http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Thursday, September 8, 2011

ဘလော့ဂါဆိုတာ ဘာလဲ ( တဂ်ပို့စ် )


" ဘလော့ဂါဆိုတာ ဘာလဲ " ဆိုပြိး နတ်ဆိုး အစပြုလို့ တဂ်ပို့စ်တစ်ခု အဖြစ် ပေါ်ပေါက်လာပြန်တော့ ဘလော့ရွာထဲလည်း အဓိပ္ပါယ် ဖွင့်ဆိုပုံလေးတွေ အမျိုးမျိုးနဲ့ ကိုယ်ရဲ့စိတ်ကူးအတိုင်း အလှ ဆင်ယင်နေကြလေရဲ့။နတ်ဆိုးလေး တဂ်ထားကတည်းက တိတ်တိတ်လေး နေမလားလို့ စိတ်ကူးတုန်းရယ်ရှိသေး မောင်လေး မင်းဧရာနဲ့ ချစ်ရတဲ့ မမ မဒိုးကန်နဲ့ မဒိုးကန်ရဲ့ ချစ်လှစွာသော ကိုရင်တို့ရဲ့ ( ကိုရင်ကိုင်ရင် နတ်ကိုင်တာထက် ဆိုးမည်ဆိုပဲ :):) ) ဘေးကျပ်နံကျပ် ကိုင်တွယ်မှုတို့ကြောင့် ခေါင်းအကြိးကြိးစား၍ " ဘလော့ဂါ ဆိုတာ ဘာလဲ" ဆိုသော ခေါင်းစဉ်အား မထွက်ထွက်အောင် ညစ်ထုတ်ရေးသား ရပါကြောင်း :) အကြောင်းမတိုက်ဆိုင် ခေါင်းစဉ်နဲ့ အဖြေလွဲသည် ရှိသော် သည်းခံ၍ အားပေးတော် မှုကြပါလို့ မေတ္တာရပ်ခံ ရပ်ပါသည်ရှင့် :P ဘယ်ရမလဲနော် မရေးခင်ကတည်းက ကြိုတင်တောင်း ပန်ထားရတာ... သူများတွေရေးတဲ့ တဂ်ပို့စ်တွေ ဖတ်ပြိး လန့်နေတာ.. သူတို့တွေများကြတော့ စိတ်ကူးကောင်းသလို လှလှပပ တန်ဆာဆင်လို့ ဖွင့်ဆိုကြတာ အားကျပါဘိ။

ဘလော့ဂါရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေး မစခင် Angelhlaing ရဲ့ နိုင်ဆိုဒ် အတွေ့အကြုံလေးတွေ နည်းနည်းလောက် ပြောပြချင်ပါတယ်။ နိုင်ဆိုဒ်တွေ အသုံးများလွန်းလို့ နိုင်ဆိုဒ်မင်းသမီး လို့လည်း ခေါ်ဆိုသမုတ်ခံရ သူလည်းဖြစ်ပါသည်။ :):) နိုင်ဆိုဒ်ဆိုတာ ဆိုရှယ်ဆိုဒ်တွေ ဖြစ်သလို လူမျိုးစုံ၊ စရိုက်မျိုးစုံနဲ့ အမျိုးမျိုးသော လူတွေ တည်ရှိရာ နေရာတစ်ခုပါ။ လူအမျိုးမျိုး ဆိုတဲ့အတိုင်းပဲ ပြဿနာပေါင်း သောင်းခြောက်ထောင်လည်း ကြွယ်ဝတဲ့ နေရာတစ်ခုပါ။ ဘာရယ်မဟုတ် ပြဿနာရှာ ရန်လိုသူတွေအတွက် အီးမေးလ် တစ်ခုရှိရုံဖြင့် ကျင်လည်ချင်တိုင်း ကျင်လည်ခွင့်ရတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လေ။ နိုင်ဆိုဒ်ပေါင်း(၂၀)ကျော်မှာ မန်ဘာဝင်ပြိး ရေးသမျှစာတွေ တင်ဖြစ်သလို ယခု ဖျတ်သိမ်းလိုက်ပြီ ဖြစ်သော ချောကလက်မြို့တော် နိုင်ဆိုဒ်တွင်လည်း အက်ဒမင်အဖြစ် ကူညီပေးနေသော အချိန်၊ ဘလော့လောကထဲ ခြေချခွင့်နေရာ တစ်နေရာ ရဖို့ ကြိုးစားနေဆဲ အချိန်။ မှတ်မှတ်ရရပါပဲ အဲဒီ ကွန်မန့်တစ်ခု ရလိုက်တဲ့ အချိန် စာတွေ မရေးတော့ဘူးရယ်လို့ ဆုံးဖြတ်ချက်ချမိတဲ့ အထိ စိတ်ဓါတ်ကျခဲ့ရသည်။

