http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, June 28, 2011

Angelhlaing ရဲ့မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်လွှာ

ပထမဦးစွာ မင်္ဂလာရှိသော မွေးနေ့လေးမှာ အားလုံးသော မောင်နှမများ  မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့..Angelhlaing မှ နှုတ်ခွန်းဆက်သ လိုက်ပါတယ်ရှင်....

Angelhlaing ရဲ့ မွေးနေ့ လေးကို သတိတရ ရှိနေပေးတဲ့ ဘလော့ဂါလောကမှ ညီအကို မောင်နှမများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသော ကောင်းခြင်း မင်္ဂလာနဲ့ ပြီးပြည့်စုံ ကြပါစေလို့ Angelhlaing ရဲ့ (၂၆)နှစ်မြောက် မွေးနေ့လေးမှာ တန်ပြန်လို့ ဆန္ဒပြုရင်း...

မွေးနေ့ဆုတောင်း ဘလော့ တင်ပေးသော မောင်လေး နေဇော်လင်း နဲ့အတူ ဆုတောင်းမေတ္တာ ပို့ပေးကြသော ဘလော့မောင်နှမများ အားလုံးနှင့် Facebook မှာ လာရောက်ဆုတောင်း ပေးကြသော မောင်နှမများအားလုံး၊ နိုင်ဆိုဒ် အသီးသီးမှာ သတိတရ ဆုတောင်းပေးကြတဲ့ မောင်နှမများ အားလုံးသို့ အထူးပင် ဝမ်းသာ တစ်လည်း ကျေးဇူး တင်မိပါကြောင်း နဲ့ Angelhlaingရဲ့ မွေးနေ့လေးကို လာရောက် ဆုတောင်းပေးကြတဲ့ သူငယ်များအားလုံးနဲ့ ဝါသနာအရ ဖန်တီးထားတဲ့ ရသစာပေတွေကို အစဉ်တစိုက် အားပေးဖတ်ရှု ကြတဲ့ သူငယ်ချင်းများအားလုံး၊ သူငယ်ချင်းများရဲ့ အိမ်ကိုလည်း အမြဲ အလည်မရောက် ဖြစ်ပေမယ့် အမြဲသတိတရ ရှိနေတာပါ ဆိုတဲ့အကြောင်းနဲ့ အမြဲတမ်း ကြိုးစားပြိး ယခုထက်ကောင်းမွန်သော စာများ ဖန်တီးကြိုးစား သွားမှာပါလို့ ...။တစ်ကယ်တော့ မွေးနေ့ရယ်လို့ တိတ်တိတ်လေး နေမလားလို့ စဉ်းစားထားတာပါ။ အသက်ကြီးသွားတာ လူသိမှာ ဆိုးလို့..:):) သတိတရ ရှိနေပေးတဲ့ သူငယ်ချင်း မောင်နှမတွေကြောင့် ဒီပို့စ်လေး ရေးဖြစ်သွားတာပါ။ မွေးနေ့ဆိုလို့ ဘုရားမှာ ငါးပါးသီလ ယူပြိး အလုပ် အပြေးအလွှား သွားရတာနဲ့ ထူးထူးခြားခြား ဘာမှမလုပ် ဖြစ်လိုက်ပါဘူး။ သင်တန်းနဲ့ အလုပ် ပြေးလွှားရင် ဘလော့နဲ့ နိုင်ဆိုဒ်တွေ အလာကျဲနေ ပေမယ့် အတွေးထဲမှာတော့ အမြဲ ရှိနေခဲ့တာပါ။ မွေးနေ့ လက်ဆောင် ပေးပို့ကြတဲ့ အတွက်လဲ ကျေးဇူး အထူးပင် တင်မိကြောင်း ပြောကြားရင်း....( လက်ဆောင်တွေ များလို့ အိမ်မှာ ခြေချစရာ မရှိအောင် ပါပဲ...:):) ကြုံတုန်း ကြွားတာ :P:P ....ဘယ်ရမလဲနော်.........)



မွေးနေ့ပွဲ လာရောက်ကြတဲ့ သူငယ်ချင်း မောင်နှမများ၊ ကိုကို၊မမများ အတွက် တက်နိုင်သလောက်လေး ပြန်လည် ပြုစု ပရစေလားရှင်။ အဆင်ပြေအောင် ကြိုတင်စီစဉ် ထားခြင်း မရှိတာမို့ အဆင်မပြေမှုများ လိုအပ်ချက်များရှိခဲ့ရင် သည်းခံပေးပါလို့......

အလွယ်တကူ စားလို့ရအောင် စားပွဲလေးတွေ စီစဉ်ထားတယ်..တစ်ယောက်စီအတွက် ကိတ်အသေးစား လေးတွေလေ..





