http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, June 27, 2011

ကွဲလွဲနေတဲ့ ဒဿန

























ချစ်ချင်းနှောတဲ့ မုသားတွေနဲ့ ဆုံလည်း
ကန္တာရထဲက အိုအေစစ်လို ငတ်မွတ်စွာသောက်သုံး
ခပ်တုံးတုံးမဟုတ်တဲ့ အသားမစားတဲ့ကျားရဲ့
သနားခံအဖြစ်နဲ့ ညနေရဲ့ဆည်းဆာ..အကျည်းတန်သွားတာ
ဘယ်သူသိနိုင်မှာလဲ.....

ခံစားချက်ရှိတယ် ဆိုပေမယ့် နက်ရှိုင်းမှု
အတိမ်အနက်တော့ ကွဲပြားနိုင်ပါသေးတယ်
ပေးတိုင်းယူလို့ မရသလို ယူချင်တိုင်းလဲ မရတက်တဲ့
လောကဓံ အကြောင်း တစေ့တစောင်း မပြောလဲ သိနေမှာပါ.....

ငါလည်း တစ်ခါတစ်ခါ " အိုင်းစတိုင်း " လိုပဲ
ဘာမှမသိသေးတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တာ
သူကတော့ အဲဒီဒဿနနဲ့ ကမ္ဘာမှာ ယနေ့အထိ နာမည်ရှင်နေသေးတယ်
ငါကတော့ နင့်စကားတွေထဲမှာ " သဂြိုင်္လ် "ခံခဲ့ရတာ ဘယ်နှစ်ကြိမ် မြောက်မှန်းတောင် မသိ...


နင်ပြောတဲ့ အမှန်တရား နားခါးတဲ့သူတွေထဲမှာ
ငါတစ်ယောက်ထဲလို့ ထင်နေသ၍ ဘယ်တော့မှ နင်မမှန်နိုင်ဘူး
မရှိတာ ဟန်လုပ်တဲ့ ရိုးစွပ်တဲ့ အစွဲတွေနဲ့ လက်တွေ့ကို ရှောင်ပုန်း
နင့်အသွေးသားထိမှ နင်သိမယ် ...

အသဲခွဲတမ်း ကစားရအောင် ငါဆိုတဲ့သူ " ကဝေ "မဟုတ်ဘူး
ခပ်တန်းတန်းပြောရရင် မယဉ်ကျေးလို့ ငါရိုင်းခဲ့တယ် ဆိုရင်တောင်
အများသတ်မှတ်တဲ့ လူ့ယဉ်ကျေးတွေ ထက်တော့ ငါသာပါသေးတယ်
ပညာမတက်တာ မဟုတ်ဘူး တက်တဲ့ ပညာနဲ့ မသုံးချင်လို့ ချန်လှပ်ခဲ့တာ..
ငါ့ရဲ့ ပျော်တော်ဆက် စာရင်းထဲ နင်မဝင်စေချင်လို့....ပါ

အမှန်တရားနဲ့ ဘက်တော်သား ခိုင်စွဲနေတဲ့ နင့်အသိဥာဏ်ထက်
ငါ့ရဲ့ အတ္တက ပိုမှန်တယ် မဆိုပေမယ့် နင်သိရဲ့လား " ကမ်းနားသစ်ပင်ဆိုတာ
အမြစ်စွဲနေတုန်းပဲ အသက်ရှင်တာပါ " လောကရဲ့ နိယာမ တရားတွေနဲ့
ငါမရင်းနှိးပေမယ့် လောက နီတိနဲ့တော့ ငါမကင်းလွတ်သေးပါဘူး..

