http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, January 14, 2011

ရင်ထဲကလှိုင်း(ကိုယ်တိုင်ရေးဝထ္ထု)

တစ်သိမ့်သိမ့်ရှိုက်ငိုနေသော သူငယ်ချင်းမလေးနွေးကို ကြည့်ပြီး နှစ်သိမ့်ပေးဖို့ စကားလုံးတွေဆွံ့အနေခဲ့ရတဲ့လှိုင်း။
နွေးရဲ့နောက်ကျောမှ အသာယာ ထွေးပိုက်ပြီး အားပေးဖို့ စကားလုံးတွေ ရှာမတွေ့နိုင်သလို လှိုင်းကိုယ်တိုင်လည်း မျက်
ရည်လွယ်သူမို့ မျက်ဝန်းမှာဝေ့ဝိုင်းလာတဲ့ မျက်ရည်စတွေကို နွေးမသိအောင် ပုတ်ခက်ရင်း...နွေးရဲ့ကျောပြင် လေးကို
အသာယာထွေးပိုက် နေမိတယ်..။နှစ်သိမ့်ပေးချင်သူရဲ့ ဆန္ဒတွေဟာအရာမဝင်ပေမယ့် လှိုင်းရင်ထဲက ကြေကွဲမှုတွေ
ကို နွေးတစ်ယောက် နားလည်မှာပါလို့ တွေးရင်း လှိုင်းကိုအားကိုးတစ်ကြီးဖက်ထားတဲ့ နွေးရဲ့ခန္ဒကိုယ်လေးအားခပ်တင်း
တင်းပြန်လည်ထွေးဖက်မိရင်း...။
.......................................။.................................

နွေးနဲ့လှိုင်းဟာ ငယ်သူငယ်ချင်းတွေဖြစ်သလို တစ်ရပ်ကွပ်ထဲနေကြသူတွေမို့ အမြဲတမ်းသွားအတူတူလာတူတူနဲ့ အရမ်း
လည်းချစ်ကြတဲ့သူငယ်ချင်းတွေပါ..။နွေးက အသားဖြူဖြူ၊ဆံပင်ရှည်ရှည် သေးသေးသွယ်သွယ်မို့ လှိုင်းနဲ့ယှဉ်ရင် အရပ်
နည်းနည်းပုတယ်ဆိုပေမယ့် မိန်းမချောလေးနွေးကတစ်ကယ်ကိုလူချစ်လူခင်ပေါများသူလေးပါ...။ကျောင်းတက်စဉ်ကာလ
တစ်လျှောက်လုံးလည်း ထင်ပေါ်တဲ့နွေးကြောင့် ဘာမဆိုင်ညာမဆိုင် လှိုင်းကပါ အလိုလို နာမည်ကြိးခဲ့ရသေးတယ်..။ချစ်
သူတွေဝိုင်းဝိုင်းလည်ခဲ့သူနွေးတစ်ယောက် စိတ်ကြိုက်ရှာမတွေ့သလို သူရင်ခုန်ရမယ့်မတွေ့လို့ဆိုပြိးကြေးကခပ်များများ
ဝိုင်းဝန်းပိုးပန်းသူတွေကို ကြံကြံဖန်ဖန် အပြစ်တင် ပြောဆိုတက်သူလေးပါ..။နွေးကပြည့်စုံတဲ့မိသားစုကဖြစ်သလိုမောင်နှမ
နှစ်ယောက်ထဲရှိတဲ့ နွေးက လှိုင်းကိုဆို အရမ်းလည်းဆိုး အရမ်းလည်းတွယ်တာသူလေးပါ..။စားစရာအသစ်အဆန်းဆိုရင်
လည်းလှိုင်းအိမ်ကို မရောက်ရောက်အောင်လာပို့ရင်ပို့ မပို့ရင် လှိုင်းကို အလည်ခေါ်ပြိး တသိတရခေါ်ကြွေးတက်သူလေး
ပါ။

သွားသွားစားစား၊မခွဲအတူဆိုပေမယ့် ကျောင်းပြီးသွားတော့ နွေးရဲ့အကိုကြိးက ကိုယ်ပိုင်စီးပွားရေးလုပချင်တဲ့် နွေးအတွက် အလှဖန်တီးတာဝါသနာခံရှိတဲ့နွေးကို သင်တန်းတွေတက်စေပြီး သင်တန်းလည်းပြိးရော ကိုယ်ပိုင်
ဗြူတီပါလာဆိုင်နဲ့အတူ အလှကုန်ပစ္စည်း စတိုးဆိုင်လေးပါ တွဲဖွင့်ပေးတော့ ဝါသနာပါတဲ့ နွေးရဲ့အစဉ်တစ်စိုက်
ကြိုးစားမှုအောက်မှာ တစ်ဖြည်းဖြည်းနာမည်ရလာခဲ့တယ်လေ..။တစ်ကယ်ဆို ကျောင်းပြိးကတည်းက ဟိုယောင်
ယောင်ဒီယောင်နဲ့ နွေးရဲ့ဆိုင်မှာ အချိန်တော်တော် ကြာလှိုင်းလည်း ကူညီပေးခဲ့ဘူးလို့ နွေးရဲ့အောင်မြင်စပြုနေတဲ့
စီးပွားရေးလုပ်ငန်းလေးကို အားကျရင်း နွေးတို့လို ငွေကြေးအလုံအလောက်မရှိတဲ့လှိုင်းတို့အဖို့ ဘဝအတွက် ရုန်း
ကန်ဖို့ရာ နိုင်ငံခြားကို အလုပ်ထွက်လုပ်မှပဲ ဖြစ်နိုင်မှာမို့ သင်တန်းလေးတွေရှာဖွေတက်ရင်း လှိုင်းချစ်တဲ့ မိသားစုနဲ့
အတူ ချစ်ရတဲ့သူငယ်ချင်း နွေးကိပဲါခွဲခွာခဲ့ရတယ်လေ..။

အဝေးရောက်နေပေမယ့် ချစ်ရတဲ့နွေးနဲ့အဆက်သွယ်မပြတ်ခဲ့ပါဘူး..။မကြာခဏ ဖုန်းပြောဖြစ်သလို အပြန်အလှန်
အတွေ့အကြုံလေးတွေ ဝေမျှရင်း တစ်နှစ်လောက်ကြာတော့ လှိုင်း ဆီက ရင်ခုန်ရတဲ့သူတွေနေပြီဆိုတဲ့ သတင်းနဲ့
အတူ ရေပက်မဝင်အောင် အမြဲပြောတဲ့ ချီးမွန်းစကားတွေနဲ့အတူ နွေးကြောင့် သူငယ်ချင်းအတွက် လှိုင်းမှာ ပီတိ
ဖြစ်ခဲ့ရတယ်...။အမြဲလိုလို ဆုံဖြစ်တိုင်းလည်း တဖွဖွပြောတက်တဲ့ နွေး ကြောင့်လည်း နွေးရဲ့ချစ်သူဆိုတဲ့သူအ
ကြောင်းလှိုင်းမှာ အလွတ်ကို ရနေပါရောလေ...။

