Monday, October 22, 2012
ဥပေက္ခာဝတ်ရုံ
ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ
လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်…
ဒီလိုပါပဲ….
ခိုးဝှက်ခြင်း ခံရတဲ့
နိုဝင်ဘာတောင်
အရောင်တွေ ဒီလောက်ပြောင်းသေးတာ
မဝံ့မရဲ ဖမ်းဆုပ်မိတဲ့
မျှော်လင့်ချက် …
ဆောင်းအိပ်မက်နဲ့ … နှုတ်ဆက်ခဲ့ရတာ မဆန်းသလိုပါပဲ..
အနာဂတ် လက်တစ်စုံနဲ့
အကြိမ်ကြိမ် ..သေဆုံးသွားတဲ့
ဝှက်ဖဲကိုယ်စီနဲ့ စိတ်နံရံတစ်ချို့…...
လက်လွတ်စပယ် စွန့်ပစ်လိုက်ရတဲ့
အလွမ်းနဲ့ အဆိပ်ခတ်ခံလိုက်ရတဲ့ ရက်စွဲတစ်ချို့…
ဗီဇအခံကိုက……
“ အရှုံးမပေးကြေး
” ဆိုတော့လည်း ရေကုန်ရေခန်းနဲ့ ….
တစ်ကယ်တမ်း ခန်းသွားတော့ “ ဘဝ ” နှစ်ခုဖြစ်သွားတယ်
အက္ခရာ ဆန်းဆန်းတွေနဲ့ ထွင်းထု
အပေးအယူတစ်ချို့နဲ့ ရုန်းထွက်…
တစ်ကယ်တမ်းကျတော့
“ဇာတ်သိမ်းခန်း” သာဆိုတယ် ဝင်္ကပါ တစ်ခုလိုပါပဲ..
သေဆုံးသွားတဲ့ ခံစားချက် တစ်ချို့နဲ့..
မထီမဲ့မြင် ပြုံးတက်ခဲ့တာက လွဲပြီး..
ဘယ်စာမျက်နှာပဲ ဖတ်ဖတ် …
ခပ်စောင်းစောင်း ပစ်ချခံရတာ..
ကောင်းကင်နဲ့ ဝေးနေတဲ့ ..
“ ကြယ် ” တွေ….
ဒီလိုနဲ့…
ကိုယ်တိုင်ရေးခဲ့ကြတဲ့..
ဒဏ္ဍာရီ တစ်ပုဒ်မှာ
အနီရောင် မှင်နီတွေပဲ စွန်းထင်းခဲ့တော့
ကိုယ်… “ ဒီဇင်ဘာ” ရောက်မှာ ကြောက်နေမိတယ်
မနက်ခင်းမှာ ပျိုးတဲ့…..နှင်း
ညနေခင်းအထိ မစဲတဲ့အခါ ..
အမှောင်ထဲမှာ ညကို ရှာမိသလို…
အဆုံးသတ်ရဲ့….
ရလဒ်က
ယုံကြည်မှုတွေပဲ မှောက်လျက် လဲကျသွားရတယ်..
ဒီလိုနဲ့…
လွင့်မျောနေတဲ့ ကိုယ့်နေ့ရက်တစ်ချို့ကို …ကောက်
ကိုယ်ပြန်လျှောက်တဲ့ လမ်းတွေမှာ…
ဟိုအရင်လို…
ကိုယ့်မျက်ဝန်းက တစ်စုံတစ်ယောက်ကို
လိုက်မရှာဖြစ်တော့ဘူး..
သတိရဖြစ်တဲ့အကြောင်းတွေ ကိုယ့်နှုတ်ခမ်းကနေ
မပြောဖြစ်တော့ဘူး..