သစ္စာဆိုတဲ့ စကား အသွင်သွင် ဆိုနေတဲ့ နင်ကရော နင့်ရဲ့ သစ္စာဆိုတာကို
ဘယ်လို ရုပ်ဝထ္ထု၊အဆင့်တန်းတွေနဲ့ ကာရံလို့ ဘောင်ချဲ့ထားလဲဆိုတာ ကိုယ်တိုင်
စီစစ်ကြည့်မိရဲ့လား...တစ်မိုးအောက်ထဲမှာ ရှိနေသ၍ မြင်တွေ့နေကြမယ့် သူတွေမို့
နင်ကျောခိုင်းနေပါလို့ တိုက်တွန်းမိရင် သိပ်မကြာခင်ပဲ နင်နဲ့ငါ ဒဏ္ဍာရီ ထဲက သူတွေ ဖြစ်သွားကြမယ်လေ...

Written By Angelhlaing
(www.angelhlaing.blogspot.com)
27.6.2011 MON,(PM 3;30)

17 comments:

ခံစားချက်ဆိုတာ ရှိပေမယ့် နက်ရှိုင်းမှု အတိမ်အနက် ကွဲပြားတယ်-တဲ့လား..၊
ကဗျာလေး ဖတ်သွားပါတယ် ညီမရေ....။

ငါလည်း တစ်ခါတစ်ခါ " အိုင်းစတိုင်း " လိုပဲ
ဘာမှမသိသေးတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တာ...ကဗျာလေး လာဖတ်သွားတယ်...အိန်ဂျယ်လှိုင်ရေ...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ညီမရေ
အမjasmine ကိုလဲပျော်တော်ဆက်
စာရင်းထဲမထည့်ပါနဲ့နော်....
တစ်နေ့တစ်ခြားပြင်းထန်လာပြီနော်.....
စာသားတွေ...စာသားတွေ..

နင်ပြောတဲ့ အမှန်တရား နားခါးတဲ့သူတွေထဲမှာ
ငါတစ်ယောက်ထဲလို့ ထင်နေသ၍ ဘယ်တော့မှ နင်မမှန်နိုင်ဘူး

စားသား ခပ်မြင့်မြင့်တွေနဲ့...........
အရောင်ရင့်ရင့် ကဗျာလေးကို
ခံစားပေးသွားပါတယ် ခင်ဗျာ။

ခံစားချက်အပြည့်နဲ့ ချပြထားတဲ့ စာသားလေးတွေက အသက်ဝင်နေခဲ့တယ်
ညီမလေး။
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ

ခံစားချက်တွေ တော်တော်ပြင်းထန်နေတဲ့ကဗျာတစ်ပုဒ်လို့ ခံစားမိနေတယ်....။ သိပ်ကောင်းတဲ့ကဗျာလေးပါ....။

Nyima Hlaing, came and read this lovely poem. Really it touches my heart.

ဖတ်ရတာတော့ တစ်မျိုးလေးပဲ အိန်ဂျယ်ရေ။ ခံစားမှု့လေးတွေ ပီပြင်တယ်။ ကိုယ်တွေ့တွေများ ဖြစ်နေမလားပဲ...။

ပျော်ရွှင်ပါစေနော်...။

အချစ်နဲ့မာန အားပြိုင်နေတဲ့ ဒီကဗျာထဲ စီးမျောသွားလိုက်တယ်။

ရာသီဥတု မကောင်းဘူးထင်တယ်။ မုတ်သုန်လေ အားကောင်းနေရင် ထီးတစ်ချောင်းတော့ ကြိုတင်ဆောင်ယူသွား ညီမရေ... မကြာခင် မိုးသက်မိုးပေါက် ကျလာတတ်တယ်။း)))

ခင်မင်လျက်

ကမ်းနားသစ်ပင်ဆိုတာ
အမြစ်စွဲနေတုန်းပဲ အသက်ရှင်တာပါ - ဒီစကားလေး တကယ်ကြိုက်တယ်။ ကဗျာလေးက ကောင်းတယ်။ ဖတ်ပြီး တစ်ခုခုကို သေချာတွေးနေတယ်။ တစိမ့်စိမ့်ဖတ်ကြည့်နေတယ်။

