http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, February 24, 2011

သူမ နဲ့ ကျွန်တော်

သူမကို ကျွန်တော် စတင် သိကျွမ်းခဲ့တာ ကျွန်တော်ရဲ့ သူငယ်ချင်း တစ်ယောက် ကြောင့်ပါ။ ကျွန်တော့် သူမက ခင်မင်ဖော် ရွေတက်ပြိးခင်မင်ဖွယ် ကောင်းသော မိန်းခလေး တစ်ဦး ဖြစ်ကြောင်း မိတ်ဆက် ပေးခဲ့ ခြင်းကြောင့် သူမနဲ့ ခင်မင်ခွင့် ရခဲ့ခြင်းဖြစ်သည်။ သူမက ခင်မင်ဖော် ရွေတက်သူ အပြင် စကားပြော ကောင်းသော၊ ခင်မင်နှစ် လိုဖွယ် အပြည့် နဲ့ ရိုးသား၊ ကြိုးစားသော မိန်းခလေး တစ်ဥိးဖြစ် ကြောင်း သူမနဲ့ သိကျွမ်းပြိး  မကြာခင် ကျွန်တော် သိခဲ့ရသည်။ သူမက ထူးထူးခြားခြား မလုပ်ဆောင် ပေမယ့် သူမရဲ့ လုပ်ဆောင်ချက် တိုင်းဟာ လှပတဲ့ စွဲဆောင်မှု လေးတွေနဲ့ သူမတူတဲ့ ထူးခြားချက် လေးတွေ ကိုကုသိုလ်ကံ ထူးစွာ ပိုင်ဆိုင် ထားသူလဲ ဖြစ်ပြန်တယ်။ တစ်စုံ တစ်ရာ ထူးထူးခြားခြား လှပနေတာ မျိုးမရှိ ပေမယ့် သူမမျက်နှာ ကအရိုးစင်းဆုံးသော စွဲဆောင်မှု တွေနဲ့ ဖွဲ့စည်း ထားခြင်းက အံသြဖို့ ကောင်းလေစွ။ ထူတယ်လည်း မဟုတ်၊ ပါးတယ်လည်း မဟုတ်တဲ့ မျက်ခုံးစိမ်းစိမ်း အတန်းလေးက ဇင်ယော်တောင် လိုလဲ ကော့ညွတ်မနေပဲ မထူမပါးနဲ့ ။ ဆေးဆိုးခြင်းတဲ့ သူမရဲ့ နုတ်ခမ်းတွေက အမြဲတမ်း နီထွေးနေ တက်ပြီး မထူလည်း မထူ၊ ပါးခြင်းလဲ ကင်းပြိး တစ်ခုခြင်းစီ အသေးစိတ် ကြည့်ရင် လှတယ်လို့ ကောက်ချက် ချလို့မရ ပေမယ့် သူမမျက်နှာ လေးက အပြစ်ကင်းစင် စွာဂျပန်မလေး တစ်ယောက်လို လှပနေပြန်တယ်။

သူမက အပေါင်းသင်း လည်းများ သလောက် သူမ ပတ်ဝန်းကျင်မှာ ရွယ်စုံ လူကြီး၊ လူငယ် တွေနဲ့အပေါင်း သင်းဖြစ် နေတာကို ကြည့်ခြင်း အားဖြင့် သူမက လူမှုရေးမှာ စကားပြော ကျွမ်းကျင်တဲ့ မိန်းခလေး တစ်ဦးလို့ အလွယ် တကူ ခန့်မှန်း လို့ရနိုင်တယ်လေ။
သူမက ရည်မှန်း ချက်ကြီးပြီး ဘဝကို ခဲရာခဲဆစ် ကြိုးစားခဲ့ ရသူပီပီ အောင်မြင် လိုစိတ် ကြိးသော မိန်းခလေး တစ်ယောက် ဖြစ်တဲ့ အလျှောက် တော်ရုံ အရည် အချင်း လောက်သော အမျိုးသား တွေအပေါ် မှာသူမရဲ့ အာရုံထဲ အသိမှတ် ပြုခံရဖို့ လည်းမလွယ် လောက်ပါဘူး။ သူမက အရာရာမှာ နှံစပ် ကျွမ်းကျင်မှု ရှိပြိး သူမ မသိသော အကြောင်း အရာမျိုး ကိုလည်း အနည်း ဆုံးတော့ သဘောတရား လောက်သိအောင် ကြိုးစား တက်သူ လဲဖြစ်တယ်။ သူမက ကျွန်တော် ထပ်(၁၀)လ သာကြီးသော မိန်းခလေး တစ်ယောက် ဖြစ်သော်လည်း ကျွန်တော် မှာသူမလောက် ဗဟုသုတ မကြွယ်ခဲ့ သလို သူမနှစ်သက် သောစာဖတ်ခြင်း အလုပ်ကို ကျွန်တော်က သေမလောက် ပျင်းတဲ့သူလဲဖြစ်တယ်။

