http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

တစိမ့်စိမ့်တွေးပြီးပြုံးဖို့ပါ...

အရင်ထုတ်လိုက်ရမှာ
အမျိုးသမီးတစ်ယောက်သည် ဆရာဝန်ထံသို အော်ဟစ်ရောက်လာပြိး ..ဆရာဆရာ ကူပါအုံး ကျွန်မယောင်္ကျား
ကြွက်တစ်ကောင်မြိုချမိလို့.....သူဆီပြန်သွားလိုက်ပါ၊သူပါးစပ်ရှေ့မှာ ဒိန်ခဲတစ်တုံးဝေ့ယန်းပြလိုက် ကျွန်တော်လိုက်လာခဲ့မယ်...
ဟုဆရာဝန်ကပြောလိုက်သည်။
ငါးမိနစ်လောက်ကြာမှဆရာဝန်ရောက်လာသည်။လူတစ်ယောက်သည်စက်တီပေါ်တွင်လှဲနေသည်။အမျိုးသမီးက ထိုလူ၏ပါးစပ်နားတွင်
ငါးသလောက်ခြောက်တစ်ကောင်ကိုဝေ့ယန်းနေလေသည်။
ခင်ဗျားရူးနေလား ခင်ဗျားကိုကျုပ်ဒိန်ခဲပြပါဆိုနေ...ကျွန်မသိပါတယ်ဆရာရယ်ဒါပေမယ့် ကျွန်မကြောင်ကိုအရင်ထုပ်ရမှာဖြစ်လို့ပါ..
ဘာထင်လို့လဲ
ဘာလင်မြို့ပေါ်တွင်အမေရိကန်ဗုံးကျဲလေယာဉ်များ ပျံဝဲနေကြသည်။ အမျိုးသမီးမှ မြန်မြန်လုပ်လေ သွားခိုရအောင် ဘာလုပ်နေတာလဲ
ဟုအော်ပြောလိုက်သည်။ ငါ့သွားတုမတွေ့လို့ ကွဟု အမျိုးသားပြန်အော်လိုက်လေသည်။ သူတို့တွေဘာကျဲမယ်လို့ရှင်ထင်နေလို့လဲ.
အသားညှပ်ပေါင်မုန့်ကျဲမယ်လို့ရှင်ထင်နေလို့လား ဟုအသံစူုးစူးဖြင့်ပြန်အောက်လိုက်လေသသည်။
ထိမ်းမြားခြင်းကား
ထိမ်းမြားလက်ထပ်ခြင်းသည် ဖဲချပ်တစ်ထုပ်နှင့်တူသည်။ခင်ဗျားလိုက်ပိုးပန်းနေစဉ်မှာတော့ Heart ဖဲချပ်ပေါ့။ ခင်ဗျားစေ့စပ်တဲ့အခါမှာတော့ အဲဒါ Diamond ပဲ။ မင်္ဂလာဆောင်ပြိးသွားတဲ့အခါကျရင်တော့ Clubs တွေဖြစ်သွားရော။ အဆုံးမှာတော့ အာလုံး Spades တွေဖြစ်ကုန်တော့တာပဲ။
ဘယ်နေရာလဲ
ဂျိုအန်း...။ ယောက်ကျားတွေ လက်ပတ်နာရီကလွဲပြီး တခြားဘာမှမဝတ်တဲ့နေရာကိုသိတယ်..
ဖါးဂေါ့....။ဘယ်နေရာလဲ ဘယ်နေရာလဲ
ဂျိုအန်း....။လက်ကောက်ဝတ်မှာလေ...
မေးပရစေ
အလုပ်သမား..။ကျွန်တော်ဇနီးကလူကြီးမင်းဆီကနေ ကျွန်တော်ကို လခတိုးတောင်းခိုင်းပါတယ်..
အလုပ်ရှင်.......။ရပါတယ်။ကျုပ်လည်း ခင်ဗျားကိုလခတိုးပေးရမလားဆိုပြီး ကျုပ်မိန်းမကိုမေးကြည့်ထားမယ်လေ..
ဘာလုပ်ရမှာတုန်း
အမျိုးသမီး.တစ်ယောက်သည် သူတောင်းစားအား...ရှင်မရှက်ဘူးလား လမ်းမှာတောင်းစားနေရတယ်လို့..ဟုပြောလိုက်၏။
သူတောင်းစား. က ဒီတော့ကျွန်တော်ဘာလုပ်ရမှာတုန်း ရုံးခန်းဖွင့်ရမှာလားလို့ ပြန်ပြောလိုက်တော့သည်။
တော်မှမတော်တာ
အလွန်နာမကျန်းဖြစ်နေသောအမျိုးသမီးသည် ခင်ဗွန်းသည်အားပြောလေသည်။ကျွန်မသေမယ်ဆိုရင် ရှင်နောက်အိမ်ထောင်ပြုပါ၊ ဒါပေမယ့် ကျွန်မအဝတ်အစားတွေကိုတော့ နောက်မိန်းမကို ပေးမဝတ်ပါဘူးလို့ ကတိပေးပါဟူပြောလေသည်။ ယောက်ျားက စိတ်ချပါ ငါပေးမဝတ်ပါဘူး၊ ပြိးတော့ အဲဒါတွေကလည်းသူနဲ့မတော်ပါဘူးကွာဟု ပြန်ပြောလိုက်လေသည်။

2 comments:

ဖတ်ရှုရယ်မောသွားပါတယ်ခင်ဗျား)

လေးစားပါတယ်သူငယ်ချင်းဆက်ကြိုးစားပါ အားပေးနေမယ်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More