http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, March 16, 2011

သင်္ကြန်နဲ့အတူ မေ့မရပါသော ကျွန်မရဲ့အတာ

တစ်နေ့တစ်နေ့ ကျွန်မ ဝါသနာ ပါရာ အလုပ်တွေနဲ့ နေ့စဉ် ရှုပ်ထွေးနေ တက်ပြိး ချိန်းဆိုထားရာ လူတစ်ယောက် ရဲ့ပုံရိပ် မျက်စိ ရှေ့ဘွားခနဲ ပေါ်လာတော့ မှသတိရမိလောက် တဲ့အထိ မေ့လျှော့ သွားခဲ့တာပါ။
" ဟင် အတာ စောရီးနော် မမ အလုပ်ထဲ စိတ်ဝင်စား သွားလို့  အတာနဲ့ ချိန်ထားတာ... ".
" ထင်သားပဲ မမ မေ့နေပြီ လို့ ကျွန်တော် ထင်တဲ့အတိုင်း ပဲတစ်ကယ်မေ့ နေတာပဲနော် "
အတာက ကျွန်မရဲ့ အမူအကျင့် အလေ့ အထတွေကို အလွတ်ရနေတဲ့ ပုံစံ ဖြင့်ပြောတော့ ကျွန်မ အားတုံအားနာ ပြုံးပြ ရင်း
" ခွင့်လွတ် အတာရယ် မမအကြောင်း လည်းသိသားနဲ့ တော်ပြီတော်ပြီ မမ အခုလုပ်လက်စ ရပ်ထားလိုက်မယ် နောက်မှ ဆက်လုပ်တော့မယ် "
ပြောလည်းပြော လုပ်လက်စ အလုပ်တွေကို ခဏရပ် ထားလိုက်ပြီး တစ်လက်စထည်းပဲ
" ထိုင်လေ အတာ မတ်တက်ရပ်ကြိး "
အတာက ကျွန်မရဲ့ မျက်နှာချင်း ဆိုင်ထိုင်ခုံမှာ ဝင်ထိုင်ရင်း
" တော်သေးတယ် အလုပ်တွေ ရပ်ထားလိုက်မယ် ဆိုလို့ မဟုတ်ရင် လှည့်ပြန် ရမလား အောင့်မေ့ နေတာ "
" ပြောတော့မယ် အတာကလည်း "
" မဟုတ်လို့လား အလုပ်ထဲ စိတ်ရောက်နေရင် ကျွန်တော်ကို မအားဘူး နောက်မှတွေ့မယ်ဆို ဘယ်လိုလုပ်မလဲ "
" ခက်ပြီ အတာရယ် ကိုယ့် ချစ်သူတစ်ယောက် လုံးထပ် အလုပ်က အရေးပါပါ့မလားနော် "
" သြော် သတိရသေး သားပဲ ချစ်သူဆိုတာကို "
" အဟား.... အတာကကွာ ကလေးကျနေတာပဲ မမကို ကြည့်ပါအုံး "
" ဟင် မဟုတ်လို့လား ချိန်းထားတာတောင် မေ့နေတဲ့ သူကို အဲလိုပြောလို့ မရဘူးလား "
" အင်း အဟဲ ဟုတ်သားနော် မမ အလုပ်ထဲ စိတ်နှစ်သွားတာပါ ချစ်ချစ်လေးရဲ့ "
တစ်ခါ တစ်ခါ စိတ်လိုရင် အတာ လို့ ခေါ်တက်သလို ကျွန်မမှာ အပြစ်လုပ်ထား တာမျိုး ရှိပြီဆိုရင်တော့ အတာ့ကို ကျွန်မက ချစ်ချစ်လေး လို့ ခေါ်တက်ပါတယ်။ အဲလိုခေါ် ပြီဆိုရင် အတာ့ ကတော်ရုံ ဘာမှ မပြောပဲ ခပ်တိုးတိုး ရယ်မော နေတက်ပြန်တယ်။
" တက်လည်း တက်နိုင် တဲ့မမ တစ်ကိုယ်လုံး ဥာဏ်ကြိးပဲ "
လို့ အတာက အပြုံးနဲ့ ပြောပြိး
" သြော် အတာရော အလုပ်မှာ အဆင်ပြေ ရဲ့လား ဒီနေ့ "
" အင်းပြေပါတယ် မမရဲ့ အတာက သိပ်ထွေထွေ ထူးထူး မရှိပါဘူး မမရော "
" အင်း မမလဲ ပြေပါတယ် အတာရဲ့ အတာခဏလေးနော် မမ ကော်ဖီ ဖျော်လိုက် အုံးမယ် "
" ဟုတ်မမ "
ကော်ဖီ ခါးခါး စိမ့်စိမ့် လေးကို အရသာ ခံပြိး သောက်တက် တဲ့ ကျွန်မ။ အတာက တော့ ကော်ဖီ ကိုအစပိုင်း စွဲစွဲ လမ်းလမ်း မသောက်တက် ပေမယ့် ကျွန်မ သောက်သလို လိုက်သောက်ရင်း အခုဆို ကော်ဖီ ခါးခါးရဲ့ အရသာ စွဲနေ ပြီလို့ တီးတိုး ဝန်ခံ ရတဲ့ အထိ နှစ်ခြိုက် နေလေပြီ။ အဆင်သင့် နှပ်ထားပြိးသား ကော်ဖီ ဓါတ်ဗူးထဲမှ ကော်ဖီ ကို နှစ်ခွက်စာ အသင့်ငှဲ့ ထည့်ပြိး အတာရှေ့ တစ်ခွက် ချပေးရင်း
" အတာ မမနှပ်ပြိးသားပဲ သောက်အုံး ကော်ဖီ "
" ကျေးဇူး ပါမမ သြော်မမ မမကိုပြောစရာ ရှိတယ် "
" အင်းပြောလေ အတာ ဘာများလဲ "
" မေမေနဲ့ မမကို မိတ်ဆက် ပေးချင်လို့ "
အတာ့ စကားကြောင့် ကျွန်မ နည်းနည်း အံ့သြ သွားရသည်။ တစ်ကယ်ဆို ဒီလို အချိန်မှာ ကျွန်မ အတာ မေမေနဲ့ မတွေ့ ဆုံချင်သေး သလို အတာကို လည်းမိဘ တွေနဲ့ မိတ်ဆက် မပေးချင် သေးတာ ကျွန်မ ဆန္ဒ အမှန်။
" စောပါ သေးတယ် အတာ ဘာလို့ လူကြိးတွေကို မျက်စိ ရှုပ်စေ မှာလဲ အတာရော မမရော ကလေးတွေ မဟုတ်တော့ ဘူးလေ။ ပြိးတော့ မမတို့က နှစ်ရှည် စီမံကိန်း လိုဖြစ်နေတော့ ဒီအတိုင်း လေးပဲ နေချင်သေးတယ် အတာ "
" ဘာလို့လဲ မမရယ် အတာကတော့ မေမေနဲ့ မမကို မိတ်ဆက် ပေးချင်ရုံပါ ပြိးတော့ မမကို ကြွားချင်တယ်လေ "
" အင်း အပြောက ကောင်းပနော် အချိန်ရင် မမက တွေ့မှာပေါ့ အတာရဲ့ မလောပါနဲ့နော် မမ အတာကိုရော အိမ်နဲ့ မိတ်မဆက် ပေးတာ စိတ်မဆိုးပါဘူး နော်အတာ "
" အင်းပါ မမသဘောပါ။ အတာက အမြဲတမ်း မမဆန္ဒ တွေကို ဦးစား ပေးနေ ကြပါနော် "
" အင်းပေါ့ အဲဒါကြောင့်လဲ မမက ချစ်နေ ရတာပေါ့ "
" ဟင်း ဟုတ်လည်း မဟုတ်ပဲနဲ့ မမနော် "
" ဟုတ်ပါတယ် အတာရဲ့ "
" ချိန်ထားတာ တောင် မေ့နေပြီး လျှောက်ပြောနေတယ် "
" တစ်ကယ်ပါ ဆိုနော်"
" အင်းပါ အင်းပါ "
