http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, December 23, 2010

ကောင်မလေးရေ....

နင်နဲ့ပါတ်သက်လာရင်
ရင့်ကျက်ပြီလို့ထင်ထားတဲ့
သံယောဇဉ်အမာရွတ်တွေက
မကြာခဏဆုံးမပေမယ့်လည်း
ကလေးဆိုးလေးတစ်ယောက်လိုအမှားတွေပဲအကြိမ်ကြိမ်
မိုက်မဲစွာကျူးလွန်နေတက်တယ်လေ


မရေတွက်နိုင်အောင်
ရှည်လျားလွန်းတဲ့ညတာတွေမှာ
ခြင်ထောင်အမိုးဖြူဖြူဟာ.ငါ့အတွက်တော့
လူကြိုက်နည်းတဲ့မြန်မာရုပ်ရှင်တစ်ခုလို
ငြီးငွေ့စရာကောင်းလွန်းနေတာ...နင့်သိပါ့မလား...

ဘဝနဲ့ဦးဏှောက်က
အပြင်းအထန်ကန့်ကွက်နေတာတောင်
မနာခံတက်တဲ့ရင်ဘက်တစ်စုံက
အနူးအညွတ်လက်ခံနေတာ
အဖြူရောင်ချစ်ခြင်းသက်သက်ဆိုတာနင်သိပါ့မလား.....

မတွေ့တော့ဘူးလို့
ခါးသီးစွာဆုံးဖြတ်မိတိုင်း...
တစ်စစ်စစ်နာကျင်တဲ့နှလုံးသားက
ထွက်သက်ဝင်သက်တွေကို ရပ်တန့်သွားစေလောက်အောင်
ပြင်းထန်တယ်ဆိုတာ နင်သိပါ့မလား....

You can do as you like..ဆိုတဲ့စကား
ရင်ထဲမှာဖန်နေအောင်ခါးတာ
နင်မှမသိပဲ...


ဘာကိုတွေးတွေး၊ဘယ်နေရာကိုကြည့်ကြည့်
ဟာလာဟင်လင်းနဲ့မျှော်လင့်ချက်တွေပျောက်ဆုံး
ပျော်ရွင်မှုတွေဆိတ်သုန်းခဲ့ရတဲ့အဓိကတရားခံဟာနင်ပါလို့
အဖြစ်အပျက်တွေကသက်သေခံနေတာတောင်
ချစ်တက်လွန်းတဲ့နှလုံးသားကလက်မခံပါလား.....ကောင်မလေးရယ်
ဒီလိုနဲ့ပဲ...........ငါတော့........

0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More