http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, March 14, 2011

တောင်ပေါ်သားလေး စိုင်း ...သို့

ဝေးပြီ ဆိုတဲ့ အသိ တစ်ခု ရင်ထဲ ရောက်ခဲ့ ကတည်းက ငါ့ရင်ထဲ မှာလဲ မပျော်တော့ ပါဘူး စိုင်းရေ။ တိုင်းရင်းသား တစ်ဥိး ဖြစ်တဲ့ နင်က စကား သံ ဝဲဝဲနဲ့ ပြော လိုက်ရင် သူများ တွေနဲ့ မတူပဲ တစ်မျိုး မှုကွဲနေတဲ့ နင့်ရဲ့ မပီတဲ့ စကားသံ တွေကိုလည်း ငါ လွမ်းနေတယ် စိုင်းရေ။ ရန် စကားတွေ နဲ့အမြဲ ရန်လိုနေ တက်တဲ့နင့် ရင်ထဲ မှာငါ့ အတွက် စိုးရိမ် စိတ်တွေ အပြည့် ရှိနေတယ် ဆိုတာ နင်မပြော ပေမယ့် ငါနားလည် ပါတယ်။ နင်မှတ်မိ သေးလား ငါတို့ရဲ့ ခင်မင်မှုအစ ဘာအရောင်မှ မရောပဲ ဖြူစင်နေ ကြပြီး တစ်ယောက်ကို တစ်ယောက် မခံချင် အောင်ပြောလို့ ညပေါင်းများစွာ သက်ဝင်လှပ ခဲ့ကြတယ် ဆိုတာ နင်လည်း သိမှာပါ။ 

အမြဲ လိုရန်စကား တွေပြောနေ တက်ပေမယ့် နင့်ရင်ထဲက စေတနာတွေ မြင်နေ သိနေတဲ့ ငါလည်း စိတ်ဆိုးဖို့ သတိမရ ခဲ့ဘူးလေ။ တစ်ခါ တစ်ခါ စိတ်လိုမှ စကားတွေ အများကြိး ပြောတက်တဲ့ နင့်အတွက် ငါက အရမ်းစကား များတဲ့ သူအဖြစ်နဲ့ ပေါ့လေ။ ရန်ဖြစ်ချိန် ကလွဲရင် နင်က နားထောင်ရုံ သက်သက်၊ ငါက မမော နိုင်သော အဖြစ်ပျက်၊ အတွေ့ အကြုံ တွေနဲ့ စကားများနေ သလောက် နင်ကတော့ ငါပြော သမျှ သဘောတကျ နားမညည်းတမ်း နားထောင်တက် တဲ့ငါ့ရဲ့ အမြဲတမ်း တစ်ဦးတည်း သောပရိသတ် တစ်ဦး အဖြစ်နဲ့လေ။ ပြောစရာ အကြောင်း အရာတွေ မရိုးတန်း ပြောနိုင် သလောက် မညည်းတမ်း နားထောင် နေတက်တဲ့ နင်က ငါစကား မပြောရင် မနေတက်ဘူး လို့ခဏခဏ ပြောတက် တဲ့သူလေ။ စိတ်ညစ် စရာတွေနဲ့ ကြုံနေရလား လို့လဲအမြဲ စိတ်ပူနေ တက်တဲ့နင့်ကို ငါအရမ်း လွမ်းပါတယ် စိုင်း။


