http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, June 23, 2012

မျှော်တလင့်လင့်



အိမ်ရဲ့ အပေါ်ထပ်မှ နေ၍ ခြံတခါးဝကို မကြာခဏ လှမ်းမျှော်ကြည့်ရင်း ဒေါ်ခင်တင့် တစ်ယောက် ရောက်လာမည့် ဧည်သည်များကို စိတ်စောစွာ မျှော်နေမိတာ အမှန်ပေ။ ဧည့်သည်ဆိုပေမယ့် တစ်ချိန်တုန်းက အိမ်သားတွေပါပဲ။ တစ်ချို့က ရေကြည်ရာ မြတ်နုရာ၊ တစ်ချို့က ယောင်နောက်ဆံထုံးပါ ဆိုသလို အိမ်ထောင်ကိုယ်စီနဲ့ တစ်အိုးတစ်အိမ်စီ ခွဲခွာသွားခဲ့ ကြသော တစ်ချိန်တုန်းက အိမ်သားတွေကို ယခုအခါ ဧည့်သည်အဖြစ်နဲ့ မျှော်နေရခြင်းပါပဲ။

ဒါတောင်မှ သွေးရိုးသားရိုး အလည်လာခြင်း မဟုတ်ပဲ ဖခင်ဖြစ်သူ နေမကောင်းလို့ အိမ်ယာထဲ လဲနေလို့ အကြောင်းကြား အသိပေးလို့ လာကြမှာလေ။ အသက်ကလည်း (၇၀)ကျော် (၈၀)နားနီးပြီမို့ သွေးတိုးနဲ့ ကျောက်ကပ်ကလည်း မကောင်းတဲ့ အတွက် ခြေထောက်နဲ့ ဗိုက်တွေ ဖောယောင်ကာ အစာလဲံမဝင်၊ ဆေးလဲ မကယ်နိုင်တော့တဲ့ အချိန်မို့ အဝေးရောက် သားသမိးတွေကို အရေးပေါ် ခေါ်ရခြင်းပါ။ အိပ်ယာပေါ်လဲနေတဲ့ လူနာကို တလှည့် ခြံဝကိုလည်း လှမ်းကြည့်ရင်း တစ်ယောက်ထဲ စိတ်စောနေမိတာ အမှန်ပါပဲ။ စိတ်ထဲမှလည်း ကလေးတွေ သူ့တို့အဖေကို မှီမှ မှီကြပါ့မလားဆိုတဲ့ အတွေးကလည်း ကြီးဆိုးနေမိပြန်တယ်။


သားသမီး ခြောက်ယောက်မှာ သားအငယ်တစ်ယောက်နဲ့ သမီးငယ် တစ်ယောက်သာ အိမ်ထောင်မကျသေး၍ လက်ရှိလို့ ပြောရသော်လည်း သားအငယ်မှာ နိုင်ငံခြားရောက်နေ၍ ဖခင်အခြေနေကို အသိ မပေးရသေးပေ။ အတူနေ သမီးငယ်က အိမ်ဆိုင်လေး ဖွင့်ထားလို့ အိုးမကွာ အိမ်မကွာ ဆိုသော်လည်း ဆိုင်တစ်ဖက်နှင့်မို့ သူ့ခဗျာ အားရသည်ကိုပင် မရှိပေ။ ပြောလည်းပြော လုပ်လည်း လုပ်ရသည် ဆိုသပင် သူကလေး တစ်ယောက်သာ အနားမှာ ရှိနေ၍သာ တော်ပေတော့သည်။