အတာက ကျွန်မရဲ့ အပြောကို မယုံချင် ယုံချင်နဲ့ အလျှော့ ပေးတက်ပေမယ့် ကျွန်မနဲ့ ပါက်သက်လာရင် စိုးရိမ်မှုတွေ အမြဲ ကြိးစိုး နေတက်တဲ့ သူပါ။ ကျွန်မရဲ့ ချစ်ခြင်း အပေါ်မှာလဲ အမြဲ သံသယနဲ့ ဘယ်အချိန် များထားသွား မလဲဆိုတဲ့ စိတ်နဲ့ စိုးရိမ်နေ တက်သူ ကလေး တစ်ယောက် လို ပါပဲ။ ကျန်တဲ့ အချိန် တွေမှာ ဆိုရင်တော့ ကျွန်မ ရဲ့ ပျက်ကွက် မှု တွေကို လူကြိး တစ်ယောက်လို သဘောထား ပြည့်ပြည့် နဲ့ ခွင့်လွတ် တက်သူလဲ ဖြစ်နေ ပြန်တယ်။
အတာ ကမွေးချင်း (၅)ယောက်ထဲက စတုထ္ထမြောက် သားဖြစ်သလို မောင်နှမတွေ ထဲမှာအလိမ္မာ ဆုံးလို့အတာ့ မေမေရဲ့ အချစ်တော်လို့ အတာပြောပြလို့ ကြားဖူးနေကြပါ။ အတာရဲ့ အကိုတွေ အမတွေကလည်း အသက်၃၀ ကျော်နေတာ တောင်အိမ်ထောင် မပြုဖြစ်ကြ သေးတာမို့ အတာမေမေက မြေးချီချင်လို့ သားသမိးတွေကို အိမ်ထောင် ပြုစေချင်တဲ့ သူဖြစ်တယလေ။ အသက်(၆၀) ပြည့် ပင်စင်ယူခါ နီးအတာရဲ့ မေမေက မူလတန်းပြ ကျောင်းအုပ် ဆရာမကြိး တစ်ဦးဖြစ်သလို အတာတို့ မောင်နှမ တွေအားလုံးက လည်းပညာတက် ဘွဲ့ရ၊ အလုပ်ကိုယ်စီနဲ့ ပြီးပြည့်စုံ တဲ့ဘဝ တွေဖြစ်နေပါလျှက် အိမ်ထောင်ပြုဖို့ နောက်နှေးနေကြ တဲ့သူတွေပါ။
အတာကလည်း PHD ပြီးအောင် တက်ဖို့ ရည်ရွယ် ထားသလို ကျွန်မကလည်း အလုပ်လုပ်နိုင်တဲ့ အရွယ်လေးမှာ ကိုယ်ပိုင် စီးပွားရေး လေးတစ်ခု လုပ်နိုင်တဲ့ အထိ ကြီုးစားနေ သူတစ်ဦးဖြစ်တာ ကြောင့် ရည်ရွယ်ချက် ပြည့်မှ ပဲလက်ထပ်ဖို့ စိတ်ကူး ထားတာမို့ အဝေးကြိး လိုနေသေး တာမို့လူကြိးတွေ နဲ့ လိုက်မတွေ့ ချင်သေးတဲ့ ကျွန်မရဲ့ အယူအဆ ကလည်း တစ်မျိုး။ အချစ်ဆိုတဲ့ ခံစားမှု အပေါ်မှာ ရူးသွပ်မှု မရှိစေချင် သလို ကိုယ်တိုင်ကလည်း အတာ့ အပေါ် သင့်တော်သော လူတစ်ယောက် အဖြစ်နဲ့ သာပေါ့ပေါ့ ပါးပါး ခံယူထားသလို ကိုယ်ချစ် မဖြစ်အောင် ကြိုးစားနေ တဲ့ကျွန်မ အတွက် အတာကို ချစ်တယ် လို့ရယ်လဲ သဲသဲ လှုပ်မရှိ။ အတာပေါ် ခံစားချက် နဲနဲပဲ ရှိလို့ ထင်ပါရဲ့။
.......................။................
" မမရယ် သတိရ လိုက်တာဗျာ "
" ဟော်တော့ အတာကလည်း မတွေ့ရတဲ့ သူတွေကြနေတာပဲ အမြဲတွေ့ နေကြတဲ့ဟာ တစ်ခါတစ်လေ အလုပ်လေး များနေရင် သာတွေ့ချိန် နည်းတာလေ "
" ဟုတ်တယ် မမရဲ့ အတာက မမကို အမြဲ တွေ့ချင်နေတာ မမရဲ့ အသံလေး ကြားချင်ရတာနဲ့ မမရဲ့မျက်နှာလေး မြင်ချင် ရတာနဲ့ တစ်နြေ့ပီး တစ်နေ့ တိုးတိုးပြိး ချစ်နေတာ မမရဲ့ "
" ဟောဒီမှာ ဗျို့ ကောင်လေးတစ်ယောက် လာပြိး ချွဲနေပါတယ် ဗျို့ "
" တစ်ကယ် မမရဲ့ အတူတူ နေချင်ပြီ စာလဲမကျက် ချင်တော့ဘူး သိလား "
" ဘယ်လိုဖြစ် ရတာတုန်း ကျောင်းတက်နေ ရင်းနဲ့ Phd ပြိးအောင် လုပ်အုံးမယ်ဆို "
" အင်းလေ လုပ်လဲလုပ်ချင်တယ် မာစတာနဲ့ပဲ ရပ်လိုက်ရင် ကောင်းမလားလို့ စာကျက်ရတာ ပျင်းလာပြီ မမရယ် ပြိးတော့ မမနဲ့လဲ မခွဲချင်တော့ဘူး "
" အင်း အခုနေတော့ မမရဲ့ ရည်ရွယ်ချက်တွေ မပြည့်သေးဘူးလေ အတာ ပြိးတော့ အခုလို အချိန် မမ အိမ်ထောင်ရေး အတွက် စောသေးတယ်၊ မမကြိုးစား ချင်သေးတယ်၊ မမတို့ရဲ့ နောင်လာမယ့် ကလေးတွေ မှာ မပြည့်မစုံနဲ့ မဖြစ်စေချင်ဘူး နဲနဲလေး နောက်ကျမှ အိမ်ထောင် ပြုလည်း ရပါတယ်ကွာ နော်အတာ မမတို့ရဲ့ နောင်ေ၇း အတွက် နည်းနည်းလေးတော့ အားစိုက် ကြိုးစားလိုက် ကြရအောင်နော် "
" အင်း မမပြော တာလဲဟုတ်တော့ ဟုတ်ပါတယ် ဒူးလောက်တင်မှ ရင်လောက်ကျမှာ ဆိုတော့လည်း ဘာတက်နိုင် မှာလဲနော် "
" အမလေးနော် ချွဲနေလိုက် တာကလည်း လွန်ပါရော အခုလဲ မတွေ့ရရင် တစ်ရက်ခြားပဲ၊ အတာ စာမေးပွဲ ရှိတဲ့ ရက်နဲ့ မမအလုပ် များတဲ့ရက်တွေ လောက်ပဲ မတွေ့ဖြစ်တာပါ နော် ကျန်တဲ့ရက်တွေ ဆို ခဏလေးတော့ တွေ့ဖြစ်နေ ကြတာကို တော်တော်ချွဲနေ "
" မမမှ မချစ်တာ ကိုနော် အတာက ချစ်တဲ့သူဆိုတော့ ပိုတယ်လို့ မမကပြောနေတာပေါ့ အတာချစ်သလို လဲ မချစ်ပါဘူးနော် "
" ဟင်းနော် ဘယ်ကနေ ဘယ်လို စွတ်စွတ်စွဲစွဲ မချစ်ဘူး ပြောနေ ရတာလဲ "
" အင်းလေ ဟုတ်တာပဲ ဟာနော် အတာကသာ မမကို ချစ်နေ လွမ်းနေ ရတာ မမက အတာမလာရင်လဲ မေးဖော် တောင်မရဘူး ပိုပြိး နေရတာ အဆင်ပြေ နေသလိုပါပဲ "
" ပြောပြီ ကွာ မဟုတ်တာက စပြိး "
" ဟုတ်ပါတယ် မမ အတာကို အပျော်ကြံနေတာလား "
" အဟား..... ဆိုးပ အတာရယ် မမ အသက်ရွယ်က ချစ်တမ်းကစား ရမယ့် အရွယ်လားရှင့် ဒုက္ခပါပဲနော် "
" မသိဘူးလေ အတာကပဲ ချစ်နေရတယ်လို့ ခံစားနေရတာ မမက အတာကို တစ်ကယ် မချစ်သလိုပဲ "
