2:10 PM
Angelhlaing(May everybody be happy and healthy!

ကျွန်မ နေပျော်ခဲ့ပါတယ် မောင်
======================
ကမ်းစပ်က လှိုင်းလေးတွေ ဂယက်ထနေချိန်မှာ ရေပြင်တစ်ခုလုံး တည်ငြိမ်နေပါစေလို့ ဆုတောင်းလိုက်တာဟာ အသိမဲ့ခဲ့လေမလား..။ ဒါမှမဟုတ်...
12:25 PM
Angelhlaing(May everybody be happy and healthy!
.jpg)
တစ်ချိန်တုန်းက …. ဝက်ဝံရုပ်ကလေး
ရင်ခုန်တတ်စအရွယ် မဟုတ်တော့ပေမယ့် အချစ်ဦးဆိုတာကို
တက္ကသိုလ်ကျောင်းပြီးချိန်မှ ဆုံခဲ့ရသော သူကိုတော့ ကျွန်မ တစ်ခါတရံတော့
သတိရမိပါသည်။ အစွဲလန်းကြီးတတ်သူရယ်လို့ သူငယ်ချင်းတွေ ထင်ကြေးပေးခဲ့သလို သူ့အမြင်မှာတော့
ကျွန်မက မတုန်မလှုပ် အေးစက်စက်ရယ်ပါ။ အထူးသဖြင့် သူနှင့်ပါတ်သက်ခဲ့ရင်
ကျွန်မနှလုံးသားတွေက အခုထိအောင် အေးစက်နေတတ်စမြဲ။...
1:04 PM
Angelhlaing(May everybody be happy and healthy!

“ မလေး…ကို ကျွန်တော် ချစ်တယ်”
မပွင့်တပွင့် အသံမှာ ရှက်ဟန်တွေပါနေမှန်း မလေး မကြည့်ပေမယ့် ခံစားလို့ရနေမှာ အမှန်ပင် ဖြစ်သည်။ အဝေးကြိးကို ငေးကြည့်နေသော မလေး၏ မျက်ဝန်းများ ငေးရီနေခဲ့သလားဆိုတာ ကျွန်တော် မသိခဲ့ပေ။ တစ်ချက်တစ်ချက် တိုက်ခတ်လာသော လေပြင်းကြောင့် ဆံနွယ်အောက်က မလေး၏ မျက်နှာဝင်းဝင်းလေးကတော့ ကျွန်တော့်၏ ပင့်သက်မောတွေကို ခိုးယူလို့နေသည်။
ခဏအကြာမှာတော့...
1:46 PM
Angelhlaing(May everybody be happy and healthy!

“မီ.. ရေ ပြောစရာရှိတယ် သိလား
… မင်းအတွက် ကိုယ် သဲလွန်စတစ်ခု ရခဲ့တယ်” ဟု အသံပြုလိုက်သော
သူငယ်ချင်းမလေးကို လှည့်ကြည့်ရင်း လုပ်လက်စအလုပ်ကို လက်စသတ်ကာ ဘာလဲဟူသော
သိလိုစိတ်ဖြင့် သူမကို မီ ပြုံးပြလိုက်သည်။ “ မင်းရဲ့
စိတ်ပုတ်ကို ကိုယ်မနေ့က တွေ့လိုက်တယ်သိလား…. ” ဟင်ဆိုတဲ့ အာမေတိတ်သံဖြင့်
မီရင်ထဲမှာ လှိုင်းတို့ ထန်လေသည်။
“ မင်းဟာက
သေချာရဲ့လားကွာ...
8:13 AM
Angelhlaing(May everybody be happy and healthy!