ဒုတိယမြောက် သားကလည်း ရပ်ကွက် တစ်ခုသာခြားသော တခြား ရပ်ကွက်လေးမှာ နေသည်ဆိုသော်လည်း တစ်လနေလို့ မိဘအိမ်ကို တစ်ခေါက် မရောက်လာပေ။ ငွေရေးကြေးရေး လိုသောအခါမှသာလျှင် မျက်နှာမြင်ရသူ ဖြစ်သည်။ သူ့မိသားစုနှင့်သူ ပြေလည်နေချိန်တွင်တော့ အိမ်ခြင်း မဝေးသော်လည်း တစ်နှစ်လုံးပင် သူ့မျက်နှာမြင်ရဖို့ မလွယ်။ အိုကြီးအိုမ မိဘများက ကိစ္စရှိလျှင် လာပါအုံးလို့ လူကြုံသော်လည်းကောင်း ကိုယ်တိုင်သော်လည်းကောင်း အမှာပါး၍ ခေါ်ရသူဖြစ်သည်။ သားတစ်ယောက်ရယ်လို့ အားကိုးဖော် မရတဲ့အပြင် အဆင်မပြေချိန် အရက်ကလေးများ ဖက်လာလျှင် မိဘကိုတောင် ရန်လုပ်ချင်သေးသော သားတစ်ယောက်။ သူ့လို သားဆိုးတစ်ယောက်နဲ့ တစ်ခါတစ်ခါ ဝေးနေရတာလည်း ကောင်းပါတယ်လို့ သတ်မှတ်ရမည့် သူပင်။

သမီးကြီးကတော့ သူ့အမျိုးသားက အရောင်းအဝယ် သမားတစ်ယောက်မို့ ချောင်လည်တယ်လို့ ဆိုရပေမယ့် သူလဲ ပိန်လိုက် ဖောင်းလိုက် လူစားမျိုး။ သူကတော့ သမီးကြီးမို့ ထင်ပါရဲ့ အရေးတကြီး ငွေလိုလျှင် ရောက်ရောက်လာ တက်သလို သူ့ယောက်ျား လုပ်ငန်း အဆင်ပြေချိန်တွေဆိုရင်တော့ မုန့်ပဲသရေစာနဲ့ တစ်ခါတစ်လေ ရောက်ရောက်လာတက်သူလေ။ အယူကြမ်းသလို အပေးလည်း လွယ်တဲ့ လက်မခက်နဲ့ လူမျိုးစားမို့ သူမက အပေါင်းသင်းလည်း ဆံ့တယ်ပြောရမယ့်သူ။ သူ့ဟာသူ လည်ပတ်နေတဲ့သူမို့ မိဘ ဒုက္ခမပေးရင်ပဲ တော်ပါသေးရဲ့လို့ သတ်မှတ်ရမယ့် သူတစ်ယောက်ပင် ဖြစ်သည်။

သားလတ် တစ်ယောက်ကတော့ အပူပေးတယ်လည်း မဟုတ် အကူပေးတယ်လည်း မရှိတဲ့ သူတစ်ယောက်။ မိခင် ဖခင်ကို ဖုန်းဆက်မေးဖော်တောင် မရ။ အရေးကြောင်းရှိမှ မိဘက အကြောင်းကြားရတာလေ။ နယ်မှာ နေတာမို့ လေးငါးနှစ်တွင်းမှာ ခုမှ ပြန်တွေ့ရခြင်းပင်။ သူ့မိသားစုရှိရာကို အိုကြီးအိုမ မိဘတွေက လိုက်မသွားနိုင်လို့ " သားရယ် လာလည်အုံးလေ... ဘယ်တော့ လာမှာလဲ"  ဆိုတဲ့ အမေးကို " အမေသား ဘယ်လထဲကျမှ အလည်လာခဲ့မယ် " ဆိုပြိး ပေါ်မလာ တက်သူ။ ဒီတစ်ကြိမ်တော့ အဖေ တစ်ယောက်ရဲ့ နောက်ဆုံးအချိန်မို့ မလာလည်း မင်းသဘောလို့ ပြောပြိး ခေါ်လို့ အားချင်း ပေါက်ချ လာရသူ။

