http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, February 23, 2011

စာရေးဆရာရူး ရူးတဲ့ကျွန်တော်ရဲ့ အထ္ထုပ္ပတ္တိ

ယိုင်နဲ့နဲ့ ခြေတံရှည် အိမ်ငယ်လေး တစ်လုံး။ အမှန်က စာစကားနဲ့ ယဉ်ကျေးအောင် ပြောလို့ အိမ်တစ်လုံး ရယ်လို့ အမည်ပေး ရတာ။ အမှန်တော့ တဲသာသာ အိမ်လေးပါ။ အဲဒါတောင် မျက်ကွယ်ပြု သွားပြီဖြစ်တဲ့ အမေနဲ့အဖေ ကထားခဲ့ ပေးခဲ့လို့ ယနေ့ ကိုယ်တစ် ကိုယ်ထည်း ရပ်တည် နေထိုင် ခွင့်လေး ရနေခဲ့တာ။ မဟုတ်ရင် အခြေမဲ့ အနေမဲ့ ဘဝ လုံးလုံး လျားလျား ရောက်နေမှာ မလွဲ။ မိဘချန် ထားခဲံ့တဲ့ အမွေ အနှစ်ပေါ် မှာမိုက်ကြေး ခွဲပြိး မိုက်နေတဲ့ တစ်ကိုယ်တော် ကဗျာရူး၊ စာရူး၊စာရေး ဆရာရူး ကျွန်တော်။ ကိုယ့်ထမင်း ကိုယ်စား သူများအတင်း ပြောချင် ကြတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်က သူများ နှုတ်ဖျား အလကားနေရင်း ရေပန်းစား တဲ့ မွဲတေ စုတ်ပျက်နေ တဲ့ ဝါသနာ စာရူးတစ်ယောက်လေ။

မွဲခြောက်ခြောက် အသာရေမှာ နဂိုကမှ မဖြူရတဲ့ အထဲ အသားမဲမဲ၊ ပိန်ရှည်ရှည်၊ အဲလို ဥပဓိ ကောင်းတဲ့ သူ့ကို လူတိုင်းက မြင်တာနဲ့ နှာခေါင်းရှုံ့ ကြတာ မဆန်းတော့ လည်းမဆန်ပါဘူး။ အမေပေး တဲ့ရုပ်ရည်၊ ဘုရားပေးတဲ့ အတိုင်း ရှင်သန်ခွင့် ရတာ ဘယ်သူ့ ဂရုစိုက်ပြီး အားငယ်နေ ရမှာလဲနော်။ သူတစ်ကယ် ယုံကြည် လေးစားတာ စာပေ၊ သူမြတ်နိုး အလေးထားတာ စာရေးခြင်း၊ သူ့ဘဝမှာ အလေးနက် အထားဆုံးအရာက ဖတ်သူရှိ သည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ သူ့ရဲ့ စိတ်ကူးတွေ အတွေးတွေ ကိုချရေးနေ ခွင့်ရှိမယ်ဆိုရင် တစ်လောက လုံးနဲ့အတူ အရာတွေ အားလုံးကို မေ့နေပြိး အဲလောက်ထိ စာပေပေါ်မှာ ရူးသွပ် နေရရင် ဘဝက ဘာနဲ့မှ လဲလို့မရ အောင် တန်းဖိုးရှိ လိုက်တဲ့ ဖြစ်ခြင်း။ စာပေရဲ့ အနှစ်သာရ၊ စာပေရဲ့ လျှိုဝှက်ချက် ကိုနားမလည်တဲ့ လူသားတွေ ရဲ့ တီးတိုးဝေဖန် ကဲ့ရဲ့မှုက သူ့အတွက် စိုးစဉ်မှ အရာမဝင်။ အဲဒီလောက်ထိ ဆိုတာထပ် ကိုပိုပြီး စာပေကို ရူးသွပ် သူတစ်ယောက်။