“ကြိုးနှစ်ဆယ့်တစ်”
ချစ်ရပါသော မောင်နှမတွေကို
အိန်ဂျယ်ရဲ့ ဒုတိယမြောက် စီစဉ်ထုတ်ဝေ ဖြစ်သော “ ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု) ” စာအုပ်လေးနှင့် မိတ်ဆက်ပေးချင်ပါတယ် ..ရှင်။
အခုဆိုရင် အိန်ဂျယ့်ကိုယ်တိုင် စီစဉ် ထုတ်ဝေသော
စာရေးသူ ဘလော့ဂါ အယောက်(၂၁)ဦး ပါဝင်ရေးသား ထားကြသည့် ကကြိုးနှစ်ဆယ့်တစ် (အွန်လိုင်းရသဝထ္ထုတိုများစုသည်းမှု)...
9:12 AM
Angelhlaing(May everybody be happy and healthy!

ကျွန်မ ရှင့်ကို မကြိုက်ဘူး။ သဘောမကျဘူး။ မနှစ်သက်ဘူး။ ဒီထပ်ပိုပြီး ရှင်းလင်း ပြတ်သားတဲ့ ဝေါဟာရ ရှိခဲ့မယ်ဆိုရင် ကျွန်မ ရှင်သိအောင် ပြောပြချင်သေးတယ်။ ကျွန်မရှင့်ကို မကြိုက်တဲ့ အကြောင်းတွေကိုပေါ့။ ရှင့်ကို မကြိုက်တဲ့ အကြောင်းအရာတွေကို ချပြရမယ်ဆိုရင် ကျွန်မဘဝရဲ့ လေးပုံပုံရင် သုံးပုံစာက ရှင့်ကိုမကြိုက်တဲ့ အကြောင်းတွေကြိးပဲ ဖြစ်နေတော့မှာ။
ယောက်ျားလေး...
4:44 AM
Angelhlaing(May everybody be happy and healthy!

၁။
နိုဝင်ဘာဟာ အရင်လိုပဲ ကိုယ့်အပေါ် အေးစက်စက်ဆက်ဆံတယ်။ သူ့ကြောင့်ပဲ အပင်တိုင်းလိုလိုက အရွက်တွေက ဝါတာကတစ်မျိုး နီစေတာကတသွယ်နဲ့ နောက်ဆုံးတော့လည်း ကြွေဖို့ဆီကိုပဲ ဦးတည်ကြရတယ်လေ။ နိုဝင်ဘာကတော့ သူ့ဘဘာဝ မထီမဲ့မြင် ပုံစံအတိုင်း အေးစက်စက်နဲ့ သူ မဟုတ်သလို ခပ်တည်တည် ရယ်သာ။ တစ်ခါတရံလည်း တစ်နေ့လုံးကို မြူတွေနဲ့ အုပ်ဆိုင်းနေစေသလို၊ တစ်ခါတစ်လေတော့လည်း...
10:40 AM
Angelhlaing(May everybody be happy and healthy!

သြဂုတ်လ (၃၁)နေ့ဟာ ဘလော့ဂါများနေ့ တဲ့။
တစ်ကယ်ဆို ဘလော့သက်တမ်းအရ ... ( ၃ ) နှစ်သမီးတောင် မပြည့်သေးတဲ့ နှစ်နှစ်ကျော်ကျော် လမ်းလျှောက်တတ်တဲ့ အရွယ်လေးလို့ ပြောရမှာပါပဲ။ ကလေးငယ်တစ်ယောက် အနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တီတီတာတာနဲ့ အတော်လေး ချစ်စရာကောင်းနေမယ့် အရွယ်လေးပဲလို့ ဘာရယ်မဟုတ် တွေးမိပြီး တစ်ယောက်တည်း ပြုံးလို့ သဘောတွေ ကျနေမိတယ်။...
10:16 AM
Angelhlaing(May everybody be happy and healthy!