ထိုသူပေးသော ကွန်မန့်သည် ရိုးရိုးသာမန် ကွန်မန့် လောက်မျှသာဟု ထင်ရသည်ရှိသော်လည်း ထိုအချိန်ကာလက စာရေးခြင်းအလုပ်ကို စွန့်လွတ်သွားချင်ရလောက်အောင် ပါပဲ။ ဘလော့ဂါ လုပ်ရအောင် ဘာအရည်ချင်းရှိလို့လဲ၊ ဘာအရည်ချင်းရှိလို့ ဘလော့ဂါ လောကထဲ ဝင်ရတာလဲ၊ ဘယ်လိုလူမျိုးတွေမှ ဘလော့ဂါ ဖြစ်တာလဲဆိုတာ စုံစမ်းကြည့်လိုက်အုံး၊ ဘလော့ဂါဖြစ်ချင်ရင် ကိုယ်အရည်ချင်းကိုယ်သိပါ ...စတဲ့ စကားလုံးမျိုးတွေနဲ့အတူ မကြားဝံ့ တဲ့ တစ်ချို့တစ်ချို့သော ကွန်မန့်တွေလဲ အပါအဝင် ရခဲ့သူပါ။ စာတွေ စရေးတဲ့သူ တစ်ယောက်အနေနဲ့ ကွန်မန့်တစ်ခုသည် အားဆေးလို့ သတ်မှတ်သလို နောက်ထက်ရေးဖို့ ခွန်အားဖြစ်စေတယ်ဆိုတာ စာရေးသူအားလုံး ခံစားမိကြမှာပါ။ အဲဒီလို အဲလိုစကားလုံးတွေနဲ့ နပန်းလုံးခဲ့ရတော့ စာရေးဖို့ လက်တွန့်ခဲ့တာလဲ အမှန်ပါပဲ။ သို့ပေမယ့်လည်း စာရေးချင်သော ပိုးကလည်းမသေ၊ နံလန်မထူနိုင်အောင် ကြမ်းတမ်းတဲ့ စကားလုံး တော်တော်များများကို နိုင်ဆိုဒ်တွေမှာ ရရှိခဲ့သည် တိုင်အောင် ဘလော့လောကထဲ တိုးဝင်ကြည့်ချင်ခဲ့မိသည်။ ယခုအချိန်တွင်တော့ ထိုကွန်မန့်ပေးသူအား နားလည်လာသလိုလို ပင်။ သူ၏ စိတ်တွင် ဘလော့ဂါ ဟူသည် စာရေးဆရာ၊ဆရာများ သဖွယ် လေးစားနေခြင်းကြောင့် ထိုသို့ ဝေဖန်ပြောဆို ခံရခြင်း ဖြစ်ပေမည်ဟု သုံးသပ်မိသည်။