သူရဲ့ အိမ်မှာ သူတန်းဖိုးထားရ တဲ့ ကဗျာတွေ၊ တစ်ပိုင်းတစ်စ ပုံဖော်ထားတဲ့ ပန်ချီတွေ၊ သူရဲ့စိတ်ကူးတွေ အတွေးတွေကို ချရေးထားတဲ့ ရင်တွင်းဖြစ်တွေ၊ ဘဝထဲက အတွေ့အကြုံ တွေနဲ့ ဖွဲ့စည်းထားတဲ့ ဝထ္ထုတွေ၊ တစ်ပိုင်းတစ်စ ပြန့်ကျဲနေမယ့် စာရွက် ဖြူဖြူတွေ၊ အမှိုက်ပုံ တစ်ခုလို ရှုပ်ပွနေကောင်း နေနေပေမယ့် သူ့အတွက်တော့ ဘာနဲ့မှ တန်ဖိုးမဖြတ် နိုင်တဲ့ ရင်ထဲက စာပေတွေလေ။ စာပေကို သေမတက် ရူးသွပ် ပေမယ့် အောင်မြင်မှု ဆိုတာကတော့ သူနဲ့ လားလားမှ မသက်ဆိုင် သလိုပါပဲ။ ကိစ္စမရှိဘူး သူ့အတွက် ဘုရားပေး သလောက်ပါပဲ။ မအောင်မြင်လည်း သေသွားသည့် အထိ စာပေတွေနဲ့ ရှင်သန်ခွင့် ရရင် ဘာနဲ့မှ အစားထိုးလို့ မရမယ့် ငြိမ်းချမ်းမှုတစ်ခု ပိုင်ဆိုင်ခြင်း လို့မှတ်ယူ ထားသူ တစ်ဦးလည်း ဖြစ်ပေတယ်လေ။

ငယ်ရွယ်စဉ် ဘဝ ရင်ခုန်ခဲ့ ဘူးသော မိန်းခလေး တစ်ဦးလည်း ဒီလို လူမှာ မရှိခဲ့ဘူးများ ထင်လေမလားပဲ။ မယုံမရှိနဲ့ အဟုတ်ရှိခဲ့ ဘူးတယ်။ မျက်နှာမွဲ ရွှေမရှိ၊ ငွေမရှိ၊ ဓနမရှိတဲ့ ဘဝမို့ အဖတ်လုပ်ပြိး ခေါ်ချင်ပြော ချင်ပုံတောင် မရတဲ့ သူမလို ရွှေမင်းသမီး ကိုမှ ရင်ဘတ်နဲ့ မဆံ့နဲ့ ချစ်ခြင်း မေတ္တာတွေ ပေါက်ပွား ခဲ့ဘူးတယ်.။ လူကလည်း ဘာပုံမှမရှိ၊ ပြစရာ ဂုဏ်ဒြပ်ကလဲ မွဲ ကဗျာနဲ့ စာပေက လွဲရင် ဘာမှနားမလည် ဒီလိုလူမှ ကျန်ရစ် မဖြစ် ဘယ်သူများ ဖြစ်ပါ့လိမ့် မလဲနော်။ တစ်မြေ့မြေ့ ကျွမ်းတဲ့ အသည်းကို ရင်းပြိး ညပေါင်းများစွာ ကဗျာတွေစပ်၊ စာတွေရေး ရင်းသူမ အတွက် အချိန်တွေ တော်တော်များများ လွမ်းခဲ့ဘူးတာလဲ ကိုယ်တိုင်သာ အသိ။

ဝါသနာပါ ရာစာပေပေါ်မှာ ရူးသွပ်နေရင်း ကြိုကြား ကြိုကြား ရံဖန်ရံခါ မဂ္ဂဇင်း တွေမှာ ဖော်ခဲ့ခွင့် ရတဲ့အခါ ဘာနဲ့မှ မတူပဲ ခံစားရတဲ့ ပီတိ၊ အားရှိချက် ကလည်း နည်းနည်း နှောနှော မဟုတ်လား။ ရလာတဲ့ အနည်းငယ်သော ဆုကြေးကို ဝါသနာတူ တွေကြား ဂုဏ်ပြု ကျွေးမွေး ရင်း ဆုကြေးအပြင် အိပ်ကပ် ထဲက အိမ်က ပါလာတဲ့ ငွေအနည်း ငယ်လေး တောင် မခံနိုင်ပဲ ကုန်သွားလို့ အိမ်ပြန် စရာ ကားခမရှိလို့ လမ်းလျှောက် ပြန်ခဲ့ ရတဲ့ရက်တွေမှာ လည်း နောင်တ လည်းမရ ၊ ပီတိ အဟုန်ကြောင့် ပင်ပန်းလို့ ပင်ပန်း ရမှန်းလည်း နားမလည်။ အဲဒီလောက် စာပေမှာ ခုံမင် တွယ်တာနေသူ။