သူမနဲ့ ကျွန်တော် စတင်ခင်မင် ခဲ့ချိန်ကစပြိး သူမက ကျွန်တော့် အပေါ် မောင်ငယ်လေး တစ်ယောက်လို သဘော ထားခဲ့ ပေမယ့် နေ့စဉ် သူမနဲ့ စကားပြော ဖြစ်တဲ့ အချိန်တွေမှာ ကျွန်တော် သူမကို မရိုးသား စွာပဲ ကာလ အတန် ကြာချစ်နေ မိခဲ့တယ်။ တစ်နေ့ ကျွန်တော် သူမကို ချစ်မိနေ ပြီဆိုတဲ့ အကြောင်း ဖွင့်ပြောမိ တော့ သူမက အံ့သြ သောအကြည့် တစ်ချက်ဖြင့် ကျွန်တော်ထံ လှမ်းကြည့် ပြိး သူမက မောင်ငယ်လေး တစ်ယောက် ကဲ့သို့သာ အသိမှတ် ပြုကြောင်း ချက်ခြင်း ဆိုသလို တုန့်ပြန်ခဲ့ ပါတယ်။ ကျွန်တော် နားလည်ခဲ့ တာက သူမလည်း ကျွန်တော့် အပေါ် တန်ပြန် မေတ္တာ ရှိနေမယ် လို့ မျှော်လင့် ခဲ့မိပေမယ့် ပြတ်သားတဲ့ သူမ အဖြေကြောင့် ကျွန်တော် သူမရှေ့ သို့တော်တော် နဲ့မရောက် ခဲ့ဘူး။ မကြာခဏ သူမနဲ့ ကျွန်တော် ဆုံဖြစ်ပေ မယ့် သူမကတော့ ပကတိ အေးဆေးစွာ တည်ငြိမ် စွာပဲ ကျွန်တော့် ကိုနှုတ်ဆက် နိုင်ခဲ့ ပေမယ့် ကျွန်တော် ကတော့ သူမနဲ့ ဝေးရာပဲ ရှောင်ဖယ် ခဲ့မိတယ်။ ဘာအတွက် ရယ်လို့ ခေါင်းစဉ် တက်ဖို့ မသိပေမယ့် ကျွန်တော် သူမရှေ့မှာ ရပ်တည်ဖို့ အင်အား ကျွန်တော် မှာ မရှိခဲ့ဘူး။

အဲဒီလိုနဲ့ အချိန် နည်းနည်း ကြာတော့ သူမဆီက စပြိး အဆက်သွယ် လုပ်ခြင်း ကို ကျွန်တော် ရရှိခဲ့တယ်။ သူမနဲ့ ကျွန်တော် ပြန်လည် တွေ့ဆုံပွဲမှာ သူမကတော့ ပကတိ တည်ငြိမ်စွာ ပဲ ။ကျွန်တော့် မှာသာ ရင်တစ်ခု လုံးဝုန်းတိုင်း ကျဲလို့ သူမကတော့ အတော့်ကို တည်ငြိမ် တဲ့ မိန်းခလေးလို့ ပြောရမှာ ပါပဲ။ သူမ ပြောတာက သူမလည်း ကျွန်တော့် ကိုချစ်နေ တာပါတဲ့။ သူမကိုယ် သူမတောင် မသိလိုက် ပဲချစ်နေ ခဲ့တာမျိုး လို့ ဝန်ခံ လာတဲ့ အချိန် ကျွန်တော် မှာသူမ မျက်နှာ ပေါ်ကို အကဲခတ် နိုင်ဖို့ နေနေသာသာ အချိန်မရွေး ညွှတ်ခွေ ကျသွား နိုင်တဲ့ ခြေအစုံ နဲ့သူမ ရှေ့ မှာသွေးပျက် မတက် ရင်ခုန်ခဲ့ ရတယ်။ သူမနဲ့ ပါက်သက်လာရင် ဘယ်လောက် ထိကျွန်တော် ရူးသွပ် ခဲ့မိလဲဆို သူမနဲ့ ကျွန်တော် ချစ်သူ ဖြစ်တဲ့ရက်စွဲ ကျွန်တော် မမှတ်မိ ခဲ့ဘူး။ စေ့စပ် သေချာ ပါတယ်ဆိုတဲ့ သူမကလည်း အံ့သြစရာ မမှတ်ထား မိလို့ မသိကြ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်က အဲဒီ အချိန်က စခဲ့တယ် ထင်ပါရဲ့။