Angelhlaing ရဲ့ မွေးနေ့မှာ Angelhlaing လိုပဲ  မောင်နှမများ အားလုံး ပြုံးပျော် နိုင်ပါစေလို့ ထပ်တူ ဆန္ဒပြုရင်း  သူငယ်ချင်း၊ မောင်နှမ များ အားလုံး ပတ်ဝန်းကျင်ရှိ သက်ရှိ၊သက်မဲ့တွေနဲ့ ထာဝရ ပျော်ရွင် နိုင်ကြပါစေရှင်..လို့ ပြန်လည် ဆန္ဒပြုရင်း..
အစဉ်အမြဲ လေးစားလျှက်...
ကြိုးစားနေမယ့်....
Angelhlaing

21 comments:

Happy Brithday

29.6.2011 ဒီနေ့လေးတွင် ကျရောက်သော အစ်မ Angelhlaing ၏
အသက် ( 26 ) နှစ် မွေးနေ့လေး မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပျော် ရွှင် အောင်မြင် သာယာ ချမ်းမြေ့သော မွေး နေ့ လေး ဖြစ် ပါ စေ။

အစ်မ Angelhlaing မွေးနေ့လေး မှ စပြီး နောင်နှစ်တွေများစွာ တိုင်အောင်
မိသားစု ညီအစ်ကို မောင်နှမများ နှင့် အတူတကွ ပျော်ရွှင်နိုင်ပါစေ။ ပညာရေးတွင်
တိုးတက်ထူးချွန်ပြီး အစ်မဖြစ်ချင်သော စာရေးဆရာမကြီး တစ်ယောက် ဖြစ်ပါစေ ....

အစ်မ Angelhlaing စိတ်ကူးသော ရည်ရွှယ်သော ရည်မှန်းသော အရာများ အောင်မြင်မှု ရပြီး
လူအများအတွက် ရှေ့ဆက် စာပေ အလင်းရောင် ပေးနိုင်သော စာရေးဆရာမ
Blogger တစ်ယောက် ဖြစ်ပါစေ။


ေ မ ာ င္ ေ လ း

ေ န ေ ဇာ် လ င်း

( မလေးရှား )

ညီမလေး ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး အများအကျိုးသယ်ပိုးနိုင်သော မြန်မာအမျိုးသမီးကောင်း တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နှော်။

မွေးနေ့မှာရွင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းပေးပါ
တယ်ဗျာ.....။

ပျော်စရာ ပြီးပြည့်စုံတဲ့ မွေးနေ့ပွဲလေးပါ
ဒီနေ့မှစ နေ့ရက်တိုင်း ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာပါစေ
ဆန္ဒအားလုံးပြည့်ဝပါစေ...
ချစ်ခင်သူများနဲ့ မခွဲမခွာ အမြဲအတူနေခွင့်ရပါစေ..

ညီမ Angelhlaing တစ်ယောက်...
“မွေးနေ့မှသည်
နှစ်ရာချီ၍
ကြည်လင်ချမ်းမြ
သာသည့်လနှယ်
ဘ၀လမ်းကြောင်း
မတိမ်းစောင်းဘဲ
စိတ်ကောင်းနဲ့ယှဉ်
သတိဝင်၍
တွင်တွင်လျှောက်နိုင်စေသတည်း...”

မွေးနေ့လက်ဆောင် ဖွယ်ဖွယ်ရာရာ မပေးတတ်လေတော့ ကဗျာတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ် ညီမရေ...နောင်လာမယ့်မွေးနေ့တွေလည်း အခုလိုပဲ မွေးနေ့လက်ဆောင် ကဗျာလေးတွေ ရေးပေးခွင့်ရချင်မိပါတယ်...အစစ အရာရာ အောင်မြင်ပျော်ရွှင်ပါစေဗျာ...

မွေးနေမှာ ညီမ ရွှင်လန်းချမ်းမြေ့ပါစေဗျာ

မွေးနေ့မှာစိတ်ပျော်ရွှင်ပြီးနောင်နှစ်ပေါင်း
မေ၇တွက်နိုင်တဲ့အချိန်ထိ ကိုယ်ေ၇ာစိတ်ပါ
ကျန်းမာချမ်းသာပြီးအောင်မြင်မှုတွေကို
ပိုင်ဆိုင်နိုင်ပါစေ......။

၂၆ နှစ်မှ
မွေးနေ့မှသည်
နေ့ရက်တိုင်း
ပျော်ရွှင်ခြင်းများနှင့်
ပြည့်စုံလို့
လိုအင်ဆန္ဒ မှန်သမျှ
ပြည့်ဝပါစေ ... လို့ ဆုတောင်းပေးပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဒီဂျွန်လ ၂၉.၂၀၁၁. မှာ ကျရောက်တဲ့မင်္ဂလာ မွေးနေ့လေးမှသည်နောင်နှစ်ပေါင်းများစွာတိုင် (ကိုးဆယ်တစ်ရာမက) ပျော်ရွှင်ချမ်းမြေ့စွာနဲ့
ကိုယ်နေလိုရာဘဝနဲ့ ထပ်တူထပ်မျှကျပြီးနေနိုင်
ပါစေလို့ကျနော်ခင်မောင်ချင်း ညီမလေး Angelhlaing အတွက်ဆုတောင်းပေးလိုက်ပါတယ်...။