မမ သက်ဝေ Tag ပို့စ်လေးကြောင့် ကိုယ်တိုင် အရောက်နည်းခဲ့ပြီဖြစ်သော ဘလော့လေးမှာ ပြန်လည် ခြေချမိတယ်ဆိုရင်ပဲ ပိုင်ရှင်မဲ့နေသော အိမ်လေးကို သတိတရ အလည်ရောက်ရှိခဲ့တဲ့ မိတ်ဟောင်း၊ မိတ်ဆွေများရဲ့ နှုတ်ဆက်သံဟာ အိန်ဂျယ့်ကို ဘလော့ဂါတစ်ယောက် ဆိုတာကို အသိပေးလိုက်တဲ့ ခေါင်းလောင်း သံလေးများလိုပါပဲ။ မင်္ဂလာ ရှိသော ညချမ်း၊အချိန်ခါလေးမှာ ချစ်စွာသော မောင်နှများအားလုံး စိတ်ရော...
1:02 PM
Angelhlaing(May everybody be happy and healthy!

ရင်ထဲကသုံးရာသီ
အိမ်အပြင်ဘက်မှာ နှင်းပွင့်များ တဖွဲဖွဲကျနေသည်မှာ ပန်းချီကား တစ်ချပ်ပမာ ရှိလှ၏။ အမြင်သာလှ၍ မေးခိုက်အောင်ပင် ချမ်းစိမ့်နေစေသော နှင်းတွေကို အဝေးကနေပဲ ချစ်ပရစေဟု တစုံတယောက် ပြောခဲ့ဖူးတာကို ကျွန်မ ပြန်လည် အမှတ်ရမိသည်။ ဆောင်းရာသီမို့ သစ်ပင်တို့တွင် အရွက်များလည်း မရှိတော့ချေ။ သစ်ပင်အို၏ ကိုင်းဖျားတစ်ခုမှာ နားနေသော ငှက်ကလေး တစ်ကောင်ကို...
2:12 AM
Angelhlaing(May everybody be happy and healthy!

" သောက "
စကားလုံးက နှစ်လုံးတည်း
ဒါပေမယ့် ..
ဘဝပေါင်းများစွာရဲ့....မျက်ရည်ကိုခြွေ
သူဟာ..လောက
" တစ္ဆေ "
AngelhlaingFriday, May 24, 20...
9:21 AM
Angelhlaing(May everybody be happy and healthy!

ပုခုံးချင်းယှဉ်..
မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….
လက်တွေနဲ့ စိတ်ကူးဆိုတာ…
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး...
5:31 AM
Angelhlaing(May everybody be happy and healthy!

ကျွန်တော်၏
အတွေး၊ အာရုံ၊ စိတ်၊ ခံစားမှု စသည့် အရာအားလုံး အေးစက် မာကြောတက်ခဲ့သည်မှာ အချိန်ကာလ
အတန်ပင် ကြာညောင်းခဲ့ပြီ ဖြစ်လေသည်။ သို့သော်လည်း အေးစက် မာကြောသော နှလုံးသား တစ်စုံက
အတိတ်ဆိုတဲ့ စိတ်နံရံ တခါးကို မကြာခဏ ဆိုသလိုပင် ထိတွေ့ နေမိဆဲပင်။ ထိုသို့ ထိတွေ့ မိတိုင်းလည်း တစ်ခါတစ်ရံ ကြည်နူးခြင်း၊ တစ်ခါတစ်ရံ
ဆွေးမြေ့ခြင်း၊ လွမ်းဆွတ် သတိရခြင်း၊...
4:35 AM
Angelhlaing(May everybody be happy and healthy!

ကာလအတန်ကြာ
လွမ်းနေခဲ့ရတဲ့ နေရာလေးကို တိတ်တိတ်ကလေးပဲ ခြေချလိုက်တော့မယ်။ လွမ်းမော ဆွံ့ပျံ့ဖွယ်
ရေတမာပင်လမ်းတွေကို တစ်ကိုယ်တည်းပဲ လျှောက်ဖြစ်မယ်ထင်တယ်။ ကန်ရေပြင်ပေါ်မှာ ဆော့ပြေးကစားနေတဲ့
ကြက်ခွက်လှိုင်းလေးတွေနဲ့ ရေမျက်နှာပြင်ကို ဖြတ်ပြီး တိုက်ခတ်လာမယ့် လေတိုးသံသဲ့သဲ့ကို
ဂီတတစ်ခုလို နားဆင်မယ်။ နံဘေးမှာ မရှိနေတဲ့ ချစ်သူဆီကို အတွေးနဲ့ တီးတိုးစကားဆိုတဲ့အခါ
…ကိုယ်တစ်ယောက်တည်း...
11:43 AM
Angelhlaing(May everybody be happy and healthy!

