http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, February 17, 2011

နှောင်းခဲ့ပြီဖြစ်တဲ့ တစ်ချိန်က မနှင်းဆီသို့

ကျွတ်....မိုးကတော့ လုပ်ပြီကွာ

ဝုန်းခနဲ ဆို လင်းထိန်နေတဲ့ ကောင်းကင်ကြီးမှ ရုတ်တရက် သဲသဲမဲမဲ ရွာချလိုက် တာကြောင့် ရွဲရွဲ စိုသွားသော ရှပ်အင်္ကျီ လေးက အတွင်းခံ စွပ်ကြယ် လေးဆီသို့ ပြေးကပ်ရင်း အင်း... အစိုးမရတဲ့ ရန်ကုန်မိုး ရယ်လို့ လူတွေပြော ကြတာ ထင်ပါရဲ့။ ကားမှတ်တိုင် ရောက်ဖို့ တော်တော်လေး လိုနေသေးတာမို့ နီးစပ်ရာ အရိပ်ကောင်းကောင်း သစ်ပင်ကြိး အောက်သို့ ပြေးဝင်လိုက်မိတဲ့ သင်္ချာဌာန မှကထိက ဆရာ ကျော်မြသွေး။ တက္ကသိုလ် ရိပ်သာလမ်း ကပုံမှန်ဆို လိုင်းကား ကျဲတာမို့ ကိုယ်ပိုင်ကား တွေလောက်သာ အသွားများတဲ့ လမ်းမို့ လှည်းတန်း ကားမှတ်တိုင် ရောက်ဖို့ တော်တော်လေး လမ်းလျှောက် ရအုံးမယ်လေ။ ဟိုယခင် ကျောင်းတက်စဉ် အချိန်ကတော့ လူအစည် ကားဆုံး လမ်းတစ်ခုပေါ့။

နိုင်ငံခြား ဘာသာ တက္ကသိုလ် မှာရှိတဲ့ သူငယ်ချင်း ဆီအလည် လာရင်း တစ်ယောက်ထဲ မလျှောက်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ တက္ကသိုလ် ရဲ့ အငွေ့အသက်တွေ ပြည့်လျံ နေတဲ့ ဒီလမ်းမကြိးကို လွမ်းမောဖွယ် တစ်ကိုယ်ရည် အတွေးနဲ့ လျှောက်ရတာ နှစ်သက်မိတာကြောင့် တစ်နှစ်နေလို့ တစ်ခါ မရောက်ဖြစ်တဲ့ သူငယ်ချင်းဆီကို လာတိုင်း အခုလိုပဲ ငေးမော တွေးတောရင်း လျှောက်ရတာ ပိုလို့ နှစ်ခြိုက်မိ တယ်လေ။ မိုးအကုန် ဆောင်းအကူးမို့ ရွက်ဝါတွေ တစ်လွင့်လွင့် ကြွေပြိး နှုတ်ဆက်မိုး ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် ဆွံ့အ သွားရသလို ပါပဲ။ ခဏတာ ဝုန်းခနဲ ရွာချပြိး ပြန်လည် တိတ်သွားတဲ့ မိုးကြောင့် သြော် ရန်ကုန်မိုးက တစ်ခါတစ်ရံ ဖောက်ပြန် တက်တယ် ဆိုတဲ့ အဆိုအတိုင်း သစ္စာရှိစွာ ဖော်ပြန်နေ ဆဲပါလားလို့ တွေးရင်း မိုးခိုရာ သစ်ပင်ကြိး အောက်မှ ထွက်ပြိး ခရီးဆက်လိုက်သည်။

အတော်တန် လျှောက်မိတော့ အိုဟောင်းနေ ပြီဖြစ်တဲ့ နီကျင်ကျင် ကျောင်းဆောင်တွေ၊ အဝါရောင်ကနေ အဖြူဘက် သို့ ရောက်လုနေပြီ ဖြစ်တဲ့ အိုဟောင်းနေတဲ့ ကျောင်းဆောင်တွေက စကားပြောတဲ့ ပန်းချီတွေပါ ။ တွေးရင်း အတိတ်ဆီသို့ တမ်းတ ကြေကွဲ လွမ်းဆွတ်ရင်း ဘာလိုလိုနဲ့ (၁၀)စုနှစ် တစ်ခုကို ကျော်ခဲ့ပြီပဲ။ ရန်ကုန်တက္ကသိုလ် မုဏ်ဦး ရှေ့ရောက်တော့ ဘာရယ်မဟုတ် ရေတမာပင် တွေ စီတန်းနေတဲ့ တစ်ချိန်က အဓိပတိလမ်း မကြိးကို တဒင်္ဂ ငေးကြည့် နေမိတဲ့ အဖြစ်။ ဟိုတစ်စ ဒီတစ်စ သင်တန်းသူ တွေလို့ ထင်ရတဲ့ ကျောင်းသူလေးတွေ ကိုသာ မြင်ရသည်လေ။ ဟိုးတစ်ချိန် တုန်းကတော့ အစည်ကားဆုံးနဲ့ ဂန္ဒဝင် တည်ခဲ့တဲ့ နေရာလေး တွေပေါ့။ အင်းအခုတော့ ခြောက်သွေ့ နေပြီဖြစ်တဲ့ ပြတိုက်ဟောင်း တစ်ခုလိုပါပဲ။ သက်ဆိုင်သူ တွေအတွက် အတိတ်ရဲ့ ခြေရာလေးတွေ၊ ပုံစံအမျိုးမျိုးနဲ့ ရှိနေမဲ့ နှလုံးသားတွေရဲ့ ပြတိုက်ကြိးတစ်ခု အဖြစ်နဲ့ပေါ့။ အဲဒီလို အမှတ်တရ ဒိုင်ယာရီ လေးလဲ အခု ထိ အသက်ဝင်နေ ဆဲဆိုတာ မနှင်းဆီ တစ်ယောက် တော့ သိနိုင်မယ် မထင်ပါတော့ ပါဘူးလေ။ ဟောင်းနွမ်း နေပြီ ဖြစ်တဲ့ အသစ်စက်စက် ကတ္တီပါ ဖိနပ်တစ်ရံ နဲ့ ပြတ်နေတဲ့ ကတ္တီပါ ဖိနပ်တစ်ရံရယ်၊ ဒီနေ့ အထိ အကြိမ်ကြိမ် ဖတ်လို့ အလွတ်ရနေတဲ့ အမှတ်တရ ဒိုင်ယာရီ စာအုပ်လေး က ကျွန်တော်အတွက် အချိန်တိုင်း အသက်ဝင်နေတဲ့ သက်မဲ့ ပစ္စည်းလေး တွေပါ ဆိုတာ....။

.......................။................