29. 6. 2011 နေ့တွင် ကျရောက်သော ၂၆-နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီး အမျိုးဘာသာ၊ သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးကာတိုးကာ ဆောင်ရွက်နိုင်လျက် အိန်ဂျယ်လှိုင် ဖြစ်ချင်တဲ့ စာရေးဆရာမတစ်ယောက် အမြန်ဆုံး ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

လေအားဆေးကိုသာ တိုက်ကျွေးနိုင်ပြီး မွေးနေ့လက်ဆောင် မပေးပို့နိုင်သော ဘုန်းဘုန်းကိုလည်း ခွင့်လွတ်ပေးစေချင်ပါသည်။

တဖန် ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ညီမလေးရေ ယနေ့ကျရောက်သော မွေးနေ့မှသည်
နောင်လာမယ့်နှစ်များစွာတိုင်အောင် ပျော်ရွှင်ချမ်းမြေ့ ပြီး အောင်မြင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့.
မွေးနေ့မှာ ဆုတောင်းပေးခဲ့ပါတယ်နော်..

၂၆ နှစ်ပြည့် မွေးနေ့မှ နောင်နှစ်ပေါင်း ၁၂၀ ကြာအောင် ကျန်းမာခြင်း ၊ ချမ်းစာခြင်းနှင့် ပျော်ရွှင်မှုအပေါင်းနှင်ပြည့်စေသေဝ်.....း)


ခင်မင်လေးစားလျက်

ပြည့်သည့် လ၀န်း
ကြည်လင် ရွှန်းမြ
ထွန်းပ ဥာဏ်ရောင်
လူတို့ ဘောင်မှာ
မှောင်စဉ် ခဏ
ကြယ် တစ်စင်းမျှ
တောက်ပစေ........
ဆက်၍ လျှောက်နေ
လူတို့ မြေမှာ
တွေ့စဉ် ခဏ
ထို ဒုက္ခ ကို
ဖြတ်တောက် ထိုးခွင်း
မြစ်တစ် စင်းမျှ
စွမ်းဆောင် နိုင်စေ
တောင်းဆု ချွေသည်........
ပေးသောဆုတို့ပြည့်ဝစေ။

ညီမရဲ့ မွေးနေ့ ဆုတောင်းလွှာနောက်ကျတယ်လို့ မထင်ပါနဲ့.. အစ်ကို မသိလိုက်လို့ပါ.. 26 နှစ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသိကို သတိကပ်ပြီး တရားဓမ္မနဲ့ မွေ့လျော်နိုင်ပါစေပါဗျာ..
ကျေးလက်သားလေး

Happy Belated Birthday!! ညီမလှိုင်... မွေးနေ့သာမက နေ့ရက်တိုင်း ပျော်ရွှင် ချမ်းမြေ့ပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်ဝပါစေရှင်။

ချစ်ခင်စွာ
မရို့စ်

နောက်ကျသွားတာခွင့်လွတ်ပါနော်
ဟတ်စကီး ဆီကုန်နေလို့ပါ
ခုမှအဆင်ပြေတယ်..
လာရတာလေ...
၂၆နှစ်မြောက်မွေးနေ့မှစပြီး
လိုအင်ဆန္ဒများအားလုံးပြည့်ဝပါစေ။
စာပေပညာရှင်တစ်ယောက်လဲဖြစ်ပါစေ။

မွေးနေ့တုန်းက ကွန်မင့်ပေးဖို့ အခါခါ ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် စီဘောက်စ်မှာဘဲ ဆုတောင်းပေးခဲ့တယ်။ တွေ့မဲ့ပုံ မပေါ်။

မွေးနေ့လှလှလေး ဖြစ်ပါစေ၊ ကံကောင်းပါစေ။ အဆင်ပြေပါစေ။ လိုအင်တွေ ပြည့်ပါစေလို့ မွေးနေ့အလွန် ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်

အင်း...
စာအရမ်းရေးချင်နေတဲ့  ငါ့ ညီမ
သည်မွေးနေ့ ကြီးမှ စ,၍ နောက်လာမဲ့ 
နှစ်တွေတိုင်းမှာ သည့်ထက်သည့် ထက်
အောင်မြင်ကျော်ကြားတဲ့  စာရေးဆရာမကြီး
ဖြစ်ပါစေသော်ဝ်.......။

မအားတဲ့အကြားက ငါးပါးသီလယူဖြစ်တယ်ဆိုလို့ သာဓုခေါ်မိပါတယ်။ ဖြစ်ချင်တာတွေ ရာနှုန်းပြည့်ဖြစ်စေရာသတည်း

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More