အမ အိန်ဂျယ်လှိုင်ရဲ့ စိတ်ကူးလေး ကေ
န မူကွဲနေတဲ့ ရင်ခုန်သံ ဆိုတဲ့ အဆိုနဲ့ အချေအတင် ပုံစံ ကဗျာမူကွဲ လေးတစ်ခု
အိန်ဂျယ်လှိုင် နဲ့ အလင်းသစ် ကခံစားဖန်တီး လိုက်ပါပြီ။။။ ဖတ်ရှုအားပေးကြပါဦးလို့။။။

ခပ်ရေးရေးတွေး အကြင်နာစကားမဆိုမိုးတိမ်တွေငိုမှ ငါလွမ်းနေကြောင်း မပြောဖြစ်ခဲ့တာ
ငါတွေးရင်း အတိတ်ကိုမြေဖွ နေစရာမရှိခဲ့တဲ့ နင့်ရင်ခွင်ကို
ခပ်ရေးရေး မြင်ယောင်ရင်းအလွမ်းတွေမြေခ ငါ့သိက္ခာတွေပြာချပြီး
မာနတွေခဝါချ အသက်ပျောက်ခဲ့တဲ့ ရင်ခုန်သံတွေအတွက်
တိတ်တခိုး အဆွေးတွေနဲ့ ငါ့ဘဝ ပြာကျခဲ့ရတယ်ချစ်သူ။
#####
သွားစမ်းပါကွယ်.. ငါ့ခြေထောက်တွေ
အရည်ကြည်ပေါက်တဲ့ထိ ငါ့ဘဝ တစ်လျောက် ရှာဖူးရဲ့
မတွေ့ခဲ့ပါဘူး နင်ပြောတဲ့အချစ်မျိုး ငါ့ရင်ဘတ်ထဲတော့ ရိုးနေပါပြီ
ဒီစကားတွေက ရီရတယ်နော်လို့ပြောရင် နင်ထပ်ငိုဦးမယ်.. ကောင်မလေးရယ်
နင်တို့ရင်ထဲက အချစ်ဆိုတာကို ငါမယုံပါဘူး။။။
#####
ကောင်းကင်က ကြယ်ကိုခြွေခွင့် ရမှာထက်
နင့်ရင်က အသနားခံ ယုံကြည်ခွင့် ရဖို့ ငါဘယ်လောက်ထိ
ကြိုးစားရမှာလဲ မသိပေမယ့် နင်ပေးတဲ့ နာကျင်မှုတွေကိုပဲ ခံတပ်အဖြစ်
ချနင်းပြီး နင့်ဆီလာဖို့ ငါကြိုးစားတိုင်း လဲကျသွားတဲ့ မျှော်လင့်ချက်တွေကို
အကြိမ်ကြိမ် ပြန်ထူရင်း ငါ့ရဲ့ခြေလှမ်းတွေက နင်ရှိတဲ့ အရပ်ဆီသို့ပါပဲ ချစ်သူ။
#####
ကြယ်ခြွေမယ့် စိတ်ကူးကိုပဲ အကောင်အထည် ဖော်လိုက်ပါချစ်သူ၊
ငါ့ရင်က ယုံကြည်မှုကိုတော့ တူးဖော်မနေပါနဲ့တော့၊
နှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာကကို ယုံကြည်မှု ကင်းမယ့် သွားခဲ့တာမို့
ချစ်ခြင်းအပေါ် ငါအမြင်တွေ တော်တော်ကိုစောင်းသွားခဲ့ပြီ
အချိန်၊ရာသီနဲ့ နာရီတွေက ကုစားမယ်လို့လည်း နင်မတွေးပါနဲ့တော့
ငါတို့ဝေးဖို့ကိုပဲလိုလားတယ်။။။
#####
လက်ခံတဲ့ ချစ်ခြင်းတွေအတွက် စွန့်ပစ်ခြင်းတရားတွေ
ခါးခါးသီးသီး ဝင်လာပေမယ့် မခါးသီးတဲ့ ချစ်ခြင်းတွေက နင့်အတွက်
တစ်သီးတစ်သန့် ရှိနေခဲ့တာ နင်ရဲ့ ငြင်းပယ်မှု တွေကြောင့် အကြိမ်ကြိမ် ကြေမွခဲ့တဲ့
ခံစားချက် အပိုင်းအစတွေ နင်လက်မခံတဲ့ အချစ်တွေအတွက် စွန့်ပစ်ခံ ချစ်ခြင်းတွေကို
မြိုသိပ်လိုက်ရုံမှ တစ်ပါးအခြားမရှိ ဘယ်တော့မှ မဝေးတော့မဲ့ ဝေးကွာခြင်းနဲ့ တစ်နည်းအားဖြင့်
သတိရနေခြင်း လမ်းကို ငါရွေးချယ်ခဲ့ရပေမယ့် ငါ့ရင်မှာတော့ နင်က မပြောင်းမလဲ အမြဲရှိနေမယ့်
ထာဝရ ငွေလမင်း ပါပဲ ချစ်သူ။
#####
မပြောင်းလဲတဲ့ငွေလမင်းတဲ့လား ချစ်သူ