ဟိုယခင် သားသမီးတွေ ကိုယ်စီ အိမ်ထောင် မကျခင်ကတော့ ပြေလည်တယ် မဆိုသာသော်လည်း သူ့ဟာနဲ့သူ ချောင်လည်နေသေးတယ်။ စီးပွားလည်းကျ အရွယ်လည်း ရလာချိန်မှာ တစ်ချိန်တုန်းကတော့ သားသမိး ရတနာလေးတွေ ရှိတာပဲလို့ မိဘတွေအနေနဲ့ အားကိုးအားထားရဖို့ မျှော်လင့်မိတာတော့ ရှိတာပေါ့။ သို့သော်ငြားလည်း လက်တွေ့မှာတော့ သူတို့ဆီက မျှော်လင့်လို့ မရနိုင်ဘူး ဆိုတာ သိနေတော့ အိုကြီးအိုမ မိအိုဖအိုတွေကို ဒုက္ခမပေးရင်ပဲ ငါ့သားသမီး တော်လှချည်ရဲ့လို့ ချီးမွန်းခန်း ဖွင့်ရမလိုပါပဲ။ အဝေးရောက် သားငယ်တစ်ယောက် ပို့ပေးတဲ့ ငွေကြေးလေးနဲ့ စားဖို့နေဖို့နဲ့ ဆေးဖိုးလေး ကာမိနေတာကပဲ အထူးတစ်လည် ကျေးဇူးတင်နေရတဲ့ ဘဝ။

သားအငယ် ကြတော့လည်း " သားရေ နေကောင်းအောင်နေ ..တစ်လ တစ်ကြိမ်လောက်တော့ ဖုန်းလေးဆက်နော် သား " လို့ အကြိမ်ကြိမ် မှာပေမယ့် ငွေပို့ချိန်ကလွဲပြီး ဖုန်းမဆက်တက်တဲ့ သား။ " ဖုန်းခတွေ ဈေးကြိးတယ် အမေရဲ့ " ဆိုတဲ့ စကားမှာ သြော် ငါ့သားလေး အလုပ်ကြိုးစား ငွေစုနေတာပဲ ဆိုတဲ့ စိတ်နဲ့ ပူပင်ရတဲ့ သောကဇောတွေကို ဖြေပျောက်ခဲ့ရတာလည်း အကြိမ်ကြိမ်။ မိခင်နဲ့ ဖခင်မို့ ကွဲပြားလေသလားမသိ " သားရေ ရော့ရော့ မင့်အဖေနဲ့ ဖုန်းပြောအုံး " လို့ ဖခင်ဖြစ်သူလက်ထဲ ဖုန်းထိုးတည့်ပေးမှ စကားပြောရမှန်းသိတယ်။ မဟုတ်လို့ကတော့ " အဖေရော နေကောင်းတယ် မလား " ဆိုတဲ့ စကားနဲ့တင် အဆုံးသတ် ထိုထက် မပိုချေ။

ပစ္စည်းဥစ္စာ မချမ်းသာ သော်လည်း သားသမီး ရတနာ ချမ်းသာလှတဲ့ ဒေါ်ခင်တင့်တို့ အတွက်တော့ များပြားလှတဲ့ သားသမိးတွေ ကြားထဲမှာ တစ်ယောက် တစ်လေကများ သိတက်လေ နိုးနိုးနဲ့ မျှော်လင့်နေခဲ့ရာက တစ်ယောက်တမျိုး မရိုးရတဲ့ မသိတက်မှု တွေကိုသာ ရရှိခဲ့တယ်။ သားရယ် သမီးရယ် မခွဲခြားနိုင်ပဲ သားသမိးတွေ အားလုံးအတွက် သင့်တော်ရာ၊  ကောင်းရာ နိုးနိုးလေးတွေ ဒါကဖြင့် ဘယ်သူ့အတွက် ဒါလေးကတော့ ဘယ်သူဖို့ရယ်လို့ လူတန်းစေ့ တန်းတင်ပေးနိုင် ခဲ့ပေမယ့် မိဘနှစ်ပါးကျတော့ ဟိုလူက တာဝန်မယူချင်၊ ဒီလူက လက်ရှောင်နဲ့ ကိုယ်ပိုင် အိမ်မြေလေး ကျန်နေလို့သာပေါ့။ မဟုတ်လို့ကတော့ မိမိတို့အရေး တွေးကြည့်ရမှာပင် ရင်လေးစရာအတိ။ 