တစ်ကယ်တမ်း ဘလော့လောကထဲ တိုးဝင်ခဲ့သောအခါ အထင်နဲ့ အမြင်သည် လုံးဝ တက်တက်စင်အောင် လွဲချော်နေတယ်ဆိုတာ လက်တွေ့ မြင်တွေ့လာခဲ့သည်။ ဘလော့ရွာလေးသည် အေးဆေး တည်ငြိမ်သည်။ နှစ်လိုကောင်းအောင် ဖော်ရွေ၊ ယဉ်ကျေးတက်ကြပြိး နွေးထွေးမှုများဖြင့် ကြိုဆိုတက်သော ရပ်ဝန်းတစ်ခု။ နှစ်သိမ့်မှု၊ နားလည်မှု၊ စာနာမှု၊ ကိုယ်ချင်းစာတရား များဖြင့် ဖေးမတက်ကြသူများ စုဝေးရာ ဌာနေတစ်ခု လည်းဖြစ်၏။ ဘလော့ရွာလေးသည် အဝေးရောက် သားသမီးတွေ ၊အဝေးရောက် ညီအကို မောင်နှမတွေ အတွက် အလွမ်းဖြေဖို့ရာ နေရာဒေသလဲ ဖြစ်၏။ ပန်းပေါင်းစုံ ဖူးပွင့်နေသော ဥယျာဉ်ကြိး တစ်ခုနှင့်လည်း အလားသဏ္ဍန်တူ၏။ အေးမြတဲ့ အရိပ်အာဝါသနှင့်တူသော အေးမြခြင်းကို ပေးစွမ်းစေသော တရားရေအေးများကို တိုက်ကျွေးကြသော ဘလော့ဂါများ၊ လှပသော ပန်းပွင့်လေးများနှင့် အလားသဏ္ဍန်တူသော ကဗျာရေးသော ဘလော့ဂါများ၊ မြေဆီမြေနှစ်ကဲ့သို့ အလားသဏ္ဍန်တူသော ရသစာပေများ ရေးသားကြသော ဘလော့ဂါများ၊ ဆာလောင်မွတ်သိပ်မှုတရား ဖြည်သိမ့်နိုင်အောင် အမိမြေ အလွမ်းပြေ ဟင်းလျှာများ ဖန်တိးကြသော ဘလော့ဂါများ၊ မြေသြဇာနှင့်တူသော မရှိမဖြစ်လိုအပ်သော နည်းပညာများ ဖန်တိးမျှဝေပေးသော ဘလော့ဂါများ၊ စသည်ဖြင့် သတင်း၊ မီဒီယာ ရူထောင့် အမျိုးမျိုးမှ ဝါသနာပါရာ တင်ဆက်ပေးကြသော ဘလော့ဂါများ စုပေါင်းထားရာ ရွာကလေး တစ်ရွာလည်း ဖြစ်ပေ၏။ ဘဝပင်လယ်၏ လှိုင်းချက် အနိမ့်၊အမြင့် မညီညာမှုတွေ ကြားမှ အလူးအလိမ့် ကူးခက်နေကြသော လူသားများ၏ နှလုံးသွေးမှ ရင်ခတ်သံ အစစ်အမှန် များကိုလည်း ဘလော့ရွာထဲတွင် မြင်တွေ့နိုင်၏။

