http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Tuesday, April 5, 2011

ချစ်သူသို့ " မှာတမ်း "

ကျွန်မရဲ့ စိတ်ကူးလေးနဲ့ စာရေးဖော် သူငယ်ချင်း နှစ်ယောက်ရဲ့ စုပေါင်း ခံစားမှု ကဗျာလေးပါ။ ကျွန်မ ရဲ့ ဖိတ်ခေါ် မှုကို အလေးထား ရေးသားပေးတဲ့ စာရေးဖော် သူငယ်ချင်း ( အလင်းသစ် နှင့် အောင်အောင် (Rayzan) ) တို့ကို အရမ်းပဲ ကျေးဇူးတင်မိ ပါတယ်လို့ ..။ ( Angelhlaing )

သူငယ်ချင်း အလင်းသစ်ရဲ့...ချစ်သူ့ " မှာတမ်း "


ကြိုတင်ကြေညာထားတဲ့ စံတော်ချိန်တစ်ခုက
အခုဆိုတကယ်ကိုဆိုက်ရောက်လာခဲ့ပြီပေါ့
ချစ်သူရေ..
ငါတို့ချစ်ခဲ့ဖူးတာမမေ့ပါနဲ့နော်..
နမ်းဖူးနဲ့ နွေးထွေးမှုလေးတွေ နင်မမေ့လိုက်ပါနဲ့..
အနေဝေးလို့သာသွေးအေးကြေးဆိုရင်
အချစ်ဆိုတာ ငါတို့ရင်မှာဘာလို့ထားတော့မလဲနော်။။။
ငါပြန်လာမှာပေါ့ချစ်သူ
နင့်ရင်ထဲကအပူတွေခဏသိမ်းထားလိုက်စမ်းပါ
ထွက်ခွာသွားရမယ့်ငါ့ရင်ဘတ်ထဲမှာ
နင့်အတွက်ထားထားတဲ့အချစ်တွေက အချိန်နဲ့အမျှ
အတိုးတက်နေမယ်ဆိုတာနင်ယုံပေးနော်။။
ထွက်ခွာခါနီးရထားအိုက ဥသြသံပေးသလို
ရင်ထဲမှာဆို့နေတဲ့ အလွမ်းတွေကိုဖြေချဖို့
နင့်ရှေ့မှာ ငါ့မျက်ဝန်းတွေမိုးရွာပါရစေ
မတားချင်ပါနဲ့တော့ချစ်သူရယ်
ထားခဲ့ချင်လို့ထွက်ခွာတာမဟုတ်မှန်း
ဟောဒီ ငါ့အနမ်းနဲ့သက်သေပြုတယ် (ကဲ)
နင့်မျက်ရည်တွေအခုသုတ်လိုက်တော့နော်။။။

ငါပြန်လာခဲ့ပါ့မယ်ချစ်သူ
လျှစ်လျှူလည်းမရှုပါနဲ့၊အပြစ်ယူမှုလည်းမပြုပါနဲ့
ငါ့ဘဝရဲ့ တာဝန်တွေပြီးမြောက်တဲ့တစ်နေ့
အာရုံဦးအလင်းပေါက်တွေရှေ့မှာ
အချစ်တွေဆမ်းထားတဲ့ နင့်အမက်မောဆုံးအနမ်းနဲ့
ငါတို့ပြန်တွေ့ကြမယ်
အဲဒီအချိန်ရောက်ရင်သာ.
ငါအမက်မောဆုံးနင့်အနမ်းနဲ့
ခရီးဦးကြိုပြုစမ်းပါချစ်သူရယ်..။။။။။ ( အလင်းသစ်)


သူငယ်ချင်း အောင်အောင် (Rayzan) ရဲ့ ချစ်သူ့ " မှာတမ်း "


ဆုံမှတ်တွေကျောခိုင်းရမယ့်နေရက်တွေမှာ
မပျော်နိုင်ပေမယ့် ချိတ်ဆက်ထားတဲ့
လက်တွေအေးစက်သွားတာဟာ
ခိုက်တန့်ပဲမို့ ချည်နှောင်ထားတဲ့
သံယောဇဉ်က အရင်တိုင်းပါပဲ.....

ခွန်းသီမပြတတ်အောင် ချစ်ခဲ့တဲ့
နေရက်လေးတွေမှာ ဘယ်လိုမှ
မေ့မရအောင် သတိရနေပေမယ့်
အခုတော့ နင်နဲ့ငါ ခဏတာရဲ့ ခဏလေးမှာ
အတူနေခွင့်တွေ ဝေးနေကျတယ်နော်....


တစ်ပိုင်းစတနဲ့ လှိုင်းထန်နေရတဲ့
ရင်ဘတ်ထဲမှာ ခဏတာ နေညိုနေတဲ့
နှလုံးအိမ်မှာ အမှောင်ထုရဲ့ အလွမ်းတွေကို
အဖော်ပြုရင်း....
အချစ်ရေ မနှီးစပ်သေးတဲ့ ဘ၀နှစ်ခုမှာ
မရင့်ကျက်သေးတဲ့ အသဲနှလုံးအတွက်
ခံနိုင်ရည်မရှိတော့ပေမယ့်
ပေါင်းစပ်ခွင့်ရှိတဲ့တစ်နေ့မှာ
ငါအရင်ထက်ပို ချစ်သွားမှာပါ......။( အောင်အောင် (Rayzan) )


Angelhlaing ရဲ့ ချစ်သူ့ " မှာတမ်း "


ရင်တွင်းဖြစ်
"မှာတမ်း" တစ်ခုအတွက်
လှပတဲ့ အလင်္ကာတွေ မသုံး
ဆန်းသစ်တဲ့ စကားလုံးတွေ ပျောက်ဆုံး
ခပ်တုံးတုံး ကဗျာ တစ်ပုဒ် ဖြစ်ခဲ့ရင်တောင်.
သေချာတယ် ချစ်သူ ....အဲဒါ ငါ့နှလုံးသွေးနဲ့
ရေးတဲ့ကဗျာမို့ နှလုံးသားနဲ့ ခံစားပြီး ဖတ်ပါလို့ ပြောလိုက်ပရစေ.....

