http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစ်စောင် – နုနုရည်(အင်းဝ)

ဆရာမနုနုရည်(အင်းဝ)က ဘလော့ဂါတွေအတွက် စာတစောင် ပို့ပေးထားတယ် ဆိုတာ အကို မြစ်ကျိုးအင်းက ပြောလာပါတယ်။ ဘလော့ဂါတွေဆီ ပို့ပေးပြီး ဘလော့ဂ်တွေမှာလည်း တင်စေချင်တယ်ဆိုတာ သိခဲ့ရတယ်။ ဘလော့ဂါတွေအပေါ် ထားတဲ့ ဆရာမရဲ့ သဘောထားကိုလည်း သိခဲ့ရပါတယ်။ ဘလော့ဂ် ရေးသူတွေကို ချစ်ခင်တဲ့ အတွက်လည်း ကြည်နူးမိပါတယ်.။

ဆရာမရဲ့ အားပေးစကားလေးတွေ.၊ ဘလော့အပေါ်ထားရှိတဲ့ အားထားမှုတွေက ကျမတို့အတွက် စိတ်ခွန်အား တရပ်လည်း ဖြစ်စေခဲ့ပါတယ်။ ကျွန်မတို့လို စာပေရူးသွပ် သူတွေအဖို့ ခွန်အား ဖြစ်စေတဲ့အတွက် ဘလော့ဂ် ရေးသူ တစ်ယောက်အနေနဲ့ အရမ်းပဲ ကြည်နူးမှုလေး ခံစားရပါတယ်။ ဘလော့ဂ် ရေးသူများသို့ စာလေးတစ်စောင် ဆိုပြီး ဆရာမရဲ့ လက်ရေးနဲ့ ဘလော့ဂါများကို ရည်ရွယ်ပြီးရေးထားတဲ့ စာလေးကို ဆရာမအား လေးစားချစ်ခင်စိတ်ဖြင့်၎င်း၊ အွန်လိုင်းမှမိတ်ဆွေ ဘလော့ဂါများအား ပြန်လည် မျှဝေချင်မိသောကြောင့်၎င်း ဖော်ပြပေးလိုက်ပါတယ်ရှင်။

"ရသစာပေဆိုတာ လူ့ယဉ်ကျေးမှုကြီး တခုလုံးပျောက်ကွယ်မသွားသရွေ့ အမြဲရှိနေမှာပါ" လို့ ဆရာမနုနုရည်(အင်းဝ) ရဲ့ စကားလေးကသာ ကျွန်မတို့လို စာပေချစ်သူတိုင်း အတွက် အမျိုးအမည်မသိတဲ့ ခွန်အားတစ်မျိုး စီးဆင်းစေ သလို ဆရာမနုနုရည် (အင်းဝ) လည်း ကျန်းမာပျော်ရွင်စွာဖြင့် ချစ်သောစာပေတွေနဲ့ ထာဝရ ပျော်ရွင်ပါစေလို့ ပြန်လည်ဆန္ဒပြုရင်း..ဆရာမရဲ့ လက်ရေးမှုလေးကို ပြန်လည်မျှဝေ ပေးလိုက်ပါတယ်ရှင်။





6 comments:

ခုလိုမျှဝေတာဖတ်ရလို့ ကျေးဇူးတင်ပါတယ်နော်... စာရေးကောင်းသူတစ်ယောက်မို့ လာလာဖတ်နေတာတော့ကြာပါပြီ.. မန့်တာအသားမကျသေးလို့ မမန့်ပဲနေနေခဲ့တာပါ... အရမ်းအားကျပါတယ်နော်... ဒီထက်ပိုအောင်မြင်ပါစေဗျာ..

ရေးချင်တာရေးတဲ့ ကျနော်တို့ကတော့ ဆရာမကို အားနာတယ်။

ဟုတ်ပါ့ဗျာ။ ရေးချင်တာတွေ ရေးနေတဲ့ ကျွန်တော်တို့ကတော့ ဆရာမကို အားနာမိတာ အမှန်ပဲ။ အင်တာနက်သုံးရတဲ့ ဒုက္ခ မကြာခင် ကျွန်တော်ကိုယ်တိုင်ကြုံတော့မှာမို့ စာနာမိကြောင်း။

တူတူပါပဲအကိုတို့ရယ်
ကျွန်မနာမည်ကိုကပေါက်ကရပါဆိုတော့
ဘာရေးရေးပေါက်ကရပါပဲ
ရှက်မိပါတယ်။

ဆရာမစာကတော့ ဘလောက်ဂါတွေအားလုံအတွက် တကယ့်အားပဲ ညီမရေ။

ဆရာ/ဆရာမ များနှင့် စာရေးတဲ့သူငယ်ချင်းများအားလုံး ကို လေးစားလျှက်ပါ
စာဖတ်ပရိတ်သတ်တစ်ဦးပါ

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More