တနည်းအားဖြင့် ဆိုရလျှင် ဘလော့ရေးသူများသည် နူးညံ့သော စိတ်ထားရှိကြသူများ ဖြစ်ကြသလို စာပေကို ချစ်မြတ်နိုး သူများသာ ဖြစ်၏။ ဘဝဇတ်ခုံ၏ ကျရာနေရာတွင် ကနေကြသော ဇတ်သမားပင် ဖြစ်လင့်တကား စာပေကို သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း နှစ်သက် ခုံမင်သူများသာ ဖြစ်၏။ ပြည်တွင်း၊ပြည်ပ ဘလော့ဂါ များအားလုံးတို့သည် မတူညီသော အခက်ခဲပေါင်းများစွာ ရှိကြသော်လည်း တူညီသော စာပေချစ်မြတ်နိုးမှုစိတ်သည် ထိုဘလော့ဂါတို့၏ နှလုံးတွင် အစဉ်ကိန်းအောင်း နေလျှက်ရှိသောကြောင့် အမျိုးမျိုးသော အခက်ခဲများအား ကျော်လွှား၍ ဘလော့ရွာထဲတွင် ကျင်လည်နေကြသူများသာ ဖြစ်၏။ စာပေကို ချစ်မြတ်နိုးသူများ ဖြစ်သောကြောင့် ကိုယ်တိုင်ဖန်တီး၍သော်လည်းကောင်း ဖန်တီးထားသော စာပေများ ဖတ်ရှုခြင်းဖြင့်လည်းကောင်း ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ ဆိုသလိုပင် အပြန်လှန် အားဖြင့် ဝါသနာပါရာကို ဖေးမကူညီ အားပေးနေကြ သူများသာ ဖြစ်၏။ နိဂုဏ်းချုပ်အားဖြင့် ဆိုရသော် ဘလော့ဂါဟူသည် ကိုယ်ကိုတိုင်အောင် မသိလိုက်မိပဲ စာပေကို ရူးသွပ်စွာ ခုံမင်နှစ်သက် မြတ်နိုး နေကြသူများ ဟုသာ.... အဓိပ္ပါယ် ဖွင့်ဆိုချင်ပါသည်။

ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ အဆုံးထိ အားပေးဖတ် ရှုကြသော မောင်နှများ အားလုံး ကျေးဇူး အထူးပင် တင်ရှိပါကြောင်းနှင့် တဂ်လုပ်ထားကြသော နတ်ဆိုးလေး၊ မင်းဧရာ၊ မမ မဒိုးကန်နဲ့ ကိုရင် အားလုံးပဲ ကျေနပ်နှစ်သိမ့် ကြမယ်လို့ မျှော်လင့်ပါတယ်ရှင့် :):) အကိုတော် ဟန်ကြည်(အတွေးစလေးတွေ) ဒီတစ်ခါတော့ ညီမတော် တဂ်ပို့စ်လေး ရှည်ရှည် ကြိုးစားပြိး ရေးတယ်နော် :P  ဆက်လက် တဂ်လုပ်ချင်တဲ့ ဘလော့ဂါ မောင်နှမများကတော့

၁။ အကိုတော် ဟန်ကြည် (မေတ္တာပို့ မစောပါနဲ့..အဟီး မအားလည်းရေးပေးပါလို့ အထူးတဂ်၏ :) )
၂။ အကို ညီလင်းသစ်
၃။ မမ Rose (ကျွန်မဘဝ၏ အမှတ်တရ နေရာလေးတစ်ခု) မမရေ တစ်လက်စထဲ မမရဲ့ ဆိုဒ်လာလည်လို့မရတာ ဘာလို့လဲမသိ။ Reader only လို့ပဲ ပြောနေတယ်။ စာဖတ်သူများ မှလည်း  သိသူများရှိရင် ဖြေကြားပေးခဲ့ပါလို့ မေတ္တာရပ်ခံ အပ်ပါသည်ရှင့်။
၎။ မမ Rose of Sharon
၅။ မမ အဖြူရောင် နတ်သမီး
၆။ ကျောင်းဖွင့်လို့ ကျောင်းပြန်တက်နေရပြီဆိုတဲ့ အလင်းသစ်( အလင်းသစ်ရဲ့နေ့စွဲများ)
၇။ အကိုတော် ဗညားရှိန် (လင်းခတ်ဒီနို)
၈။မမ ချော (အစိမ်းရောင် လွင်ပြင်)
၉။ မောင်လေး ခင်မောင်ချင်း
၁၀။ မောင် (စွယ်စုံကျမ်း)
၁၁။ မမ Jasmine (မမသေးသေးလေး)
၁၂။ မမ မမေသိမ့်သိမ့်ကျော် (အမြဲပျောက်ချက်သားကောင်းလွန်းလို့ တဂ်၏ :):))
၁၃။ မောင်လေး နေဇော်လင်း




38 comments:

ဘလော့ဂါ ဆိုတာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့သူတွေပေါ့ကွယ်း)))))

မှန်တာပြောရရင် ဘလော့လောကကို ချစ်သဗျာ :D
စာရေး အပျင်းမထူနဲ့နော် .. ဟွန်း ...း)

မှတ်ထားကွယ့် ညီမရဲ့...ဘလော့ဂါဆိုတာ မဟုတ်တာကို အဟုတ်လုပ် အတင်းတုပ် တဲ့သူတွေကို “ ဘလော့ဂ်ဂါ ” ခေါ်သတည်း...

