Tuesday, December 27, 2011
ဆောင်းနတ်သမီးသို့ လက်ဆောင်
ဆောင်းမနက်ခင်းမှာ မွေးဖွားတဲ့ ဆောင်းနတ်သမီးတပါးရဲ့ မွေးနေ့ မင်္ဂလာ ရက်မြတ်လေးအတွက် ကဗျာတစ်ပုဒ်နဲ့ ပို့စ်လက်ဆောင် အဖြစ် တောင်းထားတဲ့ အကို(လွင်ပြင်လှိုင်းငယ်) ကြောင့် အိန်ဂျယ်မှာ တော်တော်လေး ခေါင်းကြီးသွားပါတယ်။ အိန်ဂျယ်က သူများမွေးနေ့တွေကို ဆုတောင်းပေးတာနဲ့ ကဗျာလက်ဆောင် ပို့ပေးတာက လွဲရင် ပို့စ်အဖြစ် မတင်ဘူးသေးလို့ပါ။ တစ်ခုခုများ လွဲချော်ခဲ့ရင် (သို့)အမှားယွင်း ဖြစ်ခဲ့ရင် အိန်ဂျယ်ကို နားလည်ပေးပါလို့ မေတ္တာ ရပ်ခံပရစေ မမ(Jasmine) သို့မဟုတ် မဒမ်လွင်ပြင်လေးရေ..။
ဆောင်းနတ်သမီးသို့...
အနုပညာသုခုမ ဆန်တဲ့
နှလုံးသား နုနုပိုင်ဆိုင်သူ ဆောင်နတ်သမီးရေ...
စေရာလွင့်ဖို့
ကြွေဖို့စောင့်နေတဲ့ ရော်ရွက်ဝါအလား
မင်းအပါးမှာ ခံစားတဲ့ သက်တော်စောင့်ရဲ့ မေတ္တာတရားကြောင့်
ရေလိုအေးလို့ ပန်းလို ထာဝစဉ် လန်းဆန်းပါစေသား.....
မြူနှင်းတွေ ဝေဆိုင်း
ဆောင်းမနက်ခင်းရဲ့ အလှကိုမှ
သူမ အပြုံးဖြင့် အလှကြွယ်စေသူ..
အေးမြတဲ့ မနက်ခင်း
လေပြေညင်းနဲ့ ပွေ့ပိုက်
ဆောင်းရဲ့အလှကိုမှ..သူမက တန်ဆာဆင်ချင်သူ..
ကောင်းကင်ရနံ့ကို
ငှက်တွေ သိသလို
ဆောင်းရဲ့ ရနံ့ကိုလည်း
သဇင်က သိပါတယ်...လေ။
ရိုးသားဖြူစင်တဲ့
နှင်းပွင့်အလား
မေတ္တာတရား လက်ကိုင်ထားလို့...
နူးညံ့တဲ့ချစ်ခြင်း
ဂရုဏာတရား ပွားများလို့.....
ရနံ့ထူးတဲ့
ထင်းရူးရိပ်တွေအောက်မှာမှ ပျော်မွေ့ချင်သူ
ဆောင်းနတ်သမီးအတွက်...
ဆောင်းနဲ့မှ ပနာရတဲ့
ဝတ်ရုံထူထူးနဲ့ မခြား သကာပျားလို ထာဝစဉ် ချိုမြနိုင်ပါစေ။
December 28, 2011 မှာကျရောက်တဲ့ ပျော်ရွင်ဖွယ် မွေးနေ့ မင်္ဂလာမှသည် နောင်နှစ်ပေါင်းများစွာတိုင် ပတ်ဝန်းကျင်ရှိ သက်ရှိ၊သက်မဲ့ တို့နင့်အတူ နွေးထွေးသော မိသားစုလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း Happy Birthday ပါ မမ(Jasmine) သို့မဟုတ် မဒမ်လွင်ပြင်ရေ..။
မမ မဒမ်လွင်ပြင်အတွက် မွေးနေ့ ကိတ်လေးပါ...
ဘလော့ထဲက မောင်နှမတွေလဲ အတူတူ စားလို့ရအောင်လို့လေ...:P:P
ဒါလေးက ပန်းလက်ဆောင်လေးတွေပါ ..
ဒါလေးက အမှတ်တရ လက်ဆောင်လေးပါ..
