http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Friday, January 6, 2012

တနေ့တာ ( မမ Blackrose's Tag post )

အိန်ဂျယ်ချစ်ရတဲ့ မမ Blackrose ရဲ့ တနေ့တာ တဂ်ပို့စ်လေးနဲ့ ၂၀၁၂ ကို အလှဆင်ခွင့်ရတဲ့ အတွက် ကျေးဇူးပါမမရေ။ ဘလော့ဂါတွေရဲ့ တနေ့တာလေးတွေ အပြေးအလွှား ဖတ်ရတာလဲ ရင်ခုန်ကြည်နူးစရာ၊ နှစ်သက်မှု အမျိုးမျိုးနဲ့ တစ်ဥိးစီရဲ့ စွဲလမ်း နှစ်ခြိုက်မှုလေးတွေကို သိခွင့်ရတာလဲ ချစ်စရာ တစ်မျိုးပါပဲ။ 



ဘလော့ထဲမှာ Tag Post အမျိုးမျိုးနဲ့ စည်းစည်ကားကားလေး ဖြစ်နေတဲ့ ဘလော့ဓလေ့ထဲမှာ အိန်ဂျယ်တစ်ယောက် နေသားကျလာခဲ့တာလည်း တော်တော်လေး ကြာခဲ့ပြီလို့ ပြောရမလိုပါပဲလေ။ နှစ်သက်စရာ၊ ကြည်နူးစရာ၊ ဖော်ရွှေခင်မင်တက်တဲ့ ဘလော့ရွာလေး ဆထက်တိုးလို့ စည်ကားမြိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း မမဘလက်ရို့စ်ရဲ့ တဂ်ပို့စ်လေးကို အသက်သွင်း ကြည့်ရအောင်နော် ....:):)


အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ....

အလုပ်ရှိတဲ့ ရက်တွေဆို ဖုန်းနဲ့ Alarm ပေးထားတဲ့ အတွက် အသံမြည်မှ နိုးတက်ပါတယ် :P ဖုန်းကပေးထားတဲ့ Song ကို အရင်ပိတ်ဖို့ ကြိုးစားရတာ အိပ်ယာက နိုးနိုးချင်း လုပ်ရတဲ့ အလုပ်တစ်ခုပါ :)


မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ....

မြန်မာအစားစာတွေလို့ ပြောရမှာပေါ့နော်၊ မုန့်ဟင်းခါး၊ အသုတ်စုံ၊ ထမင်းနဲ့ ပဲပြုတ်၊ ဒီလိုမဟုတ်ရင် ထမင်းနဲ့ ဟင်းတစ်မျိုးမျိုးကို ရေနွေးကြမ်း တစ်ခွက်နဲ့ တွဲစားရတဲ့ မနက်စာကို အနှစ်သက်ဆုံးလို့ ပြောရမှာပါပဲ။


လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...

ဥရောပစတိုင် မနက်စာဘူးဖေးပါ။ အလုပ်က မနက်စာ စီစဉ်ပေးတာမို့ အလုပ်မှာပဲ စားဖြစ်တယ်။ ကြိုက်တာမကြိုက်တာ ဘေးမှာ ခဏထားလို့ .ဒါလည်း ချွေတာနိုင်တဲ့ အခွင့်ရေး တစ်မျိုးမို့ အိန်ဂျယ် စိတ်ဆိုးပါတယ် ...:P:P


နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ

အိမ်မှာ စားရတာကို အနှစ်သက်ဆုံးပါပဲ...


အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ

ချဉ်ပေါင်ကြော်၊ ကန်စွန်းရွတ်ကြော်၊ ငပိလိမ္မာကြော်၊ ငါးခြောက် အစပ်ကြော် ကို ထမင်းနွေးနွေးနဲ့ လွေးခွင့်လေး ရချင်မိသား.. ခုများတော့ ....:(


အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ

တစ်ခွက်ပါပဲ... ပိုသောက်ချိန် မရလို့ပါ ..:D


ညနေစာကိုဘယ်မှာစားတတ်ပါလဲ

အိမ်ပြန်ရောက်မှပဲ အလွယ်တကူ လွယ်ကူလျှင်မြန် တစ်ခွက်ဟင်း ဒါမှမဟုတ်.. မားမားချည်စပ် ဒါမှမဟုတ် အိမ်က လူကြိးတွေ စီစဉ်ပေးသော အစားစာ တစ်မျိုးမျိုး စားတက်ပါတယ် ။ အိန်ဂျယ်က အလုပ်က ပြန်လာရင် ချက်ရပြင်ဆင်ရတာ အရမ်းပျင်းတဲ့ အတွက် လွယ်တဲ့ အစားစာတွေကိုပဲ စားဖြစ်တယ်။


ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ

မြန်မြန်စားရမယ် ကွန်ပြူတာဖွင့်ပြိး မေးလ်စစ်ရအုံးမယ် ဆိုတဲ့ အသိ..:):)


အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..

တစ်နေ့တာ အောင်မြင်စွာ ပြိးဆုံးသွားပြီမို့ အိမ်ပြန်ရတော့မယ် ဆိုတဲ့ ဝမ်းသာကြည်နူးတဲ့စိတ် ဖြစ်ရတဲ့ အထိ အလုပ်ဆင်းချိန်မှာ ကလေးတစ်ယောက်လို ရိုးစင်းစွာ ပျော်မိပါတယ်..:):) အလုပ်ချိန်မပြည့်ခင် နာရီခဏခဏ ကြည့်ရလို့ မောရတဲ့ အချိန်တွေဟာ ပင်ပန်းလွန်းပါဘိ..:(


အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ....

ဆောင်းတွင်းဆိုတော့ ဖိနပ်ချွတ်ရတာနဲ့ အဝတ်စားတွေ ချွတ်ရတာလည်း အလုပ်တစ်ခုပါပဲ...:( အိန်ဂျယ်က ဆောင်းရာသီကို ချစ်ပေမယ့် အဝတ်အစားတွေ အများကြီး အထပ်ထပ် ဝတ်ရတာကို အရမ်းစိတ်ညစ်ပါတယ်.. :(:(


ဒုတိယလုပ်မိတာလေး..

ရေချိုးဖို့ ပြင်ဆင်တာပါ။ အလုပ်က ပြန်ရောက်ရောက်ချင်း တခြားဘာမှ မစီစဉ်ခင် ရေတစ်ဝကြီး စိမ်ချိုးရတာကို နှစ်သက်မိပါတယ်...:):)



ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..

ရန်ကုန်မှာတော့ ကော်ဖီဆို အချိန်မရွေး၊ နေရာမရွေးပေါ့... ဒီရောက်မှ မနက်စာ ကော်ဖီချိန်ကလွဲပြီး မသောက်ဖြစ်တော့ပါဘူး..။


ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...

ဘုရားရှိခိုးတာပါ ... တစ်ခါတစ်လေ အရမ်းအိပ်ချင်နေတဲ့ အခါ ဦးသုံးကြိမ်တောင် အနိုင်နိုင်ရယ် :P:P အိန်ဂျယ်တို့ အဲလိုနော် .:):)


အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ

ရင်ထဲမှာ အမှတ်တရ ရှိနေတဲ့ ရက်စွဲတစ်ချို့ အကြောင်းနဲ့ မြန်မာပြည်က မိဘ၊မောင်နှမ တွေအကြောင်း၊ သူငယ်ချင်းတွေ အကြောင်း စုံနေအောင် တွေးတော လွမ်းမောရတာ... အိပ်မပျော်တဲ့ညကို အချိုပေါ် သကာဆင့် ဆိုသလိုပါပဲလေ..။


တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ

ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ တစ်နေကုန်ခွေပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ငိုပစ်လိုက်တာပေါ့။


အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း

ဖုန်းနဲ့ တိုလီမိုလီ အစုံပါတဲ့ အိတ်တစ်လုံး...:):) မမ မဒမ်ကိုး လိုပဲ .:P:P


မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ

အမေ


သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ

အိန်ဂျယ်ချစ်ရတဲ့ မောင် ( သူ...ဘူလဲတော့ တိဝူးနော် ..:P:P )


အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ

ထိုင်းက အမကြီး တစ်ယောက်ပါ ... ခင်မင်ဖော်ရွေပြီး ပျော်ပျော်နေတက်သလို စိတ်ရင်းလည်း အရမ်းကောင်းပြီး အိန်ဂျယ်ဆို ညီမလေးတစ်ယောက်လို အရမ်းချစ်သလို အမြဲလည်း ကူညီပေးတက်တဲ့ အစ်မပါ ။


ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..

