http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, February 19, 2011

အိမ်လွမ်းသူရဲ့တမ်းချင်း



အခက်ခဲနဲ့ ပြသနာဆိုတာ
အမေအရိပ်ခိုစဉ်က နားမလည်ခဲ့ပေမယ့်
အခုတော့ သူတို့တွေနဲ့ ငယ်ပေါင်းကြိးဖော်လိုတောင် ဖြစ်နေပြီ အမေ။

ဘဝဆိုတဲ့လမ်း
လျှောက်လှမ်းနေရင်းနဲ့ ကမ်းမမြင်တဲ့
ပင်လယ်ပြင်မှာရွက်လွင့်ရတဲ့ တစ်ကိုယ်ထည်း သမားမို့
လူအများနဲ့ ဆက်ဆံရာမှာ ကျင့်ဝတ်တွေတောင်မေ့လျော့နေပြီ အမေ။


လမ်းမပျောက်အောင်
မှန်းလျှောက် နေပေမယ့်
လျှောက်ရင်း ပျောက်နေတဲ့လမ်းတွေ
ရှာတွေဖို့ Compass ကလည်း မကူညီနိုင်တော့
အိမ်ပြန်ရက်တွေ ဝေးသထပ်ဝေးခဲ့ရပြီပေါ့ အမေရယ်။

ဒဏ်ရာတွေနဲ့ နေသားကျနေတဲ့ဘဝမို့
ပြုံးပြဖို့တောင် မနည်းအားယူပြီး တစ်ခါတစ်လေ
ရယ်မောဖို့တောင်မေ့နေတက်တော့ တစ်ယောက်ထည်း
စည်းဝိုင်းအပြင် ရောက်ခဲ့ရတာ ဆန်းတော့လည်းမဆန်းပါဘူး အမေ။

ဝေးရက်တွေ အတွက်
တွေးပြိးပူနေမဲ့ အမေရဲ့သောကတွေကို
သိလျှက်နဲ့ အိမ်ပြန်ဖို့ မစဉ်းစားတဲ့ သမီးအတွက်
မိခင်တစ်ယောက် ရဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံပြိး အဝေးရောက်သမီးအတွက်
ယတြာချေ မေတ္တာဝေနေမဲ့ အမေရဲ့ပုံရိပ်တွေမြင်ယောင်ရင်း အိမ်ပြန်ချင်ပြီ အမေရယ်။

ကာရံမညီညာနဲ့ လွမ်းရတဲ့
ညတွေမှာအမေလို့ ခပ်တိုးတိုးညည်းမိတဲ့ ခဏ
တာကျိုးတဲ့မြစ်လို ဒလဟော စီးကျမိတဲ့ မျက်ရည်တွေကို အမေသိရင်
လောဘရဲ့ကျေးကျွန်ဖြစ်ဖို့လည်စင်းခံနေရလားလို့ အပြစ်တင်စောမယ်ထင်တယ်
မတက်နိုင်ဘူးအမေရယ် ကိုယ်လမ်းကိုယ်ဖောက် ရဲရဲလျှောက်ဖို့ ဒီလောက်တော့ ရင်းရမှာပေါ့အမေ။

7 comments:

ဟုတ်တယ် ညီမ။ ဒီလောက်တော့ ရင်းရမှာပေါ့။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရှိတဲ့ နေရာမှာထက်စာရင်တော့ အခုလို ကိုယ်ဖောက်တဲ့ လမ်းပေါ် ရဲရဲ ရင်းပြီး လျှောက်ရတာက ပိုကောင်းပါတယ်။ အမေ နားလည်မှာပါ ညီမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အားငယ်တာမဟုတ်ပေမယ့် အမေလို့ခပ်တိုးတိုး ညည်းမိပါတယ်။
ပြန်ဆုံချိန်နဲ့ အိမ်ပြန်လမ်းက မကြာခင်ရောက်လာတော့မှာပါ။
အားတင်းထား။

အမေ့ကိုသတိရတယ်ဗျာ .....

အိမ်လွမ်းသူ ရဲ့  အမေ ကိုလွမ်းတဲ့ ကဗျာ ကိုဖတ်ရှု့ ခံစားသွားကြောင်းပါ။
သြော်
ဒါပေမယ့်လည်း ကိုယ့်မှာက ခေါ်စရာအမေ မရှိတော့တာ ကြာပေါ့.......
အမေ့ ရိပ် အောက်မှာ နွဲ့ ဆိုးဆိုးခဲ့ တာ ကို ပြန်သတိရမိတယ်....

အင်း...
ကျွန်တော် တစ်ခု ပြောခဲ့ ချင်တာက
လူ ဆိုတာ ကိုယ်ဝိုင်းမိတဲ့  အဝိုင်းအတိုင်း
ကိုယ်ပဲ ပြန်ပတ်ပြေးနေရပါတယ်တဲ့ ။ ဒါကြောင့် 
ကြီးကြီးဝိုင်းရင် ကြီးကြီးပဲ ပြေးနေရတော့ မှာပါ။
အမေ မိဘ ဆိုတာကတော့  အစားထိုးလို့ မရနိုင်တဲ့ 
အရိပ်တွေပါဗျာ၊ ကျွန်တော်တော့  ဝေး နေတော့ မှပဲ
အရိပ်ရဲ့  တန်ဘိုးကို သိ ခဲ့ ပါတယ်။

တစ်ခါတစ်လေ လမ်းတစ်ဝက်ေ၇ာက်နေပြီးမှ လမ်းလည်းပျောက်တတ်တယ်အမေ...
စိတ်အားတွေငယ် တဲ့အခါ ..
ဦးထုတ်မှာဆင်တဲ့ အမေ့အထက်ဆင်စ မွဲမွဲလေးကို
ရင်မှာအပ် လို့ ငိုရတဲ့အခါလည်း မနည်းပါအမေရယ်...

*******ကိုယ်တိုင်မိခင်တစ်ယောက်ဖြစ်နေပေမယ့် အမေကဗျာကိုဖတ်တိုင်းကိုယ်ဟာ ခလေးသေးသေးလေးတစ်ယောက်ပြန်ဖြစ်သွားတတ်တယ်....

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More