တစ်ကိုယ်ကောင်း ဆန်တယ်နော် ဒါပေမယ့် လိုအပ်လာရင် ဘဝနဲ့ရင်းပြိး ကူညီရဲတယ် အဲဒီလို ထူးထူး ဆန်းဆန်း လူမျိုးမို့ စာပေ အသိုင်းဝိုင်း မှာတော့ ချစ်သူ ခင်သူ ပေါမှပေါ ။ စာပေ လောက မှာ ဘုရင်တစ်ဆူ ဖြစ်ဖို့ ရူးခဲ့ဖူးတယ်။ အကျိုးပေး နည်းလို့ အကြောင်းထင် လည်းဝေးခဲ့ ပေမယ့် သေခါမှ စွန့်မဲ့ ဝါသနာ အရ ဝမ်းရေး အတွက် ရင့်နှင့်စွာပဲ ကိုယ့်ရဲ့ ရင်တွင်းဖြစ် တွေကို ရှဲဒိုး သမား အဖြစ် ရောင်းစားလိုက် ရတဲ့ ဘဝ ။ ကိုယ့် စာပေ၊ ကိုယ့် အနုပညာ ကို လူအများ ရှေ့ သွယ်ဝိုက် ပြီးချပြခွင့် နဲ့ပဲ  ကျေနပ်ခဲ့ တဲ့ ဘဝ။ ဝါသနာ သမားစင်စစ် မို့ စာတွေ ရေးနေရမယ်၊ စာအသစ်တွေ ဖန်တီးခွင့် ရနေမယ်ဆို အောင်မြင်မှု မရလဲ ဘာအရေး လဲနော်။ အရေးကြိးတာ ဝါသနာ ပါတဲ့အလုပ်နဲ့ အသက်ရှင် နေထိုင်ရတာ လောက် လောကမှာ ကြေနပ်စရာ ဘယ်အရာမှ မရှိဘူး။ ဝါသနာ ဆိုတာ မွေးရာပါ ရောဂါ တစ်မျိုးမို့ မွေးဖွားလာတဲ့ အချိန်မှ နေပြီး နောက်ဆုံး ထွက်သက်ထိ ကိုယ်ရဲ့ အသိစိတ် မှာရော မသိစိတ် မှာပါ ကိုယ်နဲ့ တစ်သားထည်း ရှိနေမဲ့ ကပ်ပါးကောင် တစ်မျိုးပဲ မဟုတ်ပါလား။