နင်မကြိုက်တဲ့ တခြားသူ တွေအကြောင်း ပြောတိုင်း ရန်ဖြစ်ဖို့ ခနဲ့စကား ဆိုဖို့ဆို ရန်တွေ့ကောင်း တဲ့နင့်ကို ကြည့်ပြိး ရယ်မော အသက်ဝင် ခဲ့ရတဲ့ ညတွေ အတွက် အခုချိန်ထိ တမ်းတ နေမိဆဲ ပါစိုင်း။ တစ်ခါ တစ်ခါ စိတ်ကောင်း ဝင်လို့ စိတ်လို လက်ရ သီချင်းလေး တွေညည်းဖြစ် တဲ့အချိန်တွေ။ အတူရယ်မော ဖြစ်ခဲ့ ကြတဲ့ နာရီ အပိုင်း အစလေးတွေ ကအခုတော့ တို့နှစ်ယောက်နဲ့ မသက်ဆိုင် တော့တဲ့ ကာလ တစ်ခုကို ရောက်နေ ခဲ့ကြပြီနော်။ နင်စိတ်ဆိုးရင် အရမ်းချစ်ဖို့ ကောင်းလို့ စိတ်မဆိုး ဆိုးအောင် ပြောခဲ့တာတွေ၊ နင်စိတ်ဆိုး တဲ့ပုံစံကို ကြည့်ပြိး အားပါးတရ ရယ်မော ခဲ့ရတဲ့ အချိန် တွေကို နင်လွမ်းသလို ငါလည်းလွမ်း နေဆဲပါစိုင်း။ 
နင် မကြာခဏ ပြောတဲ့ ခင်ဗျား ဆိုတဲ့ အသုံး အနှုန်းလေး ကိုလဲ ငါလွမ်းတယ် စိုင်း။ နင်မကြိုက် တဲ့ အလုပ်တွေ နေ့စဉ်လုပ် မိနေရင်း နင့်ကို ငါလွမ်းနေတယ် ဆိုရင် နင်ယုံပါ့မလား။ နင်မဟုတ်တဲ့ တခြား ကောင်လေးတွေ နဲ့စကားပြော ရင်ညိုညင် တက်တဲ့နင်က အဲဒီ အချိန်ဆို စကားများပါတယ် ဆိုတဲ့ ငါအရူံးပေး ရလောက်အောင် စကားတွေ အများကြိး ပြောပြီး ရန်တွေ့ တက်တာလေ။ " နင် သိပ်ရန်တွေ့ ကောင်းတယ် "လို့ ပြောရင် ပိုလို့စိတ် ဆိုးတက်တာ လေးတွေကလည်း ငါ့အတွက် အမှတ် တရပါပဲစိုင်း။

" ဟုတ်တာပေါ့ ကျုပ်လို ပညာမတက်၊ ဂုဏ်မရှိ ၊ငွေမရှိကောင် ကခင်ဗျား အတွက် အပျင်းပြေ တောင် မသုံးမဝင် ပါဘူး "လို့ကလေး တစ်ယောက်လို ရန်စကား ပြောတက်တဲ့နင်။ တစ်ခါတစ်ခါ လဲ ရန်ဖြစ်၊ တစ်ခါတစ်ခါ လဲစိတ်ပူ၊ တစ်ခါတစ်ခါ စိတ်ကောက်ပြိး မခေါ်ဖြစ် ကြရင် အရင်အလျှော့ ပေးပြိး ခေါ်ဖို့လဲ ဝန်မလေး တက်တဲ့နင်က "ခင်ဗျား နေနိုင်ပေမယ့် ကျုပ်ကမှ မနေနိုင်တာ" ဆိုပြိး စခေါ် တက်ပေမယ့် လေသံကတော့ အမြဲ မာမာ ပါပဲ။ 
တစ်ခါတစ်လေ " ကျုပ် ခင်ဗျားကို မခေါ်ပဲ နေချင်လိုက် တာဗျာ " လို့လဲ ညည်းနေတက် ပေမယ့် တစ်ခါမှလည်း အကောင်ဖော် လုပ်ဆောင် နိုင်ခြင်း မရှိတဲ့ နင့်ရင်ထဲက အခက်ခဲ ကိုငါနားလည် ပါတယ်စိုင်း။ " ခင်ဗျား ပြန်လာရင် စကတ်တိုတို ဝတ်တဲ့ ခင်ဗျားကို ကိုက်ဖို့ ကျွန်တော် ခွေးတစ်ကောင် မွေးထားတယ် သိလား။ အဲဒီခွေး နဲ့ ခင်ဗျား ပြန်လာရင် ရူးတိုက်ပြိး ကိုက်ခိုင်းမယ်" လို့ နင်ပြောခဲ့ တုန်းက ငါအရမ်း သဘောကျလို့ အားပါးတရ ရယ်မောဖြစ် ခဲ့တာ အခုနေ တွေးရင်တောင် ပြုံးမိနေ သေးတယ်စိုင်းရေ။