သူမနဲ့ ချစ်သူ ဖြစ်လာ လေလေ သူမကို နားလည် ပေးနိုင်ဖို့ ကြိုးစား လေလေ သိပြီးရင်း သိလာတဲ့ သူမရဲ့ အကြောင်း များကတော့....။ သူမက စာဖတ်ခြင်း၊ တစ်ခါတစ်ရံ စာရေးခြင်း ကို နှစ်သက် ခုံမင် တဲ့အပြင် စာရေးခြင်း အပေါ်မှာ လည်း ရူးသွပ်စွာ ဝါသနာ ကြိးကြောင်း ကျွန်တော် သိလာခဲ့ ရတယ်။ ကျွန်တော် နဲ့ဆုံတွေ ချိန်မှာ သူမဘက်က ပြောလေ့ ရှိတာက သူမဖတ်ခဲ့ ဖူးတဲ့ စာတစ်ပုဒ်၊ ဒါမှမဟုတ် သူမနှစ်သက်တဲ့ ကဗျာတစ်ပုဒ် ကိုရွတ်ပြ ခြင်း၊ သူမ ဖတ်ခဲ့ ပြိးတဲ့ စာတွေရဲ့ အနက်အဓိပ္ပါယ်တွေ ကဗျာ တွေရဲ့ ဆိုလိုရင်း တွေကို မမောမပန်း ကလေးစာရှင်း သလို ရှင်းပြတက်သူ ဖြစ်သလို စာဖတ်ဖို့ ပျင်းတဲ့ ကျွန်တော် ကိုလည်း စာဖတ်ဖို့ အမြဲ တိုက်တွန်း တက်တဲ့ သူမပါ။ ကျွန်တော် နဲ့ဆုံတွေ့ ချိန်မှာ သူမဆီက ချစ်စကား တီတီ တာတာထပ် သူမရဲ့ တစ်နေ့တာ အတွေ့အကြုံ ထဲက သူမရဲ့ စာပေခင်ရာမင်ရာ အပေါင်းသင်း တွေအကြောင်း ကလွဲရင် ကျန်တဲ့ အချိန်မှာ သူမက နှုတ်ဆိတ် နေတက်ပြီး ကျွန်တော်နဲ့ စကားပြော နေရင်းနဲ့တောင် သူမရဲ့ ဖတ်လက်စ စာပေတွေ ဆီစိတ် ရောက်ပြိး ကျွန်တော်ကို ခဏတာ မေ့သွားတက် တဲ့သူမပါ။