ယဲ့ယဲ့လေး သာရှိသော ကတီဘာ သဲကြိုးဖိနပ်လေး ကို ထိန်းစီးရင်း ဘုရားမလို့ ဒီနေ့ အိမ်ရောက်တဲ့ အထိ မပျက်ပါစေလို့ တိုးတိုးလေး ကြိတ်ဆုတောင်း နေမိတဲ့ ဘဝ။ မနက်ဖြန်အတွက် စီးဖို့တော့ အမေကို ဝယ်ခိုင်းထားပြိးသား။ တက္ကသိုလ် ကျောင်းသားဆိုပေမယ့် ဖိနပ်ကောင်း ကောင်းတစ်ရံ ဝယ်စီးဖို့တောင် မနည်း ချင့်ချိန်ရတဲ့ ဘဝ။ ရင်ကျပ် ရောဂါသည် အမေနဲ့ အရွယ်မရောက်သေးတဲ့ ညီမလေး နဲ့ ဘဝကို ရင်ဆိုင်ရင်း ကျောင်းလည်း တစ်ဖက်တက် ကျောင်းချိန် ပြိးရင် ကလေးတွေကို စာပြတဲ့ အချိန်ပိုင်း အလုပ်လေးလည်း လုပ်ရင်း ဘဝကို ရင်ဆိုင်နေရတဲ့ ကျွန်တော်။


အို.....အမေ့ .....

အသံနဲ့ အတူ လူက ရှေ့ကိုငိုက် အကျ ထောက်ခနဲ ပျက်သွားတဲ့ ဖိနပ်သဲကြိုး စ။ သွားပြီဆိုတဲ့ အသိနဲ့ ရုတ်တရက် ဝင်တိုက်လာတဲ့ တဖက်သားကို လှည့်အကြည့်


ဟို......ဟိုလေ

အထစ်ထစ် အငေါ့ငေါ့ စကားသံနဲ့ ရုပ်ရည် ချောမောလှတဲ့ ရောင်စုံ ကာလာနဲ့ မိန်းခလေး။ အင်း သူလဲ ကျောင်းသူ ဖြစ်ရမယ်ဆိုတဲ့ အတွေးနဲ့ ရုတ်တရက် မိန်းမလှလေး တစ်ယောက်ရှေ့ မှာမှ ဖိနပ် ပျက်ရတဲ့ ကိုယ့်အဖြစ်။ ဟင်း.....ဆိုတဲ့ သက်ပျင်း အသာချ ပြီး ဘယ်တက်နိုင်မလဲ ပျက်မှာဆိုးလို့ ထိန်းစီးနေ ရတဲ့ ဖိနပ်ကိုမှ လာနင်းမိသူ ကို မျက် နှာချင်းဆိုင်ဖို့ အားယူရင်း


ရပါတယ် ကျွန်တော့် ဖိနပ်က အစကထည်းက ပျက်ခါနီးနေ လို့ပါ

အားနာလိုက်တာ ဒီကအကိုရယ် ...နှင်းဆီက ဟိုဘက် ကကားလာတာကို ငေးမိပြိး ရုတ်တရက် အနီးမှာ တွေ့လိုက်ရတော့ လန့်ပြိး နောက်ဆုတ်လိုက်တာ

ရပါတယ် အဲလောက် အရှည်ကြိး ရှင်းပြဖို့ မလိုပါဘူး ကျွန်တော့် ဖိနပ်က

ဒီလိုကြိးတော့ ဘယ်ဟုတ်ပါ့မလဲ ဒီက အကိုရယ် နှင်းဆီကြောင့် ဖြစ်ရတာဆိုတော့

ကဲ ...ကျွန်တော်ကို ခွင့်ပြုပါအုံး ..ခင်ဗျ...

ရုတ်တရက် စကားဖြတ်ပြီး ထိုအမိကို ကျောခိုင်း ခိုင်း ပျက်သွားပြီ ဖြစ်တဲ့ ဖိနပ်ပျက်လေးကို ကောက်ကိုင်ပြိး အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တဲ့ ကျွန်တော်။ လူစည်ကားရာ ကျောင်းရဲ့ မုဏ်ဦး

အဝင်မှာမို့ ကျောင်းသား၊ ကျောင်းသူတွေ ရုတ်ရုတ်သဲသဲမို့ ကျွန်တော်အဖြစ်က လူလည်ခေါင် ရောက်မှ အရှက်ကွဲရတယ်လို့။ မနက်လင်း နေမို့ သိပ်မပူသေး တာကြောင့် ခြေလှမ်း သွက်သွက်လှမ်းပြီး နီးစပ်ရာ ဘက်စ် ကားမှတ်တိုင်သို့ ဦးတည် လိုက်သည်။ ဒီထပ် အချိန်ကြာ လေကြော ရှည်မယ်ဆိုရင် ကျောင်းသား တွေပိုများလာမှာ ဖြစ်သလို ချက်ခြင်း ဖိနပ်တစ်ရံ ဝယ်စီးရ လောက်အောင်လဲ ကားခ အပြင် ပိုမပါတာ ကိုယ်တိုင် သာအသိဆုံး။ ဘယ်တက်နိုင် ပါ့မလဲ ဘဝကို ရုန်းကန်နေရသူ ရယ်လို့ ကံကြမ္မာ ကမျက်နှာသာ ပေးရိုးထုံးစံမှ မရှိတာလေ။ အစောကြိး အိမ်ပြန်ရောက် လာတဲ့ ကျွန်တော်ကို အမေက အတက် သိနေတဲ့ အပြုံးနဲ့