ယခင်ကလည်း နှုတ်နည်း တက်သူက ယခု အသက် ရလာတော့လည်း မလိုအပ်ရင် စကားမဆို သူရယ်လို့ ပြောရလောက်အောင် ခင်ပွန်းဖြစ်သူက ဘယ်သားသမိးမှ ကောင်းသည် ဆိုးသည် မပြော။ ပေးတာယူ ကျွေးတာစား မည်သူကိုမှလည်း မဝေဖန်။ ကြားထဲက မနေနိုင်တဲ့ ဒေါ်ခင်တင့် တစ်ယောက်ကသာ ပွစိပွစိပြောတက်သူ။ ထမင်းဝိုင်းမှာ ရှိတဲ့ ဟင်း ချိုသည်၊ ခါးသည်၊ ပေါ့သည် ၊ငန်သည် ဟူ၍တောင် ဂျီးများခြင်း အလျှင်းမရှိ။ အဲ့လိုသူက နေမကောင်း ဖြစ်တော့ ပိုဆိုးသည်။ အသက်က လည်းကြီး အစားလည်း မဝင်၊ ဆေးတစ်မျိုး ထည်းကလည်း အရာ မရောက်တော့ မိမိကိုယ်တိုင် လက်လျှော့ ရတော့မည့် အနေအထား။ ကံကြမ္မာနဲ့ လွန်ဆွဲရတဲ့ပွဲမို့  ပွဲကြည့်ပရိသတ် တစ်ယောက်ပမာ ဘာမျှ မတက်နိုင်တော့ပါလေ။

" အမေ အဖေဘာဖြစ်လို့လဲဟင် "

အသံကြားရာသို့ ဒေါ်ခင်တင့်တစ်ယောက် လှည့်ကြည့်ရင်း

" မြန်မြန်လာကြ ရှေ့နားကိုတိုး ..ဘယ်တွေဝင်လို့ ဘာတွေလုပ်နေကြတာလဲ ကြာလိုက်ကြတာအေ..ငါ့မှာဖြင့် မျှော်လိုက်ရတာ ညည်းတို့တတွေကို "


" ဒီမှာလေ အမေသမီးပေါ့ အရေးထဲ စာအုပ်ဆိုင် ဝင်ပြိး စာအုပ်ရှာဝယ်နေလို့ "


" ဘာစာအုပ်တွေများ ဝင်ဝယ်နေတာလည်း ညည်းက "

" သြော် အမေရယ် အိမ်က ကလေးတွေအတွက် ယဉ်ကျေးလိမ္မာ စာအုပ်လေးတွေ၊ ကလေးတွေ အရွယ်နဲ့အလိုက် ဆုံးမသွင်သင်ပေး ရမယ့် သတိထားသင့်တဲ့ အချက်လက်တွေ စုဆောင်းထားတဲ့ စာအုပ်..ပြိးတော့ အငယ်လေးအတွက် ပုံပြင်စာအုပ်လေးတွေ ဒါတောင် သမိးကြီးမှာတဲ့ စာအုပ်က မရခဲ့ဘူး အမေရဲ့ စာအုပ်ဆိုင်ကို ချန်ထားပေးပါလို့ မှာပဲ မှာခဲ့ရတယ် ကလေးတွေကို ငယ်ငယ်ထဲက ပုံသွင်းလေ့ကျင့်ပေးထားမှ တော်ရာကျတာ အမေရဲ့ ..."

" သြော်...အေးပါ .."

သမီးကြီးရဲ့ စကားအဆုံးမှာ ဒေါ်ခင်တင့် တစ်ယောက် " သြော်.. " တစ်လုံးမျှသာ သံယောင် လိုက်နိုင်တော့တယ်။ အိပ်ယာပေါ်မှာ လဲနေသော ခင်ပွန်းသည်ဘက် လှည့်၍ မျက်ရည်တွေသာ ဝေ့ဝိုင်းလာခဲ့ရ၏။ သားသမီးတို့၏ မိဘအပေါ် သိတက်မှု မသိတက်မှုသည် မည်သည့် အရာပေါ်တွင် မူတည်နေသည် ဆိုတာကို သူမ မည်သို့ အဓိပ္ပါယ် ဖွင့်ဆို ရမည်ပင် မသိတော့ပေ။ ပညာတက်ခြင်း မတက်ခြင်းကလား သို့တည်းမဟုတ် ငွေကြေးပြည့်စုံ မပြည့်စုံခြင်းက အဓိကပင် ကျလေသလား သို့တည်းမဟုတ် ဒေါ်ခင်တင့် မသိလေသော အကြောင်းအရာ တစ်ခုခုကများ စွမ်းဆောင် နိုင်လေးသလား ဆိုတာကိုဖြင့် မဝေခွဲတက်တော့ပါ။ 