သူမက အံ့သြရ လောက်အောင် လူကဲခတ် ကျွမ်းကျင် သူလဲ ဖြစ်ပြန်တယ်။ ကျွန်တော်က ပဲ နုံအ လွန်းနေလား သူမကပဲ အရမ်းထက် မြက်နေတာလား တော့မသိ။ သူမ က ကျွန်တော် စိတ်ထဲက အကြောင်း အရာတွေကို မြင်နိုင် စွမ်းရှိနေတယ်။ သူမပြော သမျှကို ကျွန်တော် နှုတ်က မဟုတ်ပါဘူး လို့ငြင်းဆို လိုက်ပေမယ့် သူမပြော တဲ့အတိုင်း ကျွန်တော် စိတ်ထဲက အမှန်ပင် တစ်ထပ်ထည်း ဖြစ်နေတယ် ဆိုတာ ကျွန်တော် ကိုယ်တိုင်သာ အသိဆုံး မဟုတ်လား။ ကျွန်တော်ရဲ့ ငြင်းဆန်မှု ကို သူမက အသိမှတ်ပြု စွာပဲ ကလေးငယ် တစ်ယောက် ကိုနားလည် ပေးသလိုမျိုး အပြုံး တစ်ဝက်နဲ့ လက်ခံပြိး ငြင်းဆိုမှု ကိုလက်ခံ ပေးချင်ယောင် ဆောင်တက်တဲ့ သူမ။ ထက်ထက် မြက်မြက် ရှိတဲ့ နာမည်ကျော် ရာဇဝင်ထဲက အမျိုးသမီး တွေကို အားကျတက် သူဖြစ်ပြိး သူမကိုယ် တိုင်လည်း အဲဒီလို ဖြစ်အောင် ကြိုးစားမယ် လို့နှလုံး သွင်းထားတဲ့ သူမက ဘဝမှာ ဖြစ်ချင် တာတစ်ခုနဲ့ လွဲခဲ့ရ တယ်လို့  တစ်ခါတစ်ရံ  ညည်းငြူ နေတက် ပြန်တယ်။ ပြန်တော့မှ ပြန်မဖြစ် နိုင်တော့တဲ့ တက္ကသိုလ် ကျောင်းက ဆရာမ တစ်ယောက် ဖြစ်ချင် ခဲ့တာတဲ့လေ။ အဲဒီ အကြောင်း ပြောတိုင်း သူမရဲ့ မျက်နှာမှာ ရှုပ်ထွေး လွန်းတဲ့ စိတ်ခံစား မှုကြောင့်လား၊ ကျွန်တော်ကပဲ သူမကို နားမလည် နိုင်ခဲ့လို့လား၊ ဒါမှမဟုတ် ခံစားချက် တွေကို လျှိုဝှက် နိုင်စွမ်း ရှိတဲ့ သူမရဲ့ အစွမ်းစ ကြောင့်လား မသိ ကျွန်တော် ဘာသာ မပြန်တက် ခဲ့ဘူး။

သူမက ပွင့်လင်းတယ် ဆိုတာထပ် စကားပြော ကျွမ်းကျင်တဲ့ မိန်းခလေး တစ်ဦးပါ။ သူမရဲ့ ဘဝအကြောင်း၊ ဖြတ်သန်း ခဲ့ ရတဲ့ အခက်ခဲ တွေအကြောင်း သူမရဲ့ မျှော်လင့် ချက် အိမ်မက် တွေအကြောင်း ပြောပြ ခဲ့တဲ့ အချိန်က ဆိုရင် သူမရဲ့ ထိရောက် တဲ့အပြော၊ သွယ်ဝိုက်ပြိး ပညာသား ပါပါ စကားပြော ကျွမ်းကျင် မှုတွေကြောင့် ကျွန်တော်မှာ မိန်းမော ခဲ့ရတဲ့အထိ သူမ စကားပြော ကျွမ်းကျင် တဲ့သူပါ။ ကျွန်တော် မေးလို့ ပြောပြတဲ့ သူမရဲ့ ရည်းစားဦး အကြောင်း နားထောင်ခဲ့ ရစဉ်တုန်းက ရီဝေ နေတဲ့ သူမရဲ့ မျက်လုံးဝေ၊ ခံစားချက် ကြောင့် ထင်ပါရဲ့ ကျွန်တော်နဲ့ ပါက်သက်ပြိး တစ်ခါမှ မကြုံဖူး တဲ့ တုန်ရီနေ တဲ့သူမရဲ့အသံ၊ စိတ်လှုပ်ရှား မှုကြောင့် အသက်ရှု သံပြင်းပြင်း နဲ့ ဖုံးဖိခဲ့ ပေမယ့် သူမ တော်တော် လေးနှစ်နှစ် ကာကာ ချစ်ခဲ့ တယ်ဆိုတာ ကျွန်တော် ခန့်မှန်းလို့ ရခဲ့တယ်။