ဒေါသတွေနဲ့ အမြဲ ရန်လိုနေ တဲ့နင့်က " ငါနဲ့တွေ့တိုင်း ရန်ဖြစ်ဖို့ ပဲအမြဲ စဉ်းစား နေသလား" လို့ တောင် ပြောယူရတဲ့ အထိ ရန်တွေ့ကောင်းတဲ့ သူပါပဲ။" တွေ့ဖူးသမျှ တိုင်းရင်းသား တွေထဲမှာ နင်တစ်ယောက် ပဲရန်တွေ့ ကောင်းပြီး ခင်စရာ မကောင်းဘူး၊ တက္ကသိုလ် တက်တုန်းကလဲ သူငယ်ချင်း တိုင်းရင်းသား တွေ အရမ်းရိုးသား ကြပြိး သဘောကောင်း ခင်ဖို့ ကောင်းတယ် နင့်ကျပဲ ရန်တွေ့ကောင်း တဲ့တောင်ကြိးသား တိုင်းရင်းသားပဲ "လို့ ငါပြောတော့ " ဟုတ်တယ် ကျုပ်က ပညာမတက် ဂုဏ်မရှိ၊ ငွေမရှိ ၊လူမှုေ၇းလဲ နားမလည်တဲ့ ကောင် " ဆိုပြိး ဒေါသတွေ ထွက်ပြိး မပီတဲ့ စကားသံ တွေနဲ့ " ခင်ဗျားနော် ခင်ဗျား " လို့ အားမလို အားမရ အော်ညည်းသံ တွေကို သဘောတကျ ရယ်မော ခဲ့ဘူးတယ် လေစိုင်း။ 

နင် နေမကောင်းလို့ ငါဆီမရောက် ဖြစ်ခဲ့ရင် စိတ်ပူနေ တက်ပေမယ့် နင်ရောက် လာရင်တော့ နေကောင်းလား လို့မမေး ဖြစ်ခဲ့ပေမယ့် ငါလည်း နင်မလာတဲ့ ရက်တွေမှာ သတိရနေခဲ့ ပါတယ်စိုင်း။ နေကောင်းလား လို့မေးဖော် မရတဲ့ ငါ့ကို အပြစ် တင်စကား ပြောဖို့ သတိမရပဲ ငါ့ကို" နေကောင်းလား အဆင်ပြေရဲ့လား" လို့ ဂရုတစိုက် မေးတက်တဲ့ နင့်ရင်ထဲက တစ်စုံတစ်ရာ ကို မသိဟန် ဆောင်ခဲ့မိတာ နားလည်ပေးပါ စိုင်း။