ဖိနပ် ပြတ်သွား လို့ပြန်လာတာ လားသား

အင်း ဟုတ်တယ် အမေရာ နောက်နေ့မှပဲ သူငယ်ချင်း ဆီက စာကူးလိုက် တော့မယ် ဒီဖိနပ်က ထင်တော့ ထင်သား အမေရ အဟက်..ဟက်

ကျွန်တော်ရဲ့ ခြောက်ကပ်ကပ် ရယ်သံက အမေ့ကို အတွေးရော့ အပူလျှော့ စေလိုပေမယ့် အမေမျက် ဝန်းမှာ မျက်ရည်စ တွေ ဝေ့ဝဲနေလို့ပဲ။


အမေကလည်း စိတ်မကောင်း ဖြစ်မနေပါနဲ့ နော် ကျွန်တော် တစ်ယောက်လုံး ရှိနေတာပဲဟာ အဲလို ဝမ်းမနည်း ပါနဲ့ အမေရယ်

အင်း သားအဖေသာ ရှိမယ်ဆို သားလေး အခုလို ဒုက္ခရောက် မှာမဟုတ်ဘူး

လို့ ခပ်တိုးတိုး ပြောတဲ့ အမေ့ကို ကျွန်တော် ထွေးဖက်လိုက်ရင်း


အမေက လည်းလေ စိတ်မကောင်းစရာ တွေပဲတွေးမနေနဲ့ သားတို့မောင်နှမ နှစ်ယောက် အတွက် အမေကျန်းမာ ဖို့လိုတယ်နော်

အင်းပါ သားရယ် အမေ နေကောင်းအောင် နေပါ့မယ်

လို့ မျက်ရည် သုတ်လို့ အားတင်းရှာတဲ့အမေ။


အင်း ဒါနဲ့အမေ ညကျရင် တော့ သားကလေးတွေ စာပြဖို့ ရှိတယ် သားမှာထားတဲ့ ဖိနပ် ဝယ်ပြိးပြီ လားအမေ

အင်း ဝယ်ပြိးပြီ သားရဲ့ ဟိုးထောင့် မှာလေ

အမေ ညွှန်ပြတဲ့ အိမ်ခြေရင်း ထောင့်လေးမှာ ဖိနပ်ဘူး လေးက အသင့်။ ကျွန်တော်ဖိနပ် ဘူးလေးကို ဖွင့်ပြီး စမ်းစီးကြည့် တော့ အပိုအလိုမရှိ ။အသာပဲ ဖိနပ်လေး ပြန်ချွတ်ရင်း


မေမေ ကျွန်တော် ရေဖြည့်လိုက်အုံးမယ်နော်

အေးအေး သား

အိမ့်ရှေ့ ရေတွင်းမှ နောက်ဖေးသို့ ရေဖြည့်နေတဲ့ သားဖြစ်သူ ကိုကြည့် ပြိး သနားလိုက်တာ သားလေးရယ် လို့ ညည်းဆိုရုံ မှအပ တခြားမတက်နိုင်။ ကိုယ်တိုင်က ရင်ကျပ်ပန်းနာ သည်မို့ တစ်နေ့ရွှေ၊တစ်နေ့ငွေ ဖြစ်နေရတဲ့ဘဝ။ ကျန်းမားရေး မကောင်းသူမို့ ဆေးရုံ၊ဆေးခန်း မသွားရလျှင်ပင် သားကို အတော်လေး ကူညီရာ ရောက်နေလို့ ကျန်းမာအောင် ကြိုးစားနေ သော်လည်း ရောဂါသည် ဆိုတော့ ရာသီဥတု အေးရင်တစ်မျိုး၊ ပူရင်တစ်မျိုးနဲ့ သက်ပျင်း ညင်းညင်း ချမိတယ်ရင်း။ ခုနေသာ ကလေးတို့ အဖေ ရှိနေရင် သားလေး ပညာရေးကို အပူအပင် ကင်းကင်း တက်နိုင်ရှာမှာလို့ အခုတော့ ဂုဏ်ထူးတွေ တစ်သီ ကြီးနဲ့ အောင်ခဲ့ပေမယ့် ငွေကြေး အခက်ခဲကြောင့် အလုပ် တစ်ဖက်နဲ့ ကျောင်းတက်နေရ သလို ရလာတဲ့ ဝင်ငွေလေး နဲ့ မိသားစု သုံးယောက် ခြိုးခြံ ခြွေတာ နေကြရတာ။ ခြံကျယ်ကျယ် လေးရှိတာ မို့ စံပါယ် ခင်းလေးတွေ ကလည်း တစ်နိုင်တစ်ပိုင် ဝင်ငွေလေးနဲ့ အဆင်ပြေအောင် ရပ်တည်နေကြရတဲ့ ဘဝဆိုတော့ မိသားစု အရေးရော ပညာရေးရော ပုခုံးထမ်း တာဝန်ယူ ထားရတဲ့ သားလေ။


မေမေ သားညီမလေးကို သွားကြိုလိုက် အုံးမယ် ပြန်လာမှ သားတို့ အတူတူထမင်းစား ကြတာပေါ့နော်

သြော်...အေးအေးသား ကျောင်းတောင် ဆင်းတော့မှာပါလား

၈တန်း ရောက်နေ ပြီဖြစ်တဲ့ သမီးငယ်က မနက်ပိုင်း တက်ရတာသည်လေ။ အင်း နောက်နှစ်ဆို သမီးငယ်လဲ ဘာလိုလိုနဲ့ နောက်နှစ်ဆို အထက်တန်း တက်ရတော့မယ် ။ ကျောင်းနဲ့အိမ် မဝေးတာမို့ ညီမဖြစ်သူရဲ့ ပုခုံးဖက်ရင်း ရယ်မော လာတဲ့ မောင်နှမ နှစ်ယောက် ကို ကြည့်ရင်း ...။

.................................။...................


ဘုတ်..

