http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, June 15, 2011

အဆုံးအဖြတ်
























ကြည်လင်တဲ့ ကောင်းကင်
ရုတ်တရက် ညို့မှိုင်း အုပ်ဆိုင်းလာသလို
မြင်နေကျ အပြုံးတွေ မချိုမြတော့တဲ့နောက်
နင့်ရဲ့ ဥပေက္ခာတွေ ခါးမှန်း ငါနားလည်လာခဲ့ရတယ်....


အနားမှာနေပြိး
အဝေးရောက်ခဲ့ရတဲ့
ငါ့အဖြစ်ကို သိရက်နဲ့ ရုန်းထွက်ဖို့
ငါ့အတ္တတွေထက် ပိုအရေးပါတဲ့ နင့်အပြုံးက
ရှားပါးသယံဇာတ အဖြစ်နဲ့ပေါ့လေ...


ဒဏ်ရာကျန် မကျန် မသေချာပေမယ့်
စူးစူးနင့်နင့် ဖြစ်ရတဲ့ အတိမ်အနက်  နင်မှန်းဆဖို့ လွယ်မယ်ထင်လို့လား
ရေးရေးလေး ဆိုပေမယ့်  ဘဝစာမျက်နှာ ပေါ်မှာ ရေးခဲ့တဲ့ စွဲချက်
မှင်သားမဟုတ်တဲ့အတွက် သေရာတော့ ပါတယ်လေ..


နင်သိရဲ့လား ....
ပြောနေကြ စကားတွေ စွံ့အခဲ့ရတဲ့အချိန်
ကြားနေကြ ရယ်သံတွေ ပျောက်ဆုံးခဲ့ရတဲ့အချိန်
တယုတယ ပျိုးထားတဲ့ ငါ့ပန်းတစ်ပွင့် ခြေနင်းခံလိုက်ရ သလို ငါ့ရင်တွေနာတယ်..


ငါ့အတ္တတွေခင်း
နင်ဖြတ်နင်းဖို့ လမ်းခင်းပေးခဲ့တာ
အနိုင်ယူခြင်း ကင်းတယ်ဆိုတာလောက်တော့
နင်နားလည်သင့်ပါတယ်..


ပဋာစာရီလို ငါမရူးပေမယ့်
စိတ္တဇညတွေနဲ့တော့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်
အိမ်မက်ဆိုးတွေတော့ မဟုတ်ဘူး ထိတ်လန့်မှုတွေနဲ့ အပေါင်းသင်းဖြစ်လို့
ငြိမ်သက်ခြင်း ကင်းတဲ့ ညဥ့်ငှက်တွေလို ငါဟာ တစ္ဆေဖြစ်မှန်း မသိ ဖြစ်ခဲ့ရတယ်..


စေတနာတွေ
အရောင်တင်ခံရတော့
သံသယက နေရာယူပြိး စွဲချက်တွေနဲ့
ငါ့ရင်ကို မွှေဖို့ အားယူပြန်တယ်...


အမုန်းမရှိတဲ့
အပြုံးတုတွေနဲ့ ပြုံးပြိး
ခေါ်ပြောနေကြမှာထက်စာရင်
မပြုံးပဲ ကျောခိုင်းနေရင် နင်များ
သက်သာမလားလို့ ငါတွေးလို့ ကျောခိုင်းရင်း
ကျသွားတဲ့ မျက်ရည်စက်တွေအတွက် နင်ဘယ်တော့မှ မသိစေရဘူး..


ဆုံတွေမှု အတွက်
နောင်တဆိုတာ မရှိခဲ့သလို
တွေ့ဆုံချိန်တွေကို တန်ဖိုးထားခဲ့တာလည်း နင်အသိ
ထွက်သွားမယ်ဆိုလည်း ပျော်ရွင်ပါစေလို့ ဆုတောင်းပေးဖို့ ငါ အသင့်ရှိနေတယ်။

Written By Angelhlaing
( www.angelhlaing.blogspot.com )
June 15,2011 (Wed, 2.16 PM )



17 comments:

ခဏခဏ ကွဲ နေ လွဲနေသူမို့...