အိန်ဂျယ်တို့ မောင်နှမတွေရဲ့ မမတစ်ဦး ဖြစ်တဲ့ မဒမ်လွင်ပြင်(သို့) မမ(Jasmine) နဲ့အတူ မွေးနေ့ပွဲ လာရောက်ကြတဲ့ မောင်နှမများအားလုံး ရွင်လန်းပျော်ရွင် ပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း
ခင်မင်လေးစားလျှက်
Angelhlaing
ဝန်ခံချက်...။ ။ မမ(Jasmine) တဖြစ်လည်း မဒမ်လွင်အား ဤပို့စ် တင်ပြိးမှ တစ်ဦးတည်း ဖြစ်ကြောင်း သိရပါသောကြောင့် အမှားယွင်းနဲ့ လိုအပ်ချက်များ ရှိခဲ့သည် ဖြစ်သော် အိန်ဂျယ်ကို နားလည်ခွင့်လွတ်ပေးပါလို့ မေတ္တာရပ်ခံ အပ်ပါသည်ရှင့်။






















Vienna Time
Yangon (Rangoon) Time


24 comments:
ညလေးရေ ကျေးကျေးနော်
မဂျက်ရဲ့ မွေ့နေ့ကဗျာလေးအတွက် ကျေးကျေးပါ။
ညီမလေးဟုတ်ဖူးနော် ဟိ
မဒမ်လွင်ပြင်ဆိုတာ မမလေ
အဟီးးးး ဟီးးးး သူများကို နောက်တယ် ..ဟင့်ဟင့် .. အိန်ဂျယ်တို့ လည်ချက်များ.... မဒမ်လွင်ပြင်ဆို မမJasmine မှန်း မသိတဲ့အထိ ဟင့် သူများက သိမှ သိပဲလို့ .... တော်ပြီ ချစ်တော့ဘူး.....:P:P:P
နောက်ပါဘူး ဟီး
ကျေးဇူးပါ ညီမလေးရေ
ကဗျာလေးကိုလဲ အမှတ်တရသိမ်းထားပါ့မယ်
ဟဲ့ ဒီလင်မယား ဖလမ်းဖလမ်း ထနေပါလား
နာလည်း သိတာမကြာသေးဘူး လည်ချက်က
တိုင်ပတ်နေတယ် ဘာပဲဖြစ်ဖြစ် ယောက်ခမနော်
မွေးစားသမိးမရရင် သမီးအရင်ယူမယ်..ငှင်းငှင်းငှင်း
မွေးနေ့ မှာပျော်ရွှင်ပါစေ မဒေါင်လွင်ပြင်နဲ့  မဒမ်လွင်ပြင်
အဲ.... တီတင့်ဖွတာနဲ့ လျှို့ဝှက်ချက်တွေ
ပေါ်ကုန်ပြီထင်ပါ့း))
အိန်ဂျယ်လေးရဲ့ ဘတ်ဒေးကိတ်ကြီးစားချင်စရာ
ကဗျာလေးကလည်း ကောင်းမှကောင်း
ပန်းလေးတွေလည်း လှမှလှ။
မွေးနေ့ရှင်လေးရော ဆုတောင်းပေးသူလေးပါ
ပျော်ရွှင်ချမ်းမြေ့မှုအပေါင်းနဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဟီးးးး ဟီးးးး သူများကို နောက်တယ်
အဲလိုမဟုတ်ပါဘူးညလေးသ်တယ်ထင်နေတာလေ
အရမ်းကိုကျေးကျေးနော်
သတိတရရှိတာလေးကိုလဲတန်ဖိုးထားပါတယ်ညလေးရေ
တွေ့ခွင့်ရရင်တော့ အာဘွားးးးးးးးးးးး
စားချင်တာတွေ စားသွားဗျို့
ဟင်....မိဂျက်မ....နာတို့လည်းမသိလိုက်ရပါလားနော်...၊
တော်သေး.....အိန်ဂျယ်လှိုင်းပြောလို့သာ....။ကဲဘာပဲ
ဖြစ်ဖြစ် မွေးနေ့ပို့စ်တင်တဲ့ အိန်ဂျယ်ရော၊မွေးနေ့ရှင်
ဂျက်မရော ပျော်ရွင်ကြည်နူးဖွယ်နှစ်များစွာကိုပိုင်ဆိုင်နိုင်
ကြပါစေဗျားးးးးးးးးးး
မကြီးဂျက်ရေ
မွေးနေ့မှာပျော်ရွှင်ပါစေဗျာ
ချစ်ခင်ပွန်းကိုကြီးလွင်ပြင်နဲ့အသက်ရာကျော်တိုင်အောင်
ဘ၀ခရီးလမ်းကိုတူတူလျှောက်လှမ်းနိုင်ပါစေဗျာ
မွေးနေ့ရှင် ပျော်ရွှင်ပါစေ ...