ခင်မင်လေးစားလျက်

ကဗျာကောင်းလေးတစ်ပုဒ်ကိုဖတ်ရင်း ဘယ်လိုကွန်မန့်ပေးရမလဲလို့ စဉ်းစားနေတာ အချိန်တောင်ကြာသွားတယ်ကွယ်။ လူသားတိုင်း ကြုံတွေ့နေရတဲ့ တနည်းအားဖြင့်တော့ အနည်းနဲ့အများ ကွဲလွဲနေတဲ့ ဒဿနရဲ့ အရင်းခံကတော့ လောကဓံလှိုင်းရဲ့ ရိုက်ပုတ် ထိုးနှက်မှုဒဏ်ကြောင့် ဖြစ်ပေါ်လာတာပေါ့နော်။ စိတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကဗျာလေးရဲ့ အပိုဒ်တိုင်းကို နှစ်သက်တယ်။ သဘောလဲကျတယ်။
စာလုံးလေးတွေက ထိထိမိမိနဲ့ အားတွေပါနေတယ်.

အရမ်းသဘောကျမိတယ်

သစ္စာဆိုတဲ့ စကား အသွင်သွင် ဆိုနေတဲ့ နင်ကရော နင့်ရဲ့ သစ္စာဆိုတာကို
ဘယ်လို ရုပ်ဝထ္ထု၊အဆင့်တန်းတွေနဲ့ ကာရံလို့ ဘောင်ချဲ့ထားလဲဆိုတာ ကိုယ်တိုင်
စီစစ်ကြည့်မိရဲ့လား...တစ်မိုးအောက်ထဲမှာ ရှိနေသ၍ မြင်တွေ့နေကြမယ့် သူတွေမို့
နင်ကျောခိုင်းနေပါလို့ တိုက်တွန်းမိရင် သိပ်မကြာခင်ပဲ နင်နဲ့ငါ ဒဏ္ဍာရီ ထဲက သူတွေ ဖြစ်သွားကြမယ်လေ...

မရေ..အဲအပိုဒ်ကိုအကြိုက်ဆုံးပဲ..
ခင်တဲ့
ချစ်ခြင်းအလကာင်္

အင်း...
ညီမရေ ၊ ဒီနေရာလေး ကြိုက်တယ်၊
ငါလည်း တစ်ခါတစ်ခါ " အိုင်းစတိုင်း " လိုပဲ
ဘာမှမသိသေးတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တာ
သူကတော့ အဲဒီဒဿနနဲ့ ကမ္ဘာမှာ ယနေ့အထိ နာမည်ရှင်နေသေးတယ်
ငါကတော့ နင့်စကားတွေထဲမှာ " သဂြိုင်္လ် "ခံခဲ့ရတာ ဘယ်နှစ်ကြိမ် မြောက်မှန်းတောင် မသိ...
အဲ့ ဒီ စာလေးပါ။
ငါ့ ညီမ စာဖွဲ့ ဟန်တွေက မာန်တွေ၊ ထန်တွေ ပါနေသလိုပဲနော်။

ငါလည်း တစ်ခါတစ်ခါ " အိုင်းစတိုင်း " လိုပဲ
ဘာမှမသိသေးတဲ့ လူတစ်ယောက် ဖြစ်ချင်ခဲ့တာ
သူကတော့ အဲဒီဒဿနနဲ့ ကမ္ဘာမှာ ယနေ့အထိ နာမည်ရှင်နေသေးတယ်
ငါကတော့ နင့်စကားတွေထဲမှာ " သဂြိုင်္လ် "ခံခဲ့ရတာ ဘယ်နှစ်ကြိမ် မြောက်မှန်းတောင် မသိ...


(အိုင်းစတိုင်းလောက်နမည်မကျန်ခဲ့ရင်နေပါစေ..သူ့ရင်ထဲမှာတော့ထာဝရကျန်နေခဲ့စေချင်တယ်)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More