အမြဲဝတ်ထားမိတဲ့ ဟန်ဆောင်ခြင်း ဝတ်ရုံနဲ့
ခဏတာ ပြုံးပြမိရင်တောင်
မနက်ဖြန် တံခါးတွေကို ကျေးဇူးပြု၍ ပိတ်ထားပေးပါ…
အိန်ဂျယ်လှိုင်
Sunday, October 21, 2012
11;04 (PM) Austria
23 comments:
စကားလုံးတွေက မြင့်ထှာ ရင်ဘတ်ခြင်းတူမှ ခံစားရမယ်ထင်တယ်နော် မမ...ခိခိ
ဘယ်စာမျက်နှာပဲ ဖတ်ဖတ် …
ခပ်စောင်းစောင်း ပစ်ချခံရတာ..
ကောင်းကင်နဲ့ ဝေးနေတဲ့ ..
“ ကြယ် ” တွေ….
"အမှောင်ထဲမှာ ညကို ရှာမိသလို…"
ညီမလည်း နည်းနည်း ‘ဒန်’ လာပြီလား?း) ဥပေက္ခာ ဝတ်ရုံကို ခဏငှား ခြုံသွားတယ်ဗျာ...။
ညီမကဗျာတွေစာတွေတော့ ဖတ်ဖြစ်အောင်ဖတ်တယ် ကြိုက်လို့  ခေါင်းစဉ်တွေ့ တည်းကကြိုက်သွားတယ်..
စာသားတွေအရမ်းကောင်းတယ် ညလေးရေ
ဝတ်ရုံလေးခဏလောက် ဌားပါ့လား
စစချင်းမှာပဲ ရင်ထဲထိရတယ်ကွယ် တကယ်ပါ
(ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ
လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်)
ပြီးတော့ကောင်းကင်နဲ့ဝေးတဲ့ကြယ်တွေပေါ့နော်
ချစ်တဲ့ sis jasmine
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်…
ဟိုဘက်ကလူက ဒိုင်လူကြီး လုပ်ခဲ့ဖူးတယ် ထင်တယ်။ ဟီး ဟီး။ စတာနော် ညီမ စိတ်မဆိုးနဲ့။
ခံစားချက်တွေကို ဒီလို ချရေးပစ်တာ ကောင်းတယ်။ ဒါမှ ကဗျာလှလှလေးတွေ ဖြစ်ပေါ်လာမှာ။
အမလည်း အဲ့ဝတ်ရုံခြုံမယ်နော် ...:)
နှစ်သက်မိတဲ့၊ ထပ်တူကျသွားခဲ့တဲ့ ခံစားချက် တော်တော်များပါတယ် ဒီကဗျာလေးမှာ
ဝတ္ထုရေးအားကောင်းသလို
ကဗျာအတွေးတွေကလည်း လှလွန်းနေပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေ ညီမရေ ။
နိုဝင်ဘာကလဲ ပျောက်နေ
ဒီဇင်ဘာကိုလဲ ကြောက်နေဆိုတော့
ဝတ်ရုံခြုံပြီး
2013 ဇန်နဝါရီကိုဘဲ မျှော်လိုက်ကြရအောင်။
ကဗျာလေးကောင်းလိုက်တာ ညီမလေးရေ
စာရေးကောင်းသလို ကဗျာရေးလည်း တယ်ကောင်း
စကားလုံးတွေ အားကောင်းလိုက်တာ။။
သဘောကျတယ်။
ခံစားချက်နက်နက်လေးတွေကြောင့် ဥပေက္ခာဝတ်ရုံလေးတွေ ဖြစ်လာတာပေါ့..ဝထ္ထုလည်းရသလို ..ကဗျာပါပိုင်တယ့် လှိုင်..
ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို ကိုယ့်ရဲ့ ခံစားချက်တွေဟာ….. ခဏခဏ အနီကတ်ပြခံရတယ်… ...
ဥပေက္ခာဝတ်ရုံ
တခါတလေ မှာအဲဒီဝတ်ရုံခြုံသင့်တယ်
အိန်ဂျယ်
ရွေးချယ်ခွင့် မရှိတဲ့ မနက်ခင်းတွေကိုမှ
လောကဓံနဲ့ စိန်ပြေးတမ်း ကစားခဲ့ရသလို
ကိုယ့်ရဲ့ ခံစားချက်တွေဟာ…..
