http://www.graphicsgrotto.com/animatedgifs/borders/dividers/images/agbdmisc39.gif
  • မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်နေပြီဖြစ်တဲ့ လှိုင်းတို့ အသက်အရွယ်တွေမှာ... ခံစားချက်တွေ အပြင် ဦးနှောက်ကိုပါ ထည့်သွင်း စဉ်းစားကြည့်မယ်ဆိုရင် လှိုင်းရင်ထဲမှာ.. သူ့အတွက် အဖြေဆိုတာ သေချာနေပြီး သားလေ..။[...]

  • တစ်ကယ်ဆို မောင်နဲ့ ကျွန်မက အယူဆခြင်းမတူ၊ ခံယူချက်ခြင်း မတူနဲ့ အတိုက်အခံတွေ များစွာ ထဲကပဲ ချစ်သူဖြစ်ခဲ့ ကြသူတွေပါ။ မောင်နဲ့ ကျွန်မတို့နှစ်ဥိး ဆုံဖြစ်ကြတဲ့ ကြည်နူးရတဲ့ အချိန်ဆိုတာ..[...]

  • ကျွန်တော် မနေ့ တစ်နေ့မှ နားလည်လာသော လူ့လောက အကြောင်းအရာ တစ်ချို့ကိုတော့ အံသြစရာ သူကလေးက လက်ပွန်းတနီး ရင်းနှီး ကျွမ်းဝင်နေ တက်သည်။ ကလေးတစ်ယောက်ရဲ့ လိုအင် ဆန္ဒတွေကို မြိုသိပ်နိုင်စွမ်း ရှိလှတာ သူကလေး ကျင်လည် ရတဲ့ ဘဝပေး အခြေနေကြောင့်ဟု[...]

  • ပျောက်ဆုံးသွားတဲ့ နွေးထွေးမှုတွေအေးစက်သွားတဲ့ စကားလုံးစိမ်းစိမ်းတွေအစား ဟိုအရင်လိုပဲ သူထက်ငါအပြိုင် စကားနိုင်လုရင်း [...]

Saturday, January 1, 2011

လက်လျှော့အလွမ်း

ပြန်မဆုံနိုင်မှန်း
သိနေပေမယ့်အမှတ်မရှိတဲ့
မျှော်လင့်ခြင်းတွေက..နင့်ကိုရှာဖွေနေကြတယ်လေ................။

မှန်းဆတမ်းတ
လွမ်းရအောင် လည်း....ကိုယ်ယောင်ဖျောက်သလို
ကောက်စရာခြေရာတောင်မချန်ခဲ့တဲ့နင့်ကို.....အရမ်းပဲချီးကျူးပါတယ်။

ခံစားချက်ဆိုတာ  ဗလာ
           အသိဥာဏ်တွေဝေဝါး..........ဘဝဆိုတာခါးမှန်း
                          နင်ပေးတဲ့ ပုစ္ဆာမဖြေမထုပ်နိုင်မှ...............ငါ့နားလည်လာခဲ့တယ်.....။

ဟင်းလင်းပြင်လို
အမှီိခိုမဲ့နေတဲ့ငါ့ရင်ခွင်ဟာ..
ခိုလုံစရာရင်ခွင်တစ်ခု မဖြစ်ခဲ့သလို
အခုတော့...အနားသတ်တွေတောင်မရှိတော့တဲ့
တောင်းစုတ်တစ်ခုလို...စုတ်ပြတ်သတ်နေတာ..နင့်ကြောင့်လိုလဲ..ငါမပြောတော့ပါဘူး။


လွမ်းတယ်ဆိုတဲ့
ဝေါဟာရတစ်ခုနဲ့
နင့်ကို..သတိတရတွေ့ချင်နေတာ
လုံလောက်တဲ့အကြောင်းပြမဟုတ်ဘူးလို့
နောကြေအောင်သိနေတဲ့ နင့်စိတ်ကြောင့်.....လက်လျှော့ပြီးပဲလွမ်းရတော့မှာပေါ့နော်...။

Written by Anglehlaing

1 comments:

အင်းနော် လွမ်းတော့လည်းပေါ့ တအားလည်းမလွမ်းနဲ့
အလွမ်းတွေကုန်သွားမှာစိုးလို့ပါး)

အလည် လာရောက်ကြသော စာဖတ်သူ မိတ်ဆွေများ ပျော်ရွှင်ချမ်းမြေ့ပါစေ .... နောက်လည်း အိန်ဂျယ်ဆီကို အလည်လာပါဦးနော် ... ကြိုဆိုပါတယ် .... ကျေးဇူးတင်ပါတယ် ရှင် ...

Share

Twitter Delicious Facebook Digg Stumbleupon Favorites More