
Tuesday, January 11, 2011
@@@...အိုးစားဖက်...@@@
အသက်မဲ့တဲ့
ကတ္တရာလမ်းတွေပေါ်မှာ အဓိပ္ပါယ်မဲ့
လျှောက်လှမ်းနေတယ်ဆိုပေမယ့် ငါ့အတွေးတွေထဲမှာ
စိတ်ကူးတွေ၊အိမ်မက်တွေ အပြည့်နဲ့ပါချစ်သူ......
အမှတ်တရတွေ
ရှိနိုးနိုးနဲ့ရှာဖွေနေမိတဲ့ငါအတွက်
တစ်ကယ်တော့ အတိတ်ထဲက ရုန်းမထွက်ချင်တာထပ်
ပြန်မရတော့တဲ့ ခြေရာတွေကို လွမ်းဆွတ်နေရဆဲမို့ပါချစ်သူ......
သည်းခံမှုဆိုတာကို
ကြိုးစားတည်ဆောက်နေတဲ့ငါ့အတွက်
အလိုမကျရင်မကျသလို မြန်တက်တဲ့ဒေါသတွေကလည်း
အခုထပ်ထိ အသားမကျနိုင်စွာပဲ နေရာယူငင်နေဆဲပဲလေ.....ချစ်သူ
ဓနဆိုတဲ့လက်နက်မပါပဲ...
ဘဝတိုက်ပွဲဝင်နေရတဲ့ငါ့အတွက်
အိုးစားဖက် ဘဝမျိုးနဲ့ ဝင်လာခဲ့ဖို့ မကြိုးစားပါနဲ့
ကြမ်းတမ်းတဲ့ဘဝခရီးလမ်းဟာ စိတ်ကူးယဉ်ရလောက်အောင်မချိုမြန်လို့ပါ....ချစ်သူ
0 comments:
Post a Comment