ခဏခဏ အနီကတ်ပြခံရတယ်…
ကဗျာလေးခံစားသွားပါတယ်အမ
ခံစားချက်တွေအနီကတ်ပြခံရတာ.....ကြိုက်တယ်။ အိမ်မက်မဟုတ်ဘူး ညီမလေး။ အိပ်ရင်းနဲ့မက်လို့အိပ်မက်ပါ။ ရေကုန်ရေခန်းမှာ ခမ်းက မသတ်မဟုတ်ဘူးညီမလေး။ အဲဒါကခမ်းနားတာ။ ရေခန်းတာက နသတ်ပါ။
မနက်ခင်းမှာပျိုးတဲ့နှင်း၊ ညနေခင်းအထိမစဲတဲ့အခါ၊အမှောင်ထဲမှာညကိုရှာမိသလို....ဆိုတာကိုဒီကဗျာရဲ့အကြိုက်ဆုံးစာသားလို့သတ်မှတ်မိတယ်။ကဗျာလေးကောင်းတယ်။ညီမလေးရေ-သတ်ပုံတွေကတော့နောက်လည်းမှားမှာစိုးလို့ပြင်ပေးလိုက်ပါတယ်။
ကောင်းကင်ကြီး စိတ်ကောင်းဝင်တဲ့အခါ ... ဒီလိုမျှော်လင့်ရင်း တိမ်မင်တုန်းအောက်မှာ လမ်းကို မျှော်တွေးလို့ ...
ဟုတ်ကဲ့ အကိုဆူးသစ် ညီမလေး အမှားတွေ ပြင်လိုက်ပါ့မယ်... နောက်မမှားအောင်လည်း သတိထား ဆင်ခြင်ပါ့မယ်အကို အိမ်မက်နဲ့ အိပ်မက်နဲ့ အမြဲမှားနေတာ..ဟိဟိ သတ်ပုံအမှားလေးတွေ ပြင်ပေးလို့ ကျေးဇူးပါအကိုရေ...
မနက်ခင်းမှာ ပျိုးတဲ့…..နှင်း
ညနေခင်းအထိ မစဲတဲ့အခါ ..
အမှောင်ထဲမှာ ညကို ရှာမိသလို…
အဆုံးသတ်ရဲ့….
ရလဒ်က
ယုံကြည်မှုတွေပဲ မှောက်လျက် လဲကျသွားရတယ်..
မမအိန်ဂျယ်ရေ..ကဗျာကောင်းလေးကို ခံစားသွားပါတယ်ရှင်...အမစာတွေကို ကြိုက်ပေမဲ့
အခြေအနေအရ အမြဲမလာဖြစ်ဘူးရှင်..နောက်ဆို
အမြဲလာဖြစ်အောင်ကြိုးစားပါ့မယ်
ခင်မင်နေတဲ့...မိုးနတ်
"အမြဲဝတ်ထားမိတဲ့ ဟန်ဆောင်ခြင်း ဝတ်ရုံနဲ့
ခဏတာ ပြုံးပြမိရင်တောင်
မနက်ဖြန် တံခါးတွေကို ကျေးဇူးပြု၍ ပိတ်ထားပေးပါ…"
:)
ဘယ်နှစ်ခေါက်ပြန် ဖတ်ဖတ်မရိုးနိုင်တဲ့ ကဗျာတွေပေါ့ဗျာ
တစိမ့်စိမ့်နဲ့ကို ခံစားနေမိတယ် စကားလုံးတွေက သိပ်ကိုဆူးရှတော့ ကဗျာကို ပီပီသသ ပေါ်လွင်စေတယ်
အဲလိုကဗျာမျိုးတွေ သိပ်ရေးတတ်ချင်တာဗျ သို့ပေသိ မလွယ်ပေဘူးဗျို့။
ရင်ထဲက အသံတွေ ကြားလိုက်ရသလို..။ စကားလုံးရွေးတာလေးတွေ လန်းတယ်ဗျ..။ ခံစားခဲ့ပါတယ် အစ်မရေ.။
Post a Comment