နင်မသိတာလဲ မဟုတ်ပဲဟာ ကမ္ဘာဂြိုလ်ကလွဲလို့
ကျန်တဲ့ဂြိုလ် တွေဆီမှာ အရံလတွေ ပေါမှပေါ နင်တို့မလိုတဲ့အချိန်မှာ
ငါဆိုတာလဲ ဒီသဘောကို သက်ရောက် စေမယ်ဆိုတာ ခံစားသိနဲ့
ငါသတိ ရှိနေတယ်၊ ဝေးကွာခြင်းကိုပဲ ပေးပါချစ်သူ သတိရခြင်းတွေ နင်အပိုင်ယူနိုင်ပါတယ်၊
ငါမယုံတဲ့ ချစ်ခြင်းတွေနဲ့ ရင်ခုန်သံတွေသေဆုံးစေတဲ့ နင့်အနားကနေ ထွက်သွားခွင့်ကိုပဲ
ငါလိုလားတယ်၊ နင့်ချစ်ခြင်းက ငါ့ကိုမပျော်စေမှတော့ ငါ့ချစ်ခြင်းကိုတမ်းတမနေပါနဲ့တော့
မယုံကြည်ခြင်း အမှောင်တွေဖုံးပြီဆိုမှတော့ မုန်းပြီလို့ငါမပြောရက်ခဲ့
နှုတ်ဆက်ခြင်းကိုပဲတို့ရွေးမယ် ဇာတ်လမ်းတွေရပ်ပေး။။။။။။။။။။။။။။။။။။။။။။
9 comments:
ကဗျာလေး အားပေးသွားတယ်ညီမရေ...။ နှစ်ယောက်လုံး အတိုင်
အဖောက်ညီညီနဲ့ ရေးထားတာ ဖတ်ရကောင်းပါတယ်...။
အလင်းရော၊ အိမ်ဂျယ်ရော
နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ...
ကျေးလက်သားလေး
နင်ပေးတဲ့ နာကျင်မှုတွေကိုပဲ ခံတပ်အဖြစ်
ချနင်းပြီး နင့်ဆီလာဖို့ ငါကြိုးစားတိုင်း လဲကျသွားတဲ့ မျှော်လင့်ချက်တွေကို
အကြိမ်ကြိမ် ပြန်ထူရင်း ငါ့ရဲ့ခြေလှမ်းတွေက နင်ရှိတဲ့ အရပ်ဆီသို့ပါပဲ ချစ်သူ။
သိပ်ကောင်းတယ် သိပ်ကောင်းတယ်း)
တနေ့ ငါ့ညီမနဲ့ ကဗျာ စပ်ရေးဦးမယ်
ဘယ်လိုလဲ ဖြစ်တယ်မဟုတ်လားး)
ခင်မင်တဲ့
ကိုဗညား
ကမ္ဘာပေါ်မှာ လနှစ်စင်းဖြစ်ပေါ်ချိန်မှ နင့်ကိုမုန်းပါရစေ။
တစ်စုံတစ်ယောက်ကပြောခဲ့တာပါ၊ ကဗျာလေးကိုခံစားရင်းသိရသွားတယ်
ကဗျာလေး ဖတ်သွားတယ်ညီမ ရေ
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ကဗျာလေးထဲက ရင်ခုန်သံကို မြင်နေမိတယ်.။
မတူတဲ့ ရင်ခုန်သံတွေနဲ့ တယောက်နဲ့တယောက် ဖန်တီးထားတာပဲ။
ခင်မင်စွာ
သဒ္ဓါ
နယူတန်ရဲ့ နိယာမကို ဘာသာပြန်ရသလိုပါပဲ ... ကောင်းမွန်ပါဧ။် ..
အပြန်အလှန်ရေးရင်း တော်ကြာ ရန်ထဖြစ်နေကြဦးမယ်။ ဟာ ဟ။
ပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကိုအလင်းသစ်နဲ့မအိန်ဂျယ်လှိုင်ရေ.ဖတ်ရတာအချိန်ကုန်တာနဲ့အမျှတန်ဖိုးရှိတယ်..ထပ်ရေးပါဦး.အဲ့လိုလေးတွေကပိုပြီးစာဖတ်သူတွေအတွက်စိတ်ဝင်စားမှုပိုကောင်းတယ်....။အားပေးလျက်(မောင်ဗိုက်)
ရင်ခုန်သံတွေအတွက်
တိတ်တခိုး အဆွေးတွေနဲ့ ငါ့ဘဝ ပြာကျခဲ့ရတယ်ချစ်သူ။
နင်တို့ရင်ထဲက အချစ်ဆိုတာကို ငါမယုံပါဘူး။
စတိုင်အသစ်အဆန်းကလေးနဲ့ဆိုတော့ ဖတ်လို့တော့ ကောင်းသား။ နောက်ထပ်လည်း ရေးပေးပါဦးလို့...ကျန်းမာပျော်ရွှင်ကြပါစေ...
Post a Comment