ပိန်လီ ခြောက်ကပ် နေတဲ့ အရိုးပေါ် အရေ ပြိုင်းပြိုင်း တွဲကျနေ တဲ့ ခွေးတစ်ကောင်။ ဘယ်သူလက် ချက်မှန်း မသိ နာကျင်စွာ ထိမှန်လာတဲ့ ခဲချက်ကြောင့် တစ်ဂိန်ဂိန် အော်ပြီး ဆာလောင်မှု ကြောင့် နှုန်းချိ့ နေတဲ့ ခန္ဒာကိုယ် ကို အပြေးအလွား သယ်လို့ ဘေးလွတ်ရာကို ရှောင်ပြေး လာတဲ့  ခွေးတစ်ကောင် ကိုကြည့်ပြိး မင်းလည်း ငါ့နဲ့ဘဝတူ ပါပဲလို့ တွေးလိုက်မိရင်း လက်ထဲက စားလက်စ ထမင်းကြမ်းနဲ့ ငါးခြောက် ဖုတ်ဆီစမ်းထား တာလေးကို နီးစပ် ရာ ဗန်ဒါ ရွက်လေးပေါ် ချကျွေးရင်း အင်း ဒါပဲစား ငါ့လဲ ဒါပဲ တက်နိုင်တယ် လို့ စိတ်ထဲမှ တီးတိုး ပြောရင်း ချကျွေး လိုက်တော့ အနည်းငယ်သော ထမင်းလေး က ခဏ အတွင်း ပြောင်လို့ ပါပဲ။ ဆာလောင်မှု ကြောင့် ကျွန်တော်သည်လည်း ချစ်မြတ် နိုးသော စာပေတွေကို ဝမ်းရေးအတွက် ရောင်းစား ရသေးတာပဲ လို့ တီးတိုးတွေးရင်း တိရစ္ဆာန် ဖြစ်သော ဒီလို အသိဥာဏ် နည်းပါးသော သတ္တဝါတွေ ရဲ့ ဝမ်းရေးက ပိုလို့ ခက်ပါလားလို့ အတွေးတစ်ခု ပါးပါးလေး ဝင်ရောက် လာတယ်။

နောက်ထပ် လိုချင်သေး စွာ ကျွန်တော် ကိုမော့ကြည့် နေရှာတဲ့ ခွေးကို ကြည့်ရင်း တစ်ကယ့်ကို ဘာမှ မရှိတော့လို့ပါလို့  တိုးတိတ် စွာ တောင်းပန် လိုက်မိတယ်။ ဘာပဲ ပြောပြော ဆာလောင် နေချိန်မှာ အနည်းငယ်သော ထမင်းဆုပ် လေးက သူ့အစာအိမ် အတွက် ဆေးဖြစ်စေ မှာဖြစ်သလို သူ့အတွက်လည်း အနည်းငယ် သောအင်အား ဖြစ်စေမယ် ဆို ကျွန်တော်လည်း အငတ်ခံ ပြိးကျွေးရတဲ့ ကုသိုလ် ကြောင့် ပီတိ တစ်စုံ တစ်ရာ ရရှိခဲ့ တယ်လေ ။ စာပေရူး တစ်ယောက်သာ ဖြစ်သော ကျွန်မှာ စာပေနှင့် ပက်သက်သော အတွေးခေါ်၊ အရေးအသား၊ အသိပညာ ၊ကဗျာ တွေသာ ချမ်းသာ ကြွယ်ဝပါတယ်။ ငွေကြေး၊ အဆောင်အယောင်၊ ဂုဏ်ဓနမဲ့ နေလည်း ကျွန်တော်ကတော့ စာပေတွေကိုသာ ဆက်လက် ခုံမင် တွယ်တာ နေအုံးမယ့် ဝါသနာရှင် စင်စစ်သာ ဖြစ်ပါတယ်။ ကြိုးစားသူ အတွက် အောင်မြင်မှုဆို လက်တစ်ကမ်း ဆိုပေမယ့် ကံနည်းတဲ့ ကျွန်တော့် အဖို့ မအောင်မြင် သည့်တိုင်အောင် စာပေကို ရူးသွပ် နေမိပါတယ်။