မဖိတ်ခေါ်ပဲ ရောက်လာမဲ့
ခွဲခွာခြင်းအတွက် အသင့်အဖြစ်သေးတဲ့
နှလုံးသားက သွေးပျက်မတက် ထိတ်လန့်လို့
ဖြစ်နိုင်ရင် တားဆီးပေးပါလို့ ကလေးတစ်ယောက်လို
ငိုကြွေး တောင်းဆို ခွင့်ရှိမျိုး ငါရချင် စမ်းပါဘိ ချစ်သူ........


ကြေကွဲနေတဲ့..
ခံစားချက်တွေအတွက်...

လေလွင့်နေတဲ့...
အတွေးစတွေအတွက်....

ပျောက်ဆုံးသွားတဲ့..
ပျော်ရွင်ရက်လေးတွေအတွက်..

လွမ်းနေခဲ့ရတဲ့
ဝေးကွာခြင်းတွေအတွက်....

မင်းပြန်ခဲ့ရင်
ငါ့အတွက် နွေးထွေးတဲ့ ရင်ခွင်တစ်ခုတော့ ပါအောင်ယူခဲ့နော်။

သတိတရနဲ့ အမှတ်တရ ရေးဖွဲ့သည်။
( 3.55 pm ) Monday. 4 , Aprial , 2011 
( Angelhlaing )

9 comments:

ကြားချင်သော သူများ၊ ကြားနိုင်ကြပါစေ။ ပျောက်နေသောသူများ မြန်မြန် ရှာတွေ့နိုင်ကြပါစေ။

ရင်တွင်းဖြစ်
"မှာတမ်း" တစ်ခုအတွက်
လှပတဲ့ အလင်္ကာတွေ မသုံး
ဆန်းသစ်တဲ့ စကားလုံးတွေ ပျောက်ဆုံး
ခပ်တုံးတုံး ကဗျာ တစ်ပုဒ် ဖြစ်ခဲ့ရင်တောင်.
သေချာတယ် ချစ်သူ ....အဲဒါ ငါ့နှလုံးသွေးနဲ့
ရေးတဲ့ကဗျာမို့ နှလုံးသားနဲ့ ခံစားပြီး ဖတ်ပါလို့ ပြောလိုက်ပရစေ.....

ခံစားနိင်ပါစေး))))

အင်း..
ထိပ်ဆုံး မှာတမ်း ထဲက မျက်ဝန်းထဲမှာ
မိုးရွာနေတယ် ဆိုတာကို အပြန်ပြန် အလှန်လှန် ခံစားကြည့် တယ်။
ကျွန်တော် ဟိုးတုံးက တစ်ခါ ကြားဘူးတယ်လေ
ဘယ်မှာလဲမသိ။
မျက်ဝန်းထဲမှာ မိုးရွာနေပြီ ညို... တဲ့ ။
ခံစားချက်တွေ တူနေပါတယ်...။

မဖိတ်ခေါ်ပဲ ရောက်လာမဲ့
ခွဲခွာခြင်းအတွက် အသင့်မဖြစ်သေးတဲ့
နှလုံးသားက သွေးပျက်မတက် ထိတ်လန့်လို့
ဖြစ်နိုင်ရင် တားဆီးပေးပါလို့ ကလေးတစ်ယောက်လို
ငိုကြွေး တောင်းဆို ခွင့်ရှိမျိုး ငါရချင် စမ်းပါဘိ ချစ်သူ........

အဲဒီ စာသားကို ကြိုက်တယ် ညီမရေ...

မှာတမ်းလေးတွေ လှလိုက်တာ....

သူတို့မှာတမ်းတွေက မြင့်လွန်းနေတော့ အသည်းအသန်လိုက်မှာရတာကို
ထိပ်ဆုံးကတင်ထားရတယ်လို့။။။ ငါ့အမကတော့ ဆိုးပ။။။ဟီးးးးးး။။

တစ်ယောက်တစ်မျိုးစီရဲ့ မှာတမ်းလေးတွေ ဖတ်သွားတယ်..
ရေးအားကောင်းတာမို့ တစ်မျိုးစီကောင်းနေပါတယ်..
မှာချင်တဲ့သူတွေကြားစေ ဖတ်နိုင်ပါစေလို့..

ကဗျာလေးလှတယ် ကဲပြန်ခဲ့ရင် နွေးထွေးတဲ့
ရင်ခွင်တစ်ခုတော့ ပါအောင်ယူခဲ့ပေးလိုက်နော်
(သက်ဆိုင်သူကိုပြောတာ)

ကဗျာလေးက်ုခံစားသွားပါတယ်
တစ်ကယ်ကြိုက်တယ်ရှင့်

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More