အသံနဲ့ အတူ မျက်စိ ရှေ့ရောက်လာတဲ့ လှပစွာ ထုပ်ပိုးထားသော အိတ်တစ်အိတ်။ စာကူးနေရင်းကနေ အာရုံပြောင်းကာ မော့ကြည့်တော့


ဟုတ်တယ် ဒီကအကို နှင်းဆီ ပါ ဒီကအကိုက ဟိုနေ့ ဘာမှတောင် မပြောလိုက် ရဘူး ချက်ချင်း ဆိုသလို လှည့်ထွက် သွားတော့ နှင်းဆီက မနည်း စုံစမ်းနေ ရလို့ ဒီနေ့မှ ဒီကအကိုဆီကို

ကျွန်တော် နာမည် ကျော်မြသွေးပါ မနှင်းဆီ ကျွန်တော် ပြောသားပဲ အဲဒီနေ့ ကတည်းက ကျွန်တော် ပြောခဲ့ပြီးပြီပဲ ဒုက္ခရှာလို့ ဗျာ

နှင်းဆီက မတောင်းပန်လိုက်ရ ဘူးလေ ဘာပဲဖြစ်ဖြစ် ဒါလေးကိုတော့ လက်ခံပေးပါနော်

ကျွန်တော် လက်မခံနိုင်တာ စိတ်မရှိပါနဲ့ ဗျာ

အဲလို မလုပ်ပါနဲ့ အဲဒါဆို နှင်းဆီ စိတ်မကောင်းဖြစ် ရမှာပါအကို

မဆိုင်လိုက်တာ ဗျာ မနှင်းဆီကို ပဲ ကျွန်တော် တောင်းပန်ပါတယ် လက်မခံပရစေနဲ့ ဗျာ

အဲဒါဆို ရင် နှင်းဆီကို ခင်မင်ခွင့် ပေးပါ အကို အဲဒါဆို အကို ဒီဟာကို လက်မခံလို့ ရတယ်

နှင်းဆီက အစားထိုး ပြန်ဝယ်လာသော ဖိနပ်ဘူးလေး ကို အသာ မေးဆတ်ပြရင်း မာနတွေနဲ့ ခပ်ထန်ထန် မျက်နှာထားတဲ့ ဝေခွဲရ ခက်နေသော အကဲခတ် နေမိသည်။ သူနုတ်ဖျားက ဘယ်လိုမျိုး ပြောလိမ့်မလဲ လို့ ရင်ခုန် လိုက်မော စွာ စောင့်မျှော်ရင်း


ကျွန်တော်...

နှင်းဆီ...

ပြိုင်တူ ဆိုသလို ရေရွတ်မိ ကြတဲ့အတွက် လှစ်ခနဲ ပြုံးလိုက်တဲ့ အပြုံးလေး ကိုတောင် နှမြောတသ သိမ်းဆည်း တက်တဲ့ မာနရှင် ပါလားလို့ တွေးရင်း။


အကို အရင်ပြောမလား နှင်းဆီအရင် ပြောရမလား

ကျွန်တော်..

နှင်းဆီ ပြောမယ် အကို နှင်းဆီကို ခင်မင်ခွင့် ပြုတဲ့အနေနဲ့ ဒီဟာလေးကိုလဲ လက်ခံပေးပါ အကို နှင်းဆီ တောင်းပန်တာပါ မေတ္တာရပ်ခံ တာပါဆို ပိုမှန်ပါတယ် အကို

တော်တော်လေး ငြင်းရခက်နေတဲ့ သူ့ပုံစံကြောင့် နှင်းဆီ ကဗျာကယာပဲ


ဟို... အကို ...နှင်းဆီ အတန်းရှိသေးလို့ နောက်နေ့မှ ဆုံကြမယ်နော် နှင်းဆီနဲ့ အကို သူငယ်ချင်းတွေ ဖြစ်သွားပြီနော် အကို..

ပြောလည်း ပြောပြိး ခပ်သွက်သွက်လေး အတန်းထဲမှ ပြေးထွက်ခဲ့ရင်း ကျန်ရစ်ခဲ့မဲ့ ကိုကိုမာနခဲ ကို မြင်ယောင်မိရင်း လှစ်ခနဲ ပြုံးမိလိုက်တဲ့ ခဏ ရင်ထဲကြည်နူးမိ လိုက်တာ ဘာအတွက် ကြောင့် များပါလိမ့်။

...................................................။...................................

လျှောက်နေကြ လမ်းဆိုပေမယ့် လှမ်းနေရတဲ့ ခြေလှမ်းတွေ အသက်မဲ့စွာ လေးလံနေမိတယ်။ ဒီနေ့ မနှင်းဆီ မွေးနေ့ပွဲ မို့ ဆက်ဆက်လာခဲ့ပါ အကိုလို့ ဖိတ်သွားတဲ့ မျက်ဝန်းလဲ့လဲ့ တွေက ဘာပဲလုပ်လုပ် အာရုံမှာ ထင်ဟပ်နေသည်။ အမေကလည်း အခုရက်ပိုင်း မိုးအေးတာကြောင့် ရင်ကြပ်တာကလည်း ပိုဆိုးလို့ နေတယ်။ အမေအတွက် ကျန်းမာရေး စိတ်ပူ ရတာတစ်မျိုး စာမေးပွဲ နီးလို့ စိတ်လှုပ်ရှား နေကြတဲ့ တပည့်လေးတွေ ကလည်း ဒီရက်ပိုင်း အားကိုးတစ်ကြိးနဲ့ ပျက်ကွက်မှာ စိုးရိမ်နေ ကြတယ်။ ကိုယ်တိုင်ကလည်း တာဝန်ယူထားတဲ့ ကလေးတွေ အပေါ်မှာ အာရုံစုစည်းပေး နိုင်ဖို့ ကြိုးစားပေမယ့် တစ်ခါတစ်ရံ ရောက်လာတဲ့ မျက်ဝန်းလဲ့လဲ့ တွေနဲ့ မကြာမကြာ ရောက်ရောက် လာတက်တဲ့ မနှင်းဆီ ရဲ့ပုံရိပ်တွေက လည်း ဘဝနဲ့ နှလုံးသား ကြားမှာ လွန်ဆွဲနေလေရဲ့။