" အတာရယ် ကလေးကျနေ တာပဲကွာ ဒီမှာ လူတစ်ယောက် ကိုလေ ခံစားချက် မရှိပဲ သင့်တော်လို့ ဆိုရုံနဲ့ တွဲလို့မရဘူး ရှင့်။ အပျော် တွဲတယ်ဆိုတာ အလကားပြောကြတာ အဲဒီလူအပေါ် နည်းနည်းမှ မနှစ်သက်ဘူး ဆိုရင် အပျော်တွဲမယ် ဆိုရင်တောင် တွဲလို့ မရဘူးရှင့် သိရဲ့လား လူကြီးဖြစ်နေပြီ နည်းနည်းတော့ ကလေးဆန်တာလေး လျှော့လေ အတာရ။ အလကား စိတ်ပင်ပန်း ခံနေလို့ မမက အလုပ်ထဲ စိတ်ပါနေ တဲ့အချိန်ကျ ရင်သာ အတာကို မေ့သွားတာပါ။ ကျန်တဲ့ အချိန်တွေ ဆိုသတိရ ပါတယ်အတာရဲ့ "
" အတာကလေ စာသင်ရင်တောင် မမကို သတိရနေတာ "
" ဟွန်း အဲဒါတော့ မဖြစ်နိုင် ပါဘူး အဲလိုဆို အတာ စာထဲ စိတ်မရောက်ပဲံ သင်သမျှ နားမလည်ပဲ နေမှာပေါ့ ဟုတ်ဘူးလား "
" အင်းပေါ့ တစ်ခါတစ်လေ စာထဲ စိတ်ဝင်စား ဖို့တောင် မနည်း ကြိုးစားလုပ်ယူ ရတယ်။ "
" အပြောကလည်း ကောင်း၊ အချွဲလဲရ တော်တော်ကြာ မမထပ်ငယ်တဲ့ ကောင်မလေးတွေ နောက်ပါသွားမှ လွမ်းနေရမှာနော် "
" မမကလည်း သူ့ကိုယ်သူများ လူကြိးကျနေတာပဲ အတာထပ် လပိုင်းလေး ကြိးတာကိုများ လူကြိး ပုံစံ ပြောနေတယ်။ "
"ဘယ်ပြောလို့ ရမလဲ ကိုယ်ထပ်ငယ်တဲ့ ချစ်သူ ရထားတဲ့ မိန်းခလေးတွေက စိတ်မချဖြစ်တာ မဆန်းပါဘူး "
" မမလား အတာကို စိတ်မချတာ ရှိတယ်တောင် မထင်ပဲနဲ့များ လူကောင်ကြိး ရှေ့ရောက်မှ သြော်..အတာလို့ သိတဲ့ သူကများ "
" အမလေးနော် ရန်တွေ့လဲ ကောင်းတာပါပဲလား....နော် မမရဲ့ ချစ်ချစ်လေးက "
" မမနော် အတာက တစ်ကယ်ပြော နေတာ တစ်ခါတစ်ခါ မမက အတာကို မချစ်ဖူးလို့ ခံစားရတယ် ဗျ။ "
" ခက်ပါလား အတာရယ် မမက အဲလို တီတီတာတာ ပြောတာမျိုး မလုပ်တက် လို့ပါ။ အဲလို လုပ်ရမှာလဲ နည်းနည်းများ ကလေးဆန် နေမလားလို့လေ "
ကျွန်မရဲ့ ဖြေရှင်း ချက်ကို အတာက လေးလေး နက်နက် တွေးဆ နေသလားပဲ။ အသက်ရွယ် ကြောင့်လား ဖြတ်သန်းရတဲ့ ဘဝ အတွေ့ကြုံ ကြောင့်လား လိုတာထပ် ပိုတည်နေတက်တဲ့ ကျွန်မက အဲလိုပါပဲ။ အလုပ်ထဲမှာလဲ ကျွန်မရဲ့ ဝန်ထမ်း တွေက ကျွန်မလဲ တစ်ခါတစ်လေ ကျွန်မက ရှိသည့် အရွယ်ထပ် ပိုပြိး လူကြိး ဆန်နေတယ် မကြာခဏ ပြောလေ့ ရှိကြတယ်လေ။ တစ်ခါ တစ်လေလဲ ကျွန်မက အလုပ်နဲ့ ပါက်သက်လာရင် အမှားယွင်း နဲအောင်ကြိုးစား နေရင်းနဲ့ မှားတဲ့အခါ ဒေါသကြိး တက်တဲ့သူ ဖြစ်နေ တက်ပြန်တယ်။ အဲလို အချိန်မျိုးနဲ့ တိုက်တိုက် ဆိုင်ဆိုင် အတာ ရောက်လာခဲ့ ရင်တော့ ကျွန်မရဲ့ လက်တလော ဒေါသက အတာ ရောက်လာလို့ သီးသန့် ထိန်းချုပ် ထားနိုင်တာ မျိုးမရှိခဲ့ပဲ တစ်ခါတစ်လေ အတာက ကျွန်မရဲ့ ဒေါသ အဖျားရိုက် ခံရပြန် သေးတယ်။ အဲဒီလို အချိန် မျိုးဆိုရင် အတာက မမ အမြဲ အဆင်ပြေ ပါစေလို့ ကျိတ်ပြိး ဆုတောင်း နေတက်ပါ တယ် တဲ့လေ။
................။.........................
" မမ မမရဲ့ ဘဝမှာ ဘာကို အကြောက်ဆုံး လဲဟင် "
ထူးထူး ဆန်းဆန်း မေးခွန်းတွေ မေးလာတဲ့ အတာကို ကျွန်မ တစ်အံ့ တစ်သြ ကြည့်လိုက်ရင်း
" အင်း ဘာကို အကြောက် ဆုံးလဲ ဆိုတော့ အရိုက်ခံ ရမှာအကြောက်ဆုံး ပဲ။"
" ဟင် မမကလဲ ကလေးမဟုတ် ဘာမဟုတ်နဲ့ အရိုက်ခံ ရမှာ အကြောက် ဆုံးတဲ့ "
ကျွန်မရဲ့ အဖြေကို အတာက မယုံတစ်ဝက်ဖြင့်
" တစ်ကယ်ပြောတာ အတာရဲ့ မမက အရိုက်ခံရမှာ အကြောက်ဆုံးပဲ ဘာလို့လဲ မသိဘူး ငယ်ငယ်တုန်းက အကိုတွေ အမတွေကို အမေရိုက်ရင် မမှာ ကြောက်လို့ နေစရာ မရှိဘူး၊ သူများတွေ အရိုက်ခံ ရလို့ငိုတာ ကြည့်ပြိး မမကပါ ကြောက်ပြိး လိုက်ငိုတာ အရရဲ့။ အမေ ကဆိုလေ နင့်ကိုဘယ်သူ ရိုက်လို့ နင်က ငိုနေတာလဲ တဲ့ အဟီး အဲလိုမမက သတ္တိကောင်းတာ အတာရဲ့ "
" အင်း အဲဒါက ကလေး ဘဝလေမမရဲ့ "
" ဟုတ်တယ်လေ အခုထိလည်း အရိုက်ခံ ရမှာ ကြောက်တယ်။ ငယ်ငယ်ထဲက အရိုက်ခံ ရမဲ့အလုပ် ဆိုဘာမှ မလုပ်ဘူးလေ
လူကြိးဖြစ်တော့ ဘယ်သူက ရိုက်မှာလဲ မမရဲ့ "
" ပြောလို့ ဘယ်ရမလဲ မမက အရိုက်ခံ ရမှာ ဘယ်လို ကြောက်မှန်း မသိတာ အတာရ အိမ်ထောင်တွေ၊ ဘာတွေကျ ရင်လဲ ယောက်ျား အရိုက်ခံ ရမှာ ကြောက်တယ် တစ်ခါတစ်လေ တစ်ချို့ အိမ်ထောင် ရှင်တွေ ပြသနာ ဖြစ်ပြိး အရိုက်ခံရရင် မမလေ နေလို့မရဘူး တအားကြောက်တာ မြင်ရတာနဲ့ တင် "
" အဲဒါဆို အတာက ရိုက်ရင်ရော မမ "
ဘု၇ားရေ ဆိုတဲ့အတွေးနဲ့ ကျွန်မ အတာကို ကြည့်တော့ ပြုံးစိစိ မျက်နှာထားနဲ့ အတာ။
" ရမလား ရိုက်လို့ အဲလိုသာ ဖြစ်ကြည့် မမရဲ့မျက်နှာ နောက်နေ့ အတာတွေ့ ရမယ် ထင်လို့လား နောက်နေ့ တောင်မဟုတ် ပါဘူး ချက်ခြင်း ပျောက်ကွယ် သွားဖို့ များတယ်၊ စိတ်တောင် မကူးနဲ့ အတာ အဲဒါမမ တစ်ကယ် ပြောတာ။ "