အဲလောက် ချစ်ခဲ့တာတောင် လမ်းခွဲ ချန်ထား နိုင်ခဲ့တဲ့ သူမရဲ့ လုပ်ရပ် တစ်ခုကို ကြည့်ရင် သူမရဲ့ စိတ် ဘယ်လောက် ခိုင်မာ ပြတ်သား တယ်ဆိုတာ အသိသာ ကြီး။ ပထမဆုံး နောက်ဆုံး တစ်ကြိမ် ပါပဲ။ နောက်နောင် ဘယ်လို မေးမေး သူမက စူးစူး စိုက်စိုက် ကြည့်ပြီး သိသိ သာသာပဲ ဘာဖြစ်လို့ ဖြစ်ပျက် ခဲ့ပြိးသား အတိတ်ကို စိတ်ဝင်စား နေရတာလဲတဲ့။ လူငယ် ပီပီ လက်ရှိနဲ့ ပစ္စုပ္ပန် ကိုပဲ စိတ်ဝင်စား သင့်တယ်လို့ အပြတ် ငြင်းဆိုတက်တဲ့ သူမပါ။ သူမ ကိုယ်တိုင်က လည်း ကျွန်တော်ရဲ့ နောက်ကြောင်းတွေ ရည်းစား ဟောင်း တွေအကြောင်း တစ်ခါမှ မမေးဘူး သလို တစ်ခါတစ်လေ ကျွန်တော်က ပြောပြရင် တောင် ဝတ္တရား အရ နားထောင် ပေးတဲ့ သဘော။ အဲဒီအပေါ် မေးခြင်းမြန်းခြင်း တစ်စုံ တစ်ရာ မရှိခဲ့လောက်အောင် သူမက စိတ်ဓါတ် ပြတ်သားသူ တစ်ဦးလည်း ဖြစ်တယ်။ သူမက မကြာမကြာ ကျွန်တော် ကို ကိုယ်ကိုကိုယ့် ယုံကြည်မှု ရှိဖို့ အမြဲတိုက် တွန်းတက်သလို ကျေနပ် ရောင်ရဲ နိုင်ဖို့ အသင့်ဖြစ်နေ တဲ့ကျွန်တော် ကိုလည်း Phd ပြိးအောင် တက်ဖို့ စိတ်ကူး ကိုခိုင်မာ စေခဲ့တယ်။


ကျွန်တော်နဲ့ သူမရဲ့ လက်ထပ်ကြဖို့ စိတ်ကူး ကြတဲ့ သူမရော ကျွန်တော် ရော ရည်မှန်းချက် တွေပြည့် တဲ့နေ့။ အဲဒီ အချိန် သူမလည်း (၃၀)ထဲ ရောက်မယ့် အချိန် ကျွန်တော်လည်း (၁၀) လသာ သူမထပ် ငယ်သူမို့ အိမ်ထောင် ပြုဖို့ အသင့်တော် ဆုံး (အနည်းငယ် နောက်ကျနေပေမယ့် ) အချိန် လို့ နှစ်ဦးသဘောတူ သတ်မှတ်ခဲ့ ကြတယ်။ ရည်ရွယ်ချက် တွေပြည့် ဖို့ကြိုးစား နေကြတော့ သူမရော ကျွန်တော် အတွက်ပါ သူမပြောတဲ့ အချိန် ကာလက အသင့်တော် ဆုံးဖြစ်ခဲ့တယ်။ သူမနဲ့ ကျွန်တော် ဟိုးအဝေးကြိး မျှော်တွေးပြိး ရန်ဖြစ်ခဲ့ ဘူးသလို ကြိုတင် ရင်ခုန် မှုတွေ နဲ့လှပ ခဲ့ဘူးတဲ့ စိတ်ကူး အိမ်မက် တွေပေါ့။ တစ်ခါ တစ်ခါ လည်းလှပခဲ့၊ တစ်ခါတစ်ခါ လည်း စိတ်ပျက်ခဲ့ နဲ့ ကျွန်တော်ရဲ့ အချိန်တွေကို သူမက အပိုင်စား စိုးမိုးခဲ့ တာ အချိန်ကာလ အတော်ကြာ သည့်အထိပါပဲ။ သူမက အရွယ် နဲ့မလိုက်အောင် တည်ငြိမ်တဲ့ သူတစ်ယောက်မို့ သူမနဲ့ဆို ကျွန်တော်က ကလေး တစ်ယောက် လိုဖြစ်သွား ရတာ မဆန်းတော့ မဆန်းပါဘူး။