မျှော်လင့် နေမယ်ဆိုတာ သိပေမယ့် ရောက်မလာနိုင် သူတစ်ယောက်ရဲ့ နာကျင်မှု တွေကို မနှင်းဆီ နားလည်ဖို့ မလွယ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်။ ဘယ်တက် နိုင်ပါ့ မလဲဗျာ။ ငွေကြေး ဆိုတာ ကျွန်တော် တို့လို့ နေဝင် မိုးချုပ် လှုပ်ရှား ရုန်းကန်နေ တာတောင်မှ မနက်ထမင်း ညထမင်း နပ်မှန်ရုံပဲ ရှိတာပါ။ ရလာတဲ့ ဝင်ငွေ လေးနဲ့ ကြိုးစား ရပ်တည် နေရတဲ့ သူတွေအဖို့ နှလုံးသား ရေးရာတွေကို လစ်လျူရှု ပြီး ရုန်းကန်နေ ရတာတောင် မငတ်ရုံ လေးပါပဲ။ ဒါတွေကို ရွေပေါ်မြတင် ရွေလင်ဗန်းနဲ့ အချင်းဆေးတဲ့ ဓနရှင် မိသားစု မှာ ပေါက်ဖွားကြိး ပြင်းလာတဲ့ မနှင်းဆီ နားလည်ဖို့ ခက်တဲ့ ဘာသာရပ် တစ်ခုလေ။

ချို့တဲ့လွန်းတဲ့ မိသားစု ရဲ့စားဝတ်နေရေး ကြောင့် ပြုတ်ခရမ်းလို့ လူသိများတဲ့ ခရမ်းသီး သေးသေးလေးတွေ၊ ဒါမှမဟုတ် ကန်စွန်းရွက် လို ပေါပေါ ရတဲ့ သီးနှံလေးတွေ ကို ငရုတ်သီးစိမ်း၊ မျှင်ငပိနဲ့ နဲ့ တစ်ခါတစ်ရံ ဆီပါလေကာ လေးနဲ့ ဟင်းတစ်ခွက် ဖြစ်အောင် ချက်စားပြိး ဘဝကို ရုန်းကန်နေ ကြရတဲ့ ကျွန်တော်တို့ မိသားစု လေးရဲ့ ထမင်းဝိုင်း ကို မနှင်းဆီများ မြင်ခဲ့မယ်ဆိုရင်။ တမင်းဖြူ မောက်မောက် ပန်းကန် သုံးချပ်နဲ့ထမင်းပွဲ အလည်မှာ တစ်ခွက်ထည်းသော ချဉ်ငန်စပ် လို့ အမည်တည်ရတဲ့ ရောတိရောရာ အသီးအရွက် ကိုဟင်းဖြစ်အောင် ချက်ပြိး မနက်ဖြန် တွေကို အသက်ဆက်ကြရတဲ့ ကျွန်တော်တို့ မိသားစု ရဲ့ ထမင်းဝိုင်းလေး ဆာလောင် မွတ်သိပ်နေတဲ့ ကျွန်တော်တို့ အတွက်တော့ တန်ဖိုးကြိးကြိး ရင်းထားတဲ့ ထမင်းပွဲလေးပါ မနှင်းဆီ။


ဟင်းချက်တဲ့ နေရာမှာ ဥာဏ်ရှိဖို့လဲ လိုတယ် ကိုကိုရ

လို့ ဆရာမကြိး စတိုင်နဲ့ လူကြိးလေးလုပ်ပြိး ထမင်းချက် ဟင်းချက် ကို ကျောင်းစာတွေနဲ့ အတူ တစ်ဖက်က လုပ်ကိုင်ပေးတဲ့ ညီမလေးက မကျန်းမာတဲ့ အမေအတွက် ရော အလုပ်တွေများ တဲ့ ကျွန်တော် အတွက်ရော အရွယ်မလိုက်အောင် သိတက် လွန်းပါတယ်။


ညီမလေး ဟင်းချက်တာ စားကြည့်နော် ကိုကို ရှယ်ဗျ ချက်ထားတာ အဟီး..

အင်း ရှင်းပြပါအုန်း ညီမလေးရဲ့ ဘာတွေများ ချက်ထားလို့လဲ

ဘာတွေ ချက်ထားလဲ ဆိုတော့ ခြံထဲက ချဉ်ပေါင်ရွက် လေးတွေကို ကန်စွန်းရွက် ရိုးနီလေးနဲ့ ငရုတ်သီး စိမ်းလေး လေးစိပ်ကွဲ ထောင်းပြိး မျှင်ငပိ လေးသင့်ရုံထည့် ပြိး ဟင်းဖြစ်အောင် ချက်ထားတာလေ မိုက်တယ်နော် ကိုကို လျှာလည် သွားမယ် အဟဲ

ဟုတ်ပါပြီ ညီမလေးရာ ဒါနဲ့ ငပိရည် တို့စရာလေး ရော မပါဘူးလား

ဟာ ကိုကိုကလည်း ဒုံးဝေးပြန်ပြိ ချဉ်ငန်စပ်လေး ဖြစ်အောင် ချက်ထားပါတယ်ဆိုမှ ငပိဖိုး တို့စရာဖိုး ချွေတာ ပြီးသား ဖြစ်သွားတာပေါ့ ခက်ပါ့ကိုကို ရာ ဒီမှာ ကြည့် ညီမလေးပြမယ် ဒီလိုလေး ဟင်းကို ခပ်ပြီး အရည်လေးလည်း ထမင်းဖြူပေါ် စမ်းလိုက် ပြိးရင် အခုလို ကန်စွန်ရွက် အဖတ်လေးတွေ၊ ချဉ်ပေါင်ရွက် လေးတွေကို ထမင်းနဲ့ မြုပ်ပြိး စားတော့ ငပိလည်း မလို တို့စရာလည်း မလိုတဲ့ တစ်ခွက်ထဲနဲ့ ပြိးပြည့်စုံတဲ့ ဟင်းတစ်ခွက်ပေါ့ ကိုကိုရ

