http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Monday, January 17, 2011

အတိတ်ရဲ့ခြေရာ

အရာ အားလုံး
နားလည်ပေးနေတဲ့သူကို
ခွင့်လွတ်ပေးဖို့ မတောင်းဆိုပါနဲ့တော့
ငါ့ အတွက် ဆိုတာ ဘာမှမကျန်ခဲ့အောင် နင့်အတွက်ပဲ ချစ်ခဲ့လို့ပါ...။

မလာနိုင်ပြီဖြစ်တဲ့
အလွတ်ရနေတဲ့နင့်မွေးနေ့ရယ်
နာကျင်ကြေကွဲနေရတဲ့တမ်းတစိတ်တွေနဲ့
လွမ်းမောဖွယ်အတိတ်တွေကို ...ငါမျက်ကွယ်ပြုလိုက်ချင်ပါပြီ.....။

မတွေးချင်တော့တဲ့
အကြောင်းအရာတွေအတူ
နောက်ကြောင်းလည်းပြန်လှည့်ချင်တော့သလို
ဆုံးဖြတ်ပြိးရင်မပြင်တက်တဲ့ငါ့အကျင့်ကြောင့်  နာကျင်နေပေမယ့် ငါကျေနပ်တယ်....။

မပြိးဆုံးခဲ့တဲ့
ပန်ချီကားတစ်ချပ်ဆိုပေမယ့်
ဘယ်အချိန်ပဲကြည့်ကြည့် အဓိပ္ပါယ်ရှိနေဆဲမို့
အရောင်တွေပျယ် ဆေးတွေမှိန်ပြိး ဖြူလျှော့လျှော့ဖြစ်နေပေမယ့် အသက်ဝင်နေဆဲပါပဲ....

Written By Anglehlaing

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More