" ဟာ မမ ကလည်း အတာက စတာပါ။ ဘာလို့များ အဲလောက် ကလေးဆန် နေရတာတုန်း ပေါက်ပေါက် ရှာရှာ မမပြော လို့အတာက စတာပါမမရဲ့ ကြည့်ပါအုံး မျက်နှာတောင် ပျက်လို့ "
အတာ ကစနေပေမယ့် ကျွန်မလည်း အဲလိုလေး ပြောတာတောင် ဘာလို့ ကြောက်မိ နေတာလဲမသိပါဘူး။ ကိုယ်အရမ်း ကြောက်တဲ့ အရာ မို့များလား လို့တွေးနေမိတယ်။
" ဟောဗျာ မမ အတာစနေတာနော် ငိုတော့မယ့် အတိုင်းပဲ မမကလဲ ကလေးလေး ကျနေတာပဲ "
" အင်း မမလဲ ကြောက်တာ ပြောဆိုလို့ လေအမှန်လဲ အဲဒါပဲ ကြောက်တယ် အတာ ဘယ်လို သွေးထဲ သားထဲက ကြောက်မှန်း မသိဘူး၊ ကြောက်ရလောက် အောင်လဲ တစ်ခါမှ နာနာ ကျင်ကျင် အရိုက်မခံ ရဘူးဖူး။ တွေးကြည့်တာ တောင်မှ အဲလို ကြောက်တယ်။ "
" မမကလည်း အတာက စတာပါနော်၊ အင်း မမကြောက်တာ ကလည်း သူများနဲ့ မတူ ထူးထူးခြားခြား ဟား ဟား.. "
အတာက ကျွန်မကို ကြည့်ပြိး သဘောတကျ အားရပါးရ ရယ်မော နေလိုက်တာ ပီတိ ကလေးငယ် တစ်ယောက် လိုပါပဲလား လို့ကျွန်မ ငေးမော နေမိတယ်။ ဘုရားရေ ကျွန်မ ရင်တွေ ခုန်လို့ပါလား။
....................။....................
အချစ်ဆိုတာ တားမြစ် လို့မရမှန်း ကျွန်မသိလိုက် ရတဲ့အချိန် ကျွန်မ အတာကို ရင်မှနှစ်နှစ် ကာကာ ချစ်မိခဲပြီ ဆိုတာ အသေ အချာပါပဲ။ လာနေကျ အချိန် မရောက်လာရင် ကျွန်မ တစ်ခုခုကို အလိုမကျ စွာနဲ့ စိတ်တွေတို ရန်လိုနေ တက်ပြိလေ။ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ တစ်စုံ တစ်ခု လိုနေသလို ခံစားနေရပြိး ဘာရယ်မဟုတ် မျှော်နေသူ ရောက်လာမှ ဘာရယ်မဟုတ် ရင်က အပူညိမ်း သလိုပါပဲ။ရောက်နေကျ အချိန် ထက်နည်းနည်း နောက်ကျ လာရင်ပဲ အလိုမကျစွာ စိတ်ပူနေတက် ပြန်တယ်။ ချစ်ခြင်းမှာ ကျရှူံး နေပေမယ့် အတာရှေ့ ရောက်ရင်တော့ ကျွန်မက နှုတ်ဆိတ် နေတက်တာ ကျွန်မ ချစ်ကြောင်း အတာ ရိပ်မိ အောင်ဖွင့်ပြော ဖို့မကြိုးစား ခဲ့မိတဲ့ ကျွန်မ။ ကျွန်မဘာ လုပ်လုပ် ကျွန်မကို အပြုံး မပျက် နားလည် ခွင့်လွတ် ပေးတဲ့ အတာ။
သင်္ကြန် ချိန်နီးနေ ပြီမို့ သင်္ကြန် တေးသံ တွေက နေရာတိုင်း လိုလို မြူးမြူး ကြွကြွ။ နွေရာသီနဲ့ အပြိုင် တေးသီချင်း တွေမြိုင်ဆိုင် တာမို့ မိဘရပ်ထံ ပြန်သူ ကပြန်။ သင်္ကြန်အတွက် ပြင်ဆင် ကြလို့ ရောင်းသူ ဝယ်သူတွေလဲ စည်ကားလို့ပေါ့။ ကျွန်မနဲ့ အတူ သူငယ်ချင်းတွေ ရော သင်္ကြန်အတွက် ရင်ခုန်စောင့် မောနေကြတဲ့ သင်္ကြန်။
" အတာ တော့လေ ဒီနှစ်သင်္ကြန် မမနဲ့လည်ရမှာမို့ အရမ်းပျော်တယ် မမရဲ့ အဟီး အတာ တစ်ခါမှ သင်္ကြန်မလည် ဘူးဖူးမမ ဒီနှစ်တော့ မမနဲ့ ပထမဆုံးလည် ဖြစ်တာလေ။ "
" အင်း မမတော့ သူငယ်ချင်းတွေနဲ့ နှစ်တိုင်း လည်နေကြ အတာရဲ့ အခုက ဝန်ထမ်းတွေ ကိုရော တစ်ရက်လောက် ကားစီစဉ် ပေးဖို့ စဉ်းစားမိ တာနဲ့ ဒီနှစ် အတွက် လည်ရက် နှစ်ရက် ဖြစ်သွားတာ အတာရဲ့ အင်းပျော်ဖို့ ကောင်းမယ်ထင်တယ်။ "
" အကြိုနေ့တော့ မလည်ဘူး အဲဒီနေ့ ကျရင် မုန့်လုံးရေ ပေါ်ကြွေးဖို့ စီစဉ် ထားတယ် မနက်ပိုင်း အစောကြီး ဖြစ်မယ်။ ပြိးရင် ညနေပိုင်း ကျရင် မုန့်လက်ဆောင်း အော်ဒါ မှာပြိး အကြိုနေ့ တစ်ရက်ထဲ မနက်နဲ့ ညအလှူ စုလုပ်ဖို့ တိုင်ပင်ထားတယ်။ အကျနေ့ မဏ္ဌပ် ထိုင်မယ်လေ။ အကျတ်နေ့နဲ့ အတက်နေ့ နှစ်ရက် လည်ကြမယ်။ "
" အခုတောင် အတာရင် တွေခုန်နေတယ် မမရယ်။ "
" အတာက ကလေးလိုပဲ နော် တစ်ခါတစ်ခါ လူကြိးလိုမျိုး အလုပ်ကြိးကြိး တွေလုပ်နေပြီး မထင်ရဘူးနော် "
" အတာက မမ တစ်ယောက်ထဲ အတွက်ဆို ကလေးလဲ ဟုတ်တယ်၊ မမကို ဘဝနဲ့ ကာကွယ်ပြိး ရပ်တည် ပေးမယ့် လူကြိး တစ်ယောက် ဆိုလည်း မမှားဘူး။ အတာ ဘဝမှာ အမြဲ မမက ပထမပဲ သိရဲ့လား မမရဲ့။ "
" ဟုတ်ပါပြီရှင် အဲလိုနဲ့ပဲ အပြောကောင်း တဲ့အတာဘေးမှာ ကောင်မလေး တွေဝိုင်းနေတော့ မှာပါပဲ။ "
" မမနော် လျှောက်ပြော ပြန်ပြီ မဟုတ်တာတွေ အတာမှာ မမတစ်ယောက် ထဲရှိတာ "
" အင်းပါ အင်းပါ အတာရယ် မမက စနေတာပါ တစ်ကယ်ထဲနော်.....ဟွန့်.."
တစ်ခါ တစ်လေတော့လဲ ဘာမဟုတ်တဲ့ အကြောင်းရာ လေးတွေပေါ် ငြင်းခုန်ကြရင်း ပျော်ရွင် ကြည်နူး စရာ အချိန်လေးများ နဲ့အတူ ရယ်မော ပျော်ရွင် ကြရတယ်လေ။ ကျွန်မ ဘဝမှာ ကံအကောင်း ဆုံးလို့ လက်ညိုး ထိုးပြစရာ တစ်ခု အနေနဲ့ဆို အတာရဲ့ အချစ်ကို အပြည့်အဝ ရရှိခဲ့ခြင်းက ကျွန်မ အတွက် အရမ်းကံ ထူးတဲ့ လက်ဆောင် တစ်ခုပါ။
......................။........................
သင်္ကြန်အကြိုနေ့