ရှင်းလည်းရှင်း စားလည်းစားပြ ရင်း လျှာလည်း ထုတ်ပြလိုက်တဲ့ ချစ်ညီမလေးကို ချစ်စနိုးနဲ့ ခေါင်းပုတ်လိုက် ပြိး သူစားသလို လိုက်စားတော့ ဆာလှောင်နေပြီ ဖြစ်တဲ့ မနက်ထဲက မုန့်ဟင်းခါး တစ်ပွဲ၊ လ္ဘက်ရည် တစ်ခွက်နဲ့ သာပြိးထားရတဲ့ ဝမ်းက အားပါးပါး အရသာ ရှိမှရှိ။ အဲဒီလို သဘောတရား တွေကို မနှင်းဆီ ခံနိုင်ရည် ရှိမယ်လို့ မယုံကြည် နိုင်ခဲ့တာ ကျွန်တော် အလွန်လို့ အပြစ်တင် မစောစေ ချင်ပါဘူးဗျာ။ အတွေးတွေ ထဲမှာ မြောနေရင်း ကားစပယ်ယာ လေးမှ မှတ်တိုင်လေး သတိပေး ပြောမှ လူတွေကြား အလုအယှက် ပြေးဆင်း ရတဲ့ ကျွန်တော် ကို နားမလည်သလို မျက်လုံးတွေနဲ့ လှမ်းကြည့်တဲ့ စပယ်ယာ လေးကို ရှက်ပြုံးပြုံးရင်း ကျောခိုင်း ခဲ့တဲ့ ကျွန်တော်။

..............................။...............................


မနှင်းဆီ ကျွန်တော် ကိုခွင့်လွတ်ပါလို့ မတောင်းဆို ချင်ပါဘူး ကျွန်တော်လည်း တစ်ကယ်ကို အခက်ခဲရှိ နေလို့ မရောက် ဖြစ်ခဲ့တာ စိတ်မကောင်းပါ ဘူးတစ်ကယ်ပါဗျာ ကျွန်တော် အတွက် အလေးထား ပေးတဲ့ မနှင်းဆီ အပေါ်မှာ ကျွန်တော်

အဲဒါ ထားလိုက်ပါ တော့ အကို မနှင်းဆီ နောက်တစ် ပတ်ထဲမှာ မိဘတွေ ရှိတဲ့ ကနေဒါကို လိုက်သွားတော့မယ် ဖေဖေလည်း ကျန်းမာရေး မကောင်း လို့အမြန်ဆုံး လိုက်လာဖို့ ခေါ်တာ မို့ နှင်းဆီ လိုက်သွားရမယ် အကို

နှင်းဆီ ရဲ့စကား တစ်ခွန်းကြောင့် ဟာခနဲဖြစ် သွားတဲ့ရင်အစုံ။ ရပ်နေတဲ့ ခြေထောက်တွေ ခွေမကျအောင် အားတင်းရင်း နှင်းဆီ မျက်နှာကို အကဲခတ်တော့ ညိုးလျှ နေတာ တစ်ခုကလွဲ ရင် အတည်ပြောနေတယ် ဆိုတာ အသိသာကြိး။ ခြောက်သွေ့ လာတဲ့ အာခေါင် ကို ခြစ်ချုပ်အားယူ ပြိး


ဟုတ်တာပေါ့ နှင်းဆီက ဟိုမှာ ကျောင်းဆက် တက်ဖို့ အစီစဉ်လည်း ရှိတယ်ဆိုတော့ စိတ်ကူး ထားတာ လေးတွေ မြန်မြန် ဖြစ်သွားတာ တစ်ခုက လွဲရင် အဆင်ပြေ မှာပါ ကျွန်တော် မနှင်းဆီ အတွက် ဆုတောင်း ပေးပါတယ် ဗျာ

ပြောစေ ချင်တဲ့ စကား၊ ကြားစေချင်တဲ့ စကားတွေကို သွေဖီပြီး ပြောနေတဲ့ သူ့ကို ကျွန်မ စိုက်ကြည့်ရင်း


အဲဒီ စကားတွေက ရင်ထဲက စကားတွေ လားအကို

ဟင် ဘာလို့လဲ မနှင်းဆီ ကျွန်တော် ရင်ထဲက စကားတွေက မနှင်းဆီ အတွက် မယုံကြည် နိုင်လောက်အောင် ပဲ ဖြစ်စေသလား

နှင်းဆီ အခုအချိန် ဘယ်လို စကားမျိုး ကြားချင်တယ်ဆိုတာ အကို အသိဆုံး ဖြစ်မှာပါ။ ဒါနဲ့တောင်များ ဘာမှ မဖြစ်သလို ဆုတောင်း ပေးနေတဲ့ အူကြောင်ကြောင် လုပ်ရပ်တွေနဲ့ ဘာမှမဖြစ်သလို ဟန်ဆောင် နေတဲ့သူ့ကို နှင်းဆီ ကျောခိုင်း ဖို့ ကြိုးစားရင်း။တားဆီး မရစွာ ဝေ့ဝဲလာတဲ့ မျက်ရည် စတွေကို မာနဖြင့် ပုတ်ခပ် သိမ်းဆည်းရင်း


ကောင်းပါပြီ အကို အကိုရဲ့ ဆုတောင်းစကား အတွက် ကျေးဇူးပါ ဒီတစ်ခါ တွေ့ဆုံ ခြင်းက နှင်းဆီ တို့ အတွက် နောက်ဆုံး ဖြစ်မယ် ထင်တယ်အကို နောက်တစ်ပတ် ထဲမှာ နှင်းဆီ သွားရမှာမို့ ပြင်ဆင် စရာလေးတွေ လည်းရှိတော့ နှင်းဆီ အကို့ဆီ သက်သက် အလည်ရောက် ဖြစ်မယ် မထင်ဘူးအကို

အင်း ကျွန်တော် နားလည်ပါတယ် မနှင်းဆီ အခွင့် သာမယ်ဆို ကျွန်တော် မနှင်းဆီကို လေဆိပ် လိုက်ပို့မယ်လေ ဘာပဲပြောပြော မနှင်းဆီ လို သူငယ်ချင်း ကောင်းတစ်ယောက် လှပတဲ့ မိန်းမချော လေးနဲ့ အချိန် တွေများစွာ ခင်မင်ခွင့် ရခဲ့တဲ့ အတွက် ကျွန်တော် အရမ်း ကျေးဇူးတင်နေ မှာပါ

ကျေးဇူးပါအကို အဲဒါဆို နှင်းဆီ သွားတော့မယ်နော် အကို

ကောင်းပါပြီ မနှင်းဆီ....