စာပေကိုသာ မြတ်နိုးတဲ့ ကျွန်တော်မှာ သူတကာ အားကျလောက် စေတဲ့ ရူပကာလည်း မရှိပါ။ပိန်ကပ် မွဲတေ ပြိး လေတိုက်ရင် လဲမတက်  ပြားချပ်ချပ် ခန္ဒာကိုယ်၊ ထည်သွား ထည်လဲ ဝတ်စရာ လုံချည် ကောင်းကောင်းဆိုလို့ ခပ်နွမ်းနွမ်း ဝါကျင်ကျင် ဖြစ်နေ ပြီ ဖြစ်တဲ့ (၃)စုံ ထည်းသော ကောင်းရာနိုးနိုး အဝတ်စား လေးရယ်၊ တစ်ခါတစ်ရံ ဝမ်းရေးအတွက် ရောင်းစားဖို့ လို့ရည်ရွယ်ပြိး ရေးထားတဲ့ စာမူလေးတွေ ကလွဲပြီး ဘယ်လို ပိုင်ဆိုင်မှု မျိုးမှ မရှိပေမယ့်လည်း ကျွန်တော်ရဲ့ ဝါသနာနဲ့ အသက်ရှင် နေထိုင်မှု အပေါ် ကျွန်တော်ကတော့ စာပေကို ရူးသွပ်မှု တစ်ခုထဲနဲ့ ဘဝရဲ့ နေဝင်ချိန်ထိ ရပ်တည်သွားဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ စာပေရဲ့ ကျေးကျွန် စင်စစ်သာ ဖြစ်ပါတယ်။ ဘဝတူ စာပေ သမားတွေက ပြောတဲ့ ကျွန်တော်ရဲ့ ကလောင်နာမည်က ကျွန်တော်နဲ့ အင်မတန် လိုက်ဖက် လှတဲ့ အမည်နာမ တစ်ခု။  ဆရာ  ပိန်လီမဲကျုတ် တဲ့လေ။ တစ်ကယ်တမ်း အဲဒီနာမည် က ကျွန်တော်အတွက် အမေပေးတဲ့ နာမည်ထပ်တောင် ကျွန်တော်နဲ့ ပိုလို့ လိုက်ဖက်တာမို့ ကျွန်တော် ကျင်လည်တဲ့ စာပေလောက အသိုင်းဝိုင်းမှာ ဆရာ ပိန်လီမဲကျုတ် ဆို မသိသူ မရှိသလောက် နာမည်ကြိး စာပေ ဝါသနာရူး တစ်ယောက် ကို  အားလုံးပဲ သိကြမှာပါ။
လူတွေ အထင်သေးကြ တဲ့စာပေ သမားတွေကို သူတို့ အမှန်တစ်ကယ် နားမလည် နိုင်ကြ လို့ဆိုတာ အသိသာကြိး။ သစ်ရွက်တွေ မြေခနေတဲ့ အရိုးပြိုင်းပြိုင်း နဲ့ သစ်ပင်တစ်ပင် ကို ကြည့်ပြီး ကဗျာ တစ်ပုဒ်လည်း ဖြစ်နိုင်သလို သံဝေဂ ရစရာ စာပေ၊ဝထ္ထု တွေ ဖြစ်ပေါ် လာနိုင်တာ သူတို့ရင်ထဲက အနုပညာ အစစ်ကြောင့် ခံစားရေး ဖွဲ့နိုင်ကြတာလေ။ သာမန် မျက်စိ၊ သာမန်ခံစားမှု နဲ့ ခံစားမှု ရှိတဲ့ စာပေ တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာ လွယ်တဲ့ အချင်းအရာ တစ်ခုမှ မဟုတ်တာ။ ကျွန်တော့်အတွက်တော့ အိုမင်း သွားသည့်တိုင် ကျွန်တော် ဘေးမှာ စာပေတွေ ရှိနေမယ်၊ ကျွန်တော် နှစ်သက်မဲ့ စာအုပ်တွေ ဖတ်နေ ရမယ် ဆိုရင် ကျွန်တော့် အတွက် ပြိးပြည့်စုံ ပြီ ဆိုတာထပ် ပြောစရာ မရှိတော့ လောက်အောင်ပါပဲ။ 
လူတွေ အထင်သေးကြ တဲ့စာပေ သမားတွေကို သူတို့ အမှန်တစ်ကယ် နားမလည် နိုင်ကြ လို့ဆိုတာ အသိသာကြိး။ သစ်ရွက်တွေ မြေခနေတဲ့ အရိုးပြိုင်းပြိုင်း နဲ့ သစ်ပင်တစ်ပင် ကို ကြည့်ပြီး ကဗျာ တစ်ပုဒ်လည်း ဖြစ်နိုင်သလို သံဝေဂ ရစရာ စာပေ၊ဝထ္ထု တွေ ဖြစ်ပေါ် လာနိုင်တာ သူတို့ရင်ထဲက အနုပညာ အစစ်ကြောင့် ခံစားရေး ဖွဲ့နိုင်ကြတာလေ။ သာမန် မျက်စိ၊ သာမန်ခံစားမှု နဲ့ ခံစားမှု ရှိတဲ့ စာပေ တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာ လွယ်တဲ့ အချင်းအရာ တစ်ခုမှ မဟုတ်တာ။ ကျွန်တော့်အတွက်တော့ အိုမင်း သွားသည့်တိုင် ကျွန်တော် ဘေးမှာ စာပေတွေ ရှိနေမယ်၊ ကျွန်တော် နှစ်သက်မဲ့ စာအုပ်တွေ ဖတ်နေ ရမယ် ဆိုရင် ကျွန်တော့် အတွက် ပြိးပြည့်စုံ ပြီ ဆိုတာထပ် ပြောစရာ မရှိတော့ လောက်အောင်ပါပဲ။ 
လူတွေ အထင်သေးကြ တဲ့စာပေ သမားတွေကို သူတို့ အမှန်တစ်ကယ် နားမလည် နိုင်ကြ လို့ဆိုတာ အသိသာကြိး။ သစ်ရွက်တွေ မြေခနေတဲ့ အရိုးပြိုင်းပြိုင်း နဲ့ သစ်ပင်တစ်ပင် ကို ကြည့်ပြီး ကဗျာ တစ်ပုဒ်လည်း ဖြစ်နိုင်သလို သံဝေဂ ရစရာ စာပေ၊ဝထ္ထု တွေ ဖြစ်ပေါ် လာနိုင်တာ သူတို့ရင်ထဲက အနုပညာ အစစ်ကြောင့် ခံစားရေး ဖွဲ့နိုင်ကြတာလေ။ သာမန် မျက်စိ၊ သာမန်ခံစားမှု နဲ့ ခံစားမှု ရှိတဲ့ စာပေ တစ်ပုဒ် ဖြစ်လာဖို့ ဆိုတာ လွယ်တဲ့ အချင်းအရာ တစ်ခုမှ မဟုတ်တာ။ ကျွန်တော့်အတွက်တော့ အိုမင်း သွားသည့်တိုင် ကျွန်တော် ဘေးမှာ စာပေတွေ ရှိနေမယ်၊ ကျွန်တော် နှစ်သက်မဲ့ စာအုပ်တွေ ဖတ်နေ ရမယ် ဆိုရင် ကျွန်တော့် အတွက် ပြိးပြည့်စုံ ပြီ ဆိုတာထပ် ပြောစရာ မရှိတော့ လောက်အောင်ပါပဲ။ 