" ကျွန်တော် လေ နှင်းတွေဆို သိပ်ချစ်တာ" လို့ ခပ်ညည်းညည်း ပြောလေ့ ရှိတဲ့ နင့်ရင်ထဲက ဇာတိကို လွမ်းနေတဲ့ အလွမ်းတွေ ကို ငါ ကိုယ်ချင်းစာ မိပါရဲ့။ ဒါပေမယ့် စိုင်း နင်ချစ်တဲ့ နှင်းတွေကို ငါသိပ်မုန်း တယ်ဆိုတဲ့ အကြောင်းတော့ မပြောဖြစ် ခဲ့ဘူးနော်။ နှင်းတွေ ပြည့်နေတဲ့ နှင်းတောထဲမှာ နေမင်းကလဲ တောက်တောက် ပပနဲ့ပဲ။ ဒါပေမယ့် နေရဲ့အပူငွေ့ ကိုနည်းနည်းမှ မရရှိနိုင်တဲ့ ဒေသ တစ်ခုမှာ ရောက်နေတဲ့ ငါ့အတွက် နှင်းတွေကို အရမ်းမုန်းတယ် သိလား။ နှင်းတော ထဲမှာ ရောက်ခဲ့ ပေမယ့် နှင်းတွေနဲ့ တစ်ခါမှ မဆော့ဖူးတဲ့ ငါ့ကို နင်သိ၇င် အံ့သြ မယ်ထင်ပါရဲ့။ နှင်းတွေ ကြောင့် ကွဲအက်မတက် အေးစိမ့်အောင် ချမ်းတဲ့ အချမ်းဒဏ် အောက်မှာ ဘဝ ဆိုတဲ့ စကားလုံး တစ်ခု အတွက် ရုန်းကန်ရတဲ့ အခါ နားကျည်းမှု တွေလဲ အစီအရီ ဖြစ်လို့။ 

တစ်ခါတစ်ရံ ပြောပြ ရခက်တဲ့ ရင်တွင်းခံ စားချက်တွေ အကြောင်း နင်မသိ တာပဲ ကောင်းပါတယ် စိုင်းရေ။
 မဝံ့မရဲ မေးတက်တဲ့ " ကျွန်တော်ကို တစ်ခါ တစ်လေ သတိရလားဟင် " ဆိုတဲ့ အမေးလေး တွေကို ရီစရာ ပျက်လုံးတစ်ခု ကြားရသလို ရယ်မော ပြီး " ဘယ်ကသာ စိုင်းရယ် သတိရဖို့ အချိန်တောင် မရှိဘူး၊ ဒီမှာ အရမ်းခင် ဖို့ကောင်းတဲ့ ခပ်ချောချော ကောင်လေးတွေ နဲ့စကားပြော နေရတာ ပျော်နေလို့ နင့်ကိုတောင် မေ့ရတဲ့ အထိပဲ " လို့ ရယ်မော နောက်ပြောင် တဲ့အခါ ကလေး တစ်ယောက် လိုဟန်မ ဆောင်နိုင်ပဲ ချက်ချင်း ရန်တွေ့ တက်တဲ့နင်။ " အဲဒါကြောင့် ပြောတာ စိုင်းရဲ့ သူတို့တွေက စကားပြောလဲ သိပ်ယဉ်ကျေး ကြတာ ချစ်ဖို့လဲ ကောင်းတယ်၊ စိုင်းလိုလဲ ရုပ်မဆိုး ဘူး၊ ရန်လည်း မတွေ့ တက်ကြဘူး သိလား " လို့ ငါပြောတော့ " ခင်ဗျားနော် ကျုပ်ကို ဒေါသ ဖြစ်အောင် လာလာ မစွနဲ့ "လို့ ဒေါသ တစ်ကြိး ပြန်အော် တက်တာ လေးတွေလဲ ဇတ်ဝင်ခန်း တစ်ခုလို အစီအရီနဲ့ အမှတ်တရ ရှိနေ ဆဲပါပဲစိုင်း။