နှုတ်ဆက် ပြိး ကျောခိုင်း ဆိုတာ သေချာသွား ပြီဆိုမှ ယောက်ျားတန်မဲ့ မျက်ရည် တွေ ဝဲခဲ့ရတယ် ဆိုတာ မနှင်းဆီ မသိလေ ပိုကောင်းလေးပါပဲ။ အဲဒါမှ ကျွန်တော်အပေါ် နာကျဉ်းမှုတွေနဲ့ မုန်းမေ့ နိုင်မယ်လေ။ နှလုံးသားရဲ့ ရင်ခုန်သံ တွေကို နားမလည်ခဲ့တာ မဟုတ်သလို မသိကျိုးကျွံပြုခဲ့ တာလည်း မဟုတ်ပါဘူး။ မလိုအပ်ပဲ ဆင်းရဲ တွင်းကို ဆွဲမခေါ် ရက်ခဲ့တာပါ မနှင်းဆီရယ်။


နမ်းရှိုက်ခွင့်ရမှ အချစ်မဟုတ်သလို

အဝေးဆုံးကို ပြေးထွက်ခွင့် ပေးနိုင်တာလဲ

နင့်အတွက် အချစ်တေး တစ်ပုဒ်ဖြစ်စေမယ် ဆိုရင်

ငါ ဆိုတဲ့လူ နင့်အတွက်

လမ်းခင်းပေးမယ့် နှလုံးသားတစ်စုံ

အသင့်ရှိနေမှာပါ....

သွန်လိုသွန် မှောက်လိုမှောက်

နင်ကြိုက်သလို လုပ်ဖို့ ငါ့ဘဝတစ်ခုလုံးရှိတယ်...

မြတ်နိုးမှု သက်သက် ကာရံမဲ့ဘဝနဲ့

ဝေးကြမဲ့ အတူတူ နင့် နှလုံးသား

ဒဏ်ရာ ရသွားမှာတစ်ခုပဲ

ငါ စိုးရိမ်တာပါ...။

နွေးထွေးတဲ့ အနမ်းတွေ

အသက်မဲ့ အေးစက်သွားစေခဲ့တာ

ဝေးကွာခြင်းကြောင့်လား.....?

အချစ်ရဲ့ ဂုဏ်သတ္တိက အရည်သွေး မပြည့်မှီခဲ့လို့လား...?

သတိရ တမ်းတနေခြင်း တွေကို Cupit ကတစ်ဆင့်

တိုးတိုးလေး ပြောပေးခဲ့ရင်တော့.........!!!!

ဘယ်လိုပဲ ကျောခိုင်းခဲ့ပေမယ့်..

အတိတ်ရဲ့ခြေရာဆိုတာ... ကျန်ခဲ့စမြဲပါ..

ခြေရာတော့ ခြေရာတွေပါပဲ..

ဒါပေမယ့် နှောင်းခဲ့တဲ့အတိတ်ရဲ့ခြေရာတွေလေ

ငါ ပြန်မကြည့်ချင်ဆုံး အရာကလည်း...

အဲဒီ အတိတ်ရဲ့ ခြေရာတွေပါပဲ...။

......................။............................

မိန်းမသား တစ်ယောက်အတွက် အချစ်ဆိုတာ မျှော်လင့် မိရုံကလွဲပြိး ဘာမှမတက် နိုင်တာ လောက ဓမ္မာတာ လို့ ပြောရမယ် ဆိုရင် သတ်မှတ်လိုက်တဲ့ သဘာဝတရား ကိုပဲ အပြစ်တင် ရတော့မှာပေါ့။ နှစ်လို ဟန် အပြုံး။ စွဲမက်ဖွယ် တည်ကြည် ခန့်ငြား တဲ့ ဆရာ ပေါက်စလေးကို အသိအိမ် သွားလည်ရင်း မြင်ဖူး စွဲလမ်း ခဲ့ရတဲ့ နှင်းဆီ ရဲ့အဖြစ်။ ကံကြမ္မာ စေလို့ သူငယ်ချင်း ကျောင်းသွားလည် ရင်း ယဲ့ယဲ့လေး ဖြစ်နေတဲ့ ဖိနပ် ကိုယ့်ကြောင့် ပျက် သွားတော့ ရှက်အားပို မာနနဲ့ စကားတောင် ဟဟမပြော ခပ်သွက်သွက် နီးရာ ကားပေါ် ပြေးတက် ကွယ်ပျောက်သွားတဲ့ အရိပ်လေး။

ခင်မင် ရင်းနှီးဖို့ ချဉ်းကပ်ရတာ တစ်ကယ်မလွယ် တဲ့မာနခဲ။ လောကမှာ မရှိတဲ့သူတွေက မာန ပိုကြိးတယ် ဆိုတဲ့စကား သူနဲ့ကျ မှ နားလည်လာခဲ့တယ်။ အကြောင်း မရှိ အကြောင်းရှာ သူဆီရောက် အောင်သွား။ မလိမ့်တစ်ပတ်နဲ့ သူ့အကြောင်း စုံစမ်းတော့ ဘဝကို ကြမ်းတမ်းစွာ ဖြတ်ကျော်နေ ရတဲ့ ရိုးသားတဲ့ သမာအာဇီဝ သမား မို့ မြတ်နိုးမှု ထပ် လေးစားမှုက ပိုတယ်။ သူမသိအောင် နောက်ကြောင်း တွေစုံစမ်း။

ဝေးကွာလွန်းတဲ့ ဘဝနှစ်ခု ပေါင်းစပ်ဖို့ လက်ရွံ့နေရှာမှာပဲ ဆိုတဲ့ ကရုဏာ တရားက သူ့အပေါ် အလိုက်သိ စွာ ပိုလို့။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မြင်းက မလှုပ် ခုံ ကလှုပ်ဘဝမို့ ကြာလာတော့ မာနကခေါင်းပြူ လာတယ်။ နာကြင်ခြင်း တွေက မေတ္တာပေါ် အုပ်ဆိုးလာတော့ မိန်းမသား ဆိုတဲ့ ဘဝကို ပိုလို့ ခံပြင်းမိတယ်။ အချိန်ကာလ တွေသာ ရွှေ့ပြောင်းလာတယ် သူရဲ့ဆက်ဆံရေး တွေက ဘာတစ်ခုမှ တိုးတက်လာခြင်း မရှိခဲ့။မျှော်လင့်ခဲ့ မိတဲ့ နာရီတွေ အချိန်တွေ ကို ကိုယ်ချင်း စာတက်ခဲ့ဖို့ အမျှော်လင့်ကြိး မျှော်လင့်ဘူးတယ်။