သက်တမ်းပြည့်လို့ လှိုင်းမြန်မာပြည်ပြန်ရတော့မယ်ဆိုတဲ့အကြောင်း ဝမ်းသာအားရနွေးဆီဖုန်းဆက်တော့ နွေး
တစ်ယောက်ဆေးရုံတင်ထားရတယ်ဆိုတော့ လှိုင်းစိတ်တွေပူလိုက်ရတယ်....နောက်နှစ်ရက်လောက်ဆို ဆေးရုံ
ကဆင်းရမယ်ဆိုတဲ့အကြောင်းနဲ့ နွေးသက်သာနေပြီလို့နွေးရဲ့မိခင်ဖြစ်သူက စိတ်မပူဖို့ ပြောတာတောင် လှိုင်း
မှာတော့ နွေးဆေးရုံကဆင်းလာဖို့ရက်ကိုစောင့်ရတာ ပင်ပန်းရပါဘိနဲ့နော်...။အားရဝမ်းသာ နွေးဆေးရုံက ဆင်း
တဲ့နေ့ လှိုင်းဖုန်းဆက်တော့ ..နွေးတစ်ယောက် စကားတော်တော်နဲ့မပြောပဲ ငိုနေလိုက်တာ...နွေးရဲ့ချစ်သူက
လမ်းခွဲခဲ့လို့ပါတဲ့လေ...။

ဘယ်လိုလူမျိုးလဲဆိုတာ သေချာမသိရပေမယ့် နွေးပြောသလောက်ဆို ဘာအပြစ်မှမယ်မယ်ရာရာမရှိပဲ နွေးကို
ထားခဲ့တဲ့လူကို လှိုင်းအမှုန့်ခြေပစ်ချင်လောက်အောင်မုန်းပါတယ်..။ဘယ်လိုပဲ ကြည့်ကြည့် နွေးလို မိန်းခလေး
တစ်ယောက်ကို ထားခဲ့နိုင်တဲ့ အဲဒီလူကိုလည်း အံသြမိပါတယ်..။ရုပ်ရည်၊ပညာ၊ငွေကြေးအဆင့်အတန်း ပြည့်
စုံတဲ့ နွေးကိုမှ ဘာအတွက်များ ထားသွားနိုင်တာပါလိမ့်လို့ တွေးရင်း ဒေါသတွေတစ်လိမ့်လိမ့်တက်ခဲ့ရတယ်..။
အဲဒီလူကောင်းမှု ကြောင့် လှိုင်းပြ့န်လာမယ့်ရက် နွေးတစ်ကြောင့် ကျန်းမာရေးမကောင်းလို့ လာမကြိုနိုင် ခဲ့ဘူး
လေ..။အမျှော်လင့်ကြိးမျှော်လင့်ခဲ့ရတဲ့ အပျော်လေးတွေ အဲဒီလူကြောင့်ပဲ ပျက်စီးခဲ့ရတယ်လေ...။

ဘာရယ်လို့ အကြောင်းပြချမယ်မယ်ရာရာမပြနိုင်ခဲ့ပဲ  လမ်းခွဲစို့လို့ ပြောခဲ့တယ်ဆိုတဲ့ နွေးရဲ့ချစ်သူ။
ရင်ခုန်သံ တွေကို မညာချင်ဘူးနွေးရယ်တဲ့ ...နွေးကို ကိုယ်ဘဝရဲ့လက်တွဲဖော်အဖြစ် ဘဝတစ်သက်တာ
လက်တွဲဖို့ မဖြစ်လို့ပါတဲ့...ပြီးတော့နွေးက အမှန်တစ်ကယ် ချစ်ဖို့ကောင်းပြီး အဖက်ဖက်ကပြည့်စုံတဲ့
မိန်းခလေးပါတဲ့....အဲဒီလိုတွေပြောပြီးလမ်းခွဲသွားတဲ့နွေးချစ်သူ...။

..........................။........................................

ခွဲခွာနေတာ(၃)နှစ်ရှိပြီဖြစ်တဲ့ လှိုင်းကို ချစ်ရတဲ့သူငယ်ချင်းမလေး လာမကြိုပေမယ့် မျှော်လင့်စောင့်ဆိုင်း
နေမယ့် လှိုင်းရဲ့ခွဲခွာနေရတာကြာပြီဖြစ်တဲ့မိသားစုတွေ နဲ့ ပြန်လည်ဆုံတွေ့ရမှာမို့လှိုင်း တစ်ယောက်
အဆမတန် ရင်ခုန်နေခဲ့ရတယ်..။အင်းဒီလိုအချိန်လေး ချစ်ရတဲ့ နွေးသာ လာကြိုခဲ့မယ်ဆိုရင် လှိုင်း
ပိုပျော်မိမှာလို့ တွေးရင်း နွေးနေမကောင်းဖြစ်အောင်လုပ်တဲ့လူကို ဘာရယ်မဟုတ် အသံတိတ်မေတ္တာပို့
နေမိတဲ့လှိုင်း..။

လေယဉ်ပေါ်ကဆင်းပြီး အကောက်ခွန်းဌာနကိုအဝင်   နိုင်ငံသားများသာဆိုသော ဝင်ပေါက်မှာ လှိုင်းတစ်
ယောက်ဝင်တန်းစီရင်း မျက်လုံးမှလည်း ကြိုနေမယ့် မိသားစုကိုရှာဖွေနေမိတယ်....လေ..။များပြားလှတဲ့
လူအုပ်ထဲမှာ အသဲသန်ရှာဖွေရင်း.....

ဟော....

တွေ့ပါပြီ..။မှန်တွေခြားထားတဲ့ အပြင်မှာ လှိုင်းကို လာကြိုနေတဲ့ မိသားစု.။လှိုက်ခနဲ ခုန်လာတဲ့ပီတိ၊။
အသာယာလက်လှမ်းပြရင်း...

စောရီးနော်...ကိုယ်.....

အသံရော နောက်ကနေဆက်ခနဲ တွန်းလိုက်သလိုကြောင့် လှိုင်ခန္ဒကိုယ်လေး..ရှေ့ကိုတော်တော်လေး ငိုက်
ကျသွားရတယ်။အသာယာကိုယ်ကိုပြန်လည်မတ်ရင်း အသံရှင် ကို လှိုင်းလှည့်အကြည့်
အားပါးပါး နည်းတဲ့အရပ်ကြိးပါလား...လို့တွေးရင်း နေကာမျက်မှန်ကို ဟန်ပါပါတပ်ထားတဲ့လူတစ်ယောက်..။
ချောမောပြေပြစ်တယ်ဆိုတာထပ် ယောက်ျားဆန်ဆန် တည်ငြိမ်ဟန်အပြည့် သူ့ဟန်ပန်ကြောင့် လှိုင်းရဲ့
နှုတ်ခမ်းတွေက သူကိုကြည့်ပြိးပြုံးမိရက်သားဖြစ်နေခဲ့တယ်..။လှိုင်းရဲ့အပြုံးကို သဘောကျသလို သူကလည်း
ခေါင်းဆတ်ခနဲ့ငြိမ့်ပြိးအသိမှတ်ပြုတော့  ဘာရယ်မဟုတ်ပဲ လှုင်းတစ်ယောက်ရှက်သွေးဖျာခဲ့ရတယ်..။
သြော် ..ငါ့နဲ့နော်...ခိုးကြည့်ကာမှလူုမိရသလားလို့လဲ တိတ်တိတ်လေးအပြစ်ဆိုရင်း ကြိုလင့်နေပြီဖြစ်တဲ့
မိသားစုကို အရှက်ပြေလက်လှမ်းပြရင်း....တစ်ကိုယ်တည်းအတွေးတွေနဲ့ပြုံးလိုက်မိတဲ့လှိုင်း....။