အခြေအနေ တစ်ခုကြောင့် မတွေ့ရ တော့ပေမယ့် အရင်လို ဒေါသတကြိး ရေရွတ်တက်တဲ့ စိုင်းတစ်ယောက် ဘယ်သူ့ကိုများ ရန်တွေ့ နေမလဲ လို့ မကြာခဏ တွေးနေ မိတယ်။ ငါမဟုတ်တဲ့ တခြားသူတွေက နင့်ရင်ထဲက ဖြူစင် မှုတွေကို ငါလို နာလည်ပြိး ခွင့်လွတ်ပါ့ မလားလို့လည်း စိတ်ပူ နေမိတယ်။ ရိုးသား တဲ့ စိတ်ထားနဲ့ အမြဲ ရန်လို နေတက်တဲ့ စိုင်းတစ်ယောက် ဒီအချိန် ဘယ်သူနဲ့ ရန်ဖြစ်နေ မလဲလို့ တွေးနေမိတဲ့ ငါရဲ့ သတိရ ခြင်းတွေ အကြောင်း နင့်သိအောင် မကြိုးစား တော့ပါဘူး စိုင်း။ သေချာ တာတစ်ခုက နင့်ဆီမှာ ကျန်ခဲ့တဲ့ အမှတ်တရ ငါ့ရဲ့ ဓါတ်ပုံ လေးကတော့ " ခင်ဗျား၊ ခင်ဗျား " နဲ့ နင့်ရဲ့ စကားခွန်းပေါင်း များစွာ၊ ဒေါသတွေ အောက်မှာ အလူးအလဲ ခံနေ ရမယ်ထင်ပါရဲ့ စိုင်း။ " သွား သွား ပါတီတွေ သွား၊ အရက်တွေ သောက်၊ ကပွဲသွား၊ showပွဲ တွေသွား အလှုပ်တွေ ရှုပ်နေ သိလား " လို့ စွပ်စွပ်စွဲစွဲ ဒေါသတွေ ကြိးနေမလား စိုင်း။

" ခင်ဗျားတို့ ရန်ကုန် သူတွေ အကြောင်း မသိရင် ခက်မယ်" ဆိုပြိး ဝါလုံးရှည်နဲ့ ပတ်ရမ်းပြိး အပြစ်တင် တက်တဲ့ စိုင်းရေ ရာဇဝင်ထဲက ရန်ကြွေးတွေ နဲ့ ရန်ကုန်သူ ပြန်အလာကို ခွေးနဲ့ ရူးတိုက်ဖို့ စောင့်နေ တဲ့စိုင်းရေ တစ်ကယ်တော့ ခက်ခဲတဲ့ လူဘဝ ခရီးကြမ်း လမ်းမှာ ဆန်တက် နေရတဲ့ သူနဲ့ ဆုန်ဆင်းနေရတဲ့ လူတွေ အဖို့ အယူအဆတွေ၊ ခံယူချက်တွေ၊ အစစ အရာရာ ကွဲလွဲ နိုင်တယ်လေ။ ဒါပေမယ့် စိုင်း လူ့သဘော လူ့ သဘာဝ ကတော့ အားလုံး အတူတူ ပါပဲ။ တစ်ကယ်လို့ များပေါ့ ပြန်ဆုံ ကြမဲ့ အခွင့်ရေး များ ရှိခဲ့မယ်ဆို စိုင်းရေ ကြုံဆုံ ချင်ပါတယ် ဆိုတာ တစ်ကယ် ရင်ထဲက စိတ်ရင်းနဲ့ပါ။

Written By Angelhlaing  ( www. angelhlaing.blogspot.com )





17 comments:

မသိမသာလေး လွမ်းနေတယ်ပေါ့လေ။ လာရောက်ဖတ်ရှုခံစားသွားတယ် ညီမလေးရေ.....။

ခင်မင်လေးစားလျက်

တစ်ချို့ပရိသတ်တွေက စကားမပီတဲ့ နန္ဒာလှိုင်ကို ချစ်မိတယ်တဲ့။ နန္ဒာလှိုင်က တော်ပြီလို့ ပြောရင် သော်ပီ သော်ပီနဲ့ ပြောပြောတတ်တာလေ။ အခုလည်း စကားမပီတဲ့ စိုင်းကို တော်တော်လွမ်းနေတယ်ပေါ့နော်။ လာရောက်ဖတ်မှတ်သွားပါတယ် ညီမလေးရေ။ ရွှင်လန်းချမ်းမြေ့ပါစေ...