:P :D

သူကလဲ လုပ်ချလိုက်ပြန်ပြီနော်..
ဟုတ်ကဲ့ပါ အလွမ်းမင်းသမီးလေးရေ....
ဘလော့ရေးတဲ့သူအားလုံးကိုချစ်ခင်တာပဲ
jas ရဲ့ကဗျာတွေလာလာပြီးဖတ်ပေးလို့....ဟီး..
အလွမ်းမင်းသမီးလေးကိုပိုချစ်၏။
စောစောပိုင်းကတဲ ကသိရလို့
ချစ်ချင်တဲ့ jas

ဘလော့ဂါဆိုတာ ဘာတုန်းဟင်....

ုကိုရဲလိုပဲ မျက်နှာငယ်လေးနဲ့ မော့ကြည့်ပြီး မေးသွားသည်...။

အိန်ဂျယ်လှိုင်ရဲ့ ဘလော့ဂါအနက်အဓိပ္ပာယ်ဖွင့်ပုံကလည်း တစ်မျိုးချစ်စရာကွယ်။ ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ်ရှုထောင့်နဲ့ကိုယ် အသီးသီးပေါ့ကွယ်။ အိန်ဂျယ်လှိုင်ရဲ့ ဘလော့ဂါအနက်ဖွင့်ပုံလေးကို ခုံခုံမင်မင် နှစ်သက်မိပါကြောင်း။ ကျန်းမာပျော်ရွှင်ပါစေ အိန်ဂျယ်လှိုင်ရေ။

ပြောတော့ပြောရမယ်..ဒီကိစ္စဒီတိုင်းထားလို့ မရဘူး
မမအိန်ဂျယ်..အမောင်ကိုဘာလို့ ရေနွေးကြမ်းရေး
တာနဲ့ ကြမ်းထားတာလဲ ရပင့်နဲ့ ကျမ်းရတယ်နော်
အလွမ်းမင်းသမီးနော်..များနေပီ..လျှော့လျှော့

ခင်မင်လေးစားနေလျှက်...အမောင်(စွယ်စုံ..ကြမ်း )ဟိဟိ

မသိပဲ ကျော်များ ဖတ်သွားမလားလို့ အဟီးးး
ခွေးလွတ်...မကိုက်ခိုင်းနဲ့နော် ..:):)

ဘလော့ဂါဆိုတာရဲ့ လှလှပပအဓိပ္ပါယ်ဖွင့်ဆိုချက်လေး ဖတ်သွားတယ် အိန်းဂျယ်လေးရေ။ ဖတ်ရတာ စိတ်ကိုအမှန်တကယ် ကြည်နူးစေမိတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟင်.. ကျုပ်ကို တဂ်ပြန်ပြီ
အစောကတည်းကလည်း နတ်ဆိုးလေးက တဂ်ထားပြီးပြီ။ ခု ညီးကတစ်ခါတဂ်ပြန်ပြီ။ ၂ထပ်ကွမ်းဖြစ်နေပြီပေါ့။ အင်း ဘလော်ဂါဆိုတာ ဘာလဲလို့ အဖြေရှာဦးမှပါဘဲ။
စိတ်ကိုထိခိုက်စေတဲ့ ကော်မန့်တွေ ရခဲ့တာတောင် စိတ်အားမလျော့ဘဲ ဝါသနာပါတဲ့စာတွေကို ဆက်ပြီးရေးနိုင်လောက်အောင် စိတ်ဓတ်ခိုင်မာတဲ့ ညီမလေးကို ချီးကျူးပါတယ် ဆက်လက်ပြီးလည်း စာတွေအများကြီးရေးနိုင်ပါစေနော်