အိတ်... (လက်နဲ့လည်းကိုင်လို့ရသလို လွယ်လို့လည်း အဆင်ပြေတဲ့ လက်ကိုင်အိတ်လေးပါ )။ အိန်ဂျယ်ကို လက်ဆောင်ပေးဖို့များ အစီစဉ်ရှိရင် အိတ်လှလှလေးတွေ ပေးပါနော် ..:P:P ကြိုပြောထားတာ :D


လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု

Laptop :):) အိန်ဂျယ်အတွက် အင်တာနက်နဲ့ laptop လေးသာ မရှိရင် မတွေးဝံ့စရာ... :D:D


ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ

အိန်ဂျယ်ချစ်ရတဲ့ မောင်..ပါ။ (ခုချိန်ထိတော့ သူတော်တော်လေး နားလည် ခွင့်လွတ်ပေးနိုင်တယ်လို့ ထင်တယ် ..နောက်တော့ သိဝူး ...:P:P ) ဒီလိုပြောလို့ အိန်ဂျယ်တော်တော် ဆိုးမှာပဲလို့များ မတွေးနဲ့အုံးနော်.. အိန်ဂျယ်က အရမ်းလိမ္မာတာ ... သူက ဒါဆို.. အိန်ဂျယ်က ဟိုဟာပဲ ..ကွက်တိ ..အဲလို :D


အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ

စနေ၊တနင်္ဂနွေပိတ်တဲ့ အလုပ်လေး ပြောင်းချင်မိတယ်....:(


အိန်ဂျယ်ချစ်ရတဲ့ မောင်နှမများအားလုံး ၂၀၁၂ရဲ့ ပထမဆုံး တဂ်ပို့စ်လေး ဖတ်ပြီး တစ်ခဏ စိတ်ကြည်နူး ချမ်းမြေ့နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း.... ကောင်းသောနေ့ရက်လေး ပိုင်ဆိုင်နိုင် ကြပါစေလို့။ သတိတရ တဂ်လုပ်ပေးတဲ့ မမ Blockrose ကိုလည်း ဒီနေရာလေးက ကျေးဇူးပါလို့ ပြောပရစေရှင်။

ချစ်တဲ့
Angelhlaing


Friday, January 6, 2012
8.85 pm (Austria)
www.angelhlaing.blogspot.com

31 comments:

အိပ်မပျော်တဲ့ညကို အချိုပေါ် သကာဆင့် ဆိုသလိုပါပဲလေ
အမ်မယ်လေး----အိပ်မပျော်တာကိုတောင်အချိုပေါ်
သကာဆင့်တဲ့လားညလေးရေ------

အင်း . . အိတ်တစ်လုံး လက်ဆောင်ပေးဖို့ ရှိတယ်။ ဆာလာအိတ်ကြီးကြီး တစ်လုံး :P

ညီမရေ ဖတ်သွားပါတယ် :)

ငါးပိလိမ္မာကြော်တဲ့..ကြားမကြားဖူးပါဘူး... သူပြောမှ ငါးပိလူမိုက်ကြော်တို့ ဘာတို့များ ရှိသေးလားဆိုတာ ပြန်လေ့လာရဦးမလိုလို...။။။။ လက်ဆောင်ပေးရင် အိတ်လိုချင်တယ်ဆိုလို့ ကျန်ကျောင်းအိတ်တစ်လုံး ဝယ်ထားတယ်..ယူမလား.. :P :P

မမရဲ့ တနေ့တာလေး သိသွားပီ... ရေစိမ်ချိုးရတာကို နော်လည်း အရမ်းနှစ်ခြိုက်တယ်.. :)
ရော့ မမ.. အိတ်... (ကျန်ကျောင်းအိတ်) ကြိုက်လား... :P

ချစ်ခင်လျက်

ဘူဖေးမနက်စာနေ့တိုင်းစားရတာ အားကျဒယ်.. ဒီမှာ မစားရဘူး.. အဟင့်

ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ တစ်နေကုန်ခွေပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး မြတ်လည်း ငိုတတ်တယ်။