ဆူညံ နေကြတဲ့ သူငယ်ချင်းတွေ ကြားမှာ အတာက အနေရ ခက်စွာ ကျွန်မကို ကလေး တစ်ယောက်လို မျက်စိအောက် ကအပျောက်မခံပဲ တစ်ကောက်ကောက် ကျွန်မ သွားရာ လိုက်လို့။ ကျွန်မရဲ့ သူငယ်ချင်းတွေ ကလည်း အစနောက် သန်သန် တွေမို့ အတာက မနေတက် စွာ အရှက်သဲ နေလေ သူငယ်ချင်း တွေက စနောက်ကြ လေလေမို့ တစ်ဖွဲလုံး အလကားနေရင်း တစ်ဝေါဝေါ အဖွဲကျရီမော နေခဲ့ရတယ်။မုန့်လုံးရေ ပေါ်လုံးသူလုံး၊ ဝေသူဝေနဲ့ တက်ညီလက်ညီနဲ့ တစ်ကယ်ကို ပျော်စရာ ပွဲလေး။ လူငယ်တွေကြိးပဲ စုပေါင်းလုပ် ကြတာမို့ လွတ်လွတ် လပ်လပ်နဲ့ ပျော်စ၇ာ အတိ ကောင်းတဲ့ ရက်လေး တစ်ရက် အဖြစ်နဲ့ပေါ့။ ညနေပိုင်း ကျတော့ မုန့်လက်ဆောင် မို့အလုပ် မရှုပ်သလို ခဏလေးနဲ့ ကုန်သွားတော့ သူငယ်ချင်း တစ်အုပ်ကြိး တစ်ဦးနဲ့ တစ်ဦး အပြန်လှန် နောက်ပြောင် ကျီစယ်ကြရင်း လှပသော သင်္ကြန်အကြိုနေ့ကို ပျော်ပျော် ရွင်ရွင် ဖြတ်သန်းလို့ပေါ့။