တကယ်ဆို
ပျောက်ဆုံးသွားခဲ့တာ..
ပြက္ခဒိန် တခု မဟုတ်ပါဘူး သက္ကရာဇ် တခုပါ
နှလုံးသားဆိုတာ
လက်ပြတဲ့ အတတ်ပညာကို
မကျွမ်းကျင်ပဲ ချစ်ခြင်းကိုပဲ စတင်သူ
ဒါကြောင့်လဲ ပညာမစုံတော့ သူခဏခဏ နာကျင်ရတာပေါ့...
ပြန်ရပါစေလို့
မရည်ရွယ်ပေမယ့်..
ရလာနိုးနိုးဆိုတဲ့ မျှော်လင့်ချက်တွေကို ... ရိုက်သတ်လိုက်တ...
9:45 AM
Angelhlaing(May everybody be happy and healthy!

တကယ်တော့ ကျွန်တော်က
လိမ္မာခြင်း ကင်းပေမယ့်…
မရိုင်းခဲ့ဘူးသေးတဲ့… အရိုင်းတစ်ကောင်ပါ အဖေ…
သိမ်မွေ့တဲ့ အဖေအပြုံးကို
အဓိပ္ပါယ်တွေ ဖွင့်ဆိုရင်း ညတွေက ပိုနက်လာသလို
အဖေ ရှိစဉ်က သားမိုက်မဖြစ်ခဲ့တာကို နောင်တရမိတယ် ..
အဲ့လိုသာဆို အဖေ့ရဲ့ ဆုံးမသံတွေ အခုထက် ပိုရခဲ့မှာ အမှန်ပဲ….
ဖြစ်နိုင်မယ် ဆိုရင်လေ
အဖေမသိနိုင်တော့တဲ့.. ပြောင်းလဲလာတဲ့ ဝေါဟာရတွေ
အဖေနဲ့...
4:45 AM
Angelhlaing(May everybody be happy and healthy!

ချစ်ရပါသော
မောင်နှမများကို အိန်ဂျယ့်၏ ဝှက်ဖဲလေးတစ်ချပ်ဖြင့် မိတ်ဆက် ပေးပရစေရှင်။ အဲ့ဒီ ဝှက်ဖဲလေးကို
အကို(ကိုကိုမောင် (ပန်းရနံ့)) ပြောသလို ဂျော်ကာဖဲချပ်လေး ဖြစ်ဖို့လည်း မျှော်လင့်မိပါတယ်လို့…. :) :)
၂၀၁၂ ခုနှစ်
စက်တင်ဘာလမှ အစပြုပြီး အမှတ်တရ အဖြစ် မဝင့်မရဲ မျှော်လင့်မိသော အိပ်မက်လေးတစ်ခုကို
အကောင်အထည် ပုံဖော်ကြည့်ရန်...
9:44 AM
Angelhlaing(May everybody be happy and healthy!

Black Rose (သို့) မမ ပစ်ပစ်ရဲ့ Tag Post လေးပါ ....။
တစ်ကယ်တော့ ၂၀၁၂ က အိန်ဂျယ်အတွက် တစ်ချို့ကိစ္စတွေမှာ အများကြီး တည်ငြိမ်လာတယ်လို့ ထင်မိတယ်။ အပြောင်းအလဲတွေလည်း ကြုံရတယ်။ စိတ်ညစ်စရာတွေလည်း ရှိခဲ့တယ်။ ရင့်ကျက်လာတယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပေါ်လာဖို့ အခိုက်အတန့် နာကျင်ခံစားရတာတွေ၊ ရုန်းကန်ကျော်ဖြတ် ရတဲ့ အခက်အခဲတွေက အဆင်သင့်ဆိုသလို...