ကျွန်တော် သူမကို အရမ်းချစ်ကြောင်း ရေရွက်ရင်း သူမကိုလည်း သိစေချင်တဲ့ အခါ သူမက အရမ်းမချစ် ပါနဲ့လို့ တောင်းဆို တက်တယ်။ အဲဒီအခါ မျိုးမှာ သူမက သူမကို စိတ်ပျက် သွားတဲ့ တစ်နေ့နေ့ ရောက်သွား မှာဆိုးလို့ပါ လို့ရှင်းပြ ပြန်တယ်။ သူမရဲ့ အတွေးတွေ သူမရဲ့ စကားတွေ သူမရဲ့ ခံယူချက်တွေက ကျွန်တော့် အတွက်တော့ အမြဲ ဒသန ဆန်နေတက် ပြန်တယ်လေ။ စိတ်ပျက် တယ်ဆိုတဲ့ ဝေါဟာရ ကသူမကို မုန်းတယ် ဆိုတဲ့ ခံစားချက် ထပ် နာကျင်မှု ခံပြင်းမှု တွေ ဖြစ်ပေါ် စေတယ်တဲ့လေ။ အဲဒါကြောင့် သူမက လူတစ်ယောက် ကိုမုန်းလိုက် ချင်တယ် စိတ်မပျက် ချင်ဘူးလို့ ကျွန်တော့် ကို ပြောပြ ခဲ့ဘူးတယ်။ တစ်ခါ တစ်ရံ သူမက ရှေ့ဖြစ်ဟော သမားတွေလို သူမရဲ့ အထင်တွေ အမြင်တွေက မကြာခဏ မှန်ကန် နေတက် သလို အဲလို အခါမျိုး မှာလည်း ကျွန်တော်ကို သူမရဲ့ အထင် အမြင်တွေ လွဲခဲတဲ့ အကြောင်း ဂုဏ်ယူစွာ ပြောလေ့ ရှိပြန်တယ်။

အံ့သြ ရလောက်အောင် သူမရဲ့ ထင်မြင်ချက် မှန်ကန်လာ ပုံက ကျွန်တော် သူမကို သိပ်ချစ်ပါ လျှက်နဲ့ စိတ်ပျက် ခဲ့မိတာက စတာပါပဲ။ သူမကို ချစ်လွန်းလို့ နားလည်ပေး တယ်ဆိုတာထပ် နားလည်ပေးဖို့ ကြိုးစားနေ ခဲ့ပါလျှက်နဲ့ ကျွန်တော် သူမကို တဖြည်းဖြည်း စိတ်ပျက် လာခဲ့တယ်။ သူမရဲ့ အပေါင်းသင်း တွေအပေါ် ခင်မင်မှု၊ ဝါသနာ အပေါ် တွယ်တာမှု၊ ရည်မှန်းချက် ကြိးလွန်းတဲ့ အပေါ်မှာ ကြောက်ရွံ့ မှုတွေနဲ့ ကျွန်တော် သူမကို စိတ်ပျက် စပြုခဲ့တဲ့ အချိန်က စလို့ သူမကတော့ ကျွန်တော်ရဲ့ ပြောင်းလဲမှုကို အကဲခတ်မိစွာ နားလည်နေစွာပဲ ဘာတစ်ခုမှ အပြစ်တင် ခြင်း၊ တစ်စုံ တစ်ရာ မရှိပဲ နှုတ်ဆိတ် စွာ တည်ငြိမ် နေခဲ့တယ်။ တစ်ခါတစ်ရံ ကျွန်တော်ရဲ့ သဘောထား သေးမှုတွေ၊ တမင်တကာ အရွဲ့တိုက်မှု တွေကို မသိချင်ယောင် ဆောင်ပြိး နားလည်ပေး ခဲ့တယ်။ အဲဒီလိုတွေ လုပ်နေပါလျှက် နဲ့ ကျွန်တော် သူမကို ထူးထူး ခြားခြား မမုန်းပဲ စိတ်ပျက် နေတယ်ဆို တဲ့ အသိတစ်ခု ပဲ ကျွန်တော့် အတွေးထဲမှာ သူမနဲ့ ပက်သတ်ပြိး စိုးမိုး နေခဲ့တယ်။