သင်္ကြန်အကျနေ့

ကြက်ပျံမကျ စည်ကားလှတဲ့ အင်ယားလမ်းမှာ (၆)နာရီ မထိုးသေးဘူး စီတန်းနေ သောရေပက်ခံ ကားတွေက အစီအရီ။ လမ်းလျှောက်သူ တွေကလဲ တစ်ပုံတစ်ပင်၊ သံစဉ်အောက်မှာ ကွေးနေအောင် ကနေကြတဲ့ လူထုတွေ ဒုနဲ့ဒေး။ ပျော်ကြ ပါးကြ လွတ်လွတ် လပ်လပ်။ လူတွေ ပျော်နေတဲ့ အပျော်တွေ ကြောင့် ကြည့်ရသူတွေမှာလဲ အပျော်တွေ ကူးလာရသလို။ တစ်နှစ်တစ်ခါ ပွဲတော်မို့ ဒီနေရာ ဒီဒေသမှာ လူကြိးလူငယ် မရွေး၊ ပျော်နေလိုက် ကြတဲ့မြင်ကွင်း၊ သံစဉ်တွေ ကြားမှာ သူပြိုင် ကိုယ်ပြိုင် ကပွဲတွေ နွဲနေကြ မြင်ကွင်း၊ နှစ်စဉ် နှစ်တိုင်း ဆိုပေမယ့် ဘယ်တော့မှ မရီုးသွားတဲ့ တေးသားတွေ နဲ့အတူ။