ကိစ္စတွေပြိးလို့ စောင့်ကြိုနေတဲ့အမေနဲ့အတူ မိသားစုတွေနဲ့ ဆုံမိပြီလည်းဆိုတော့ လူတွေအများကြိးရှိ
နေတဲ့ လေဆိပ်ဆိုပေမယ့် လှိုင်းမရှက်နိုင်စွာပဲ အမေရင်ခွင့်ငိုသို့ပြေးဝင်ပြိးငိုမိတယ်....လေ။ လှိုင်းအမေ
က လှိုင်းကိုအလိုက်သင့် ပြန်လည်ထွေးဖက်ရင်း အတော်ကြာမှ သတိပြန်ဝင်တဲ့လူတစ်ယောက်လို ဘာရယ်
မဟုတ် ပတ်ဝန်းကျင်ကိုသတိထားမိတော့ လှိုင်းကိုပြုံးပြီးကြည့်နေတဲ့ဟိုလူ..။ရှက်စိတ်ကြောင့် ထူပူနေ
တဲ့လှိုင်း...။ခဏလေးပါပဲ...အသင့်ဆိုက်လာတဲ့ကားပေါ်တက်ရင်း လှိုင်းကို လက်ပြပြီးထွက်ခွာသွားသော
ထိုလူကိုဘာရယ်မဟုတ်လှိုင်း မြင်ကွင်းထဲကပျောက်သွားတဲ့ အထိကြည့်နေမိတယ်...။
................................................။.................................................

ပြန်ရောက်ရင်အပျော်တွေအတိုးချပြီး ပျော်မယ်လို့အားတင်းခဲ့ပေမယ့် ချစ်ရတဲ့နွေးက အပြင်သွားဖို့ဆိုရင်
အရင်လိုမဟုတ်ပဲ အသဲသန်ခါးသိးစွာငြင်းဆန်နေတက်ပြိး ဆိုင်နဲ့အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့မယ်လှိုင်း
ရယ်ဆိုပြိး..တစ်နေကုန်သူမရဲ့ဆိုင်လေးမှာပဲ အချိန်ကုန်နေတော့တာ..လှိုင်းဘယ်လိုခေါ်ခေါ်မလိုက်တော့
လှိုင်းတစ်ယောက်တည်း အပြင်တွေသွား.ရတာပေါ့..။ဒီနေ့လည်း လှိုင်း မေမေမှာတဲ့ ဆေးတစ်မျိုးဝယ်ဖို့
မြို့ထဲထွက်တာ..မရောက်တာအတော်အတန်ကြာပြီဖြစ်တဲ့  ဆူးလေဘုရားလမ်းမပေါ် ခြေခြင်းလိမ်အောင်
လျှောက်နေကြတဲ့ လူတွေကို ကြည့်ရင်း လှိုင်းဘာရယ်မဟုတ် အလွမ်းပြေကြည့်နေမိတယ်လေ..။လှိုင်းရောက်
ခဲ့တဲ့နိုင်မှာ အခုလို လူတွေအများအပြားသွားလာတာမရှိသလောက်ဆိုတော့ မဖွံ့ဖြိုးဘူးပဲပြောပြော ၊ချစ်
ရတဲ့အမိမြေကို ပြန်လည်ခြေချခွင့်တဲ့နွေးထွေးမှုမျိုးကိုဘာနဲ့မှ မလဲနိုင်ဘူးဆိုတဲ့အသိကြောင့် တစ်ယောက်ထဲ
ပြုံးနေမိရင်း..

အမြဲတမ်း တစ်ယောက်ထည်းပြုံးနေကြထင်တယ်

အနားကပ်ပြီး မေးလာတဲ့အသံကြောင့် လှိုင်းလှည့်ကြည့်မိတော့

ဟင်

အင်းဟုတ်တယ်ကိုယ်ပါ မှတ်မိမယ်ထင်ပါတယ်နော်...လေဆိပ်မှာကိုယ်တို့ဆုံဖူးကြတယ်လေ

လှိုင်းဘာမှပြန်မပြောဖြစ်ပဲ ပြုံးရုံသာပြုံးဖြစ်ပြီးသူက လှိုင်းရဲ့အပြုံးကို သဘောပေါက်နားလည်စွာပဲ

အချိန်ရမယ်ဆိုကိုယ်တို့စကားပြောရင်း တစ်ခုခုစားရအောင်လို့ဖိတ်ခေါ်ပရစေ

လို့ယဉ်ကျေးစွာဖိတ်ခေါ်ခဲ့တော့ ...

ကိုယ်က မိုးယံပါ

ဟုတ်ကဲ့လှိုင်းပါ..

အပြန်အလှန်မိက်ဆက်ဖြစ်ရင်း..။။။။။
........................။...............................................
မအားဘူးလားလှိုင်းရယ် ဘယ်တွေသွားနေတာလဲ တစ်နေကုန်

နွေးရယ် နွေးလိုမှ လှိုင်းက ကိုယ်ပိုင်လုပ်ငန်းမရှိတာ အခုလည်းနိုင်ငံခြားကသာပြန်လာတယ် ရလာတဲ့ငွေလေးနဲ့
လုပ်ငန်းလုပ်ဖို့ဆိုတာ တစ်ကယ်တန်းစုံစမ်းကြည့်တော့မလွယ်ပါဘူး နွေ်းးရယ် အခုလည်း အဒေါ်ဖွင့်ထားတဲ့ ဆိုင်
လေးမှာ တွဲပြီးတစ်ခုခုများလုပ်လို့ရမလားလို့ ပညာသင်အနေနဲ့ အရောင်းဝယ်အကဲခတ်ကြည့်နေတာ မလွယ်ပါဘူး
နွေး ရယ် လှိုင်းမှာရှိတဲ့ ငွေက လိုက်မမှီလောက်ဘူး...အဲဒါအဒ်ါကပညာယူအနေနဲ့ဆိုင်ဝိုင်းထိုင်ကြည့်ဆိုလို့ နေ့ဝက်
လောက်ဝိုင်းထိုင်ရင် လုပ်ကြည့်နေတာ ဖြစ်နိုင်ရင်နွေးလိုပဲ အိမ်မကွာလုပ်ငန်းလေးလုပ်ချင်တာပေါ့..ပြိးတော့ လှိုင်းက
နွေးလိုလဲ စိတ်မရှည်တော့..ညစ်တယ်နွေးရယ်...

အင်းပါအင်းပါ.....တစ်သက်လုံးအပျိုကြိးလုပ်လှိုင်း...နွေးရှာကျွေးမယ်သိလား..

အောင်မယ်နွေးက ရည်းစားလေးတစ်ခါပြတ်တာနဲ့ အိမ်ထောင်မပြုတော့မှာကျနေတာပဲ

ဟင်..တစ်ကယ်ပြောတာလှိုင်းရ...နွေးအိမ်ထောင်မပြုတော့ဘူး...ပြိးတော့ နွေးအရမ်းကြောက်သွားတဲ့အချစ်ကို
နောက်တစ်ခါမြည်းစမ်းဖို့ အင်အားမရှိတော့ဘူး..သူလုပ်ရက်တယ်လှိုင်းရယ်...နွေးရင်မှာအခုထိနာကျင်နေတုန်း
ပုံမှန်ဖြစ်အောင် မနည်းရပ်တည်နေရပေမယ့် နွေးလေ...နေွး..