ကိုယ်ကချိန် သူများနောက် ပါသွားခြင်းကို ခံစားနေရသော..

မောင် ချိန်ပါ...အဲ မောင်မိုးယံသည် အထက်ပါ ကဗျာ အား ဆိုင်ဆိုင် မဆိုင်ဆိုင် ကြိုက်နှစ်သက်ပါသည်။

သေရာပါမယ့်စွဲချက်တွေ. တစ္ဆေတကောင်အလား ညဉ့်ဌက်တွေလည်း ဖြစ်ခဲ့ရ. အရောင်တင်ခံရတဲ့ စေတနာတွေ.မျက်ရည်စက်တွေ.နောင်တမရှိခဲ့တဲ့ ဆုံတွေ့မှုတွေကို တန်ဖိုးမထား ထွက်ခွါသွားမယ်ဆိုရင်.
(ညီမလေးရဲ့ ကဗျာလေးကိုခံစားပြီးချရေးခဲ့မိတယ်)။

အင်း..
သေရာပါ .. တဲ့ ။
ဒါမျိုးကတော့  ခံစားတတ်သူတိုင်း အဲ လူတိုင်းလည်း
ခံစားတတ်တော့  လူတိုင်းမှာ ရှိပါတယ်နော...။

“ စေတနာတွေ အရောင်တင်ခံရတော့
သံသယက နေရာယူပြိး စွဲချက်တွေနဲ့ငါ့ရင်ကို မွှေဖို့ အားယူပြန်တယ်...”
ဟုတ်တယ်ဗျာ...တစ်ခါတစ်လေ သံသယတွေက သိပ်ကြောက်စရာကောင်း
တယ်...။လှတယ်...ကဗျာလေးက....။

လင်းသစ် လာအားပေးသွားပါတယ် မလှိုင်။။။
အရမ်းမိုက်တယ် ကဗျာလေးက :D။။။

“ဆုံတွေ့မှု အတွက်
နောင်တဆိုတာ မရှိခဲ့သလို
တွေ့ဆုံချိန်တွေကို တန်ဖိုးထားခဲ့တာလည်း နင်အသိ
ထွက်သွားမယ်ဆိုလည်း ပျော်ရွင်ပါစေလို့ ဆုတောင်းပေးဖို့ ငါ အသင့်ရှိနေတယ်။”
ရေစက်ပါလို့ ဆုံတွေ့ခဲ့ကြပြီးနောက်မှာတော့
အချိန်တန် ခွဲခွာကြရစမြဲဘဲမဟုတ်လား ..
ခွဲခွာချိန်မှာ အကောင်းဆုံးနှုတ်ဆက်နိုင်အောင် ကြိုးစားကြရမှာပေါ့လေ။
ကဗျာလေးက ကောင်းလိုက်တာ ညီမရေ..

ညီမရေ...
ခံစားချက်တွေ ပေါက်ကွဲလွင့်ထွက်ကုန်ပြီထင်တယ်။ မဆုံးဖြတ်နိုင်တာနဲ့စာရင် ဆုံးဖြတ်ချက်ချလိုက်တာက ပိုကောင်းပါတယ်လေ။ အင်းးး ခံစားချက်ကောင်းလေ စာကောင်းလေးတွေ ဖတ်ရလေပေါ့။း))

ခင်မင်လျက်

ကဗျာကောင်းလေးတွေ ဖတ်ချင်တာနဲ့ပဲ ကဗျာဆရာကို ထပ်နှိပ်စက်လိုက်ဦးမှပဲ... ဒီထက်များများခံစားပြီး ခံစားချက်ကဗျာတွေ များများရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရင်တော့ သေချာပေါက် မေတ္တာပို့ခံရမယ်ထင်ရဲ့ ညီမ...ဟုတ်လား...