အရင်လို သူမနဲ့ ကျွန်တော် တို့ရဲ့ အနာဂတ် အိမ်မက်က မလှပတော့ဘူး။ စိတ်ပျက်ခြင်း တစ်ခုသာ ကြီးစိုး နေခဲ့တဲ့ ကျွန်တော် အတွေးထဲမှာ သူမရဲ့ အပြုံးတွေလည်း မလှပခဲ့ တော့ဘူး။ သူမနဲ့ ပက်သတ်ပြီး မခံစား နိုင်တော့ တဲ့အဆုံး ကျွန်တော် သူမနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ သူမကို ဖွင့်ပြောဖို့ ဆုံးဖြတ်ပြိး သွားတဲ့ အချိန် ချိန်းဆို ထားတဲ့ နေရာ အရောက်မှာ ကျွန်တော် သူမနဲ့ ချစ်သူ ဖြစ်စ အချိန်က နဲ့ထပ်တူ စိတ်လှုပ်ရှားခြင်း တုန်ရီခြင်း တွေနဲ့ ဂဏာမငြိမ် မှုတွေ ဖြစ်နေသလောက် သူမကတော့ ကျွန်တော်နဲ့ စတင် သိကျွမ်းခဲ့တဲ့ အချိန်က လိုပဲ အဝေး တစ်နေရာကို လှမ်းမျှော် ကြည့်နေရင်း ကျွန်တော် ပြောလာမယ့် စကားကို နားစွင့် နေတယ်။ ကျွန်တော် တို့ လမ်းခွဲ ကြရအောင် လို့ အားတင်းပြိး ပြောလိုက်တဲ့ ခဏ သူမက ခေါင်း တစ်ချက်ငြိမ့် ပြိး အသိမှတ် ပြုတယ်။ ပြိးတော့ သူမနှုတ်က လည်း တစ်နေ့ ဒီလို ဖြစ်လာမယ် ဆိုတာ သိပါတယ် လို့ တီးတိုး ရေရွတ် နေပြန်တယ်။ အဲဒီအချိန် ထိသူမက ကျွန်တော်နဲ့ ဆန့်ကျင်ဘက် အရပ်ကို မျက်မှာ မှုထားဆဲပါပဲ။

ကျွန်တော် ဆုံးဖြတ်ချက် မှန်တယ် မှားတယ် အပြစ်တင်ခြင်း တစ်စုံ တစ်ရာ မရှိခဲ့တဲ့ သူမ ဘယ်လိုများ စိတ်ထဲ ကြိုတင် သိရှိနေ ခဲ့တာလဲ။ ဘယ်လိုများ အဲဒီ အတွက် ပြင်ဆင် ထားခဲ့မယ် ဆိုတာ ကျွန်တော် မတွေး တက်အောင် ပါပဲ။ သူမက ခံစားချက် တွေကို ဟန်ဆောင်မှု အတက်ပညာ နဲ့ ကာကွယ်ထား နိုင်တဲ့ သူတစ်ယောက် ပေပဲလားမသိ။ ကျွန်တော် သူမရဲ့ နောက်ကြော ကို ငေးမော ကြည့် နေရင်း ကျွန်တော် မှန်လား၊ မှားခဲ့လား မဝေခွဲ နိုင်ခဲ့ခင် အချိန် လေးမှာ ရုတ်တရက် ဆိုသလို သူမက ကျွန်တော်ရဲ့ မျက်ဝန်းတွေကို စူးစိုက် ပြိး ကြည့်ခဲ့ တဲ့ အကြည့် တစ်ချက်။ ကျွန်တော် တစ်ကိုယ်လုံး ပြုစားခြင်း အတက် ပညာ တစ်ခုခု ဖြင့် ညို့ယူ ဖမ်းစား ခံလိုက် ရသလို မျိုး၊ ခန္ဒာကိုယ် တစ်ခုလုံး အေးစက် တောင့်တင်းလျှက် ၊ညွတ်ကျ မတက် အားအင် နှုန်းချိစေတဲ့ သူမရဲ့ အကြည့် တစ်ချက် ပါပဲ။ ပြိးတော့ သူမနှုတ်က သွားတော့မယ် ဆိုတဲ့ တစ်ကယ့်ကို တီးတိုး လေသံ သဲ့သဲ့ မျှ စာသော အသံမျိုး။ သူမရဲ့ အကြည့်၊ သူမရဲ့ အသံ၊ အရာအားလုံး ဟာ တစ်ကယ့်ကို တဒင်္ဂ အချိန် လေးပါ။