ပြောရင်းမျက်ရည်တွေဝဲလာတဲ့ နွေးကြောင့် လှိုင်းက

နွေးရာ အဲလောက်လဲ ဝမ်းမနည်းပါနဲ့တော့နော်..နွေးပင်ပန်းတာပေါ့နော်...ခုဆို လှိုင်းလည်းပြန်ရောက်နေပြီပဲ

လှိုင်း..နွေးလေ သူကိုလှိုင်းပြောသလို မေ့ပစ်လိုက်ချင်ပါတယ်...အဲလိုဖြစ်ချင်လို့လည်းသူနဲ့ပါက်သက်ကမျှ
အမှတ်တရတွေမကျန်အောင်ဆိုပြီး ဓါတ်ပုံတွေလက်ဆောင်တွေအားလုံး မီးပုံရှို့ပစ်လိုက်တာဘာတစ်ခုမှမ
ကျန်ခဲ့ရအောင်ဆိုပြီး ...အဲလိုလည်းလုပ်ပြိးရော..နွေးလည်းဆေးရုံရောက်သွားတော့တာပဲ.....ဒါပေမယ့်
နွေးရင်ထဲကအမှတ်တရတွေကိုတော့ နွေးကိုယ်တိုင် မဖျက်စီးနိုင်ခဲ့ဘူး..အချိန်ပြည့်အလုပ်ထဲမှာစိတ်နှစ်
ထားရပေမယ့် ...နှလုံးသားထဲမှာပြည့်နေတဲ့အမှတ်တရတွေနဲ့အတူ...နွေးအခုချိန်ထိ....သူကိုချစ်နေတုန်း
ဆို တာနွေးဘယ်လိုမှညာလို့မရဘူးလှိုင်းရယ်...

အင်းပါအင်းပါနွေးရာ..လှိုင်းနားလည်တာပေါ့...ဖြစ်နိုင်ရင်လေ...အဲဒီလူကိုလှိုင်းလေ ရန်တွေ့လိုက်ချင်တယ်

ထားပါ လှိုင်းရာ...လှိုင်းလဲနွေးကြောင့်မခံမရပ်နိုင်ဖြစ်နေတာ...

လှိုင်းကတော့လေနွေးအရင်လို ပျော်ရွင်နေတာပဲမြင်ချင်တယ်နွေးရယ်....

နွေးလည်းကြိုးစားနေပါတယ်လှိုင်း..ရယ်

အင်းပါအင်းပါ ..သြော်ဒါနဲ့ နွေး လှိုင်း အခုတစ်လောအဒေါ်ဆိုင်မှာ အလုပ်သင်ပေါ့လေ...အဲဒါသွားလုပ်မှာမို့

လှိုင်းလာဖြစ်မယ်မထင်ဘူး...ဒါပေမယ့် လှိုင်းဖုန်းဆက်မယ်လေနော်...

အင်းပါလှိုင်းရယ်လုပ်ပါ..လှိုင်းသိပါတယ်.......

...................................။.....................................
နိုင်ငံရပ်ခြားသွားပြိးစုဆောင်းလာတဲ့ ရင်းနှီးငွေလေးနဲ့ ကိုယ်ပိုင်စီးပွားရေးလေးလုပ်ချင်တဲ့ လှိုင်း တစ်ကယ်တမ်း
လုပ်ချင်တဲ့လုပ်ငန်းမှာ အစဉ်တစိုက်ဝင်လုပ်ဖြစ်တော့...တစ်ကယ်မလွယ်မှန်းနားလည်လာခဲ့ရတယ်လေ...။
အဲဒီလို အချိန်လေး အတွင်းမှာလုပ်ငန်းတွေလေ့လာနေရင်းနဲ့ပဲ သူနဲ့လှိုင်း နဲ့လည်း ပိုလို့ရင်းနှီးလာခဲ့တယ်..။
အဒေါ်ဆိုင်မှာပညာသင်ပြိး ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားနေတဲ့ လှိုင်း အကြောင်း သူသိတော့
အချိန်ရရင်ရသလို လှိုင်းရှိရာကိုရောက်လာတက်ပြီး  တစ်ခါတစ်လေလည်းသူကအလျှင်းသင့်ရင်သင့် သလို လှိုင်း
နဲ့ အချိန်ကြာကြာဖြုန်းတက်တယ်လေ..။အချိန်တွေ ကြာလေလေ လှိုင်ထံအလာစိပ်လို့ သူကို့ လှိုင်းအဒေါ်ကတောင်
ရိပ်မိနေပြီလေး...။သူ့အကြောင်းနွေးကို တိုင်ပင်ရအောင်လည်း...နွေးကလည်းသောကတွေနဲ့ ပြိးတော့ မသေချာသေး
တဲ့ အနေထားတစ်ခုမှာ နှုတ်မကျွံချင်သေးတာနဲ့ သူ့အကြောင်းကို နွေးကို မပြောဖြစ်သေးဘူး...။လှိုင်းများ ချစ်သူရပြီ
ဆိုရင်..နွေးပိုလို့ ကြေကွဲနေမလားဆိုတဲ့ စိုးရိမ်စိတ်လေးကြောင့် ..သူနဲ့လှိုင်းအကြောင်း နွေးကို ခုချိန်ထိ မပြောဖြစ်သေး
တဲ့လှိုင်း..။

သူအကြောင်း ဆိုရလောက်အောင်လဲ..လှိုင်းအနေနဲ့  သေသေချာချာလည်းမသိရသေး...။သူပြောသလောက် ကတော့.
သူကနိုင်ငံခြားဖက်စပ်ကုမ္မဏီတစ်ခုရဲ့ ရှယ်ရာဝင်တစ်ယောက်ဖြစိသလို ၊မကြာခဏလည်းနိုင်ငံခြားခရီးထွက်ရတဲ့သူ၊
ပြီးတော့ တစ်ဦးတည်းသောသားဖြစ်သလို သိပ်အချမ်းသာကြိးမဟုတ်ပဲ..ကိုယ်ပိုင်ကားလောက်တော့ စီးမယ်ဆို စီးလို့ရ
ပါတယ်တဲ့လေ...။အဲလောက်ပါပဲ...သူပြောသမျှ..က။အဲလောက်ဆိုရုံတင်ဆိုပေမယ့် ...လှိုင်းနဲ့တော့ကွာခြားလွန်း အားကြိး
နေပါပြီ...။သူ့ပြောသလိုသူ့အနေအထားဆို လှိုင်းလို ရုန်းကန်နေရတဲ့ ဘဝသမားနဲ့မလိုက်ဖက်ပါဘူးလေ...။လှိုင်းနေမှာ
နွေးနဲ့သူနဲ့သာဆို...အရမ်းကိုလိုက်ဖက်မှာပဲ လို့ ဘာရယ်မဟုတ်အတွေးတွေဝင်နေမိတဲ့လှိုင်း....။

