http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

မနေချင်လို့ထွက်ခွာသူတစ်ဦးအတွက်


ထွက်သွားဖို့
အဆင်သင့်ဖြစ်နေပြီဆိုမှတော့
အကြောင်းပြချက်ဆိုတာ ငါ့အတွက်မလိုပါဘူး.....

အချစ်ဆိုတာကို
ရင်ခုန်သံတစ်ခုထည်းနဲ့ပဋပ်ရိုက်ခဲ့တာ
အခြေမခိုင်ပြိုလဲခဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိဖို့ပြင်ဆင်ထားပြိးသားပါ...

အေးစက်နေပြီလို့ပြောတဲ့
ံခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားပဲ
အသစ်တင်ဖို့ကြိုးစားတဲ့နင့်နှလုံးသားကိုအပြစ်တင်ဖို့ ငါမကြိုးစားပါဘူး...

အလွမ်းဆိုတာ
ပန်းပန်သလိုပါပဲလို့ ခပ်ပေါ့ပေါ့ပြောတက်တဲ့နင့်ကို
အချစ်သည်သာဘဝပါလို့ အဆိုတင်သွင်းဖို့လည်း  အကြံမပေးတော့ပါဘူး...

နှလုံးသားဆိုတာ
အမိန့်ပေးတိုင်းနာခံတက်တာမဟုတ်တော့
ရခဲ့တဲ့ဒဏ်ရာ အစိမ်းချုပ်ချုပ်ပြီး ပျောက်အောင်ကုဖို့ ငါမငြင်းဆန်တော့ပါဘူး..

ဒဏ်ရာဆိုတဲ့အတိုင်း
သေရာပါအမာရွတ်တစ်ခုနဲ့မလှမပဘဝဆိုပေမယ့်
နင်းလျောက်ဖို့အတွက်စတေးခဲ့တဲ့နှလုံးသားတစ်စုံကိုတစ်ခါတစ်ရံသတိရနေဖို့လည်းငါမမျှော်လင့်တော့ပါဘူး

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More