ဟုတ်တယ်အစ်မ
ငပိလိမ္မာကြော်..ကြားဘူးဖူးး))
လိမ္မာတဲ့သူကြော်လို့များလား :P
ဒါနဲ့..မောင်က..ဘယ်သူလဲဟင်
အစ်မမပြောရင်..နန္ဒာလှိုင်မောင်လို့
ထင်လိုက်မှာနော် :D
ဘလော့ဂါတွေရဲ့တစ်နေ့တာက.
ဂျာနယ်ထဲမှာပါတဲ့မင်းသမီးမင်းသားတွေရဲ့
တစ်နေ့တာထက်တောင်
ပိုဖတ်လို့ကောင်းနေတာအမှန်ပဲအစ်မ

ပျော်ရွှင်ဖွယ်တစ်နေ့တာပေါင်းများစွာကို
မိသားစုနဲ့အတူ.ဖြတ်သန်းနိုင်ပါစေရှင်

ချစ်ခင်လျှက်
မိစံ

သူ့ မောင် ကိုကြတော့ဝှက်ထားတယ်
ဘယ်သူဆိုတာ ကြောလဲကြောပြ၀ူး
ပိတ်ရက်ရတဲ့ အလုပ်လေး ငါ့ညီမမြန်မြန်ရပါစေကွယ်

တနေ့တာလေးကို လာဖတ်သွားတယ် ညီမရေ...

စနေတနင်္ဂနွေပိတ်တဲ့အလုပ်ပြောင်းချင်တယ်လား....။
ကျွန်တော်နဲ့တော့ပြောင်းပြန်ဗျ...။ကျွန်တော်က စနေနဲ့
တနင်္ဂနွေပဲအလုပ်လုပ်ရတဲ့ အလုပ်များရှိရင်ပြောင်းမလား
ရှာနေတာ...:P။

Cyprusမှာ အိတ်လေးတွေအရမ်းလှတယ် အိန်ဂျယ်လေးရေ..
ဒါပေမယ့် တရုတ်ကလုပ်တာတွေများတယ်..ဟီး

ညီမ ရဲ့ တနေ့တာ ကို စိတ်ဝင်စားစွာဖတ်သွားပါတယ်

ခင်မင်တဲ့
ရွှေစင်ဦး

ညီမရဲ့ တနေ့ တာ လှုပ်ရှားမှုလေးတွေကို လေ့လာဖတ်ရှုသွားတယ် ညီမရေ...

တစ်နေ့တာအကြောင်းလေးလာလေ့လာသွားပါတယ်မမရေ.....
ကျန်းမာပျော်ရွှင်ပါစေနော်..

အိပ်မပျော်တဲ့ညတွေအချိုပေါ်သကာဆင့်တဲ့
ဟိဟိ သိနေတယ်နော် သိနေဒယ်
အိန်ဂျယ်ချစ်ရတဲ့မောင်က ဘူလေးလဲအေ..

အစ်မအိန်ဂျယ်....
ပို့စ်ကို ဖတ်ပြီးပြုံးရသလို comment တွေကြောင့်လည်း ရယ်ရပြန်တယ်ဗျာ။

ကိုဇော် ပေးမယ်ဆိုတဲ့ ဆာလာအိတ်ကြီးကြီးထဲမှာ ငပိမိုက်ကြော်တွေ ထည့်ပေးလိုက်မယ်နော် အစ်မ;;p။

လက်ပ်တော့ကြီး လက်ဆောင်ရထားတယ်ဆိုတော့ အားကျမိတာ အမှန်ဘဲ။း)

ချဉ်ပေါင်ကြော်ကို စားချင်နေတာတော့ တူနေပြီဗျ..၊ ပုဇွန်ခြောက် နိုင်းချင်းလေးနဲ့ဆို အမိုက်ပဲ...၊း)

အနော်လည်း အိတ်ကြိုက်တယ်...