သံယောဇဉ်နဲ့အချစ်ဆိုတာ မသင့်တော်ဘူးမဖြစ်သင့်ဘူးဆိုတိုင်း တားဆီးလို့မရဘူးဆိုတာ နွေးပြောနေကျစကားလိုအခု
လည်း လှိုင်းခံစားတက်နေပြီ နွေး..။သူလာနေကျအချိန်ဆို ဘာရယ်မဟုတ် ရင်တွေခုန်ပြီး မျှော်နေတက်ပြီ..။လာနေကျအချိန်
ထပ်နောက်ကျနေပြီဆို စိတ်တွေထွေပြားပြိး ဘာကိုအလိုမကျမှန်းမသိ...သူ့မျက်နှာမြင်လိုက်ရတဲ့ခဏ ရင်ထဲမှာစမ်းချောင်း
လေးဖြတ်သွားသလို ..အေးမြနေလိုက်တာ..။တစ်ခါတစ်လေ..သူခရီး(၃)ရက်လောက် ထွက်ရတဲ့နေ့တွေဆို လှိုင်းရင်ထဲမှာ
ဟာတာတာနဲ့ သူလာမယ့်ရက်ကိုလက်ချိုးရေ ပြီး စောင့်မျှော်ရတာ လှိုင်းအတွက် လောကငရဲပါပဲ...အဲလိုရက်တွေဆို...အ
လိုက်တသိများ သူ့ဆီကဖုန်းဝင်လာရင်....ပြောစရာစကားလုံးတွေပျောက်ဆုံးပြီး  ရင်ထဲမှာ အပျော်တွေစီးဆင်းနေပြန်ရော
လေ..။..သူ့ဆီက သတိရလိုက်တာလွမ်းရယ် လို့ ပြောတိုင်း မွေးညှင်းစိမ်းလေးထရလောက်အောင် လှိုင်းစိတ်တွေလှုပ်ရှား
ခဲ့ရတာလှိုင်းကိုယ်တိုင်အသိဆုံးပါပဲလေ..။

ခရီးက ပြန်ရောက်တိုင်းလည်း ခဏလေးဖြစ်ဖြစ်အချိန်ပေးပြိးလှိုင်းဆီကို မရောက်ရောက်အောင်လာတဲ့အခါမျိုး ဘယ်လို
ကြည်နူးမိမှန်းမသိအောင် ပဲ အရမ်း ကြည်နူးမိတဲ့အခါ လှိုင်းအပေါ် အလိုက်သိတဲ့သူကို အရမ်းပဲတွယ်တာခဲ့ရတယ်..။
မမေ့မလျှော့ဝယ်လာတက်တဲ့ လက်ဆောင်လေးတွေထပ် သူကိုမြင်ရတဲ့ခဏ လှိုင်းရင်ထဲကြည်နူးမိတိုင်း အဲဒီလို အချိန်
တွေ အတိုင်းပဲ သူနဲ့ရာသက်ပန် တည်ရှိနေချင်တဲ့လှိုင်းရဲ့စိတ်တွေကို သူကသိမ်းသွင်းနိုင်စွမ်းရှိခဲ့တယ်လေ...။အဲလိုသေ
ချာနေပြီဖြစ်တဲ့ လှိုင်းကို ..သူက ချစ်ခွင့်တောင်းတာတဲ့ တစ်နေ့...

လှိုင်း..ကိုယ်လှိုင်းကို အရမ်းချစ်နေမိပြီ..တစ်လက်စထည်းလှိုင်းရယ် ကိုယ်လက်ထပ်ခွင့်ပါတောင်းပရစေ...နော်
သေချာတယ်ကိုယ်လှိုင်းကလွဲပြီး ဘယ်မိန်းခလေးမှ မချစ်နိုင်သလို လှိုင်းဘယ်လို အနေအထားပဲဖြစ်ဖြစ် လှိုင်းကို
ကိုယ်သစ္စာရှိရှိချစ်ပါ့မယ်...ဘယ်တော့မှမပြောင်းလဲတဲ့မေတ္တတွေနဲ့ပါလှိုင်း..

ဒါပေမယ့် လှိုင်းဘဝအခြေနေ ကိုမိုးယံမိဘအသိုင်းဝိုင်းလက်ခံနိုင်လောက်တဲ့အနေအထားမဟုတ်ဘူးနော်
သေချာစဉ်းစားစေချင်တယ်...လှိုင်းတို့အသက်အရွယ်က အချစ်တစ်ခုကိုဦးစားပေးစဉ်းစားရမယ့် အရွယ်မဟုတ်တာ
ကိုမိုးယံသိမှာပါ.....ဘာအတွက်နဲ့ဘယ်သူမှမနာကျင်စေချင်ဘူးကိုမိုးယံ

လှိုင်းဆိုလိုတာကို ကိုယ်သဘောပေါက်ပါတယ်...ကိုယ်လက်ထပ်မယ့်အမျိုးသမီးကို ကိုယ်ကိုတိုင်သဘောကျမြတ်
နိုးမိသူပဲဖြစ်စေချင်တယ်လေ..ပြီးတော့ ကိုယ်မိဘတွေကလည်း လှိုင်းထင်သလို ဂုဏ်ဓနမဆန်ပါဘူးလှိုင်း..ပြိးတော့
အရာတွေအားလုံးထပ် ကိုယ်က လှိုင်းကိုမြတ်မြတ်နိုးနိုးချစ်တာ...ကိုယ်အဆုံးရှုံးမခံနိုင်ဘူးလှိုင်း

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့အသက်အရွယ်တွေမှာ...ခံစားချက်တွေအပြင် ဦးနှောက်ကို
ပါထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင်လှိုင်းရင်ထဲမှာ..သူ့အတွက်အဖြေဆိုတာသေချာနေပြီးသားလေ..။

ကောင်းပြီ ကိုမိုးယံ..လှိုင်းကို အချိန်ပေးပါ ..လှိုင်းစဉ်းစားပရစေ..၊ဘဝတစ်သက်တာအရေးမို့ လှိုင်အလေးထားပြီး
စဉ်းစားရမှာမို့ပါ..လာမယ့် Sunday မှ ပြန်ဆုံကြမယ်လေ...

ကိုယ့်အတွက်ကံကောင်းခြင်းတွေနဲ့ပျော်ရွင်ဖွယ်ရလဒ်တစ်ခု လှိုင်းဆီက မျှော်လင့်နေတယ်ဆိုတာတော့
မမေ့နဲ့နော်....

လှိုင်းဘာမှမပြောပဲ ပြုံးပြီးသူ့ကိုကြည့်နေမိတယ်...။လှိုင်းခေါင်းကို ချစ်စနိုးအသာပုတ်ပြိး ထွက်သွားတဲ့သူ့နောက်
ကျောကိုကြည့် ပြီး သေချာနေပြီဖြစ်တဲ့ Sunday ကို လှိုင်းတစ်ယောက်ကြိုတင်ရင်ခုန်နေမိတော့တယ်လေ.....။

.....................................................။................................................................