အိမ်ဂျယ်ရေ အလွမ်းတွေ အဆုံးသတ်ပြီး ပျော်ရွှင်မှုတွေ အမြန်ဆုံး တွေ့ပါစေလို့ အစ်ကို ဆုတောင်းပေးတယ်နော်။ ပျော်ရွှင်ပါစေညီမရေ...
ရာဇာ(ကျေးတောသားလေး)

အမြန်ဆုံး ပြန်ပေါင်းထုပ်နိုင်ပါစေဗျာ

တို့လည်း ရှမ်းပေမဲ့ တောင်ကြီးရှမ်းတော့ မဟုတ်ဘူး
ကချင်ပြည်နယ်က ရှမ်းပါ။
စကားမပီတဲ့ တောင်ပေါ်သူပါ။ စကားမပီတာချင်း တူတာမို့
ကြုံရင် သတိရလိုက်ပါနော်း)

ရန်ဖြစ်တတ်တဲ့ ရှမ်းကိုပဲသတိရတာပေါ့၊ ဒါဆိုသတိရအောင် ရန်ဖြစ်

အိုး .. ဒါက အလွမ်းသံစဉ်လား ..း)

အတူလွမ်းသွားပါတယ်ဗျာ...

ညီမ ရေ

အလွမ်းသံဇဉ် လေးတွေ ဖတ်သွားတယ်နော်

ခင်တဲ့
ရွှေစင်ဦး

ခံစားချက်တွေပေါ့

ဟင်...
ဘယ်လို ဖြစ်ကြတာလဲ...။

ညီမ ရေ
အလွမ်းစာတွေ လာဖတ်သွားကြောင်းပါနော်။
:) :) :P

ကံအလှည့်မှာ ဇာတ်ဆရာက ဆုံလေတော့ ဆိုရင်တော့ ဆုံနိုင်မှာပါကွယ်..
အားမငယ်နဲ့...

အလွမ်းတွေ လာသယ် အဲ့အဲ့ ဟုတ်ဖူး
လာဖတ်တယ်ပြောတာပါ ညလေးရေး)

မသိတဲ့သူတွေကတော့ တစ်ကယ်ထင်ပြိးစာနာနေကြတယ်။ သိတဲ့သူကတော့ မစာနာပါဘူး။ တစ်ကယ်မှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် အရေးအသားကတော့ခဏလေးအတွင်းမှာ တော်တော်တက်လာတယ်။ လုံးချင်းထုတ်ပါလား။ စာအုပ်ပြောတာ မဟုတ်ဘူးနော်။

ညီမရေ...တောင်ပေါ်သားလေးစိုင်းကိုလာကြည့်သွားတယ်..
အရေးအသားကတော့ ပန်းပန်လျှက်ပဲနော်...
လွမ်းချင်တလိုလိုတောင်ဖြစ်လာပီ..ဟီးးးး
ညီမစာတွေလဲ မဖတ်ဖြစ်တာကြာပီဟ...
အေးဆေးကျမှ နောက်ထပ်လာအားပေးအုံးမယ်...ဟုတ်ပလားညီမ..
WISH U HAPPY 4EVER နော်...

သို့ / အိန်ဂျယ်.. ခင်ဂျား တတိရတာထက် အဆပေါင်းညားစွာနဲ့  ပညာမတက် ၊ ပိုက်ဆံမချိ ၊ လူမှုရေး နားမလည် တဲ့  ကြောင်ပေါ်သားရေး ချိုင်း
အတိတ်တွေကို နေ့ တိုင်းပဲး တူဆွလျှက် နေဆဲပါ ..
လို့ ဆို၇င်.. ခင်ဂျား ယုံမှာလားဟင်..နှစ်ချို့းသွားတဲ့ 
ညနေခင်း တွေက ပို၇ျင်္ ပို၇ျင်္ဝေးသွားစေသလို ပို၇ျင်္ ပို၇ျင်္ လည်း လွမ်းစေပါတယ်ဂျာ... ကျွန်တော် မွေးထားထဲ့ 
ခွေးလေးက ခင်ဂျားကို ကောင်းကောင်း ကိုက်နိုင်နေပြီ မို့ ..ပြန်လာချိန်ကို နေ့ စဉ် စိတ်စောနေသူ
ကြောင်ပေါ်သား ချိုင်း...

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More