ချဉ်ပေါင်ကြော်တော့ ကြိုက်ပါ့...ဒါပေမယ့် နေ့တိုင်းတော့ မစားချင်ပေါင်...အိတ်ကြိုက်တာကတော့ အမျိုးသမီးတွေရဲ့ ဗီဇပဲဖြစ်မယ်ထင်တယ်...ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလည်း အိတ်ကြိုက်ချက်ကတော့ အိမ်ကိပါ အိပ်ထဲမှာထည့်ထားလို့ရရင် ထည့်ထားချင်တဲ့ပုံပဲးးး)))

မြန်မာအစားအစာတွေလွမ်းတဲ့ညီမလေး-ဆန္ဒတွေပြည့်ပါစေ။ အိတ်တွေလည်းအများကြီးရပါစေ။ အစ်ကို့ဇနီးပါရမီဖြည့်ဖက်လေးလည်း အိတ်တွေဝယ်တာဝါသနာပါတယ်။ ညီမလေးချစ်တဲ့မောင်နဲ့ တစ်သက်လုံးလက်တွဲနိုင်ပါစေလို့ဆန္ဒပြုပါတယ်။ တစ်နေ့တာတွေဖတ်ရတာစိတ်ချမ်းသာပါတယ်။

အင်း.... မောင်ဆိုသောမောင်ရေ
သေချာမှတ်ထားကြားလား
ခုထဲက ကျွတ်ကျွတ်အိပ်ကစလို့ဈေးဝယ်အိတ်အဆုံးစုပေတော့
ထမင်းဆိုင်နားနီးနီးအိမ်ဝယ်ဖို့လဲပြင်နော်း)

တစ်ရှုးဆိုင်လဲနီးရမယ် ငိုတဲ့အခါအဆင်သင့်အောင်လို့

ပျော်စရာလေးပဲဟေ့ အိန်ဂျယ်လေးရေး)

ချစ်တဲ့
အမ

မဒိုးကန်

ကျွန်တော့်ရဲ့တနေ့တာကတော့.ဘာမှထူးထူးခြားခြားမရှိတာရယ်...ကိုယ်တိုင်လဲ..သိပ်မရေးတတ်တာရယ်ကြောင့်..သူငယ်ချင်းတွေရဲ့ တနေ့တာတွေကိုပဲ ဖတ်ရှုအားပေးရတာပေါ့ဗျာ.....:)

ထိုင်းတွေက သာမန်အားဖြင့် ခင်ဖို့  သိပ်ကောင်းပါတယ်။ ကူညီတတ်ကြတယ်။ မိတ်ဆွေ ကောင်းကြုံရရင် ဘယ်လူမျိုးဖြစ်နေပါစေ တန်ဖိုး ထားတာ ကောင်းပါတယ်ဗျာ။

ပစ်ပစ်တို့  ရိုက်ချက် ဘလော့ဂါ တွေ ထိတယ်။ :P

ရေးထားတာလေးက ချစ်စရာလေး
ဖတ်ြပီး ပြုံးမိတယ် ကိုယ်သာဆို ဒီလိုရေးတတ်မယ် မထင်ဘူး
ညီမအိန်ဂျယ်တို့ကတော့ တော်လိုက်တာ.. တစ်နေ့တာလေးကို စိတ်ဝင်စားအောင် ရေးတတ်တယ်။း)

ညီမလေးရဲ့ တစ်နေ့တာ စိတ်ဝင်စားစရာလေးတွေကို ဖတ်သွားပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ညီမရေ..။

သားဇော်ရဲ့စေတနာ အားပါးပါးများလှချည်လားကွဲ့ :P
ဖွားဖွားတို့လည်း 'ငါးပိလိမ္မာကြော်' လို့ခေါ်တယ်း)
တစ်နေ့တာတဂ်ပို့စ်လေးဖတ်သွားတယ် အိန်ဂျယ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ငပိလိမ္မော်ကြော်လေးတော့ ဘုဉ်းပေးကြည့်ချင်သား အိန်ဂျယ်ရေ။ မောင်လေးဆိုတာ ဘူလေးလည်း ဘုန်းဘုန်းတောက်ကို တိုးတိုးလေး ပြောပြပါလား...ဟိ

တနေ့တာလှုပ်ရှားမှု ၊ ခံစားချက်တွေကလည်း စုံစုံစေ့စေ့ပါပဲလား။
အခုမှပဲ စာတွေ ပြန်လိုက်ဖတ်ဖြစ်တယ်။

လာရောက် စပ်စု သွားပါတယ်။
ခင်မင်စွာဖြင့်
ဆင်တဲကဖေး ကိုယ်စား

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More