သင်္ကြန်အကျတ်နေ့

(၇)နာရီ ကားစထွက်မယ် ဆိုလို့ လူစုံသလောက် ရှိနေပြီ။ ဆူညံနေတဲ့ ကားပေါ်က သူငယ်ချင်းတွေ နဲ့အတူ ကျွန်မ အတာလာ မယ့်လမ်းကို မျှော်ကြည့် နေရင်း အမြဲတမ်း နောက်မကျတဲ့ အတာ။ ဒီနေ့မှ နောက်ကျ တယ်လို့ တွေးနေမိ ရင်း။
" ဟော ဟိုမှာ အတာနဲ့ အတူနေတဲ့ သူ့အဆောင်က သူငယ်ချင်း မလား ကဗျာ "
သူငယ်ချင်း မလေးပြရာသို့ လှမ်းမျှော်ကြည့်တော့ ဟုတ်ပါရဲ့ အတာရဲ့ အခန်းဖော် သူငယ်ချင်း။
" တစ်ယောက်ထဲ ပါလား.. အတာရော "
" ကဗျာ နင့်လူက ငါတို့ကို ကြောက်သွား လို့များလား "
" မဟုတ်ပါဘူး အတာကလား အဲလို လုပ်မှာ "
ကျွန်မ သူငယ်ချင်းကို အတာကိုယ်စား ကာကွယ် ပြောပေးရင်း အတာရဲ့ သူငယ်ချင်း ကိုပြုံးပြရင်း
" အတာရော ကိုအောင်ကျော် "
ကျွန်မရဲ့ အမေးကို ကိုအောင်ကျော်က မျက်စိ မျက်နှာပျက်လို့။ ကျွန်မရင် ခုန်သံ တွေထိပ်ထိပ်နဲ့။
" အတာ.... ဆုံးပြီ မကဗျာ "
" ရှင်.... "
" ဟုတ်တယ် မကဗျာ ကျွန်တော်ညက တစ်ညလုံး ဆေးရုံမှာ အတာ အခြေနေ စိုးရိမ်ရလို့လေ။ နယ်က သူအိမ်ကိုလဲ ညတွင်းချင်း ဖုန်းဆက် ခေါ်ထားတာ လာဖို့ အဆင်ပြေ ပါ့မလား မသိဘူး။ လူမှားပြိး ရိုက်ခံရတာလေ။ သူအခြေနေ တော်တော် စိုးရိမ် ရတယ် မကဗျာ။ ခေါင်းကို အုတ်ခဲ ကျိုးနဲ့ အရိုက်ခံရတာ ခေါင်းက မကွဲပဲ အုတ်ခဲကျိုးစ ခေါင်းထဲမှာ စိုက်ဝင်ပြိး ဦးနှောက်ထဲ သွေးခဲပြီး အခုမနက် (၄)နာရီ မှာပဲ ဆုံး သွားတာ. "
" မဟုတ်ဘူး မဖြစ်နိုင်ဘူး ရှင်ညာနေတာ မဟုတ်က ဟုတ်ကတွေ မိုးမလင်းသေးဘူး လာပြောနေတာ ရှင် ဒီလိုစကား မျိုး နောက်စရာလား ဘယ်သူ ညာခိုင်းတာလဲ အတာကလား အခု အတာ ဘယ်မှာလဲ "
" ကဗျာ...စိတ်ထိန်းလေ.. မဟုတ်တာတွေ သူများကို ရန်တွေ့နေရလား "
" မကဗျာရယ် ဒီစကားက အစ အနောက် သာ ဖြစ်လိုက်ပါတော့ ဗျာ ကျွန်တော်လဲ ..... "
ပြောလည်းပြော ငိုလည်း ငိုချလိုက်တဲ့ ကိုအောင်ကျော် ကို ကြည့်ပြီး ဆို့နင့်ကြေကွဲ စွာ ကျွန်မလောက ကြိးနဲ့ အဆက်သွယ် ပြတ်သွားခဲ့တယ်။
..............။....................
ဆုံးရှူံးပြီ ဆိုတဲ့ အသိ တစ်ခု နဲ့အတူ ကျွန်မရင်မှာ နာကျင်မှု တွေနဲ့အတူ ခံစားချက် တွေကြောင့် ထင်ပါရဲ့ အသဲက တစ်စစ်စစ် နာတယ်။ မယုံကြည်နိုင်ဘူး အတာ။ ကျွန်မ အတွက်ဆို အငြင်း စကားမရှိ ခဲ့တဲ့သူ။ ဘာပဲ ဖြစ်ဖြစ် ကျွန်မ ဆန္ဒ တစ်ခု ကိုပဲ ရှေ့တန်းတင် စဉ်းစားတက်တဲ့ အတာ။ ကျွန်မ စိတ်ဆိုးရင် နေစရာ မရှိအောင် ဗျာများနေ တက်ပြိး စိတ်ဆိုး ပြေသွားရင် တော့ "စိတ်ကြိး လိုက်တာ မမရယ် "လို့ မသက်မသာ ရေရွတ်နေတက် တဲ့အတာ။ "မမ သဘော၊ မမသဘော "လို့ အမြဲ အလျှော့ပေး ဆက်ဆံပြိး မလိုအပ်ပဲ စကားမဆို တက်တဲ့ ရိုးသား သိမ်မွေ့မှု တွေနဲ့ ကျွန်မရဲ့ အတာ တစ်ယောက် အခုတော့ .. ကျွန်မရဲ့ အဝေး ဆုံးတစ်နေရာ ရောက်နေ လောက်ရောပေါ့လေ။
မမျှော်လင့်ပဲ ရုတ်တရက် ဘဝထဲက ပျောက်ကွယ် သွားတဲ့ အတာ။ ကျွန်မအတွက် မမေ့နိုင်ခြင်း များစွာနဲ့ အမှတ်တရ တွေဖန်တီး မရှိတော့ဘူး ဆိုမှ အတာနဲ့ ပက်သတ် သမျှတွေဟာ နေရာတိုင်း အချိန်တိုင်း အစီအရီ ရှိနေလို့။ " မမက အတာကို မချစ်ဖူး "ရယ်လို့ စွပ်စွဲ ချက်တွေနဲ့ အတာစွပ်စွဲ ခဲ့သမျှ ခုတော့ အဲဒီပြစ်ဒဏ် တွေအတွက် တစ်ဘဝစာ ကြေကွဲဖွယ် အမှတ်တရ တွေဖန်တီးပြိး ကျွန်မ အတွက် လွမ်းမောဖွယ် ရာတွေ ဖန်တီးစေခဲ့ တာလား အတာ။ ဘယ်နေရာ ပဲရောက်ရောက် " မမရေ " လို့များ ခေါ်လိုက် လေသလားလို့ ကြားယောင် နေမိဆဲပဲ အတာ။ သွားနှင့်သူက သွားနိုင်ပေမယ့် ကျန်ခဲ့သူက မခံစားနိုင်တဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေ ၊လွမ်းမောဖွယ် အဖြစ်တွေ၊ များစွာသော အမှတ်တရ တွေနဲ့ အတာ ထားခဲ့တဲ့ အတိုင်း ကျန်ရစ်ခဲ့တယ် ဆိုတာ အတာသိပါလေစ။
နေရာအနှံ ဘယ်နေရာပဲ ကြည့်ကြည့် အတာရဲ့ အရိပ်တွေနဲ့ ပြည့်လို့နေတယ်။ ဘယ်လောက်ပဲ အရေးကြိးကြီ " မမနဲ့ ခဏလေး တွေ့မှ" ဆိုတဲ့ သတိတရလေးတွေ။ " မမက အတာလုပ်ရင် ကြိုက်မှာ မှမဟုတ်တာ " ဆိုတဲ့ ရှောင်ကြင်မှုလေးတွေ ။အရာအားလုံး မနေ့က လိုပါပဲ အတာ။" မမကလေ အတာကိုဆို အနိုင်ကျင့်တယ် တစ်ခါမှလည်း အလျှော့ မပေးဘူး အတာက ငယ်လဲ ငယ်တယ် အလျှော့ပေးရတာနဲ့ နားလည်ပေးရတာနဲ့ မမနော် "လို့အပြစ်တင် တက်တာလေးတွေ ကျွန်မရင်ထဲ အစီရီ ပါပဲ။ မမအတွက် ဆိုပြိး ယောက်ျားလေး ပေမယ့် သိုးမွေးထိုး တက်တဲ့ အတာက အမှတ်တရ ထိုးပေးတဲ့ ဆွယ်တာလေး တစ်ထည် မွေးနေ့ လက်ဆောင်ပေး တုန်းက ကျွန်မမှာ အံ့သြ လွန်းစွာ။" မေမေက သိုးမွေးထိုး သိပ်တော်တာ မမရဲ့ အတာလဲ ကျောင်းပိတ်ရက် လိုက်သင်ရင်း ထိုးတက်နေတာ မမအတွက် ကိုယ်တိုင် ထိုးပေးတာ" လို့ပြောပြိး အရုပ်လေးတွေနဲ့ အလှဆင် ထိုးထားတဲ့ သိုးမွေး ဆွယ်တာလေး ကအခုတော့ အတာကိုယ်စား ကျွန်မရဲ့ ဘေးမှာ အချိန်ပြည့် ရှိနေခဲ့ရပြီလေ။