လာမယ့် Sunday မတိုင်ခင် နွေးကို အသိပေးရမယ့် ဆိုတဲ့အသိကြောင့် ဘာရယ်မဟုတ်လှိုင်းရင်တွေ ခုန်နေလိုက်တာ..။
တိုက်တိုက်ဆိုင်ဆိုင် နွေးကလည်း ဆိုဒ်အတွက်လိုတာလေးတွေ ဝယ်ပြီး မတွေ့တာကြာပြီဖြစ်တဲ့ လှိုင်းတို့နှစ်ယောက်အေး
အေးစေးစေး အပြင်မှာစကားပြောကြတာပေါ့ဆိုတော့...။နွေးကထင်တာထပ်စောပြိး လှိုင်းရှိရာ အဒေါ်ဆိုင်ကိုရောက်လာတော့..
သူငယ်ချင်းနှစ်ယောက် မသွားတာကြာပြီဖြစ်တဲ့ မြို့ထဲတစ်နှံ့လျှောက်သါားရင်း အတိတ်တွေကိုတူးဖော် အပြန်အလှန် စနောက်
ရင်း တစ်ကယ်ကိုကြည်နူးစရာလေးပါ..။အခုလို မရယ်မောတာကြာပြီလို့ နွေးကဆွေးဆွေးမြေ့မြေ့လေးပြောတော့
လှိုင်းရင်ထဲ မကောင်းလိုက်တာ...။အပျော်လေးတွေပျက်သွားမှာဆိုးလို့ နွေးရဲ့မျက်နှာနွမ်းနွမ်းကိုကြည့်ပြိး လှိုင်း
ဘာလုပ်ရမလဲမသိအောင်...တွေဝေနေခဲ့တယ်လေ..။

မင်္ဂလာဈေးရောက်တော့ နွေးကမှာနေကျ ဆိုင်တွေမှာ သူမလိုတဲ့ပစ္စည်းလေးတွေလာပို့ပေးဖို့ မှာနေတာကြည့်ရင်း သြော်
နွေးရယ်လို့ မချိတင်ကဲရေရွက်ရင်း...။ အချိန်တော်တော်လေးလှည့် ပတ်လိုက်တာ မင်္ဂလာဈေးတစ်ခုလုံးလည်းနှံရောပေါ့....။
နေ့လည်စာစားချိန်လည်းကျော်နေပြီမို့တစ်ခုခုစားကြရအောင်ဆိုပြီး ဆိုင်သောက်ဆိုင်တန်းတွေဘက်ကိုသူငယ်ချင်းနှစ်ယောက်
စကားတစ်ပြောပြောနဲ့လျှောက်လာလိုက်တာ...ရုတ်တရက် နွေးက တစ်စုံတစ်ခုကိုမြင်တွေ့သွားတဲ့ဟန်ဖြင့်

လှိုင်း ..နွေးတို့တခြားအထပ်ကိုသွားရအောင်...လာ

ဟင်ဘာလို့လဲနွေးရဲ့ဘယ်သူကိုတွေ့လို့လဲ...နွေးရာ...

ဟိုတစ်ယောက်လေ....သူ..သူ..ဒီမှာရှိနေတယ်..

ဘာနွေးကိုထားသွားတဲ့လူလားနွေး ဟုတ်လား..

အင်းဟုတ်တယ် လှိုင်း လာပါလှိုင်းရယ် ..ဘာမှပြသနာမရှာပါနဲ့နော်..ပြိးတော့ နွေးသူ့ရှေ့မှာဘာမှမဖြစ်သလို
နေပြဖို့ အဆင့်သင့်မဖြစ်သေးလို့ပါလှိုင်းရယ်.....နွေးတောင်းပန်ပါတယ်နော်...လာပါလှိုင်းရယ်နွေးတို့တခြား
သွားရအောင်နော်...

ပြောရင်းမျက်ရည်တွေတွင်တွင်ကျနေပြီဖြစ်တဲ့နွေးကို လှိုင်း မကြည့်ရက်စွာပဲ...

အင်းပါနွေးရယ်..လှိုင်းတို့သွားကြတာပေါ့ ဒါပေမယ့် လှိုင်းကိုအဲဒီလူပြအုန်းလေနွေးရ လှိုင်က မြင်တောင်မမြင်ဖူးဘူး
လေ...အခုလိုကြုံတုန်းလှိုင်းကိုပြနော်...စိတ်ချ..နွေးစိတ်ပူသလိုမျိုး လှိုင်း ပြသနာရှာဖို့မဟုတ်ပါဘူးနွေးရယ်နော်...

အင်း..ဟိုးထောင့်ချိုးအကွေ့မှာတွေ့လား..မိုးပြာရောင်ရှပ်လက်ရှည်နဲ့ နွေးတို့နဲ့ဘေးတိုက်အနေထား ရှိနေတဲ့သူ
လေ..

နွေးညွှန်ပြရာသို့ လှိုင်းကြည့်မိရင်း....လှိုင်းမျက်လုံးတွေကြက်သေသေသွားခဲ့ရတယ်...။။မဖြစ်နိုင်ပါဘူးဆိုပြိး
သေချာကြည့်မိနေပေမယ့် သူမှသူအစစ်..။နွေးပြတဲ့ နွေးရဲ့ချစ်သူဟောင်းဆိုတာ လှိုင်း ရဲ့မျှော်လင့်ချက်တွေ
စုဝေးရာ Sunday ရဲ့အရှင်သခင်ပါလား...။ယူကြုံးမရတဲ့စိတ်တွေအပြင် ..ဆုံးရူံးပြိဆိုတဲ့အသိ...လုပ်ရပ်လိုက်တာ
ဆိုတဲ့အသိတွေကြောင့် လှိုင်းရဲ့ခန္ဒာတစ်ခုလည်း သွေးလည်ပတ်မှုတွေပြောင်းပြန်တွေဖြစ်ကုန်ရပြီလေး..။
ရုတ်တရက်အမြင်မှာခံစားမှုကို နွေးရှေ့မှာထိန်းချုပ်ဖို့ အင်အားမရှိခဲ့ပေမယ့် နွေးကတော့ သူ့အပူနဲ့သူမို့
လှိုင်းကို ထိုနေရာနှင့်ဝေးရာသို့အတင်း ဆွဲခေါ်လာတော့...ရပ်တည်ဖို့အင်းအားမရှိတဲ့လှိုင်း....နွေးရဲ့ခေါ်ဆောင်
ရာနောက်မှာ အလိုက်သင့် လိုက်ပါရင်း...။

.....................................။..........................................

ဘယ်ပြောတယ် လှိုင်း...ပြန်လာတာမှမကြာသေးဘူးအခုပြန်ထွက်မယ်ဟုတ်လားဘာတွေဒီလောက်လောဘတွေကြိးနေတာ
လဲလှိုင်းရယ်.....အခုလည်းလှိုင်းလုပ်ငန်းစမယ်ဆို စလို့ရနေပါပြီလှိုင်းရ...လှိုင်းပဲမြန်မာပြည်ကိုလွမ်းတယ်ဆို
လှိုင်းမရှိရင်နွေး ကဘယ်သူနဲ့နေရမှာလဲ လှိုင်းရယ်.....ဆုံးဖြတ်ချက်ပြင်ပါအုံးနော်လှိုင်း..

မျက်ရည်တွေတွင်တွင်စီးရင်း...လှိုင်းကိုတားနေတဲ့နွေးကိုဖတ်ပြီး လှိုင်းလည်းမျက်ရည်တွေကျလာခဲ့တယ်..။ဘာရယ်မှ
မသိနားမလည်ရှာတဲ့ သူငယ်ချင်းမလေးကတော့ လှိုင်းကို ခင်တွယ်လို့..လှိုင်းကတော့......အိုး..ဆက်ပြိးမတွေးရဲအောင်
ပဲ အသဲထဲကထိအောင်ခါးနေတဲ့ရင်ထဲကဒဏ်ရာတွေကို ဘယ်လိုများဒီသူငယ်ချင်းမလေးသိအောင်ပြောပြရမှာပါ့လိမ့်
နော်...။

လှိုင်း...နွေးပြောနေတာမကြားဘူးလားလှိုင်းရယ်......နော်မသွားပါနဲ့တော့လှိုင်းရယ်...နော်...နွေးကိုမသနားဘူးလား
ဟင်..လှိုင်း..