မိမိ ခံယူထားသည်မှာ မိမိ၏ ပင်ကိုယ် သိတက်ခြင်း (သို့) အသိတရား ကသာလျှင် အဓိက ကျသော အချက်တစ်ပင်ဟု ကိုယ်တိုင်လည်း ခံယူထားသလို သားသမိးတွေကိုလည်း ထိုကဲ့သို့သာလျှင် ခံယူစေချင် မိတော့သည်။ နောက်ထပ် တစ်ကြိမ်များ သမီးကြီး တစ်ယောက် စာအုပ်ဆိုင်များ ရောက်ခဲ့မယ်ဆိုရင် မိဘကျေးဇူးဆပ်ဖို့ နည်းလမ်း အသွယ်သွယ် စာအုပ် တစ်အုပ်လောက်များ တွေ့ခဲ့ရင် အားလုံးသော သား၊သမိးတွေအတွက် ဝယ်ခဲ့စမ်းပါ ဟုသာ မှာလိုက်ချင်တော့သည်။

#####################

သားသမီးတိုင်း မိဘများကို သိတက်ကြ၍ မိဘတိုင်း အိုဇာတာ ကံကောင်းကြပါစေလို့ ဆန္ဒပြုရင်း

Written By Angelhlaing
Saturday, June 23, 2012
9.34 Pm (Austria)

18 comments:

ဖတ်ရတာအဓိပ္ပာယ်ရှိလိုက်တာ ညီမရေ
စာတွေပြန်ရေးနေလို့ ဝမ်းသာမိပါတယ်
လက်ရာကောင်းဖတ်ရတာပေါ့..
သားသမီးတွေသိတတ်မှုက သူတို့တွေရဲ့ စိတ်ထားနဲ့ 
ခံယူမှုအပေါ်မှာမှုတည်တယ်လို့တော့ထင်တာပဲညီမရေ
ပညာတတ်တာ ရာထူးကြီးတာနဲ့ မဆိုင်ဘူးလေ..
အခုခေတ်ကြီးမှာလည်း မိဘကိုသိတတ်တာရှားကုန်ပြီး
အရမ်းကောင်းတဲ့ဝထ္ထုလေးပါ ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်...

ကဗျာလေးလားလို့ .....လာဖတ်တာ..

ဝထ္တုကောင်းလေးအတွက် ကျေးဇူးပါ ညီမလေးရေ

သြော်..
မိဘဆိုတာတော့..ဒီလိုပါဘဲလေ
သားသမီးတွေဆိုတာလည်း..ဒီလိုပါဘဲ :)

မိဘကိုသိတတ်တဲ့လူက ဆင်းရဲပြီးပညာမတတ်လဲသိတတ်ပါပဲညီမရေ
စာရေးတာလေးတွေလက်မကျသေးဘူး အဲလိုလေးတွေ များများပြန်ရေးနိုင်ပါစေ

ယခု ကာလထဲမှာတော့
မိဘ အပေါ်တတ်သိနားလည်သူရယ်လို့ အတော်ရှားပါပြီဗျာ....

ကျွန်တော်တို့တစ်တွေ
ဒုက္ခတွေ ဘယ်လောက်ရောက်နေရောက်နေ
သောက တွေဘယ်လောက်ရောက်နေရောက်နေ
မိဘ များရဲ့အပေါ်မှာ စပါးတစ်ထောက်စာလောက်ဘဲဖြစ်ဖြစ်
ပေးစပ်ကြတာပေါ့ဗျာ။