အမ အိမ်ဂျယ်............
ဘလောက်ဒ်ဂါ ဆိုတာဘာလဲ ဆိုတဲ့အမေး ကိုဖွင့်ဆိုတာလေးအတွက်ရော နောက်ပြီး ဆိုးသွမ်းလွန်းတဲ့ ကွန်မန့်တွေကြားက ရုန်းထ နိုင်တဲ့ အတွက်ရော ၀မ်းသာမိပါတယ် လူ တို့ရဲ့ ရင်တွင်းက ဒဏ်ရာနှင့် မကင်းပါဘူး အားလုံးကို ချနင်းနိုင်မှ တင့် ကြရတာပါ။

မမအိန်ဂျယ်တဂ်လိုက်တာလူမှားနေပြီထင်ပါရဲ့ဗျာ.:P ကျနော့်မှာဒီလောက်ကျယ်ဝန်းတဲ့ဘလော့ဂါရဲ့ဖွင့်ဆိုချက်ကို ထဲထဲဝင်ဝင်ရှင်းမပြနိုင်တာကျနော်သာအသိဆုံးပါမမရယ်။
နို့ပေမယ့်လည်းကျနော့်အနေနဲ့မမနှင့်တကွစာပေချစ်မြတ်နိုး သူအားလုံးကိုလေးစားမိတဲ့စိတ်ဓာတ်အခံလေးကိုအားပြုပြီး မမတဂ်ထားတာလေးကိုအတတ်နိုင်ဆုံးရေးဖို့ကြိုးစားပါ့မယ်ဗျာ။
ကျေးဇူးတင်ပါတယ်မမ..အခက်အခဲတွေကျော်ဖြတ်သွားနိုင်ပြီး မမဖြစ်ချင်တဲ့စာရေးဆရာမတစ်ယောက်မလွဲမသွေဖြစ်လာပါစေလို့
ဆုတောင်းပေးပါတယ်ဗျာ.။

Angelhlaing ရဲ့ဘလော့ဂါဖွင့်ဆိုချက်လေး သဘောကျမိတယ်... တော်တော်စုံလင်အောင် ဖွင့်ဆိုပေးလိုက်တာပဲ.... သဘောကျစွာ အဆုံးအထိဖတ်ပါတယ်ဟု....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အခက်အခဲတွေ ကြားထဲက ကြိုးစားခဲ့တဲ့သူငယ်ချင်းကို ချီးကျူးပါတယ်။ ဘလော့ဂါ ဆိုတာ... ဘလော့ဂါပါပဲလေ...

ဒီလို ကွန်မန့်တွေကတော့ ထုံးစံလို ဖြစ်နေပြီ ညီမလေးရဲ့။ လူတွေကိုက ( အထူးသဖြင့် ) မြန်မာတွေမှာကိုက အားပေးမှု ဆိုတာ အတော်ကို နည်းနေခဲ့ကြတာ မဟုတ်လား။ အထက်ကို တတ်လာရင် စီးရိုက်ဖို့လောက်ပဲ ကြည့်နေတတ်ကြတယ်။ အစ်ကိုလည်း ခံခဲ့ရဖူးတာပါပဲ။

တကယ်တော့ ဘလော့ဂါ ဆိုတာ သူများ မသိလိုက်အောင် ပညာသားပါပါနဲ့ အတင်းပြောတတ်သူပေါ့ကွယ်။

ဘလော့ဂါအဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ညီမ ဖွင့်ဆိုတာနဲ့တင် ကုန်ပါပြီ။ နောက်လူတွေ ဖွင့်ဆိုစရာ မကျန်တော့ဘူး။ ဂယ်ဘဲ။ တော်တော်ရေးတတ်တယ်။း))

ခင်မင်လျှက်

အင်းး ... အဲ . . ( စာရေးရမှာ ပျင်းနေလို့ ရှုးချင်ယောင် ဆောင်နေသည်း)))))

အေးကွယ် ရေးတော်မူမယ်ကွဲ့း)

အင်း... အဟုတ်ပဲဗျို့.. ဒါမျိုးရေးတာလေးတွေကို လိုချင်တာ..
ပြန်တဂ်ထားတာတွေလဲ တန်းစီလို့... ကောင်းကောင်း.. သိပ်ကောင်း..