နွေးရယ်...ဘဝဆိုတာ..အမြဲတမ်းဖြစ်စေချင်သလိုမှ မဖြစ်တာ...နွေးရဲ့လှိုင်းလည်း ကိုယ့်မြေကိုယ်ရေမှာပဲ အခြေချနေ
ထိုင်ချင်တာပေါ့ နွေး...ဘဝအတွက်ကြတော့ အရွယ်ရှိတုန်းလေး ကြိုးစားမှလေ..နွေးရ...အခုလှိုင်းလုပ်ငန်းလုပ်ဖို့ဝင်
ပြိးလုပ်ကိုင်ကြည့်တော့ လှိုင်းမှာသာ အရင်းနှီးအလုံအလောက်ရှိရင်...လှိုင်းလုပ်ချင်တာလုပ်ခွင့်ရမယ်ဆိုတဲ့အသိ၊
အဲဒါလေးကြောင့် လှီုင်းအခုလို ထပ်ပြိးစီစဉ်လိုက်ရတာပါ နွေးရယ်...လှိုင်းလည်း ချစ်တဲ့နွေးကို ထားပြိးလှိုင်းချစ်တဲ့
မြန်မာပြည်ကြီးကို ခွဲချင်ပါ့မလားလို့..မငိုပါနဲ့နွေးရယ်....နွေးငိုတော့..လှိုင်းလည်းငိုချင်တာပေါ့နော်..

နွေးတော့လှိုင်းကိုနားမလည်တော့ပါဘူး  လှိုင်းလည်းအရင်လိုမဟုတ်ဘူး..နွေးကကိုကံမကောင်းတာနေမှာ...
နွေးချစ်တဲ့သူတွေမှန်သမျှ နွေးနားမှာဘယ်သူမှကြာကြာမနေချင်ကြဘူး...

ပြောလည်းပြောငိုလည်းငိုနေတဲ့နွေးကိုကြည့်ပြီး...လှိုင်းရင်ထဲက ခွင့်လွတ်ပါနွေးရယ်လို့တိတ်တဆိတ်တောင်းပန်နေမိတယ်..။
နွေးရဲ့ အလွမ်းတွေသံယောဇဉ်တွေ၊နာကျင်မှုတွေကို လှိုင်းအခု ကောင်းကောင်းကြိးခံစားတက်နေပါပြီနွေးရယ်...။နွေးရော
လှိုင်းပါ အရင်ဘဝက ဘာတွေလုပ်ခဲ့မိလို့ အခုလိုနာကျင်ခဲ့ကြတာပါလိမ့်နွေးရယ်...။

.........................................။......................................................................

ဖျန်း

ပါးပြင်ပေါ်ကျလာတဲ့ပူရှိန်းတဲ့အထိတွေနဲ့အတူ စပ်ဖျင်းဖျင်း ဒဏ်ရာနဲ့ယှဉ်ရင်...လှိုင်းရဲ့ စကားတွေက
ကျွန်တော်ရင်ကို နာကျင်စေခဲ့တာပါ.။

လူယုတ်မာ..ရှင် အစကတည်းက သိနေခဲ့တယ်မလား...လှိုင်းတို့သူငယ်ချင်း နှစ်ယောက်ကို..ရှင်ယောက်ျား
ဖြစ်ပြီးယုတ်မာလိုက်တာ.....မိန်းမတစ်ယောက်တောင်လိုက်လို့မမှီဘူး...ပြောပါအုံး..နွေးရှင့်အပေါ်ဘာတွေ
များနာကျဉ်းစေခဲ့လို့...နွေးကိုရှင်နာကျင်စေခဲ့ရတာလဲ...ပြိးတော့..လှိုင်းကရောဘာအတွက် ရှင့်ကြောင့်
အခုလို နာကျင်နေရတာလဲ....ထွက်သွားးရှင်မျက်နှာမမြင်ချင်ဘူး..

ကိုယ်ရှင်းပြပရစေလှိုင်း....နွေးနဲ့ပါက်သက်ပြီး ကိုယ်ဘက်ကမှားတယ်ဆိုတာ ကိုယ်မငြင်းပါဘူးလှိုင်း
ချစ်သူ ထားတယ်ဆိုတာ....အချိန်မရွေးလမ်းခွဲခွင့်ရှိတယ်...ပြီးတော့ နွေးက အဘက်ဘက်ပြည့်စုံသင့်
တော်တဲ့မိန်းခလေးတစ်ယောက်ဆိုတာ ..လည်းကိုယ်လက်ခံတယ်...ဒါပေမယ့်  မချစ်တဲ့မိန်းမတစ်ယောက်
ကိုတစ်သက်စာ လက်တွဲဖို့ဆိုတာ ကိုယ်အတွက်ဘယ်လိုမှမဖြစ်နိုင်ဘူးလှိုင်း...အခုနေနွေးနာကျည်းတယ်
ဆိုတာနောင်တစ်ချိန်အိမ်ထောင်ကျမှ ပြိုကွဲရလို့ နာကျဉ်းတာနဲ့စာရင် အများကြိးကောင်းပါတယ်လှိုင်း
ပြီးတော့ လှိုင်းကို ချစ်တယ်ဆိုတာ...နွေးနဲ့မဆိုင်ပါဘူးလှိုင်း..လှိုင်းနဲ့ကိုယ် ပါတ်သက်ခဲ့တာ နွေးနဲ့ဘယ်
လိုမှမသက်ဆိုင်တဲ့ ပါက်သက်မှုတွေနဲ့ တွေ့ခဲ့ကြတာပါလှိုင်း...ပြိးတော့ ကိုယ်တစ်ကယ်ကို နှစ်နှစ်ကာ
ကာချစ်ခဲ့မိတာပါလှိုင်း...

မပြောနဲ့မကြားချင်ဘူး ရှင်ရဲ့အလိမ်အညာတွေကို မကြားပရစေနဲ့ လှိုင်းတောင်းပန်ပါတယ်...အခုချက်ချင်း
လှိုင်းရှေ့ကထွက်သွားပေးပါ...ကျေးဇူးပြုပြိး လှိုင်းဘယ်တော့မှ ရှင့်မျက်နှာမမြင်ပရစေနဲ့