ဟိုအရင် သင်္ကြန်ဆို ရင်ခုန် ကြည်နူးရသလောက် ခုတော့ သီချင်းသံ တွေကြားတိုင်း အဟောင်းတွေ အသစ်ဖြစ် ကျွန်မငိုနေ ရပြီ အတာရေ။ "မမနဲ့ လည်ရမှာမို့ အတာတော့ အရမ်းပျော်တယ် မမရယ် အတာ သင်္ကြန်မလည်ဘူဖူး မမရဲ့ "လို့ ကလေးတစ်ယောက်လို ဝမ်းသာ အားရပြော ပြတက်တဲ့ အတာ။" ဖြူစင်တဲ့ စိတ်ထားနဲ့ လောကကြိးက လူတွေအားလုံးကို အလျှော့ပေးဖို့ မွေးဖွားခဲ့ တာလား" လို့ ကျွန်မရဲ့ အမေးကို ပြုံးပြိး "မမက အတာအတွက် အဓိက အလျှော့ ပေးရမယ့် သူပါ "တဲ့၊ " အနိုင်လိုချင်တဲ့ မမအတွက် အတာဘဝ တစ်လျှောက်လုံး အလျှော့ပေး အလိုလိုက် ချစ်ပါ့မယ်" ဆိုပြိး လမ်းခုလတ်မှာပဲ အနိုင်ပိုင်း သွားခဲ့တာလား အတာ။ အတာရေ အဟောင်းတွေ ပြစ်လို့ အသစ်ပြန်စတဲ့ ရာသီမှာ ချန်ရစ် သွားခဲ့လို့ အဟောင်းတွေက အဟောင်းမှာ မကျန်ပဲ အသစ်ပြီး အသစ် ဖြစ်ရတဲ့ အကြောင်း အတာ သိအောင် ပြောပြ ချင်ပါတယ်။ လွမ်းတယ် ဆိုတာထပ် ကြေကွဲ ရတယ် အတာ။ ရင်ထဲက ဒဏ်ရာတွေက မဟောင်းပဲ အသစ်တဖန် လွမ်းနေရတဲ့ ကျွန်မရင်ထဲ ကအလွမ်းတွေ အကြောင်းသာ အတာ တစ်ယောက် သိခဲ့မယ် ဆိုရင်......။။။






12 comments:

အရမ်ကောင်းပါတယ် ညီမရေ။ခံစားအားပေးသွားပါတယ်။
ပျော်ရွှင်ပါစေနော်...
လေးစားလျှက်
ရာဇာ(ကျေးလက်သားလေး)

လွမ်းမောဖွယ်ဇာတ်လမ်းလေးကို ဖတ်ရှုခံစားသွားပါတယ်..

အဖက်ဖက်က ထောင့်စုံအောင်ကို စဉ်းစားရေးထားတာပဲ။
အားထုတ်မှုရော ၊ ရေးထားမှုကိုရော လေးစားပါတယ် ညီမရေ။

ဇာတ်လမ်းလေးက ကြည်နူးစရာ လွမ်းမောစရာ အတိနဲ့ပါလားကွယ်..

စိတ်မကောင်းစရာဘဲ...
တကယ့်အဖြစ်အပျက်လားညီမ?

အင်း...
မဆိုးပါဘူး၊ တိုတိုနဲ့ ထိထိမိမိဖြစ်အောင် ရေးထားတယ်။
ရေးတဲ့  ဖွဲ့ တဲ့ အားကောင်းတယ်။

ဇာတ်လမ်းလေးဖတ်ပြီး ဘယ်လိုခံစားရမှန်းတောင်မသိဘူး
စိတ်မကောင်းဖြစ်မိတယ်.. ချစ်ပြီးမှ သေကွဲခွဲရတာ ရင်နာဖို့ကောင်းလိုက်တာ
အရေးကောင်းတော့ ဇာတ်လမ်းနောက်ကို လူကမျှောပြီး ပါသွားတယ်..

ဖတ်သွားတယ်.. ဒေါ်လေးရေ... အတာနဲ့ မမတို့က အဟွင်းဟွင်း.. အားကျထှာ

ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းလေးပါလား ချောပြောသလို ချစ်ပြီးမှ သေကွဲခွဲရတာ ရင်နာဖို့ကောင်းလိုက်တာ...အချိန်တိုအတွင်းမှာပဲ တိုးတက်လာတဲ့ အရေးအသားတွေကို လေးစားမိပါတယ် ညီမလေးရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

လွမ်းစရာကြီးပါလား ....

အရိုက်ခံရမှာ ကြောက်တတ်တဲ့ ၊ အားရပါးရ ရယ်မောခဲ့တဲ့ အတာလေးကို ကြည့်ပြီးမှ ချစ်သွားခဲ့သော ချစ်ညီမလေးရေ အတာလေးကို ဘယ်သူကများ ဒီလို လုပ်ရက်ပါလိမ့်ကွယ်။ စိတ်ထဲ မကောင်းလိုက်တာကွယ်။ ကြေကွဲဖို့ကောင်းတယ်နော်။

ခင်မင်လေးစားလျက်

ငိုချင်တယ်ဗျာ
အဲလိုတော့ ဖြစ်ချင်ဘူး
:(

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More