နောက်ဆုံး ဆိုတဲ့ အတိုင်းတာ တစ်ခုထိ သူဆီက မျှော်လင့် နေသူကို ကျောခိုင်းဖို့ သေချာ နေပြီ ဆိုမှတော့ ဆက်လက် မျှော်လင့် နေမယ်ဆို ကျွန်မလောက် ရူးသွပ်သူ ရှိပါအုံးမလား လို့ ခံပြင်းမှု ကိုအစားသွင်း လို့ လက်လျှော့ လိုက်ဖို့ ဆုံးဖြတ် ခဲ့တယ်။ အမှတ်မရှိတဲ့ သံယောဇဉ်တွေက နောက်ဆုံး ဆိုတဲ့ အချိန်ထိ သူရဲ့ ပုံရိပ် တွေ့နိုးနိုးနဲ့ ရှာဖွေ နေမိသေးတဲ့ ကျွန်မရဲ့ အဖြစ်။ အချိန်ကျလို့ နောက်ဆုံး စက္ကန့်ထိ ရောက်မလာတဲ့ သူ့ကို ကျွန်မရဲ့ အတွေး တွေ၊ စိတ်ကူးတွေ ထဲက အပြိးပိုင် ထုတ်ပြစ်ဖို့ အပြင် တခြားနည်းလမ်း မရှိပြီ မဟုတ်ပါလား။ မိဖုရား ဖြစ်ချင်သူ ကိုမှ ဘုရင်မ လုပ်ခိုင်းတဲ့ သူ့ဆန္ဒအတိုင်း ဖြစ်ရအောင် လုပ်ရုံမှ တစ်ပါး အခြား မရှိတော့ ပြီလေ။


ရေများရေနိုင် မီးများမီးနိုင်

သတ္တလောကနဲ့ သစ်ပင်

အခါလွန် ကြွေကျရတဲ့ ရော်ရွက်ဝါ

တွေးမိတိုင်း စိတ်ထဲမှာလေ ...

ငါ.......

ချစ်လွန်းလို့ မေးပရစေ

ဝေဒနာမရှိတဲ့ အရပ်မှာ

ငါတို့ ရင်နှစ်လွှာ ပေါင်းစပ်လို့မရဘူးလား..?

သူ ငါ မပါတဲ့ အနမ်းတွေ ခြွေခွင့်မရှိဘူးလား..?

ဥပမာတိုင်း နှိုင်းပြကြေးဆို

နှင်းဆီပင်က စံပယ် မပွင့်နိုင်သလို

အချစ်ပဲရှိတဲ့ ငါ့ရင်မှာလဲ

နင့်အတွက် အမုန်းတွေ မရှိနိုင်ဘူးဆိုရင်....

စုတ်တစ်ချက်သတ်ပြိး သွားစမ်းပါလို့

နင်ပြောအုံး မှာလား..?

............................။.............................

8 comments:

အိမ်အရောက်လာအားပေးသွားတယ်နော်
ညီမလေး
စာလဲအ၇ှည်ကြီးဖတ်ရလို့ မောတော့မောသွားတယ်
ဟော ဟဲ..ဟော ဟဲ

ညီမလေးရေ...
မမဆီကို အချိန်ပေးပြီး စာတွေလာဖတ်သွားလို့ ကျေးဇူးတင်
ဝမ်းမြောက်မိပါတယ်.။ ညီမလေးဆီကိုလည်း တဖြည်းဖြည်း လာဖတ်ပါ့မယ်.။ အဆင်ပြေ ပျော်ရွှင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပါစေ ညီမလေး..။
ခင်မင်စွာ
သဒ္ဓါ

ကောင်းပါတယ်။ ကောင်းပါတယ်။ ဂရုဏာရေးတာ မှားနေတယ်။ တစ်ကယ်က “ကရုဏာ”။ နောက်ပြီး မိဘုရား မဟုတ်ဘူး။ မိဖုရား။ စာရေးဆရာဆိုတော့ သတိပေးတာပါ။ စာရေးတာ တော်တော်လေးကို တိုးတက်လာပါတယ်။ နည်းနည်းတော့ ထပ်သင်ပေးရဦးမယ်။ လောက အကျိုးပြုစာလေးတွေလည်း ရေးဘို့ကြိုးစားဦး။

ဟုတ်ကဲ့ ပြောင်းလိုက်ပါပြီ
ဦးဇင်းဘုရား..
နောက်လည်းအခုလို ညွှန်ပြပေးပါအုံးလို့
အစဉ်ထာဝရ
ခင်မင်လေးစားလျှက်...

ဧဒင်မှာလည်းတွေ့တယ်နော်

အဓိပတိလမ်း..ရေတမာပင်တန်း..ကိုယ်တိုင်မရောက်ဖူး..မလျှောက်ဖူးပေမယ့်...မင်းလူ...နီကိုရဲ...တစ်ခြားသော..စာရေးဆရာတွေရဲ့...စာတွေမှာ..တက္ကသိုလ်ရဲ့..ကင်တင်းန်ကိုထိုင်ဖူးတယ်...ခုနောက်ပိုင်း...အဲဒီအငွေ့အသက်တွေပျောက်လာတယ်....ရုပ်ရှင်ဇာတ်ကားတွေမှာတောင်...မတွေ့ရတော့သလောက်...ဘာတွေပြောင်းလဲကုန်တာလဲဗျာ

မရှိဘူးတဲ့ အတိတ် တစ်ခုကို ရောက်သွားသလိုပါပဲ... ..ကြိုက်တယ် အမ ဒီလို အဆွေးဇာတ်လမ်းလေးတွေ ...

မတူညီတဲ့ဘဝတွေနဲ့ အမြဲတမ်းရှိနေအုံးမယ့် အချစ်ဇာတ်လမ်းလေးပါပဲ။
အားပေးပါတယ်ညီမလေး။ ဘဝသရုပ်ဖော်ရသစာပေတွေ ဆက်လက်ရေးသားပါအုံး။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More