မသိစိတ်၊ သိစိတ် ဒွန်တွဲ
အယူအဆမတူလို့ အတွေးခါးသွားရင်တောင်
နှလုံးသားထဲက ရင်ဘတ်ကမ်းခြေမှာ ခရုကောက်တော့ မပြတ်စေချင်ဘူး ….
ဘီးတပ်ပြီး လိမ့်ချနေရတဲ့ ဘဝတွေလိုတော့
သက်တောင့်သက်သာ မရှိတော့
ဒဏ္ဍာရီ စာအုပ်တိုင်း .. မှော်ဝင် စာအုပ်ဖြစ်မလာနိုင်ဘူး
အတက်ခက် အဆင်းခက်တဲ့ ခောတ်မှာ
အန်ထုတ်လိုက်ရတဲ့ သွေးတစက်လို…
ရှားပါးပစ္စည်းတော့ ဖြစ်စေချင်တယ်
ခရေ တပွင့်လို နေရာ ရစေချင်တယ်..
ကန့်လန့်ကာထားတဲ့ နည်းလမ်းဆိုတာ
ဖောက်ထွက်ချင်သူအတွက်တော့ ..လက်နက်မလိုပါဘူး…
စစ်မှန်တဲ့ သရုပ်ကို ပြဒါးမသုတ်မိဖို့ပဲလိုတယ်…
သီအိုရီတွေ ခဏခဏ မရွတ်နဲ့ … သူတို့တွေက
သင်ရိုးညွန်းတမ်း ဆိုတာကို အာဂုံဆောင်ထားတက်ကြတာ…
တစ်နေ့တော့ ကိုယ်ပိုင်လမ်းဆိုတာ ရှိကိုရှိရမယ်
မထူးဇာတ်တွေထဲမှာ မင်းသားလုပ်
အိပ်ယာဝင်တေး ဆိုရုံလောက်နဲ့တော့
အမောဖောက်မှာနဲ့ ရေငတ်တာပဲ အဖတ်တင်မယ်…
ဖြတ်လမ်းတွေ သတိထားရင် အမှောင်မှာတောင်
ထွင်းဖောက်မြင်နိုင်မယ်..မီးကုန်ယမ်းကုန် တောင်ပံတစ်သိုက်နဲ့
ဝဲချင်ရာဝဲ.. လွင့်ချင်သလိုလွင့်…အရောင်စုံကာလာဖြည့်..
ကိုယ်တိုင်ရေး ရာဇဝင်မှာ သမိုင်းကြောင်းတွင်စေရမယ်..
အခြေအနေအရ ရုန်းကန်
ပန်းတို့ပွင့်တဲ့မြေဟာ အမြဲတမ်းမွနေကြရမယ်
ရေခံ၊မြေခံကောင်းဖို့၊ ရေလိုက်ငါးလိုက် နေစရာမလိုဘူး
ယုံကြည်ရာပေါ်မှာ သစ္စာရှိဖို့ပဲလိုတယ်။
+++++++++++++++++
+++++++++++
+++++
လေးစားလျှက်
အိန်ဂျယ်လှိုင်
7.13 pm(Austrai)
Saturday, March 23, 2013















Vienna Time
Yangon (Rangoon) Time


8 comments:
အင်း..ထုံးစံအတိုင်း နှစ်သက်မိတဲ့ စကားလုံးတွေ များခဲ့တယ် ညီမလေး ...
ကဗျာလေး ကောင်းတယ် ။ :)
ကဗျာ ကိုဘယ်လို ပုံစံနဲ့ ရေးရေး တစ်ခုခုကိုတော့ ပေးခဲ့တာချည့်ပါပဲ အခုလည်း ယူပြီးပြန်သွားပြီဗျာ ။
မမထရီဆာပြောသလိုပဲ မအိန်ဂျယ်ရေးတဲ့
ကဗျာတွေတိုင်းလိုလို နှစ်သက်မိတယ် :)
အားပေးလျက်ပါ .....
ခင်တဲ့...မိုးနတ်
ကဗျာလေးထဲက ညီမရဲ့ ကိုယ့်ပိုင်ခံယူချက်လေးကို တွေ့ခွင့်ရလိုက်တယ်...
မကြီးရေ ... ရေးပေးတာ ကျေးဇူးတင်ပါတယ်ဗျာ
ဒီကဗျာက ကျနော့်အတွက် ခွန်အားတစ်ခုပဲ
ဖတ်တိုင်း ယုံကြည်မှုတွေ တိုးရတယ်
Thanks You So Much မကြီး
နွေလ
“အနုပညာဆိုတာ…
အတက်ခက် အဆင်းခက်တဲ့ ခောတ်မှာ
အန်ထုတ်လိုက်ရတဲ့ သွေးတစက်လို…
ရှားပါးပစ္စည်းတော့ ဖြစ်စေချင်တယ် ...”
ကဗျာလှလှလေး အားပေးသွားပါတယ် မမရေ ... :)
လှိုင်ကဗျာ့လေးတွေဟာ ထုံးစံအတိုင်း မာန်အဟုန်အပြည့်နဲ့နော်။
ရေခံ၊မြေခံကောင်းဖို့၊ ရေလိုက်ငါးလိုက် နေစရာမလိုဘူး
ယုံကြည်ရာပေါ်မှာ သစ္စာရှိဖို့ပဲလိုတယ် ဆိုတာလေးကို မြတ် သဘောတူတယ်။ :)
ချစ်တဲ့
မြတ်
ချစ်တဲ့ Angel လေး
ရေးထားသမျှ ကြိုက်တယ်
ဘ၀ဆိုတာ ဘယ်လိုအခြေအနေဘဲ ရောက်ရောက်
မာန်ဟုန်အပြည့်နဲ့ ဆက်လျှောက်ရမယ်
ယုံကြည်ချက်ခိုင်မာရင် ပန်းတိုင်ဆိုတာ
ကိုယ့်ဆီ အပြေးလိုက်လာမှာ
အကြွေအလွင့်ပေမယ့် ခရေတစ်ပွင့်လို နေရာရစေချင်တယ်တဲ့
ခရေရဲ့ မာန
ခရေရဲ့ နေရာ
ခရေရဲ့ သတ္တိကို တွေ့လိုက်ရသလို
အလေအလွင့်တိုင်း
အမှိုက်မဟုတ်ဘူး
သူ့အတွက် ထိုက်တန်တဲ့ နေရာတစ်ခုရှိတယ်လို့ တွေးမိတယ်...
ချစ်တဲ့ မကြူ
Post a Comment