ကျွန်မရဲ့ ကိုယ်ပိုင်ရေး လေးကို ဖတ်ရှုအားပေး ကြသော သူငယ်ချင်းများ အားလုံး ပတ်ဝန်းကျင် ရှိ သက်ရှိ၊ သက်မဲ့ တွေနဲ့ ထာဝရ ပျော်ရွင် ကြပါစေလို့ ဆန္ဒပြုလျှက်...အစဉ်ထာဝရ ခင်မင်လေးစားလျှက်..။
Written By Angelhlaing (www.angelhlaing.blogspot.com)




2 comments:

ရူးလိုက်တာနော်။ :)

စီဘောက်လည်း မရှိတော့ ဘယ်မှာ ရေးရမှန်း မသိလို့ ဒီမှာပဲ ခဏရေးသွားတယ်။ ဒီပို့စ်ကတော့ မဖတ်ရသေးပါ။

ဘာလို့ Update မဖြစ်တာလဲ ဆိုတော့ တန်းပလိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြောင်းကြည့်လိုက်ပါလား။ တခြားသူတွေတော့ ဖြစ်နေပါတယ်။ တခြားသော ဘလော့တွေမှာရော ဖြစ်လား မသိ။ အခုပဲ ပြန်ဖြုတ်ပြီး အသစ် ပြန်ချိတ်ထားပါတယ်။ ဒါလည်း မဖြစ်သေးဘူး။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More