ကျေးဇုူးဗျို့

မောင်မျိုးအတိုင်းပါပဲ.... :D...


ခင်မင်လျက်
နေ၀သန်

ညီမရေ

ညီမ ရဲ့ ဖွင့်ဆိုချက် ကလေး ကလည်း ချစ်စရာ ကောင်းလိုက်တာ

ညီမ ပြောတာတွေ ဟုတ်ပါတယ်

ခင်မင်စွာဖြင့်

ning ဆိုက်တွေ အကြောင်း ဗဟုသုတလည်းရတယ်.. ညီမလေးရဲ့ ဘလောဂ်လမ်းခရီး ကိုယ်တိုင်ကြုံခဲ့ရတာတွေကိုလည်း လေ့လာသိရှိရပါတယ်။

ဘလောဂ်တွေကို တန်ဘိုးထားသလို ဘလောဂါတွေကိုလည်း (မမြင်ဖူး..မကြားဖူးပါပဲ) သံယောဇဉ်ဖြစ်နေရတာလည်း ဆန်းကျယ်တယ်နော်..

ရေးပေးမယ်နော် ညီမလေး..ခဏတော့စောင့်ပေးပါ..မမ အရမ်းအလုပ်များနေလို့..အာဘွား

အမရဲ့ ဘလော့ဂါ ဖော်ညွှန်းချက်လေး
သဘောကျမီတယ်ဗျာ...
..အားပေးနေပါမယ့်..အမရေ..


(ဒုတိယ)

ning ဆိုဒ်တွေမှာတော့ မကျင်လည်ခဲ့ဖူးလို့ သူတို့အကြောင်းကို ညီမတော်ပြောပြမှပဲ သိရတော့တယ်...အင်း...ငယ်သာငယ် နံမည်တုတ်ကြီးလို့ပဲ ခေါ်ရမယ်ထင်ရဲ့...ညီမတော်က ဦးဟန်ကြည်တို့ထက် အများကြီး စီနီယာကျတာပဲကိုး...ကိုင်း...ရဲဘော် အလေးပြုဖို့ အသင့်ပြင်းးးး))))

တက်ဂ်ပို့စ်ကို ရေးနေပါပြီဗျာ...မင်းဧရာရော၊ ချစ်သူမောင်ရော၊ ညီမတော်ရော သုံးယောက်ပေါင်းပြီး မြောင်းကျော်...ဟုတ်ပေါင်...တက်ဂ်လိုက်ဟာမင့်ကို မရေးဘဲနေရင် အနှီလောက်မိုက်တဲ့သူ ရှိပါဦးမလား ညီမတော်ရေ...လောလောဆယ်မှာ သင်ရိုးညွှန်းတန်းတွေနဲ့ နဲနဲအလုပ်များနေတာကြောင့် နောက်တစ်ရက်၊ နှစ်ရက်လောက် ( အင်း...ဒီညပဲ လက်စသတ်ချင်သတ်ဖြစ်မှာပါလေ...လိုလိုပိုပို တောင်းပန်ထားမှ...ကြောက်ရသကိုး...) တော့ သည်းခံပေးဖို့ အကြောင်းခံနဲ့ တောင်းပန်လိုက်ပါသဗျား...