ခါးခါးသီးသီးပြောနေတဲ့လှိုင်းနှုတ်က စကားတွေကကျွန်တော်ရင်တွေ ကိုအစိတ်စိတ်အမွှာမွှာခွဲလိုက်သလိုပါပဲ
လှိုင်းရယ်..။နွေးနဲ့ချစ်သူတွေဖြစ်ကတည်းက နွေးတစ်ဖွဖွပြောလို့ လှိုင်းဆိုတဲ့နာမည်တစ်ခုကို ကျွန်တော်ရင်းနှိး
နေခဲ့တာမှန်ပေမယ့် နွေးရဲ့သူငယ်ချင်းလှိုင်းမှန်း သိခဲ့လို့လှိုင်းရဲ့အချစ်ကို တောင်းခံခဲ့တာမဟုတ်ရပါဘူးလှိုင်း။
ကိုယ်နဲ့လှိုင်းနဲ့ စတင်ဆုံစည်းခဲ့ကြတာ.....လှိုင်းပြန်စဉ်းစားမယ်ဆိုရင် နွေးနဲ့ ဘယ်လိုမှမပက်သက်ဘူးဆိုတာ
လှိုင်းသိနေမှာပါ....ခက်တယ်လှိုင်းရယ်.....ဘဝဆိုတာ လိုသလိုမဖြစ်ကြတဲ့ဘဝတွေမှာ ကိုယ်တို့ရဲ့နှလုံးသားတွေ
ဘယ်ဘဝဝဋ်ကြွေးတွေကြောင့်များနာကျင်နေကြရမှာပါလိမ့်လှိုင်းရယ်...။ကိုယ်စီသိနေမြင်နေကြတဲ့ ကိုယ့်ရင်
ထဲက အချစ်တွေကို လှိုင်းမြင်နေမယ်ဆိုတာကိုယ် ယုံကြည်သလို  လှိုင်းနှုတ်ကဖွင့်မပြောပေမယ့် လှိုင်းရင်ထဲ
မေတ္တာတွေကိုလည်း ကိုယ်မြင်နေပါတယ် လှိုင်း...။ကိုယ်တို့တွေ အချစ်စစ်မှန်ရင်....ပြန်လည်ဆုံတွေ့ကြမှာပါ..။

..................................................။...............................................................
ခွဲခွာခဲ့တာကြာပြီဖြစ်တဲ့ အမိမြေကို နောက်တစ်ကြိမ် ပြန်လည်ခြေချဖို့ ရက်တွေက တဖြည်းဖြည်းနီးလာပြိလေ...။
တည်ငြိမ်ပြီ ထင်ထားတဲ့ ခံစားချက်တွေကလည်း အတွေးတွေနဲ့တောင်ရုတ်ရက်ခတ်နေဆဲပါပဲ...။အလုပ်က
ပြန်လာလို့ စားပွဲပေါ် အသင့်ရောက်နေတဲ့ စာအိပ်လေးကို...အသာကောက်ကိုင်းရင်း..
စာအိပ်ပေါ်က...လက်ရေးဝိုင်းဝိုင်းလေးတွေရဲ့ ပိုင်ရှင်ကို အတက်သိနေရင်း...အားရဝမ်းသာစားဖောက်
ဖတ်ဖို့ လှိုင် ကြိုးစားရင်းးးးးး

သို့........

                  ချစ်ရတဲ့လှိုင်းရေ......အခုဆို နွေးနဲ့အတူ မြန်မာပြည်မှာ လှိုင်းကို စောင့်မျှော်နေကြသူတွေ
အများကြိးဖြစ်နေပြီးမို့ အမြန်ဆုံးပြန်ခဲ့ပါလို့ မှာကြားပရစေ ချစ်ရတဲ့လှိုင်း....အဓိကစောင့်မျှော်နေသူ
ကတော့..သူများမဟုတ်ပါဘူးလှိုင်းရေ..နွေးကိုယ်တိုင်ပါပဲ....နွေးရဲ့အချစ်သူငယ်ချင်းလှိုင်မရှိပဲ နွေးရဲ့
လက်ထပ်ပွဲကိုမကျင်းပချင်တာကြောင့် သနားညှာတာသောအားဖြင့် အမြန်ပြန်ခဲ့ပေးပါနော်လှိုင်း..
ပြီးတော့လေ..အရာရာအတွက် နွေးကို ခွင့်လွတ်ပါ လှိုင်းရယ်.....လှိုင်းအခုလို နောက်တစ်ကြိမ် ပြန်
ထွက်သွားရတာ..နွေးရဲ့အပြစ်လည်းမကင်းပါဘူးဆိုတာနွေးကလှိုင်းရဲ့အချစ်ဆုံးသူငယ်ချင်းတစ်
ယောက်ဖြစ်ခဲ့ပါရက်နဲ့ လှိုင်းရင်ထဲကိုမမြင်ခဲ့ဘူးလေ...။အဲင်္ဒအတွက်လည်းလှိုင်းကို အရမ်းပဲအားနာ
မိပါတယ်..လှိုင်းရယ်....လှိုင်းကတော့ နွေးရဲ့ဆန္ဒမှန်သမျှအကုန်အကဲခတ်နိုင်ခဲ့ပေမယ့် နွေးကတော့
လှိုင်းဖြစ်သမျှကိုဘာမှမသိခဲ့ပါဘူး....လှိုင်း အဲဒီအတွက်နွေးကိုခွင့်လွတ်ပါလှိုင်းရယ်......။နွေးရဲ့ချစ်သူ
က သင်္ဘောသားတစ်ယောက်ပါင်္လှိုင်း...ရေ...လှိုင်းမရှိပဲ မင်္ဂလာမဆောင်ချင်ဘူး ညှင်းထားလို့သူလဲအ
တော်စိတ်ညစ်နေရှာလေ...ချစ်ရသူစိတ်ညစ်တော့နွေးလည်းဘယ်ပျော်ပါ့မလဲနော်...:P........ပြီးတော့
အဲင်္ဒအကြောင်းတွေကို ကိုမိုးယံကိုယ်တိုင်လာပြောပြမှ နွေးက အားလုံးသိခဲ့ရတာပါ..လှိုင်းရေ....
အခုဆို လှိုင်းတစ်ယောက် မြန်မာပြည်ပြန်လာဖို့ မျှော်လင့်ချက်တွေနဲ့အများကြိးနဲ့စောင့်မျှော်နေကြ
တဲ့ သူတွေရဲ့ဆန္ဒပြည့် အောင်....အမြန်ဆုံးပြန်ခဲ့ပါတော့နော်......ချစ်ရတဲ့လှိုင်းလည်း....လွမ်းနေမယ်
ဆိုတာ နွေးလည်းသိပါတယ်နော်.....ချစ်ရတဲ့သူငယ်ချင်းလှိုင်း ရွင်လန်းချမ်းမြေ့ပါစေလို့....

ချစ်တဲ့
လှိုင်းရဲ့နွေး...

နွေးရဲ့စာလေးကိုဖတ်ပြီး လှိုင်းစိတ်တွေလှုပ်ရှားမှုကြောင့် စာခေါက်လေးက လှိုင်းရဲ့လက်ထဲမှာ
တစ်ဆက်ဆက်တုန်နေပါရောလားရှင်...။အိမ်ပြန်ချိန်တွေ များစွာထဲက ဒီတစ်ခါတော့ လှိုင်းအတွက်
အလှပ ဆုံး အိမ်ပြန်ချိန် တစ်ခု ကြိုလင့်နေပြီဆိုတဲ့အသိကြောင့် လှိုင်း....ရင်တွေတလှပ်လှပ်နဲ့
အရင်နေ့တွေထပ် ပိုခုန်နေမိတဲ့ လှိုင်းရင်ခုန်သံတွေအတွက်.........။။။။။။။။။။

ချစ်သူတိုင်းဆုံစည်းနိုင်ကြပါစေရှင်..။

(ကျွန်မရဲ့ကိုတိုင်ရေးဝထ္ထုလေးအား အားပေးကြတဲ့သူငယ်ချင်းများအားလုံး ပတ်ဝန်ကျင်ရှိသက်ရှိသက်မဲ့
တွေနဲ့အတူ ထာဝရပျော်ရွင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း...
Written By Anglehlaing  )

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More