ကျွန်တော့် မြင်ကွင်းထဲက သူမ တဖြေးဖြေး ပျောက်ကွယ် သွားတဲ့ အထိ ကျွန်တော် နေရာမှ မရွေ့ပဲ ကြည့်နေ မိတယ်။ သူမရဲ့ အရိပ်လေး ကျွန်တော်ရဲ့ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက် ကွယ်သွားတဲ့ ခဏ ကျွန်တော်ရဲ့ ခြေထောက် တွေ ဆက်လက် ရပ်တည် နိုင်စွမ်း မဲ့စွာ မြေပေါ်သို့ ညွတ်ခွေ ကြခဲ့တယ်။ အဲဒီ နေ့ ကစလို့ ကျွန်တော် သူမရဲ့ အကြည့် တစ်ချက်ကြောင့် အိပ်ယာ ပေါ်မှာ အချိန် တော်တော် ကြာသည့် အထိ မထနိုင် ခဲ့လောက်အောင် အမည်မသိ ဝေဒနာ ကြောင့် လဲသွား ခဲ့ရတယ်။ သူမသည်လည်း ကျွန်တော့်ရဲ့ ပတ်ဝန်းကျင် မှာ မည်သူ တစ်ဦး တစ်ယောက်မှ သိရှိခြင်း မရှိပဲ တိတ်တဆိတ် ပျောက်ကွယ် သွားခဲ့တာ ယနေ့ အထိပါပဲ။ ကျွန်တော်ရဲ့ အတွေးတွေ ထဲမှာတော့  သူမက ယနေ့ အထိတိုင် ရှိနေ ဆဲပါ။ အဲလို ရှိနေခြင်းက သူမ ပြောခဲ့သလို သူမ အပေါ် မုန်းတာထပ် ပိုတဲ့ စိတ်ပျက်ခြင်း နဲ့ လမ်းခွဲခဲ့ လို့များလားလို့ တွေးနေ မိရင်း ကျွန်တော် ကတော့ အလွတ် ရနေတဲ့ သူမရဲ့ ဒသန တွေ၊ ခံယူချက်တွေ၊ ကြားမှာ နေ့စဉ်နဲ့ အမျှ ရှင်သန် နေခဲ့တဲ့  လူတစ်ယောက် ဖြစ်မှန်း မသိ ဖြစ်ခဲ့ ရတယ် ဆိုတာတော့ သူမ တစ်ယောက် သိနိုင်မယ် မထင် ပါဘူးလေ။ ကျွန်တော့်ရဲ့ နေ့စဉ် စိတ်ကူး အိမ်မက်တွေ မှာ သူမက ကျွန်တော့် ရဲ့ အနီးဆုံး နေရာ တစ်ခုမှာ ထာဝရ ရှင်သန် နေလျှက်.........။







7 comments:

အားပေးတယ် ညီမရေ. . .
ရေးသာရေး. . . .

စာဖတ်အားကောင်းတဲ့ ကောင်မလေးနဲ့ စာမဖတ်တဲ့ ကောင်လေးရဲ့ ဇတ်သိမ်းက ဒါမျိုးလားဟင်..

ရှေ့သို့ ဆက်လျှောက်ပါ... အားပေးလျှက်ပါခင်ဗျာ။

လှိုင်... ၀တ္ထုတိုလေး လာဖတ်တယ်။ အစပိုင်းမှာ အဖွဲအနွဲ့လေး သိပ် မပြေပြစ် ပေမယ့် နောက်ပိုင်းတော့ ဖတ်လို့ အဆင်ပြေသွားတယ်။ အားပေးလျက်ပါ။

သေသေချာချာဖတ်သွားပါတယ်။ စာရေးလက်ရှိသူလို့ ထင်မိပါတယ်။

ခံစားချက် ကော အဖြစ်အပျက်တွေပါ အတော်လေး တိုက်ဆိုင်နေလို့ စိတ်ဝင်တစားနဲ့ ကို ဖတ်သွားပါတယ်ရှင်။ အရေးအသားလေးတွေ အရမ်းကောင်းပါတယ်။ အမြဲ အားပေးနေပါ့မယ်နော်။

အင်း...
ရည်မှန်းချက် ကြီးသူတစ်ယောက် ဖြစ်နိုင်သလို၊
ခံစားချက်တွေကို အပြင်မထုတ်တတ်တဲ့ သူလည်းဖြစ်နိုင်တယ်။
ကြုံဘူးခဲ့ တဲ့  အသိရခက်တဲ့ မိန်းခလေးတစ်ယောက်လိုပါပဲ။
သူ က ချစ်တတ်မှာပါ။
ချစ် တာကို ဘယ်လိုပြန်ဆို မလဲ၊ အဝေးကနေ ဒါမှမဟုတ် နီးနီးလေးကပဲ
အရိပ်တကြည့် ကြည့် နဲ့  ရော ....။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More