ဒီဝတ္ထုတိုလေးဖတ်ပြီး တီတင့်အဘို့တော့ မိဘကျေးဇူးကို သိနားလည်တတ်တဲ့ မောင်နှမတစ်တွေရဲ့ အစ်မကြီးအဖြစ် ရပ်တည်ခဲ့ရတဲ့ ဘဝကို ပြန်တွေးရင်း ကြည်နူးစွာ ဝမ်းသာပီတိဖြစ်မိတယ် အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဒီလိုပါပဲ မမရေ..
ခုခေတ်မှာဆို သာတောင်ဆိုးသေးပေါ့...
ကိုယ့်အတ္တခေါ်ဆောင်ရာကို လိုက်ရင်း လိုက်ရင်းနဲ့သာ မိဘကို ပြန်လှည့်မကြည့်ဖြစ်တော့တဲ့... တချိန်ကျ ကြည့်မှာပါ ဆိုပေမယ့် နောက်ကျသွားတဲ့ သားသမီးတွေ အများသားမဟုတ်လား... ကိုယ်တိုင်ပြန်စဉ်းစားသွားပါတယ်.. ကျွန်တော်ရော...ဘယ်လိုသားသမီးလဲဆိုတာကို... :)

ချစ်တဲ့
နော်

ဖတ်ရတာအရမ်းကို အဓိပ္ပါယ်ရှိတယ်အိန်ဂျယ်..

ဒီပို့စ်လေးကို ဖတ်ရင်း မရှိတော့ပြီဖြစ်တဲ့ ကျေးဇူးရှင် ဖခင်ကြီးကို သတိရ လွမ်းဆွတ်မိပါတယ် ညီမလေးရေ ...

အတွေးတွေပလုံစီသွားတာပဲ နင်လုပ်တာနှင့် ၊ ဘယ်လိုပြန်ပြောရမှန်းကိုမသိတော့ဘူး ၊ အေးလေ ပင်ကိုယ်သိတတ်ခြင်း ကတော့ တန်းဖိုးအရှိဆုံးပေါ့ .......

အမေ့ကိုတောင်သတိရတယ်..အစ်မအိန်ဂျယ်ရေးထားတာ အရမ်းကောင်းတယ်..။ နောက်ဆို ဘလော့ကို ပစ်ပြီး ဝေးဝေးလံလံတွေမသွားနဲ့ဦးနော်..။

မမ အိန်ဂျယ်ရေ...
လာလည်သွားတယ်နော်...
ညီမလေးအိမွန်

ညီမလေး ဖတ်သွားခဲ့ပါတယ် ... :)

အမေကတော့ တစ်မျိုး ပြောတယ် ...ဗျ ။

သိုက်သိုက်ဝန်းဝန်းလေး နေချင်တာပေါ့ သားရယ် တဲ့

...

ကျွန်တော့်မှာ မကျေနိုင်သေးတဲ့ တာဝန်တွေ

ပိုများသွားသလို ခံစားမိတယ် ။

ဒါကြောင့် မိဘမေတ္တာဆိုတာ မြစ်ရေလိုပဲ အစုန်ပဲရှိတယ်၊ အဆန်မရှိဘူးလို့ ပြောကြတာ။ မသိ မလိမ္မာတတ်တဲ့ သားသမီးတွေရဲ့ မိဘများ ခံစားချက်ကို သားသမီးများက နားလည်ပေးသင့်ပါတယ်။ ကိုယ်တိုင်လည်း တချိန် မိဘနေရာကို ရောက်မှာ မလွဲပဲလေနော်..။

နတ်သမီးလေးရေ။
တိုက်ဆိုင်လိုက်တာနော်. အလွမ်းတစ်ယောက်လည်း ဒီလိုခံစားမှုမျိုး ပိုစ့်လေးရေးမယ် စဉ်းစားနေတာ။
အဆင်ပြေသွားတယ်။ ဒီဘလော့လေးရောက်လာလို့။
ညီမလေးရေ မကြီးလည်း မိဘမေတ္တာအကြောင်းလေး
မကြာခင် ရေးဦးမယ်။ ညီမလိုတော့ ရေးတတ်ဝူးပေါ့။ လာရောက်အားပေး သွားကြောင်း


ခင်မင်တဲ့
မကြီးလွမ်း

ကောင်းလိုက်တဲ့ပို့ စ်လေး

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More