အင်း ဒီနေ့တော့ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ အိန်ဂျယ်လှိုင်ရဲ့ ဘလော့လေးကို ရောက်ဖြစ်ခဲ့ပါတယ်။ ဘလော့ဂါတစ်ယောက်ရဲ့ တန်ဘိုးကိုလည်း နားလည်လိုက်ပါတယ်။ တစ်ကယ်ကိုကောင်းတဲ့ ပို့စ်လေးပါ။ မြှောက်တာမဟုတ်ဘူး၊ တစ်ကယ်(ဘာပဲဖြစ်ဖြစ် သိတယ်မို့လား၊ ဘာလာရမယ်ဆိုတာလေ..:)

ကျနော်ဆို ning ဆိုဒ်တွေအကြောင်း ကြားဖူးရုံပဲ ရှိခဲ့တာ..၊ ဒီပို့စ်လေးမှာ ညီမ ဘယ်လို ဖြတ်သန်းလာသလဲလို့ တစေ့တစောင်း တွေ့ရလို့ စိတ်ဝင်စားဖို့ ကောင်းတယ်..၊ အဆင်ပြေတဲ့အခါ တဂ်ပို့စ်ကို ရေးပေးပါ့မယ် ညီမရေ...။

မမက တော်ပါတယ်၇ျာ ..
အောင်မြင်တဲ့ blogger တစ်ယောက်ဖြစ်ပါစေနော် မမ
အားပေးနေပါတယ်။ သား အချိန်၇ရင် ရေးပေးမယ်နော်
မမ

ဘလော့ဂါဆိုတာ စာပေကိုရူးသွပ်စွာမြတ်နိုးသူဆိုတာလေးကို သဘောကျနှစ်သက်စွာထောက်ခံသွားပါတယ်ညီမလေးရေ...

ဒါများလွယ်လွယ်လေး ညီမ ကလဲ
“ဘလော့ဂ်ဂါ = ဘလာဂေါ့ဒ် ”
အဲတာဆို ရပြီ။

ခဏခဏ တဂ်နေသူများအား ဘလော့ဂါဟုခေါ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်လေးက လှလိုက်တာ။ အဲဒီလို အတိုက်အခိုက် အတားအဆီး အနှောက်အယှက်တွေကြားထဲက ခေါင်းထောင်ထလာနိုင်သူဆိုတာ တကယ်အရည်အချင်းရှိသူမို့ပေါ့ညီမရေ။ ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ကိုယ်လျှောက်တဲ့လမ်းကို မှန်မှန်ကန်ကန်သာဆက်လျှောက်သွားပါအိန်ဂျယ်ရေ..

ကျွန်တော်ကတော့ဘာမှသိဘူး ဖတ်သွားပါတယ်အမရေ

လှိုင်ရေ... ဘလော့ဂ်ဂါ အကြောင်းလေး ရေးထားတာ ကောင်းလိုက်တာ။ မြေဆီသြဇာနဲ့ နှိုင်းထားတဲ့ အရေးအသားလေး ဘယ်လို စဉ်းစားပါလိမ့်း) အစ်မ စာမေးပွဲတွေနဲ့ ရှုပ်နေလို့ ၁ လလောက် ဘလော့ဂ်ပိတ်ထားတာ ညီမရေ...။ တက်ဂ်ထားတာ မသိလိုက်ဘူး ဟီးး

ဖတ်သွားပါတယ်ညီမလေးရေ
တော်ပါပေတယ်

ဆိုးတောဆိုးဘူးဘဲအပျင်းပြေ၀တ္တျတောင်းရေးလို့ရတယ်..
ကောင်းပါတယ်....

ကောင်းပါတယ်...စိတ်ကူရင်ဝတ္တျတောင်းရေးလို့တောင်း

ရတယ်လေး........

ဘယ်လို တဂ်ရလဲဟင်။ တကယ်မသိလို့မေးတာပါ။ ကူညီကြပါနော်။ ဘလော့ဂ်တွေလည်း ဖတ်ဖြစ်ပါတယ်။ဒီတဂ် ဆိုတဲ့စကားလုံးကိုလည်း ခဏခဏ
မြင်ဖူးတယ်။ဘာမှန်းသိဘူး။ ပညာအခြေခံလည်းနည်း၊ နည်းပညာလည်းမသိတော့ တခါတလေကိုယ့်ကိုကိုယ် ဘာလုပ်ချင်မှန်း မသိလောက်အောင်ပါဘဲ။

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More