။
ကဗျာလေးက တိုတိုလေးနဲ့ ထိထိမိမိရှိလှပါတယ်လို့ ဒီကဗျာတင်တဲ့နေ့ကတည်းက ရေးမယ့်ခမန့်ကို Profile မရွေးတတ်တာနဲ့ ခုမှ အတွေ့အကြုံရှိလို့ ရွေးတတ်သွားပြီ...ရွှင်လန်းချမ်းမြေ့ပါစေ
ခံစားချက်တစ်ခု ရှိနေတာတော့ပေါ်လွင်ပါတယ်၊
လမ်းခွဲဘို့အတွက် ဇယားဆွဲဦးမှာလား
ဘယ်ဘက်ရင်အုံက တချက်ချက်အောင့်တယ်
နောက်ဆုံး ဘာသာပြန်ဘို့အတွက် Oxford က Dicitionary ကိုလှန်မိတယ်၊
ခံစားချက်နှင့်အဖွဲ့ကြားမှာ ကဗျာကို ဖတ်ပြီးမေးစရာ မေးခွန်းတွေပေါ်လာခဲ့တယ်၊
ပျော်ရွှင်ပါစေ။
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကဗျာကလေးကတကယ်ခံစားချက်နဲ့ ထည့်ရေးထင်ပ-
ကျနော်ကြိုက်တယ်ဗျာ-
အရိပ်ကလေးနဲ့ မခွဲတမ်းအတူတူရှိနေနိုင်ပါစေဗျာ-
ရင်ဘတ်တွေလည်းအောင့်အောင့်နေတဲ့ဝေဒနာတွေဝေးနေနိုင်ပါစေ-
Post a Comment