အန်တီတင့် ဆီမှာကော၊ ကိုလွင်ပြင်ဆီမှာ ကော မစံပယ်ချို အတွက် မွေးနေ့ ဆုမွန်တောင်းခဲ့ပြီးပြီ။ ဒီမှာတော့ ကဗျာလေးကို ဖတ်ပြီး မွေးနေ့ကိတ် နည်းနည်းစားသွားတယ်။ နောက်လူတွေ လည်း ကျန်သေးတော့ နည်းနည်းပဲစားသွားတယ်နော်။
ဆောင်းနတ်သမီး
ကောင်းမြတ်ဆီးကြို
နေ့သစ်ချိုတို့
တစ်သက်စာလုံး
ဖိတ်စိုပါစေသား ...
မဒမ်လွင်ပြင်ဆိုတာ ဂျက်ဂျက်..ကလိုလား..CIA မှ ပစ်ပစ် စုံစမ်းထောက်လှမ်းပေးပါဗျို့ ..တကယ် ဟုတ် မဟုတ်..:P
မဒမ်လွင်ပြင် ခေါ် ဂျက်ဂျက် ခေါ် ကတ်စမင်းလေးတယောက် မွေးနေ့ မှသည် ကျန်းမာပျော်ရွှင်စွာဖြင့် တိုကြီးလွင်ပြင်နဲ့  အတူ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေဗျား..
ဒီကက်စမင်းက လူတွေကို မူးဝေအောင် လုပ်တယ်။
တော်တော်ဆိုးးးး။
ရေးသူရော မွေးနေ့ရှင်ရော အားလုံး အဆင်ပြေကြပါစေ။
ညီမရေ မမဂျက်အစာကျေးဇူးတင်ပါတယ်လို့ပဲပြောချင်မိပါတယ်
ကဗျာရေးမကောင်းသလိုစာရေးညံ့တဲ့မမလမင်းကတော့
ဘာမှမလုပ်ပေးနိုင်ပေမဲ့ဆုတော့တောင်းပေး
လိုက်ပါတယ်နော် ပျော်ရွှင်သောမွေးနေ့ကိုချစ်သော
သူနှင့်ပျော်ရွှင်ကြည်နူးစွာလျှောက်လှမ်းနိုင်ပါစေ
သြော... တို့ အစ်မ Jas က မဒမ်လွင်ပြင်လား။ သိပါဘူး မျက်စိတောင် လည်သွားတယ်။ မွေးနေ့ မှာ ပျော်ရွှင်နိုင်ပါစေ အစ်မရေ...
ကဗျာလေးကောင်းတယ် ညီမရေ...
ဂျက်စ် က လူချစ်လူခင် များလိုက်တာ
မွေးနေ့ပွဲလုပ်ပေးသူတွေ အများကြီးဘဲ
အဲလိုလုပ်တဲ့သူတွေ ကျွေးတဲ့မုန့်ကို အပြင်မှာ လိုက်စားရရင်ကောင်းမှာဟီး
မွေးနေ့ရှင်လေး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ
ပိုစ့်လေး ရေးပေးသူလည်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေနော်..
ဆန္ဒတွေအားလုံး လက်တွေ့ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်နော်။
မွေးနေ့ရှင်ရော
မွေးနေ့ဆုတောင်းပေးတဲ့သူရော
ပျော်ရွှင်အေးချမ်းပါစေရှင်..
ကက်ကက် ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ
ကဗျာရေးတဲ့သူကတော်တယ်ဗျာ
နောက်ကျဆုတောင်းလေးလို့သဘောထားပေးပါဗျို့.. မွေးနေ့ရှင်ပျော်ရွှင်ပါစေ...
Happy New Year!
ဂျက်အစား ကိုယ်ပဲ ကိတ်မုန့် တွေ စားသွားလိုက်တယ်။ သူမကြိုက်ဘူးလေ... :P
အေးချမ်းပါစေ အိန်ဂျယ်ရေ
Happy New Year ပါဗျာ။
Happy New Year! ညီမလေး။ ပျော်ရွှင်ပါစေ။ စာတွေအများကြီးရေးနိုင်ပါစေ။
ဟောဗျာ-အစ်ကိုလည်း အခုမှသိတာ။ လွင်ပြင်လှိုင်းငယ်ဆိုတာ အစ်ကို့ကို ရံဖန်ရံခါ မှတ်ချက်တွေ လာလာပေးနေတဲ့သူပဲ။ သူ့ဆီကို မရောက်သေးလို့။ အခုမှပဲ ဇာတ်ရည်လည်တော့တယ်။ လည်ရင်းနဲ့ နှုတ်ဆက်လိုက်ပါဦးမယ်။
Post a Comment