http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Wednesday, January 26, 2011

နင်သိပါစေ

ပျက်အစဉ်
ပြင်ခဏတဲ့ငါ့အထင်တော့
ဒီဘဝ ဒီမှာပဲကျောက်ချမယ်ထင်ပါရဲ့..........

စစ်တုရင်ကစားလို
အကွက်တွေရွှေ့နေကြတဲ့နင်နဲ့ငါ
ဘယ်သူကများအလျှော့ပေးဖို့ ကြိုးစားမယ်ထင်နေလဲ........

ကျားသတ္တဝါအဖို့ အသဲကွဲရင်
ကဗျာဆရာ၊အရက်သမားဆိုပေမယ့်
မိန်းမသားတွေအသဲကွဲရင်ရူးဖို့လမ်းတစ်ခုပဲရှိတာနင်သိဖို့ကောင်းတယ်.....

မာယာဆိုတာ
ဟန်ဆောင်ခြင်းကိုတန်ဆာဆင်ထားတဲ
ဝေါဟာရတစ်ခုမို့ ရင်ခုန်သံတွေကိုညာလို့ရနေသ၍တော့ ဝေးနေကြအုံးမှာပေါ့.......


သံသယတွေနဲ့အတူ
ယုံကြည်မှုတွေပျောက်ဆုံးပြိး
အမြဲတစ်ကွက်သာဖို့တွေးနေကြတဲ့ ဒို့နှစ်ယောက်
နှလုံးသားခြင်းနီးဖို့ဆိုတာ မျှော်လင့်သလိုလွယ်မယ်ထင်လို့လာ.....


0 comments:

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More