အတ္တတွေကိုတောင်ချစ်သူနင်းဖြတ်ဖို့အတွက်လား
ညီမလေးရေ.....

ပဋာစာရီလို ငါမရူးပေမယ့်
စိတ္တဇညတွေနဲ့တော့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်
အိမ်မက်ဆိုးတွေတော့ မဟုတ်ဘူး ထိတ်လန့်မှုတွေနဲ့ အပေါင်းသင်းဖြစ်လို့
ငြိမ်သက်ခြင်း ကင်းတဲ့ ညဥ့်ငှက်တွေလို ငါဟာ တစ္ဆေဖြစ်မှန်း မသိ ဖြစ်ခဲ့ရတယ်..

း)

ပဋာစာရီလို ငါမရူးပေမယ့်
စိတ္တဇညတွေနဲ့တော့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်
အိမ်မက်ဆိုးတွေတော့ မဟုတ်ဘူး ထိတ်လန့်မှုတွေနဲ့ အပေါင်းသင်းဖြစ်လို့
ငြိမ်သက်ခြင်း ကင်းတဲ့ ညဥ့်ငှက်တွေလို ငါဟာ တစ္ဆေဖြစ်မှန်း မသိ ဖြစ်ခဲ့ရတယ်..
ကဗျာလေးက မိုက်တယ် ဆရာမအိန်ဂျယ်လှိုင်ရေ၊ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ညီမငယ်ရေ...
ကဗျာလေး ကောင်းလှချည်လား..
အလုပ်တွေများနေလို့ ခုမှပဲ လာဖြစ်တော့တယ်..


လေးနက်မှုအပြည့်ရှိတဲ့ ကဗျာကောင်းလေး ထပ်တူခံစားသွားတယ်နော်..

ကိုယ်တွေ့ မဟုတ်ရင်တော့ အပြည့်အဝ ခံစားထားတာပဲလို့ မှတ်ယူရ မလားပဲ ညီမရေ..၊ ကဗျာလေး အရမ်းကောင်းတယ်၊ ရေးရေးလေးပေမယ့် သေရာပါ သတဲ့လား...။

ဒီကနေ့မှ အိမ်လည်ဖြစ်လို့ ကဗျာကောင်းလေး တစ်ပုဒ် ဖတ်ဖြစ်သွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သူလည်းပဲ ပေါက်ကွဲနေပြီထင်ပါ့။ ခံစားချက်တွေ ဖွင့်ဟထားတာ ကောင်းတယ်ဗျာ။ လာလည်သွားတယ်နော်....။

ပျော်ရွှင်ပါစေ။

ဒဏ်ရာကျန် မကျန် မသေချာပေမယ့်
စူးစူးနင့်နင့် ဖြစ်ရတဲ့ အတိမ်အနက် နင်မှန်းဆဖို့ လွယ်မယ်ထင်လို့လား

ပဋာစာရီလို ငါမရူးပေမယ့်
စိတ္တဇညတွေနဲ့တော့ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်
အိမ်မက်ဆိုးတွေတော့ မဟုတ်ဘူး ထိတ်လန့်မှုတွေနဲ့ အပေါင်းသင်းဖြစ်လို့
ငြိမ်သက်ခြင်း ကင်းတဲ့ ညဥ့်ငှက်တွေလို ငါဟာ တစ္ဆေဖြစ်မှန်း မသိ ဖြစ်ခဲ့ရတယ်..

အဲဒီစကားလုံးတွေကိုကြိုက်တယ်မမရေ.......

ကျသွားတဲ့ မျက်ရည်စက်တွေအတွက် နင်ဘယ်တော့မှ မသိစေရဘူး..

ဒီကဗျာ မလေးရဲ့ ရင်ကိုပြင်းထန်စွာ ထိခတ်သွားတယ်ကွယ်.

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More